Friday, 3 June 2011

[စာပေစကားဝိုင်း] အဖြေ

အဖြေ  မန့်ပေးကြတဲ့ အားလုံးသော သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်ဗျာ...  . ခုလို ၀င်ဖြေ ပေးကြတာကို ကျေးဇူးတင်ပါတယ်. ဒိမေးခွန်းက လူတယောက်ရဲ့ အချစ်ပြသနာအစစ် မဟုတ်ပါဘူး.. ဒီအခြေအနေပေါ် ကိုယ် ရွေးတာကို အခြေခံပြီး ကိုယ်က ဘာလုပ်ငန်းမျိုးလုပ်ကိုင်သင့်တယ်ဆိုတာ ဆက်စပ်စဉ်းစားတာပါ..  ဒါပေမဲ့ ဒီ test က ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေ CEO အဆင့်တွေ အတွက် ဆိုရင်တော့ အသုံးဝင်မှာ မဟုတ်ပါဘူး အလယ် အလတ် အုပ်ချုပ်သူတွေအတွက်တော့ အသုံးဝင်မှာပါ.. ကဲ ..အဖြေ အချိန်ရောက်ပါပြိ.  ကိုယ့် က ချစ်ရသူကို ရွေးသူတွေကတော့.... အခွင့်အရေးကို လက်မလွတ်တတ်သူတွေပါ.လုပ်ငန်းမှာ ရှေ့တက်လမ်း အများကြီးရှိတဲ့ တကယ့် Manager ကောင်းတွေပါ.. ဘယ် အချိန်မှာ ဘာကို လုပ်ရမယ်ဆိုတာသိသူတွေပါတခါတလေမှာ ဘ၀အတွက် မလိုအပ်တဲ့ ခံစားချက်တွေ  ငဲ့ ညှာမှုတွေကို ဖြတ်ထုတ်ပစ်ရမယ် ဆိုတာကို နားလည်သူတွေပါ.. လုပ်ငန်းရဲ့ ပြိုင်ဘက် ကို တည်တည်ငြိမ်ငြိမ်နဲ့ အောင် နိုင်အောင်လုပ်နိုင်သူတွေပါ..အပြိုင် အဆိုင် အတိုက် အခိုက်များတဲ့ လုပ်ငန်းတွေ အတွက် တကယ်ကိုသင့်လျော်ပါတယ်..ပြိုင်တိုင်းနိုင်အောင် တိုက်နိုင်သူတွေပါ..  ကိုယ့်ကိုချစ်တဲ့သူကိုရွေးသူတွေကတော့ leader ကောင်းတွေပါ..လူချစ်လူခင် များတဲ့ အထူးသဖြင့် လက်အောက် ငယ်သားတွေချစ်ခင်လေးစားခံရသူတွေပါ.. သူတို့တွေက လူအများရဲ့ စိတ်ကို ပေးဆပ်မှုကိုအလေးထားတဲ့ သူတွေဖြစ်လို့ motivator coordinator ဆိုတဲ့ အလုပ် မျိုးနဲ့ ပိုကိုက်ပါတယ် .သူတို့တွေကတော့ တကယ့်ခေါင်းဆောင်တွေဖြစ်ပါတယ်.သူတို့က လူတွေကိုနှလုံးသားနဲ့ အုပ်ချုပ်သူတွေပါ..သူတပါး ခံစားချက်ကို နားလည်ပေးသူတွေဖြစ်ပါတယ်.. သူတပါးအတွက်ကြည့်လွန်းတော့ တခါတလေ ကိုယ့်အတွက်တော့ စိတ်ဖိစိးမှုခံရတာများပါမယ်..ကိုယ့် ကျန်းမာရေးကို ..ကိုယ့်ရာထူးကို ဂရုစိုက်ပေးကြပါ.. လူများများနဲ့ဆက်ဆံရတဲ့ အလုပ်တွေနဲ့ လိုက်ဖက်ပါတယ်..  