Sunday, 5 June 2011

[စာပေစကားဝိုင်း] New doc: တေဘုမ္မာ

created the doc: "တေဘုမ္မာ"
Ye Thurein Min created the doc: "တေဘုမ္မာ"

တေဘုမ္မာ အနိစ္စ ဒုက္ခ အနတ္တ တရားမရကြလို့ များလှ သံသရာ။ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ အ၀ိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ။ ဒိဋ္ဌိဥာဏ် ၀င်စား ထင်မှား မြင်ငြားကြမှာ လူပဲ နတ်ပဲ မှတ်စွဲလို့သာ မှားချက်အလွန်နာ ငါ့သား ငါ့မယား လင်သားဥစ္စာ ငါ့ကိုယ် ငါ့ဟာ အထင်မကွာ သက္ကာယကြောင့်လေ မာနတွေ ထောင်ကြတာ ၀ိပဿနာ ၀င်စား ထင်လျား မြင်ငြားကြမှာ ဘာမျှ ရှာမရ အသာဓကမှန်စွာ အနတ္တခန္ဓာ ကြည့်ရင်း ရှုရင်း ပျက်ရင်းချုပ်ကာ ရုပ္ပတ္တိသညာ ဖောက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ ရုပ်တရား နာမ်တရားနှစ်ဖြာ အိုနာသေမည် အတည်မကျပါ သင်္ခါရဟာ ဘင်ကာလမကြာ ငါးဖြာဂတိမှာ လေးဘုံ အပါယ်ငရဲသာ (အ၀ိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ၀ိဥာဏ် နာမ်တရား ရုပ်တရား နှစ်ဖြာ) ၂ ။ ခြောက်ဖြာအာရုံ ကာမဂုဏ် ဆန္ဒ ပဋိစသမုပ္ပာန် ရှုပ်ပြန် အတွင်းပ တဏှာ။ ရှက်စရာတွေးတော့ သမုဒယပါ မဂ္ဂဆေးနဲ့ကုရမှာ လက္ခဏာရေးလည်း ရှုကြပါ။

(ရေ မြေ လေ မီး ဓါတ်ကြီးအစုဟာ အလွန်တရာ မမြတ်သော အတ္တဘော ခန္ဓာ) ၂။ (မုန်းဖွယ့်မလွတ်ပါ ၃၂ ကောဋ္ဌာ) ၂ ။ (မိုက်မဲအ၀ိဇ္ဇာ စိတ်တဏှာ အနိဋ္ဌာ ဣတ္ထာရုံထင်မိမှား၊ ကာယအပုပ်ကောင်တွေဟာ ဟုတ်ယောင်သာ ရုပ်ဆောင်ကာ ချုပ်နှောင်ကာ သူလှည့်စား) ၂ ။ (တရားကွာ မှားရှာ များသတ္တ၀ါ ဘ၀အနဂ္ဂါ ဖြစ်ပျက်သံသရာ) ၂ ။ မီးဆယ့်တစ် ငြိမ်းရာချုပ်ရာ နိဗ္ဗာန်ရောက်နိုင်ငြား မဂ်ဖိုလ် ကြိုးစားရအောင်ရှာ ဒိဋ္ဌိ နဲ့ ၀ိစိကိစ္ဆာ သမုစ္စေပဟန် ဧကန်ပယ်၍ခွာ အထက်လမ်း တက်လှမ်းမကြာ ရုပ်နာမ်ခန္ဓာ နှစ်ဝလုံးဟာ အစတုံးကာ ဘ၀ဆုံး အမတာ အဲ သို့မှသာ ဘေးတကာ ရန်တကာကင်းဝေးမှာ အရဟတ္တဖိုလ် ပညာကိုဟာ အနုဿယ ကိလေ တိချွေပယ်ဖို့ ရာအမှန် ၀ါယမံ စိတ်သန်သမာဓိ ၀ိပဿနာဥာဏ် ရင့်သန်စေဖို့ရာ။

ငါးဆူရှင် ပါရမီတော်ရင့်မီ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ ဗုဒ္ဓုပ္ပာ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျက်မှန်စွာ ရှည်လျား သုညကမ္ဘာတွေမှာ ဓမ္မာသွေကွာ အပါရေဟာ ပျော်ဖို့ (အမှားအတိနဲ့ အသည်းထိတ်စရာပါ) ၂ ။ မလွဲတိရစ္ဆာ ငရဲပြိတ္တာ တကတည်းမဆိတ်ပါ စည်ပင်ကြတော့မှာ။

(မကောင်းမှု ဒုစရိုက်တွေကို နည်းအောင် ကျင့်ကြပါ) ၂ ။ (နှစ်လနေ့ရက်နာရီတွေဟာ အချိန်အလကား မကုန်စေရာ) ၂ ။ (ကာမဂုဏ် ရမက်ဆိုး ဖျက်ချိုးနိုင်မှသာ ဖြစ်ရာဘ၀သံသရာ ပညာပါရမီ ကြီးရင့်အောင်လို့သာ) ၂ ။ အတိတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ ယခုလည်းပဲ မိုက်ဆဲမှန်စွာ ရှေ့ကိုတိုးလို့ ထမ်းပိုးမိုက်ဦးမှာ အဆုံးသတ်သင့်ကြတာ။

(ကိုယ့်ကိုယ်ကိုလေ သနားကြပါ များသတ္တ၀ါ) ၂ ။ (လောဘ ဒေါသ မောဟဆိုတာဟာလေ လောင်မီးကိလေသာ) ၂ ။ (တဟုန်းဟုန်း တောက်လို့သာ တဖြုန်းဖြုန်း မောက်မိုစွာ) ၂ ။ (အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ် ဖြစ်လွယ် စိတ်အားထက်သန်စွာ) ၂ ။ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့အမှုဟာ ထဲစိတ်ကမပါ) ၂ ။ နေရာဟောင်းကို လွန်အောင်းမေ့တာ (လေးဘုံပါယ်ရွာ) ၂ ။ ထဲမှာ နေမြဲသာ များသည့် သတ္တ၀ါ။

အ၀ိဇ္ဖာ စက်ပါပရယ်က အဆိပ်တဏှာ တက်မာနတွေကြောင့် သက္ကာယဆိုတဲ့ ဘေးကြီးဝင် ငါ့သား ငါ့မယား ငါ့လယ်ယာ ငါ့ဥစ္စာ ငါ့လင် ငါ့ ဆွေ ငါ့သားရယ်လို့ ယခုလို ငါ့သား ငါ့မယား ခင်တွယ်လာလို့ ငါ့လယ်ယာ ဥစ္စာပဲရယ်လို့ (ငါပဲအထင် ပြားကြလျှင်) ၂ ။ မှားပါလိမ့်လေး။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment