Tuesday, 31 May 2011

[စာပေစကားဝိုင်း] New doc: ဆုံးမခဲ့ပါ

created the doc: "ဆုံးမခဲ့ပါ"
Ba Tharchaw created the doc: "ဆုံးမခဲ့ပါ"

မင်းကိုမြင်ရင် ခုန်ပေါက်

 

မျောက်ရိုင်းပင်ရှုံးလောက်တဲ့ နှလုံးသား

 

တစ်ယောက်တည်း ဗျာများနေလိုက်တာများကွယ်....

 

အနေမတတ်၊ အထိုင်မတတ်တဲ့ ဒီငနာ

 

နောင် မှတ်မှတ်သားသားဖြစ်စမ်းဟာဆိုပြီး

 

နှုတ်ခမ်းကိုအသာဝင့်လို့

 

မညှာမတာ နမ်းပစ်ခဲ့စမ်းပါကွယ်။


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ဗိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က...

ဗိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က 'ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့ သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ' ဟု မကြာခင်က ထပ်မံပြောခဲ့တဲ့အတွက်  ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။
John Yoharmar 01 June 12:17
ဗိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က 'ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့ သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ' ဟု မကြာခင်က ထပ်မံပြောခဲ့တဲ့အတွက်

ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။

"ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ ကျနော် ယူဆတယ်။ ပါဝင်တဲ့ အစိတ်ပိုင်းတွေ ပျက်စီးသွားရင် ရပ်သွားတာပါပဲ။ ပျက်စီးကျိုးပဲ့သွားတဲ့ ကွန်ပျုတာတွေအတွက် ကောင်းကင်ဘုံတို့ နောင်ဘ၀တို့ မရှိနိုင်ဘူး။ လူတွေအတွက်လည်း ဒီလိုပါပဲ။ အသိဥာဏ် အမှောင်ထဲက ကြောက်ရွံ့မှုတွေ အတွက် ကောင်းကင်ဘုံနဲ့ နောင်ဘ၀ကို နတ်သမီးပုံပြင်လို ဖန်တီးထားကြတာ" ဂါဒီယန် သတင်းစာကြီးကို ပြောခဲ့သည်။



ဗြိတိသျှ ရူပဗေဒပညာရှင် ဟော့ကင်းမှာ အသက် ၂၁ အရွယ်တွင် amyotrophic lateral sclerosis ရောဂါ ရရှိပြီး၊ ခန္ဓာကိုယ်မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ခဲ့သည်။ A.L.S ရောဂါ ရရှိသူ အများစုမှာ ငါးနှစ်အတွင်း သေဆုံးကြသည်။ ယခု ဟော့ကင်းက ၄င်းရောဂါ ဝေဒနာသည်များ အထဲတွင် ထူးထူးဆန်းဆန်း အသက်အရှည်ဆုံးလူ ဖြစ်နေသည်။

သူ့ရောဂါနှင့် ပတ်သက်ပြီး ဂါဒီယန်ကို ပြောရာတွင် "လွန်ခဲ့တဲ့ ၄၉ နှစ် ကတည်းက မကြာခင် သေတော့မယ်ဆိုတဲ့ အမြင်နဲ့ ကျနော် အသက်ရှင်နေခဲ့ပါတယ်။ သေခြင်းကို ကျနော် မကြောက်ဘူး။ ဒါပေမဲ့ အခုမြန်မြန်သေမယ်လို့လည်း မထင်သေးဘူး။ ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်" ဟု အသက် ၆၉ နှစ်ရှိ ဟော့ကင်းက ပြောသည်။



၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟော့ကင်းက စကြာဝဠာရှိ တွင်းမည်းကြီးများရဲ့ ဂုဏ်သတ္တိအကြောင်း သင်္ချာဖြင့် ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အိုင်းစတိုင်းရဲ့ general theory of relativity နဲ့ အိုင်းစတိုင်း လက်မခံခဲ့လို့ အငြင်းပွားနေရတဲ့ quantum mechanics နိယာမတွေကို ဆက်စပ်ဖြေရှင်းပေးခဲ့သည်။



၁၉၈၈ တွင် စကြာဝဠာရဲ့ နယ်နမိတ်တွေကို ရှင်းပြတဲ့ သူ့ရဲ့ 'အချိန်ရဲ့ သမိုင်းအကျဉ်း' စာအုပ်မှာ အုတ်ရေ ၁၀ သန်းကျော် ရောင်းရပြီး နှစ်နှစ်ဆက်တိုက် ဘတ်ဆဲလာ ဖြစ်ခဲ့သည်။ မနှစ်က ထုတ်ခဲ့တဲ့ 'The Grand Design' စာအုပ်တွင်လည်း ဂေါ့ဒ်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်း တင်ပြထားပြီး၊ ရူပဗေဒဖြင့် ဖန်ဆင်းရှင်ကို ဖယ်ရှားပစ်ခဲ့သည်။