ဒိနေ၇ာမှာ Manager နဲ့ leader ကွာတာလေး ပြောချင်ပါတယ် Management is about process.Leadership is about people.Not all Managers have learnt to lead and therefore they will not suceed at some very key areas of working with people. လို့ မှတ်ဖူးပါတယ်..   နှစ်ယောက်လုံးကိုထားပစ်ခဲ့မယ်ဆိုသူတွေကတော့ stress များတဲ့ အလုပ်တွေနဲ့ မကိုက်ညီပါဘူး.. သူတို့ကတော့ တအားစိတ်ရှုပ်လာရရင် အလုပ်သစ်ကိုပြောင်းကြမှာပါ.self confident မြင့်မားသူတွေပါ .ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် အကောင်းဆုံးပါပဲ  နှစ်ယောက်လုံးနဲ့ တည့်အောင်နေမယ်ဆိုသူတွေကတော့ အခြေအနေကို ကြည့်နေတတ်သူတွေပါ.သူတို့ ကဘယ်လိုအလုပ်မှာလုပ်လုပ် လူမမုန်းအောင်နေတတ်သူတွေပါ.  ဒီ တင်ပြချက်မှာလိုအပ်နေတဲ့ အခြေအနေတွေကို ပြန်မေးသူတွေကတော့ - သူတို့က ပြသနာကိုထဲထဲဝင်ဝင်ကိုစဉ်းစားသူတွေပါ..သူတို့ဟာ အကြံပေးပုဂ္ဂိုလ်မျိုး  စေ့စပ်ညှိနှုင်းပေးသူမျိုး ရှေ့နေလိုမျိုး အလုပ်တွေနဲ့ သင့်လျော်ပါတယ်..  အဲ့ ဖြေတဲ့ အထဲမပါတဲ့ နောက် (၂)မျိုးက ဖတ်ပြီး ဘာမှမရေးခဲ့သူ  သူတို့ကတော့ဘယ်သူတွေဘာဖြစ်ဖြစ် ငါနဲ့မှမဆိုင်တာလို့တွေးသူပါ..သူတို့ကတော့ ကိုယ့် အကြောင်းသာ စိတ်ဝင်စားပြိး အလေးထားသူပါ. အလုပ်မှာဆိုရင်တော့ မလုပ်မရှုပ် မပြုတ် လူမျိုးပါ  ဖတ်တောင်မဖတ်ဖြစ်သူ ..သူတို့တွေကတော့ သူတို့အလုပ်နဲ့ သူတို့တောင် အချိန်မလောက်ငအောင် အလုပ်များနေသူတွေပါ..သူတို့ကတော့ အလုပ်လာ အလုပ်လုပ် အိမ်ပြန် လူမျိုးပါ.. အလုပ်ဟာ ဘ၀ ဆိုတာ ဒိလိုလူမျိုးကိုခေါ်တာပါ.  ဒီလိုတွေရေးလိုက်လို့ အင်းး ဒိတယောက် ဘာတွေပြောနေတာလဲ  သူမေးတော့ အချစ် ..ပြန်ရေးတော့ အလုပ်( management )ဘာတွေလဲလို့ တွေးကြမယ်ဆိုတာ သိပါတယ် စဆုံးဖတ်ပြီးရင် ရှင်းသွားမှာပါ..သည်းခံပြီး ဆုံးသည်အထိလေး ဖတ်ပေးကြပါ  လုပ်ငန်းတခုမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ သူတွေမှာ စလုပ်တဲ့ အောင်ခြေ အဆင့် ဘာမှသိပ်ပြောစရာမ၇ှိပါဘူး ..သူများခိုင်းတာ လုပ်ရတာကို Management theory တွေမှာတော့ အရှင်းဆုံး Lower level manager လို့ သုံးတတ်ကြပါတယ်.. အောက်ဆုံးရဲ့ အထက်ဆင့်ကနေsupervisor အထိ ပါပါတယ် . သူတို့ အတွက် က ဆုံးဖြတ်စရာလဲမများပါဘူး အထက်က ဒါလုပ်ဆိုလုပ် ဒိစည်းကမ်းလိုက်နာဆိုလိုက်နာရတာကို  အထက်ဆုံးအဆင့်ပြသနာမ၇ှိပါဘူး... သူက ခိုင်းရတဲ့သူကို management term အရတော့ top level manager တွေပေါ့ ..