Thursday, 2 June 2011

[စာပေစကားဝိုင်း] Facebook ခေတ်စားလာနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ...

Facebook ခေတ်စားလာနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ ၎င်းနဲ့ပတ်သက်တဲ့ သြဇာသက်ရောက်မှုတွေ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအပေါ် ရောင်ပြန်ဟပ်နေတာဟာ အထင်အရှားပါပဲ။ ဒီလိုမျိုး Facebook ဖြစ်စဉ်တွေ နေ့စဉ်ပေါ်ထွက်ပေါ်နေတဲ့ကြားမှာ၊ Catfish ဆိုတဲ့ Facebook လူမှုကွန်ရက် နောက်ခံကားတစ်ကားပေါ်လာတာလည်း ယခုတော့ ကျွန်တော်တို့ တွေ့မြင်လာရပါပြီ။ ဒီ Catfish ဆိုတဲ့မှတ်တမ်းရုပ်ရှင်documentary ကားကတော့ နယူးယောက်မြို့တော်က နက်ဗ်ရှုလ်မန်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဦးနဲ့ မစ်ရှီဂန်ပြည်နယ်တောင်ပိုင်းက မိသားစုဝင်သုံးဦးအကြား Facebook နောက်ခံဆက်ဆံရေးတွေ အကြောင်းကိုရိုက်ထားတာပါ။ အဲဒီမိသားစု၏သုံးဦးမှာ ညီမငယ်ဖြစ်တဲ့ အတ်ဘေးဆိုတဲ့မိန်းကလေးက ဓာတ်ပုံဆရာရှုလ်မန်ရဲ့ လက်ရာတချို့ကိုမှီငြမ်းပြီး ပန်းချီပြန်ဆွဲဖို့လုပ်နေတာနဲ့ ဇာတ်လမ်းကို စတင်ထားတယ်။ ဒီအချိန်မှာပဲ ရှုလ်မန်က အတ်ဘေးရဲ့အမကြီးဖြစ်သူနဲ့ Facebook ကနေ tex messageတွေပို့၊ ဆဲလ်ဖုန်းတွေခေါ်ပြီး ဇာတ်လမ်းစနေတယ်။ ဒါပေမယ့် အဲဒီမှာခက်တာက ဒီညီအစ်မနှစ်ယောက်စလုံးရဲ့ အမေဖြစ်သူနဲ့လည်း ရှုလ်မန်ဟာ Facebook ကနေ ဇာတ်လမ်းစနေပြန်တာကို ညီအမနှစ်ယောက်စလုံးက မသိကြဘူး။ ဒီလိုနဲ့ ဓာတ်ပုံဆရာရှုလ်မန်ရဲ့အကိုနဲ့ သူငယ်ချင်းတို့ဟာ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ ရှုလ်မန်ရဲ့အွန်လိုင်းမိတ်ဆွေတွေကို အံ့သြစေခဲ့ပါတော့တယ်။ CNetnews ဟာ မကြာမီကပဲ Catfish မှတ်တမ်းရုပ်ရှင်ရဲ့ဇာတ်လိုက် နက်ဗ်ရှုလ်မန်၊ သူရဲ့အကို ရုပ်ရှင်ဒါရိုက်တာ အေရီရယ်လ်အပြင် ရုပ်ရှင်ကိုတွဲဖက်ရိုက်ကူးသူ ဟင်နရီဂျု့စ်တို့နှင့်တွေ့ဆုံကာ ရုပ်ရှင်အကြောင်း လူမှုမီဒီယာအပေါ် ၎င်းတို့ရဲ့ အမြင်အကြောင်း စတာတွေကို မေးမြန်းခဲ့ပါတယ်။  Q - (ဇာတ်လမ်းထဲမှာက) အွန်လိုင်းပေါ်မှာ အလွန်အကျွံချစ်ကျွမ်းဝင်ကြတဲ့ ဆက်ဆံရေးမျိုးတွေကို လုပ်ယူခဲ့ရတာဆိုတာ ဘာနဲ့များတူနေပါသလဲ။ A - အံ့သြစရာပဲ၊ ဒီကိစ္စက တော်တော်လွယ်လွန်းတယ်။
Minn Paing Soe Fizel 02 June 20:42
Facebook ခေတ်စားလာနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ ၎င်းနဲ့ပတ်သက်တဲ့ သြဇာသက်ရောက်မှုတွေ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအပေါ် ရောင်ပြန်ဟပ်နေတာဟာ အထင်အရှားပါပဲ။
ဒီလိုမျိုး Facebook ဖြစ်စဉ်တွေ နေ့စဉ်ပေါ်ထွက်ပေါ်နေတဲ့ကြားမှာ၊ Catfish ဆိုတဲ့ Facebook လူမှုကွန်ရက် နောက်ခံကားတစ်ကားပေါ်လာတာလည်း ယခုတော့ ကျွန်တော်တို့ တွေ့မြင်လာရပါပြီ။ ဒီ Catfish ဆိုတဲ့မှတ်တမ်းရုပ်ရှင်documentary ကားကတော့ နယူးယောက်မြို့တော်က နက်ဗ်ရှုလ်မန်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဦးနဲ့ မစ်ရှီဂန်ပြည်နယ်တောင်ပိုင်းက မိသားစုဝင်သုံးဦးအကြား Facebook နောက်ခံဆက်ဆံရေးတွေ အကြောင်းကိုရိုက်ထားတာပါ။ အဲဒီမိသားစု၏သုံးဦးမှာ ညီမငယ်ဖြစ်တဲ့ အတ်ဘေးဆိုတဲ့မိန်းကလေးက ဓာတ်ပုံဆရာရှုလ်မန်ရဲ့ လက်ရာတချို့ကိုမှီငြမ်းပြီး ပန်းချီပြန်ဆွဲဖို့လုပ်နေတာနဲ့ ဇာတ်လမ်းကို စတင်ထားတယ်။ ဒီအချိန်မှာပဲ ရှုလ်မန်က အတ်ဘေးရဲ့အမကြီးဖြစ်သူနဲ့ Facebook ကနေ tex messageတွေပို့၊ ဆဲလ်ဖုန်းတွေခေါ်ပြီး ဇာတ်လမ်းစနေတယ်။ ဒါပေမယ့် အဲဒီမှာခက်တာက ဒီညီအစ်မနှစ်ယောက်စလုံးရဲ့ အမေဖြစ်သူနဲ့လည်း ရှုလ်မန်ဟာ Facebook ကနေ ဇာတ်လမ်းစနေပြန်တာကို ညီအမနှစ်ယောက်စလုံးက မသိကြဘူး။ ဒီလိုနဲ့ ဓာတ်ပုံဆရာရှုလ်မန်ရဲ့အကိုနဲ့ သူငယ်ချင်းတို့ဟာ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ ရှုလ်မန်ရဲ့အွန်လိုင်းမိတ်ဆွေတွေကို အံ့သြစေခဲ့ပါတော့တယ်။ CNetnews ဟာ မကြာမီကပဲ Catfish မှတ်တမ်းရုပ်ရှင်ရဲ့ဇာတ်လိုက် နက်ဗ်ရှုလ်မန်၊ သူရဲ့အကို ရုပ်ရှင်ဒါရိုက်တာ အေရီရယ်လ်အပြင် ရုပ်ရှင်ကိုတွဲဖက်ရိုက်ကူးသူ ဟင်နရီဂျု့စ်တို့နှင့်တွေ့ဆုံကာ ရုပ်ရှင်အကြောင်း လူမှုမီဒီယာအပေါ် ၎င်းတို့ရဲ့ အမြင်အကြောင်း စတာတွေကို မေးမြန်းခဲ့ပါတယ်။