သူ့စာအုပ်သစ် အဖွင့်တွင် "စကြာဝဠာဟာ ဘာမှမရှိတာတွေကနေ သူ့ဘာသာ ဖန်ဆင်းလာတာပဲ။ ဘာမှ မရှိတာကနေ တစုံတရာ ဘာကြောင့် ဖြစ်လာတာလဲ၊ စကြာဝဠာ ဘာကြောင့် တည်ရှိတာလဲ၊ ကျနော်တို့ ဘာကြောင့် ရှိတာလဲ ဆိုတာတွေကို အလိုအလျောက် ကောက်ခါငင်ကာ ဖြစ်ပေါ်လာမှု (spontaneous creation) ကသာ အကြောင်းခံပဲ" ဟု ရေးသားခဲ့သည်။



သူ့ရဲ့ ဖန်ဆင်းရှင် ငြင်းဆန်မှုအပေါ် ဂေါ့ဒ် ခရေဇီများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယခု မြန်မာ မိရိုးဖလာ ဗုဒ္ဓဝါဒီများကလည်း နောင်ဘ၀ မရှိဘူး ပြောတဲ့အတွက် ဟော့ကင်းကို ဥစ္ဆေဒ ဒိဋ္ဌိကြီးဟု သတ်မှတ်လာကြသည်။

သူငယ်ချင်းတို့ရေ..နည်းနည်းလေးဝိုင်းပွားပေးကြပါလား။ တတ်သလောက်မှတ်သလောက်ပေါ့ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] အားလုံးပဲ မာဂလာပင်...ပါခင်ဗျာ...

အားလုံးပဲ မာဂလာပင်...ပါခင်ဗျာ...
Bahein Hlaing 01 June 10:48
အားလုံးပဲ မာဂလာပင်...ပါခင်ဗျာ...

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] သူငယ်ချင်းတွေကိုနည်းနည်းလောက်လေး...

သူငယ်ချင်းတွေကိုနည်းနည်းလောက်လေး အကူအညိတောင်းချင်လို့..ဖတ်မိသူတိုင်း ၀ိုင်းစဉ်းစားပြီး မန့်ပေးကြပါနော် ...   အဖြစ်အပျက်တခုကို ကိုယ်သာ သူ ဆိုရင်ဆိုပြီး ပေါ့လေ .စဉ်းစားပေးကြပါ   လူတယောက်မှာ သူမျှော်လင့်ပြီးချစ်နေသူ တစ်ယောက်ရှိတယ် .. သူချစ်နေသူက သူ့ထက် အစစ အရာရာ သာလွန်တယ်.. ငွေ ဂုဏ် အသိုင်းအ၀ိုင်းအကုန်ပေါ့.. သူ့ ချစ်သူက သူ့ကို တခါတလေ အလေးပေးလို့ အခါတလေ ခေါက်ထားတတ်တယ်.. သူဟာ သူ့ချစ်သူအတွက် အရေး ကြိးတဲ့ သူ တယောက် မဟုတ်ဖူးပေါ့... ဒီလိုအချိန်မှာ သူ့ကို ချစ်တဲ့ သူကို သူတွေ့လာတယ် ..သူ့ကိုချစ်တဲ့ သူက သူ့ထက် အစစအရာရာ နိမ့်တယ်.. ဒါပေမဲ့..သူလိုတိုင်း အနားမှာ၇ှိနေပေးသူ ..သူ့ အတွက် အလိုကျ နေပေးသူပေါ့.. ဒီအခါ သူ့အတွက် သူ့ ကို ချစ်တဲ့ သူကို မြင်တိုင်း သူ့ကိုသူ မြင် ရသလိုကို ခံစားရတယ်.. ဒါနဲ့ သူ့ကိုချစ်တဲ့ သူ ကို သူရွေးလိုက်တယ် ..  အချိန် ကြာလာတဲ့ အခါမှာ.. သူ့ ကို ချစ်တဲ့ သူနဲ့ သူအကြားနည်းနည်း ပြသနာလေးတွေရှိလို့ အေးစက်စက်ဖြစ်လာတယ်  ဒီ အချိန်မှာ အရင်က သူ ချစ်ရတဲ့ သူက သူ့ကို သူဟာ သူချစ်ရတဲ့ သူအတွက် အရေးပါသော သူ တယောက်ဖြစ်တယ် .မရှိမဖြစ် ဖြစ်တယ် ဆိုတာမျိုး ဖြစ်လာကော...  ကဲ ဒီ အခြေ အနေမှာ သူဘာလုပ်သင့်သလဲ
Teresa Sweet 01 June 09:10
သူငယ်ချင်းတွေကိုနည်းနည်းလောက်လေး အကူအညိတောင်းချင်လို့..ဖတ်မိသူတိုင်း ၀ိုင်းစဉ်းစားပြီး မန့်ပေးကြပါနော် ...

အဖြစ်အပျက်တခုကို ကိုယ်သာ သူ ဆိုရင်ဆိုပြီး ပေါ့လေ .စဉ်းစားပေးကြပါ

လူတယောက်မှာ သူမျှော်လင့်ပြီးချစ်နေသူ တစ်ယောက်ရှိတယ် .. သူချစ်နေသူက သူ့ထက် အစစ အရာရာ သာလွန်တယ်.. ငွေ ဂုဏ် အသိုင်းအ၀ိုင်းအကုန်ပေါ့.. သူ့ ချစ်သူက သူ့ကို တခါတလေ အလေးပေးလို့ အခါတလေ ခေါက်ထားတတ်တယ်.. သူဟာ သူ့ချစ်သူအတွက် အရေး ကြိးတဲ့ သူ တယောက် မဟုတ်ဖူးပေါ့...
ဒီလိုအချိန်မှာ သူ့ကို ချစ်တဲ့ သူကို သူတွေ့လာတယ် ..သူ့ကိုချစ်တဲ့ သူက သူ့ထက် အစစအရာရာ နိမ့်တယ်.. ဒါပေမဲ့..သူလိုတိုင်း အနားမှာ၇ှိနေပေးသူ ..သူ့ အတွက် အလိုကျ နေပေးသူပေါ့.. ဒီအခါ သူ့အတွက် သူ့ ကို ချစ်တဲ့ သူကို မြင်တိုင်း သူ့ကိုသူ မြင် ရသလိုကို ခံစားရတယ်.. ဒါနဲ့ သူ့ကိုချစ်တဲ့ သူ ကို သူရွေးလိုက်တယ် ..
အချိန် ကြာလာတဲ့ အခါမှာ.. သူ့ ကို ချစ်တဲ့ သူနဲ့ သူအကြားနည်းနည်း ပြသနာလေးတွေရှိလို့ အေးစက်စက်ဖြစ်လာတယ်
ဒီ အချိန်မှာ အရင်က သူ ချစ်ရတဲ့ သူက သူ့ကို သူဟာ သူချစ်ရတဲ့ သူအတွက် အရေးပါသော သူ တယောက်ဖြစ်တယ် .မရှိမဖြစ် ဖြစ်တယ် ဆိုတာမျိုး ဖြစ်လာကော...
ကဲ ဒီ အခြေ အနေမှာ သူဘာလုပ်သင့်သလဲ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] မင်္ဂလာပါ။ :)

မင်္ဂလာပါ။ :)
Moe Thu 01 June 08:48
မင်္ဂလာပါ။ :)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] VALUE EACH PRECIOUS MOMENT .. MORNING BRINGS HOPE...

VALUE EACH PRECIOUS MOMENT .. MORNING BRINGS HOPE , AFETERNOON BRINGS FAITH , EVENING BRINGS LOVE AND NIGHT BRINGS REST. WISH ALL OF YOU FIND THEM ALL TODAY . HAVE A NICE DAY .
Thaw Zin 01 June 08:38
VALUE EACH PRECIOUS MOMENT .. MORNING BRINGS HOPE , AFETERNOON BRINGS FAITH , EVENING BRINGS LOVE AND NIGHT BRINGS REST.
WISH ALL OF YOU FIND THEM ALL TODAY . HAVE A NICE DAY .

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] "မင်းအတွက်သာ" မင်းအတွက်ကလွဲရင် ဒီပန်းဟာ...

"မင်းအတွက်သာ" မင်းအတွက်ကလွဲရင်  ဒီပန်းဟာ  နောက်ထပ် ပွင့်လာမှာမဟုတ်ဘူး။  မင်းအတွက်ကလွဲရင်  ဒီမုတ်သုန်ဟာ  နောက်ထပ်ရွာသွန်းမှာမဟုတ်ဘူး။  မင်းအတွက်ကလွဲရင်  ဒီလူဟာ  နောက်လူကို ပါရမီဖြည့်မှာမဟုတ်ဘူး။  ။
Teresa Sweet 01 June 08:15
"မင်းအတွက်သာ"
မင်းအတွက်ကလွဲရင်
ဒီပန်းဟာ
နောက်ထပ် ပွင့်လာမှာမဟုတ်ဘူး။

မင်းအတွက်ကလွဲရင်
ဒီမုတ်သုန်ဟာ
နောက်ထပ်ရွာသွန်းမှာမဟုတ်ဘူး။

မင်းအတွက်ကလွဲရင်
ဒီလူဟာ
နောက်လူကို ပါရမီဖြည့်မှာမဟုတ်ဘူး။ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ကြွေပြိးသစ်ရွက် အပင်ထက်မှာ ပြန်ဆက်လို့...

ကြွေပြိးသစ်ရွက်  အပင်ထက်မှာ  ပြန်ဆက်လို့ ရနိုင်သလား။ ။ ဝေဖြာချစ်သက်  သခင့်ထက်မှာ  ပြန်လှည့်ရက် နိုင်ပါ့မလား။  ။
Teresa Sweet 01 June 08:07
ကြွေပြိးသစ်ရွက်
အပင်ထက်မှာ
ပြန်ဆက်လို့ ရနိုင်သလား။ ။
ဝေဖြာချစ်သက်
သခင့်ထက်မှာ
ပြန်လှည့်ရက် နိုင်ပါ့မလား။ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] "တစ်ယောက်သော သူအတွက် " ချစ်ခြင်းရဲ့ တခြားတဖက်မှာ...

"တစ်ယောက်သော သူအတွက် "  ချစ်ခြင်းရဲ့ တခြားတဖက်မှာ မေတ္တာကို နှင်းအပ်လို့  နားလည်မှုနဲ့ ခရိးဆက်မယ်။ ။
Teresa Sweet 01 June 08:05
"တစ်ယောက်သော သူအတွက် "
ချစ်ခြင်းရဲ့ တခြားတဖက်မှာ
မေတ္တာကို နှင်းအပ်လို့
နားလည်မှုနဲ့ ခရိးဆက်မယ်။ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] တယောက် သော သူအတွက်...

တယောက် သော သူအတွက်                                                                                   ချစ်ခြင်းရဲ့ တခြားတဖက်မှာ  မေတ္တာကို ပေါင်းထည့်လို့  နားလည်မှုတွေနဲ့ ခရီးဆက်မယ်။   ။
Teresa Sweet 01 June 08:01
တယောက် သော သူအတွက် ချစ်ခြင်းရဲ့ တခြားတဖက်မှာ
မေတ္တာကို ပေါင်းထည့်လို့
နားလည်မှုတွေနဲ့ ခရီးဆက်မယ်။ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] တစ်ရေးနိုး ရင်ခုန်နှုန်းမူသေမှာ ငါမြစ်ဖျားခံရာ...

တစ်ရေးနိုး  ရင်ခုန်နှုန်းမူသေမှာ ငါမြစ်ဖျားခံရာ ငါလွမ်းတယ်။ တခုတ်တရ စီးဆင်းခြင်းမှာ မခံချင်စိတ်တွေက သိုသိုသိပ်သိပ် ဘ၀မေ့တာမဟုတ်ဘူး ဘ၀ကိုမေ့နေတာ......  လေတိုက်တိုင်း ရင်မခုန်တတ်တော့လည်း  လိုတာမရ ကလေးတစ်ယောက်လို အော်ကြီးဟစ်ကျယ် ငိုလိုက်ချင်တယ်။  အမားရေ ..... ကြိုးစားလိုစိတ်ပျောက်နေတဲ့ လူငယ်တစ်ယောက်ရဲ့ မျက်နှာ မေတ္တာ သာနာနာ ပို့ ပါဗျာ သားရဲ့ အနာဂတ်တွေက  အိပ်မပျော်အတွေးတွေလို..... ဟိုတစ်စ...... ဒီတစ်စ.....။  အစိုင်း
Sai Gyi 01 June 03:54
တစ်ရေးနိုး

ရင်ခုန်နှုန်းမူသေမှာ ငါမြစ်ဖျားခံရာ ငါလွမ်းတယ်။
တခုတ်တရ စီးဆင်းခြင်းမှာ
မခံချင်စိတ်တွေက သိုသိုသိပ်သိပ်
ဘ၀မေ့တာမဟုတ်ဘူး
ဘ၀ကိုမေ့နေတာ......

လေတိုက်တိုင်း ရင်မခုန်တတ်တော့လည်း
လိုတာမရ ကလေးတစ်ယောက်လို
အော်ကြီးဟစ်ကျယ် ငိုလိုက်ချင်တယ်။

အမားရေ .....
ကြိုးစားလိုစိတ်ပျောက်နေတဲ့ လူငယ်တစ်ယောက်ရဲ့ မျက်နှာ
မေတ္တာ သာနာနာ ပို့ ပါဗျာ
သားရဲ့ အနာဂတ်တွေက
အိပ်မပျော်အတွေးတွေလို.....
ဟိုတစ်စ...... ဒီတစ်စ.....။

အစိုင်း

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] အလုံးကို ငြိမ်အောင်ထားပါလို့......

အလုံးကို ငြိမ်အောင်ထားပါလို့... အရင်းအဖျားတုတ်ပါတဲ့....... ကိုယ့်ဟာကြီးနဲ့ တည့်တည့်ချိန်... ခါးလေးကိုလိမ်...ဖင်ပိန်ကိုလှည့်ပေး... အဖုတ်ပေါ် အသာရှပ်ပါလို့... ရိုက်တတ်မှ.....ပြေး...။          ။  သူငယ်ချင်းတို့ရေ....အလွမ်းကဗျာတွေနဲ့.. ပျင်းနေမှာစို့လို့...ဆရာ သက္ကသိုလ်ဘုန်းနိုင်ရဲ့ ဂေါက်ရိုက်နည်းကဗျာလေးကို....ကိုသင်ကာ ဆီကရှယ်ထားတာလေး တင်ပေးလိုက်တယ်......ဟေးဟေး.....
John Luis 01 June 01:30
အလုံးကို ငြိမ်အောင်ထားပါလို့...
အရင်းအဖျားတုတ်ပါတဲ့.......
ကိုယ့်ဟာကြီးနဲ့ တည့်တည့်ချိန်...
ခါးလေးကိုလိမ်...ဖင်ပိန်ကိုလှည့်ပေး...
အဖုတ်ပေါ် အသာရှပ်ပါလို့...
ရိုက်တတ်မှ.....ပြေး...။ ။

သူငယ်ချင်းတို့ရေ....အလွမ်းကဗျာတွေနဲ့..
ပျင်းနေမှာစို့လို့...ဆရာ သက္ကသိုလ်ဘုန်းနိုင်ရဲ့ ဂေါက်ရိုက်နည်းကဗျာလေးကို....ကိုသင်ကာ ဆီကရှယ်ထားတာလေး
တင်ပေးလိုက်တယ်......ဟေးဟေး.....

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] တနေ့တနေ့ ဆိုနေရတဲ့ သီချင်းပေမဲ့မပျင်းပါဘူး ဘ၀က...

တနေ့တနေ့ ဆိုနေရတဲ့ သီချင်းပေမဲ့မပျင်းပါဘူး ဘ၀က ခြေဆင်းတိုင်နေရုံလေးနဲ့တော့ အဲဒီလို မပြောကြပါနဲ့  တောင်ဆွယ်မှာနေကွယ်တာကိုမြင်သားပဲ ဘာဖြစ်လည်း  အဲဒီဓါးက မလွဲခဲ့ဘူးဆိုရင်တောင် ငါက မပြိုလဲခဲ့ပါဘူးကွယ်။ ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ။ တယောက် တလမ်းဆီ မသွားရတာကြာပြီ။ ကိုက တခြမ်း၊ သူကတခြမ်းဖြစ်ပေမဲ့ ဘယ်သူမှ မလွဲမှားခဲ့တာလည်းကြာပြီ။  ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်သူတွေဘာပဲပြောပြော ငါ့အတွက်တော့ နေသံလသံ ရောနေခဲ့တာလည်းကြာပြီ။  တာရာမင်းဝေ
John Yoharmar 01 June 00:51
တနေ့တနေ့ ဆိုနေရတဲ့ သီချင်းပေမဲ့မပျင်းပါဘူး
ဘ၀က ခြေဆင်းတိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့

တောင်ဆွယ်မှာနေကွယ်တာကိုမြင်သားပဲ
ဘာဖြစ်လည်း
အဲဒီဓါးက မလွဲခဲ့ဘူးဆိုရင်တောင် ငါက
မပြိုလဲခဲ့ပါဘူးကွယ်။
ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ။
တယောက် တလမ်းဆီ မသွားရတာကြာပြီ။
ကိုက တခြမ်း၊ သူကတခြမ်းဖြစ်ပေမဲ့
ဘယ်သူမှ မလွဲမှားခဲ့တာလည်းကြာပြီ။

ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်သူတွေဘာပဲပြောပြော
ငါ့အတွက်တော့ နေသံလသံ ရောနေခဲ့တာလည်းကြာပြီ။

တာရာမင်းဝေ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] လှံတံက ခေါလို့မလိုက်ရင်လည်း...

လှံတံက ခေါလို့မလိုက်ရင်လည်း ပင်အပ်ယူပြီးလာမစိုက်နဲ့ မင်းတို့ကြေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ် လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်ရ ရင်ပဲ ငါ့အတွက်ဖြစ်တယ်။  တာရာမင်းဝေ
John Yoharmar 01 June 00:27
လှံတံက ခေါလို့မလိုက်ရင်လည်း
ပင်အပ်ယူပြီးလာမစိုက်နဲ့
မင်းတို့ကြေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်ရ ရင်ပဲ
ငါ့အတွက်ဖြစ်တယ်။

တာရာမင်းဝေ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] လောကကြီးမှာရွှေလိုရှားတဲ့ငါတို့ယောက်ျား...

လောကကြီးမှာရွှေလိုရှားတဲ့ငါတို့ယောက်ျား အဲလိုရှားပါတဲ့ငါတို့ယောက်ျားတွေနူတ်ကထွက်တဲ့စကားကို နားအရသာခံပြီးသွားဖြီးနေတဲ့ခပ်ညံ့ညံ့အပေါစားမိန်းမတွေကို မုန်းတယ်..................
Ye Htwe 31 May 22:16
လောကကြီးမှာရွှေလိုရှားတဲ့ငါတို့ယောက်ျား
အဲလိုရှားပါတဲ့ငါတို့ယောက်ျားတွေနူတ်ကထွက်တဲ့စကားကို
နားအရသာခံပြီးသွားဖြီးနေတဲ့ခပ်ညံ့ညံ့အပေါစားမိန်းမတွေကို
မုန်းတယ်..................

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] တိတ်တခိုးလေး ချစ်နေမိတဲ့ကိုယ့်အတွက် မေတ္တာပန်း...

တိတ်တခိုးလေး ချစ်နေမိတဲ့ကိုယ့်အတွက်  မေတ္တာပန်း မဆွတ်ခင်   လွမ်းပင်တွေ ပျိုးနေရတာ..  အစမကောင်းခဲ့တဲ့ ဇာတ်လမ်းပါလား..ကောင်မလေးရယ်...
သီဟ ပျံချီ 31 May 22:11
တိတ်တခိုးလေး ချစ်နေမိတဲ့ကိုယ့်အတွက်

မေတ္တာပန်း မဆွတ်ခင်

လွမ်းပင်တွေ ပျိုးနေရတာ..

အစမကောင်းခဲ့တဲ့ ဇာတ်လမ်းပါလား..ကောင်မလေးရယ်...

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] အချစ်အတွက် မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာတကယ်ပါ...

အချစ်အတွက် မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာတကယ်ပါ ရှောက်သီးလိုလျှောက်ဖြီးတာမဟုတ်ပါဘူး မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီးလျှောက်ကြည့်ပါလား နေကြာစေ့လိုရင်မှာပွေ့ပြီး ထန်းမြစ်လိုအရမ်းချစ်တာပါ ချစ်သူရယ်... ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်းမဟုတ်ပါဘူး ဒညင်းသီးလိုအပျင်းကြီးတဲ့မင်းကို ကိုယ်ခွင့်လွှတ်နိုင်ပါတယ် ငါးပိချက်လိုအသိမခက်ပါနဲ့တော့ တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့ မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါတော့မယ်
Prickly Heat 31 May 22:06
အချစ်အတွက် မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာတကယ်ပါ ရှောက်သီးလိုလျှောက်ဖြီးတာမဟုတ်ပါဘူး မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီးလျှောက်ကြည့်ပါလား နေကြာစေ့လိုရင်မှာပွေ့ပြီး ထန်းမြစ်လိုအရမ်းချစ်တာပါ ချစ်သူရယ်... ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်းမဟုတ်ပါဘူး ဒညင်းသီးလိုအပျင်းကြီးတဲ့မင်းကို ကိုယ်ခွင့်လွှတ်နိုင်ပါတယ် ငါးပိချက်လိုအသိမခက်ပါနဲ့တော့ တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့ မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါတော့မယ်

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] သည်ကနေ့ ကျနော်ဖြစ်နေသမျှ နောင်တနေ့ ကျနော်...

သည်ကနေ့ ကျနော်ဖြစ်နေသမျှ နောင်တနေ့ ကျနော် ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ အားလုံးပင် အမေ့ကျေးဇူးချည်း ဖြစ်သည်၊ ( အင်ဗရာဟမ် လင်ကွန်း )
Prickly Heat 31 May 22:02
သည်ကနေ့ ကျနော်ဖြစ်နေသမျှ နောင်တနေ့ ကျနော် ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ အားလုံးပင် အမေ့ကျေးဇူးချည်း ဖြစ်သည်၊ ( အင်ဗရာဟမ် လင်ကွန်း )

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ဒီနေ့ ကမ္ဘာမှာ အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ...