သူတို့အတွက်ကတော့ လုပ်ငန်းဆိုတာ သူတို့ ထုဆစ်တဲ့ ပန်းပုတခု မို့ သူတို့လိုသလိုပုံဖော်နိုင်ပါတယ်.. လုပ်ငန်းဆိုတာ သူတို့အတွက် သွန်လိုသွန် မှောက် လိုမှောက်ပေါ့  အဲပြသနာက အလယ် အလတ် အဆင့်ပေါ့ Duputy Manager ကနေ စလို့ အထက်ဆုံးရဲ့ အောက် တဆင့်နိမ့်အထိပါပါတယ် Middle Level Manager တွေပါ .ဒီ အဆင့်တွေဟာ တကယ့်ကို ရွေးချယ်စရာများသလို ဆုံးဖြတ်ရခက်တာတွေကိုရင်ဆိုင်နေရသူတွေပါ.. ကျွန်တော်တို့ အားလုံးကိုယ်ပိုင် လုပ်ငန်းလုပ်သူကလွဲရင် ဒီ အလယ်အလတ် အုပ်ချုပ်သူ အဆင့်တွေမှာ ရှိနေကြသူများပါတယ်  ကျွန်တော်မေးထားတာမှာပါပါတယ် .. ကိုယ် ချစ်ရသူဆိုတာ ကိုယ့် အထက် က အရာရှိ အကြိးအကဲကို ရည်ညွန်းပါတယ်.. ဘယ် သူကများ ကိုယ့်အရာရှိမျက်နှာသာပေးမခံချင် ချီးကျူးမခံချင်တာ ရှိပါသလဲ.. ကိုယ်က မျက်နှာ လိုချင်လို့ ဘယ်လောက် ပဲ ကြိုးစားကြိုးစား ကိုယ်ကြိုးစာသလောက် အသိအမှတ်ပြုခံရသူနည်းပါတယ်  နောက် ကိုယ်ကို့ ချစ်ရသူ.. ဒါကတော့ ကိုယ့်လက်အောက်က လုပ်ဖော်ကိုင်ဖက်တွေကို ..ကိုယ်စားပြုပါတယ်.. ကိုယ်က သူတို့အထက်ကဖြစ်နေတယ် ..အကြိးအကဲဖြစ်နေတယ် ဒါကြောင့် ကိုယ်လိုတာမှန်သမျှ သူတို့က လုပ်ပေးတတ်ကြပါတယ် ..ဂရုစိုက်ကြပါတယ်.ဘ၀တူ ၀န်ထမ်းချင်းမို့ အားလဲကိုးကြပါတယ် အဲ့လို အထက်နဲ့အောက် အကုန် အဆင်ပြေနေချိန် ဆိုရင် ဒိလိုရွေးချယ်စရာက ဖြစ်လာမှာမဟုတ်ပါဘူး..တခါတလေမှာ ကိုယ့်လက်အောက် အရာထမ်းက ကိုယ်မဟုတ်သလို..ကိုယ့်နေရာသူမနေဖူးတော့ သူတို့ အခက်အခဲကို သာသိပြီး ကိုယ့်ဖက်ကအကြပ်အတည်းကိုတော့နားလည်ပေးနိုင်မှု နည်းတတ်ကြပါတယ်..  ဒိမှာ ပြသနာတွေစလာပါပြီ... လစာကိစ္စ.. အလုပ်ချိန် ကိစ္စ overtime ကိစ္စ စတဲ့ ကိစ္စ ကိစ္စတွေနဲ့ပတ်သက်လို့ အထက်နဲ့အောက် ကပြသနာဖြစ်ပြီ.. ကိုယ်က အလယ်ဆင့် (၂)ဖက်ညှပ်ပါပြီ.  ခု ကျွန်တော်တင်ပြထားတဲ့ အခြေ အနေလို ကိုယ့်ကိုချစ်သူက ကိုယ်ပေးကောင်းခဲ့အုံးတော့ ခုချိန်မှာ ကိုယ့်နဲ့စိမ်းနေသလို ကိုယ့် လက် အောက်နဲ့ကအလုပ်အတွက် အဆီအငေါ်မတည့်တာနဲ့.. သူတို့ လိုချင်တဲ့ အရာတွေသာသိတယ်.