Saturday, 4 June 2011
[စာပေစကားဝိုင်း] New doc: ဂန္ထ၀င်မမ
created the doc: "ဂန္ထ၀င်မမ "
Thaw Zin created the doc: "ဂန္ထ၀င်မမ "
- ၁ -
မမရေ...
မမရေ......
မမရေ.........
ကျွန်တော့်ကို တံခါးဖွင့်ပေးပါ ။
သွေးရူးသွေးတန်း
ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ
အကြိမ်တစ်ရာရှိပါပြီ
မဟာစင်္ကြာဝဠာတစ်ခုလုံး
နပိုလီယံကလွဲပြီး လူသားအားလုံး
စစ်ကိုမုန်းသလို သဘောတူကြတယ်
ဟုတ်တယ် ၊
အိုး ...
ငါဖျားနေတာ
နွေသုံးခု ၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ယာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ
ရင်ခုန်တာပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ ။
ဆရာဝန်ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမ ကျွန်တော့်ကိုချစ်ပါ
ဒီကောင်လက်နက်ချရမယ်တဲ့ ။
-၂ -
သမ၀ါယမ ဆန်စားသူများ စကားဝိုင်း
လှိုင်းလုံးများ ပြင်းထန်လာ
ကက ။ ခခ ။ ဂဂ ။ ဃဃ ။ ငင
xxxxxxxxxxxxxxxxxxxxx
၁ ။ ၂  ။ ၃ ။ ၄ ။ ၅ ။ ၆ ။ ၇ ။ ၈ ။ ၉ ။ ဝ
လက်ဖက်ရည်ဆိုင်မှာ ဆိုကြဆဲကြ
မနက် ၉ နာရီ ထိုးပါပြီ ။
ဝဋ်ဒုက္ခ ကြီးမားစွာ
သူမလာပါပြီ ။
ဝဋ်ဒုက္ခ ကြီးမားစွာ
ကျွန်တော်စောင့်နေပါသည် ။
လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ရှိတယ်
မကြည့်ပါလေနဲ့  ။
မျက်လွှာချထားပါ
ရှေ့ နှစ်လံလောက်သာ ကြည့်လျှောက်ပါ
ကျွန်တော်ရှိတာကိုတော့ သိမှာပေါ့ ။
ဟိတ်
ပိုက်ဆံထောင်ပစ်နေတဲ့ ချာတိတ်တို့
တဆိတ်တောင်းပန်ပါတယ်
လမ်းဖယ်ပေးလိုက်ကြပါကွာ ။
ကင်းတဲက သူငယ်ချင်းတို့ရေ
ငြိမ်ငြိမ်ကလေး နေကြပါကွ
မမခြေလှမ်းပျက်မှာ စိုးမိတယ် ။
သူ့ ဣနြေ္ဒကို ငါဂုဏ်ယူတယ်
သူ့ သိက္ခာကို ငါဂုဏ်ပြုတယ်
ငါကတော့ မင်းတို့သိတဲ့အတိုင်းပါပဲ
ခပ်ပျက်ပျက် ခပ်ရမ်းရမ်းကောင်ပါပဲ ။
အားနာစရာတောင်
ကောင်းနေပါပြီနော် ။
                                               အောင်ချိမ့်
                                               ၁၉၇၇ ၊ ရန်ကုန်
-------------------------------------------------------------
အပိုဒ် (၁၂)အထိ ရှိပါတယ် ။ တစ်ရက်ကို ၂ပိုဒ် တင်သွားပေးပါ့မယ် ။
View Post on Facebook · Edit email settings · Reply to this email to add a comment.
No comments:
Post a Comment