Q - (ဇာတ်လမ်းထဲမှာက) အွန်လိုင်းပေါ်မှာ အလွန်အကျွံချစ်ကျွမ်းဝင်ကြတဲ့ ဆက်ဆံရေးမျိုးတွေကို လုပ်ယူခဲ့ရတာဆိုတာ ဘာနဲ့များတူနေပါသလဲ။
A - အံ့သြစရာပဲ၊ ဒီကိစ္စက တော်တော်လွယ်လွန်းတယ်။ "လူတွေ ကိုမယုံပါနဲ့" လို့ပြောပြီး ကျွန်တော်အွန်လိုင်းဆက်ဆံရေးတွေ လုပ်နေချိန်မှာတောင်မှ ခက်ခဲတဲ့အချိန်မရှိခဲ့ပါဘူး။ ရုပ်ရှင်ထဲမှာ မပါတာတစ်ခုကတော့ အဲဒီ (သားအမိသုံးယောက်) မိသားစုကို သိကျွမ်းခွင့်ရအောင်လုပ်ဖို့ ကျွန်တော်မှာ အချိန်ရှစ်လလောက် ကြာခဲ့ရတယ်ဆိုတာပါ။ ရုပ်ရှင်ထဲမှာဆိုရင်တော့ အဲဒီစတွေ့ကြ၊ သိကြတဲ့အခန်းတွေဟာ ရှေ့ပိုင်းမိနစ်၂၀ စာမှာပဲ မြန်မြန်ပြီးသွားတယ်။ တကယ်အပြင်မှာကတော့ တစ်ဆင့်ချင်း ဖြည်းဖြည်းသွားရတာပါ။ သူတို့နဲ့ကျွန်တော်ရဲ့ အပြန်အလှန်ဆက်ဆံရေးဟာ တော်တော် နှေးနှေးကွေးကွေးနဲ့ စရတာပါ။ အီးမေးလ်တွေပို့ရတယ်။ အဲဒီလိုအချိန်တွေမှာတော့ ဒီလိုလုပ်ရတာ သိပ်ပုဂ္ဂိုလ်ရေးဆန်ပြီး၊ ရိုးသားတဲ့ပုံစံမျိုးပေါ့။ ကျွန်တော်ဟာ လူတွေကိုသိလာပြီး၊ အဝေးမှာ သူတို့ ဘယ်လိုရှင်သန်နေတယ်ဆိုတာကို သိလာချိန်မှာတော့ ဒီကိစ္စက Facebook ကိစ္စဖြစ်လာပြီလေ။ ဘာကြောင့်လဲဆိုတော့ အားလုံးနေသားကျလာပြီလေ။ အခုတော့ အဲဒီမဟာဝက်ဘ်ဆိုက် (Facebook) ပေါ်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပျော်စရာအကြောင်းအရာတွေ၊ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေဖလှယ်ကြတဲ့ မိတ်ဆွေရင်းတွေ ဖြစ်သွားကြပြီလေ။