ဒီနေ့ ကမ္ဘာမှာ အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ တီဘီလည်း မဟုတ်ဘူး အနာကြီးရောဂါလည်း မဟုတ်ဘူး နှစ်သက်လိုလားသူ မရှိတာ မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ ပေယျာလကန် အပြုခံရတာတွေပဲ ကိုယ်ကာယရောဂါတွေကို သာမာန်ဆေးဝါးများ ပေးလို့ရပေမယ့် အထီးကျန်ခြင်း စိတ်ပျက်အားလျော့ခြင်း မျှော်လင့်ချက်ကုန်ဆုံးခြင်း ဝေဒနာကိုတော့ မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ် ဒီနေ့ ကမ္ဘာမှာ ပေါင်မုန့်တဖဲ့အတွက် အသင်ငင်နေသူတွေ အမြောက်အမြားရှိနေတာ မှန်သလို မေတ္တာ အကြင်နာလေး နည်းနည်းမှ မခံစားရလို့ သေဆုံးကြမယ့် လူတွေကလည်း ဒုနဲ့ဒေးပါ  မာသာထရီဇာ
Prickly Heat 31 May 21:51
ဒီနေ့ ကမ္ဘာမှာ
အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်း မဟုတ်ဘူး
အနာကြီးရောဂါလည်း မဟုတ်ဘူး
နှစ်သက်လိုလားသူ မရှိတာ
မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ
ကိုယ်ကာယရောဂါတွေကို
သာမာန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက်ကုန်ဆုံးခြင်း ဝေဒနာကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်
ဒီနေ့ ကမ္ဘာမှာ
ပေါင်မုန့်တဖဲ့အတွက် အသင်ငင်နေသူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာ အကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ

မာသာထရီဇာ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ကြည့်ကြပါဦးဗျာ.. ဘယ်လောက်ဆိုးလဲ... ခေါင်းစဉ်က...

ကြည့်ကြပါဦးဗျာ.. ဘယ်လောက်ဆိုးလဲ...   ခေါင်းစဉ်က ဘာတွေမှန်းလဲ မသိဘူး မေးလ်ထဲ ရောက်လာတာ ဆိုလို့ ဖတ်ကြည့်မိတာ..    ဆိုးပါ့ဗျာ..  There are 5 friends in a room, namely Someone, Nobody, Mad, Brain and Fool.  One day, Someone killed Nobody. In that time Brain was in the bath-room.  Mad called the Police Station.  Mad :: "Is this Police Station?"  Police :: "Yes, what's matter?"  Mad :: "Here, Somebody killed Nobody."  Police :: "Hay, what are you talking? Don't you have brain?"  Mad :: "No, I have not. Brain is in the bath-room."  Police :: "Oh, it is impossible, are you mad?"  Mad :: "yesss, I'm Mad."  Police :: "Ha Ha, you are fool..."  Mad :: "No, I'm not Fool. Fool is reading this story now !!! "*  ဘာတွေ ရေးထားတာလဲဟင်.... :(
Ba Tharchaw 31 May 21:32
ကြည့်ကြပါဦးဗျာ.. ဘယ်လောက်ဆိုးလဲ...

ခေါင်းစဉ်က ဘာတွေမှန်းလဲ မသိဘူး မေးလ်ထဲ ရောက်လာတာ ဆိုလို့ ဖတ်ကြည့်မိတာ..

ဆိုးပါ့ဗျာ..

There are 5 friends in a room, namely Someone, Nobody, Mad, Brain and Fool.

One day, Someone killed Nobody. In that time Brain was in the bath-room.

Mad called the Police Station.

Mad :: "Is this Police Station?"

Police :: "Yes, what's matter?"

Mad :: "Here, Somebody killed Nobody."

Police :: "Hay, what are you talking? Don't you have brain?"

Mad :: "No, I have not. Brain is in the bath-room."

Police :: "Oh, it is impossible, are you mad?"

Mad :: "yesss, I'm Mad."

Police :: "Ha Ha, you are fool..."

Mad :: "No, I'm not Fool. Fool is reading this story now !!! "*

ဘာတွေ ရေးထားတာလဲဟင်.... :(

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ပန်းပျိုးသူတို့နှလုံးသား နမ်းချင်လို့...

ပန်းပျိုးသူတို့နှလုံးသား နမ်းချင်လို့ ပန်းပင်ပျိုးနေတာမဟုတ် အပွင့်အဖွင့်တွေကိုစွတ်ခူးချင်လို့ ဥယျာဉ်မှူးလုပ်နေတာလဲမဟုတ် မနမ်းရလည်းနေ မခူးရလည်းသွား တို့နှလုံးသားက ပွင့်လာသည့်ပန်း ဘယ်သူနမ်းနမ်း တန်ဘိုးရှိသည့်ပန်းဖြစ်နေရင် ကျေနပ်တယ်                                                       ရာဝဏ(သာဝတ္ထိ)
U Wi Lar Tha 31 May 20:35
ပန်းပျိုးသူတို့နှလုံးသား
နမ်းချင်လို့
ပန်းပင်ပျိုးနေတာမဟုတ်
အပွင့်အဖွင့်တွေကိုစွတ်ခူးချင်လို့
ဥယျာဉ်မှူးလုပ်နေတာလဲမဟုတ်
မနမ်းရလည်းနေ
မခူးရလည်းသွား
တို့နှလုံးသားက
ပွင့်လာသည့်ပန်း
ဘယ်သူနမ်းနမ်း
တန်ဘိုးရှိသည့်ပန်းဖြစ်နေရင်
ကျေနပ်တယ်
ရာဝဏ(သာဝတ္ထိ)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ညီမလေး ချီရွန် မင်္ဂလာပါ။ :)

