နှလုံးသွေးတွေကတဲ့ ည
အမှောင်တွေ ကြီးစိုးလို့ တိတ်ဆိတ်ခြင်းက အရောင်လက်တဲ့ ည အဲဒီညကပေါ့ ….
ချစ်သူရယ် အံ့သြလွန်းစွာ ငါချစ်တတ်ခဲ့တော့ အဖြေရှာမရတဲ့ နင့်အပြုံးမှာ ငါကျဆုံးခဲ့ရတယ် .. နောက်ပြီး အနာဂတ်မဲ့အခန်းကျဉ်းထဲမှာ အသည်းကွဲခြင်းတွေကို ဖျော်ရည်တခွက်လို ငါရူးသွပ်စွာ သောက်သုံးနေမိပြန်တယ် လှည့်စားသူ မင်းနှလုံးသားလိုတော့ ဘယ်လတ်ဆတ်နိုင်ပါ့မလဲလေ
မင်းနာမည်ကို ရေရွတ်ရင်း တိတ်တိတ်လေး ငါညည်းမိသေးတယ် …. လွမ်းရက်တွေရယ် ရှည်လိုက်တာ …. နာကျည်းစွာတစ်ယောက်တည်း အဖော်မဲ့နေတာ ဒါတွေ မင်းမှ မြင်နိုင်ပါရဲ့လား ရင်ဘတ်တစ်ခုလုံးအစပျောက်တော့မှ ငါ့အသည်းကို ပြန်သနားမိတယ် ပိုင်ရှင်မရှိဘဲ သူနေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ
မင်းရယ် ငါရယ် ငါတို့နှစ်ယောက်အတူ .. ဒါတွေက …. ငါမက်ခဲ့တဲ့ အိမ်မက် တပိုင်းတစတွေ စိတ်ကူးချိုချိုနဲ့မျှော်လင့်ချက်တွေ အားလုံးကိုဖျက်ဆီး နင်အောင်ပွဲခံခဲ့တာ .. နှလုံးသွေးတွေ ခုန်ပေါက်မြူးတူးနေတဲ့ အဲဒီညကပဲပေါ့
(emokozin) |
No comments:
Post a Comment