Q - (ဒီဇာတ်ကားမရိုက်ခင်ကရော) ခင်ဗျားဟာ Facebookကို အလွန်အကျွံ့ အသုံးပြုသူတစ်ဦး မဖြစ်ခဲ့ဘူးပေါ့။
A - မှန်တာပေါ့။ ကျွန်တော်မှာ တစ်ခါမှ ဘယ်လိုအွန်လိုင်းပေါ်ကို မဆိုတက်ပြီး comment တွေရေးဖို့၊ ကိုယ်ဘယ်မှာရှိတယ်ဆိုတာ share လုပ်ဖို့ မိတ်ဆွေတစ်ယောက်မှကို မရှိဖူးတာပါ။ Blog ရေးတာ ကျွန်တော်အကြိုက်မှမဟုတ်တာ။ ဒါပေမယ့် ကျွန်တော်က ကိုယ်ပုံတွေကို ဝေမျှဖလှယ်ရတာတော့ သဘောကျတယ်။ Facebook ဆိုက်က ဒီလိုမျိုး နေ့စဉ်ဓာတ်ပုံတွေ အပတ်စဉ်ရိုက်ထားတဲ့ပုံတွေကို ဝေမျှဖို့တင်ဖို့ ဖိုရမ်ကြီးတစ်ခုပဲလေ။

Q - ခင်ဗျားတို့သုံးယောက်စလုံးဟာ မိန်းမသုံးဦးကို အပြင်မှာ တကယ်တွေ့ဖို့ အကြံရပြီးသွားခဲ့တယ်နော်။
A - (အေရီရယ်) ဒီလိုသွားတွေ့ဖို့လုပ်တာကတော့ ကျွန်တော်တို့အတွက် အစွန့်စားရဆုံး အလုပ်တစ်ခုဆိုတာ သဘောတူခဲ့ပါတယ်။ နက်ဗ် ကျွန်တော်ကတော့ အဲဒီအကြံရချင်းမှာပဲ စင်နရီကိုပြောခဲ့တယ်။ "အိုး၊ ဘုရာသခင်၊ ဒါဟာ အမှန်မလားဆိုတာတော့ ကျွန်တော်မျိုးလည်း မသိတော့ပါဘူး။ ကိုယ်လုပ်ချင်တာလားဆိုတာလည်း မသိတော့ပါဘူး" လို့။

Q - နယ်ဘက်ကိုသွားပြီး မိန်းမသုံးဦးကို သွားတွေ့ရတာဆိုတော့ ခင်ဗျားတို့မှာ စိုးရိမ်းမှုတွေတော့ရှိခဲ့တယ်ပေါ့။
A - (နက်ဗ်) ကျွန်တော်လား။ မသိပါဘူးဗျာ။ ကျွန်တော်တို့အားလုံးတော့ စိုးရိမ်မှုလေးတွေရှိကြပါတယ်။ ညသန်းခေါင်လောက်ကြီး သူတို့ရှိတဲ့ လယ်တော်ထဲကားမောင်းဝင်သွားတော့၊ ဒီပုဂ္ဂိုလ်တွေကတော့ တွေဝေနေပြီ (ဟင်နရီနှင့်အေရီရယ်ကို ရည်ညွှန်းခြင်းဖြစ်သည်)။ ဟန်နရီဆို ကြောက်နေပြီ။ ဒါပေမယ့် ကျွန်တော်တို့က သူငယ်ချင်းတွေ၊ ညီအကိုတွေဆိုတော့ အပြန်အလှန်အားပေးရင်း စွန့်စားခန်းဖွင့်ခဲ့ကြရတာပါပဲ။

Q - ဒီဇာတ်ကားကနေ လူတွေသွားရနိုင်မယ်လို့ ခင်ဗျားတို့မျှော်လင့်ထားတဲ့ လူမှုမီဒီယာအကြောင်း သင်စရာတွေများရှိသလား။
A - (နက်ဗ်) ဒီရုပ်ရှင်က လူတွေဘယ်လောက်များများ လူမှုကွန်ရက်သုံးနေသလဲဆိုတဲ့ ကိစ္စအပေါ် အကျိုးသက်ရောက်မှုရှိပါ့မလားဆိုတာ မှန်းရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း Facebook သုံးနေဆဲပဲကို။ ကျွန်တော်မျှော်လင့်ထားတာကတော့ဗျာ လူတွေကို သူတို့ဘာကြောင့် လူမှုကွန်ရက်ဆိုက်တွေ သုံးနေကြသလဲဆိုတာ စဉ်းစားစေချင်တယ်။ သူတို့ဘ၀ထဲမှာ ဖြည့်စွမ်းဖို့ ဒါမှမဟုတ် အတွေ့အကြုံအသစ်တွေမျှော်လင့်လို့ သူတို့အဲဒီမှာ ဘာတွေရှာဖွေကြတာလဲ။ သူတို့ကွန်ပျူတာရှေ့မှာ တကယ်မရှိတဲ့အရာတွေကို သူတို့အပြင်မှာရနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ Facebook ထဲက လူသန်းပေါင်းများစွာရဲ့အရှေ့မှာ (ဆိုက်ထဲမှာ) မဟုတ်ဘဲ ခင်ဗျားသူငယ်ချင်းကို ခင်ဗျားဖုန်းဆက်ပြီး ဒင်နာသွားစားတာ၊ အေးအေးလူလူစကားပြောကြတာမျိုးကို မလုပ်နိုင်ဘူးလား။

Q - နည်းပညာ technology ကို ခင်ဗျာတို့ ဘယ်လိုအသုံးချနေပါသလဲ။ Location cheek-in service တွေကိုရော ခင်ဗျားသုံးသလား။
A - (နက်ဗ်) ဟင့်အင်းမသုံးပါဘူး။ ကျွန်တော်ကဆိုက်ပေါ်မှာ စာတွေနည်းနည်းပါးပါး လျှောက်ရေးထားတာပါ။ သူငယ်ချင်းကတော့ ကျွန်တော်ကိုပြောတယ်။ အခုဆိုမင်းမှာလည်း Twitter ၀က်ဘ်ဆိုက်မှာ follower တွေရဖို့ အခွင့်အရေးရှိလာပြီတဲ့။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဆိုတာ တကယ့်တော့ promotion လက်နက်ကြီးပါပဲ။ ခင်ဗျားရဲ့ ဓာတ်ပုံကိုဆွဲဆောင်မှုရှိအောင် တင်နိုင်တာနဲ့အမျှ၊ အွန်လိုင်းမိတ်ဆွေတွေ များလာမှာပဲ။ ဒီဆိုက်တွေက တော်တော်ရှုပ်ထွေးဆန်းပြားတဲ့ လက်နက်တွေလည်းဖြစ်တယ်။ ဒါပေမယ့် ခင်ဗျားက ကိုယ်ဘာလုပ်နေတယ်ဆိုတာ မသိဘူးဆိုရင် ကိုယ့်ရည်ရွယ်ချက်က ဘာပါဆိုတာ အတိအကျနားမလည်ရင်တော့ လူမှုကွန်ရက်ဆိုက်ဆိုတာ တကယ့်အန္တရာယ်ရရှိတဲ့ လက်နက်တစ်ခုပါ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment