" မေတ္တာ သာရဏီယတရား "
ကာယကံ မေတ္တာ မေတ္တာနှင့်ယှဉ်၊ ပြုမူလျှင် ၊အစဉ်အောက်မေ့ဖွယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။ အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။ စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊ လူ့ဘောင်ငြီမ်းချမ်းတယ်။
ဝစီကံမေတ္တာ မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျှင် ၊အစဉ်အောက်မေ့ဖွယ်။ ချိုသာစကား ၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။ အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။ စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊လူ့ဘောင်ငြီမ်းချမ်းတယ်။
မနောကံမေတ္တာ မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျှင် ၊ အစဉ်အောက်မေ့ဖွယ်။ သူ့ဂုဏ်ကျေးဇူး ၊ မမေ့ဘူး ၊ အထူးအောက်မေ့တယ်။ အများချစ်ခင် ၊ ရိုသေချင် ၊ ခင်မင်လေးစားတယ်။ စိတ်ဝမ်းမကွဲ ၊ တသွေးထဲ ၊ ညီလည်းညီညွတ်တယ်။ ညီညွတ်သူဆောင် ၊ ဆောင်တိုင်းအောင် ၊ လူ့ဘောင်ငြီမ်းချမ်းတယ်။
"သတ္တဝါမှန်သရွေ့ ၊ တရားတွေ့၊ ချမ်းမြေ့ သာယာရှိပါစေ။ "
(ချမ်းမြေ့ဆရာတော်) |
No comments:
Post a Comment