ညီမလေး ချီရွန် မင်္ဂလာပါ။ :)
Moe Thu 31 May 19:19
ညီမလေး ချီရွန် မင်္ဂလာပါ။ :)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ဘ၀ မသိ အချစ် မရှိ ဦးနောက်အလွတ်...

ချီရွန် ချီရွန် posted in စာပေစကားဝိုင်း
ဘ၀ မသိ အချစ် မရှိ ဦးနောက်အလွတ် ရင်ဘတ်ဟောင်းလောင်း လေဟုန်ကိုစီး တိမ်လွှာကိုဆော့ကစားရင်းနဲ့ သက်တံ့ပေါ်မှာအပန်းဖြေမယ်။
ချီရွန် ချီရွန် 31 May 19:13
ဘ၀ မသိ
အချစ် မရှိ
ဦးနောက်အလွတ်
ရင်ဘတ်ဟောင်းလောင်း
လေဟုန်ကိုစီး
တိမ်လွှာကိုဆော့ကစားရင်းနဲ့
သက်တံ့ပေါ်မှာအပန်းဖြေမယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] တကယ်လို့ မိုးရွာတာ ကောင်းကင်ကမဟုတ်ပဲ မြေကြီးထဲက...

တကယ်လို့ မိုးရွာတာ ကောင်းကင်ကမဟုတ်ပဲ  မြေကြီးထဲက ရွာတယ်ဆိုရင် လူတွေထီးဘယ်လိုဆောင်းမလဲ စဉ်းစားကြည့်ရအောင် -
Thaw Zin 31 May 19:05
တကယ်လို့ မိုးရွာတာ ကောင်းကင်ကမဟုတ်ပဲ
မြေကြီးထဲက ရွာတယ်ဆိုရင် လူတွေထီးဘယ်လိုဆောင်းမလဲ
စဉ်းစားကြည့်ရအောင် -

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ငါကလူတွေနဲ့အံဝင်ဂွင်ကျမဖြစ်တဲ့လောကရဲ့ဆူးတစ်ချောင်း...

ချီရွန် ချီရွန် posted in စာပေစကားဝိုင်း
ငါကလူတွေနဲ့အံဝင်ဂွင်ကျမဖြစ်တဲ့လောကရဲ့ဆူးတစ်ချောင်းပါ  ဒါပေမဲ့မင်းရင်ဘတ်မှာစိုက်ဝင်နေတဲ့ဆူးတစ်ချောင်းတော့မဖြစ်စေရဘူး  ငါ့ကြောင့်နာကျင်ဖို့မပြောနဲ့  မင်းဘေးမှာလေနီတွေတောင်မဝေ့စေချင်ဘူး...
ချီရွန် ချီရွန် 31 May 18:51
ငါကလူတွေနဲ့အံဝင်ဂွင်ကျမဖြစ်တဲ့လောကရဲ့ဆူးတစ်ချောင်းပါ ဒါပေမဲ့မင်းရင်ဘတ်မှာစိုက်ဝင်နေတဲ့ဆူးတစ်ချောင်းတော့မဖြစ်စေရဘူး
ငါ့ကြောင့်နာကျင်ဖို့မပြောနဲ့ မင်းဘေးမှာလေနီတွေတောင်မဝေ့စေချင်ဘူး...

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] အပ်ဖျားတစ်ထောက်စာဒဏ်ရာလေးပေမဲ့...

ချီရွန် ချီရွန် posted in စာပေစကားဝိုင်း
အပ်ဖျားတစ်ထောက်စာဒဏ်ရာလေးပေမဲ့ ဆပ်ပြာပူပေါင်းအတွက်ကတော့ဘ၀ပါပျက်သွားနိင်တယ်မလား (မင်းခိုက်စိုးစန်)
ချီရွန် ချီရွန် 31 May 18:32
အပ်ဖျားတစ်ထောက်စာဒဏ်ရာလေးပေမဲ့ ဆပ်ပြာပူပေါင်းအတွက်ကတော့ဘ၀ပါပျက်သွားနိင်တယ်မလား (မင်းခိုက်စိုးစန်)

View Post on Facebook · Edit email settings · Reply to this email to add a comment.