Friday, 3 June 2011
[စာပေစကားဝိုင်း] New doc: ဖဲသုံးချပ်
created the doc: "ဖဲသုံးချပ်"
Thaw Zin created the doc: "ဖဲသုံးချပ်"
အေ
ကေ
ကျူ
အေ
ကေ
ကျူ
ငွေ တွေ ယူ
ငွေ တွေ ယူ
ကစားသမား တစ်ယောက်က
ရိုးပါရဲ့   ...
တခြားတစ်ယောက်က
ဆိုးပါသတဲ့ ...
နောက်တစ်ယောက်က
ခိုးပါမတဲ့ ...
စရိုက်မတူ ၊ သုံးယောက်လူ
ဖျူခါ ဖျာခါ  ပြောင်တလင်းခါအောင်
"ဖူးတစ်ကွ"
"ဇူးရစ်မြို့ ကြီး" ကိုတောင်
ဝယ်နိုင်သဟ ...
            (လောဘ)
"ဟတ်ကင်း"
ဓားကြီးမိုးလို့ ပါလားဟဲ့ ...
            (ဒေါသ)
"ကလပ်ကွင်း"
မြတ်နိုးခြင်း နှလုံးသား
ချစ်စကား စီးဆင်း
ထုံသင်း ဝေလှိုင်
ပန်း တစ်ခိုင်နဲ့ 
            (မေတ္တာ)
ကစားသမားရဲ့  လောဘ
                      ကျောမပိုး
မဟားတယား ဒေါသ
                     မောဟစိုး
အလောဘ နဲ့ စာနာမှု
မေတ္တာပွင့်နု ရနံ့ 
သင်းပျံ့လှိုင်ကြူ
(လေနဲ့အတူ)
အေ ကေ ကျူ
အေ ကေ ကျူ
ငွေ တွေ ယူ (အစား)
အေ ကေ ဂျက်
အေ ကေ ဂျက်
(တစ်ထွေပျက်ပေမယ့်)
ကဲ ကိုယ့်လူ
ဘာတဲ့ ...
အေ
ကေ
ဂျက်  တဲ့
ငွေ
တွေ
မမက်နဲ့ လေ ....
                       ကြည်အောင်
                      ( ၁၉၈၇ - ဇန်န၀ါရီ - ၇ )
                      အင်းဝ
View Post on Facebook · Edit email settings · Reply to this email to add a comment.
No comments:
Post a Comment