သူတို့ တောင်းဆိုတာတွေကို ကိုယ်က အထက်နဲ့ ကိုယ်နိုင်သလာက် ညှိပေးနေတယ်..ဒါကို သူတို့က သူတို့လိုချင်တာသာ သိပြီး ကိုယ့် အခက် အခဲကို မငဲ့ လို့  မသင့်မတင့် ဖြစ်နေချိန်.. (ဘယ်လို ရှင်းရှင်း ကြားအတိုက်နဲ့ သူတို့က ကိုယ့်ဖက်မရှိချိန်)   ကိုယ်ချစ်ခဲ့ သူက အရေးစိုက်ခြင်းနဲ့တူတဲ့အထက်ကလဲ ကိုယ့်ကို ဦးစားပေးပြီး ကိုယ့်ကို အောက် လက်ငယ်သားနဲ့ ခွဲထုတ်ပြီ .. မက်လုံးတွေ ..အခွင့်အရေးတွေပေးပြီ... ကိုယ် မပါ၇င် ကိုယ့်တက်လမ်းပါ ပိတ်သွားနိုင်ပြီ ဒီ အခြေအနေ ကိုယ် ဘယ်လို ရင်ဆိုင်မလဲ.. ကိုယ်ဘာကိုရွေးမလဲ  ဒီလိုအခြေအနေက ကျွန်တော့်ပုံပြင်ထဲက ချစ်သူ(၂)ယောက်နဲ့ အခြေအနေ လို တကယ်ပဲ ရွေးရခက်ပါတယ်. (ကျွန်တော်အမြင်ကတော့ ပုံပြင်ထဲက ချစ်သူကို အရွေးမှားရင် ကိုယ်ဘ၀ပဲသေမှာ..အလုပ်မှာအရွေးမှားရင်တော့ ကိုယ့်သမိုင်းသေမှာ.. ဒီတော့အလုပ်ကိစ္စကပိုခက်တယ်ဗျ)  အလုပ် ထဲရာက်နေသူတော်တော်များများ ဒီလိုအခြေအနေကို ကြုံဖူးပါတယ် ... အနည်းနဲ့အများပေါ့ နော် ..  အလုပ်အတွက် အထက်က ပြောတာကိုလုပ်၇မလား..အောက် ကိုငဲ့ ၇မလားဖြစ်လာခဲ့ရင် . ..အထက်နဲ့အောက် အကြား ညှိ မ၇တွေဖြစ်လို့ စိတ်တွေညစ်ပြိး ထွက်ပြေးချင်လာခဲ့ ရင် ကျွန်တော့်ပုံပြင်လေးကို သတိရလိုက်ပါ...  တောင်းပန်ခြင်း။  ။ management ဆို၇င် ဘယ်သူကမှ ဆက်မပြောချင်.မဆွေးနွေးချင်မှန်းသိလို့ ပြသနာလေး တခုလောက် ဖန်တီးလိုက်တာပါ.. စိတ်ပူပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးပါ..  ကျွန်တော့်ရဲ့အဖြေ  မှတ်ချက်။ ။ ကျွန်တော့်ကိုယ်ပိုင် လက်ရှိဘ၀တွင်တော့ ကိုယ်ချစ်ရသူနဲ့ ကိုယ့်ကိုချစ်သူက တယောက်ထဲပါပဲ. ကျွန်တော်က ဒီလောက်စန်းမပွင့်ပါဘူး ခင်ဗျားးးးးးးးးး ဒါကြောင့် ဒီ အခြေအနေမျိုးကြုံလာစရာကို မရှိလို့ မသိပါ  လုပ်ငန်းမှာဆိုရင်တော့ ..လက်အောက် ငယ်သားကိုအရင်ထိန်းပါမယ် .. သူကော ကိုယ်ရောက ဘ၀တူတွေဆိုတာကို နားလည်အောင် ပေါ့.. သူတို့ ကိုယ့်ကို ယုံကြည်မှ အထက်ကို တောင်းဆိုလို့ရနိုင်တာတွေ မ၇နိုင်တာတွေကို ရှင်းပြပါမယ် ပြိးမှ အထက် ကို ကိုယ်တွေအားလုံးရဲ့ သဘောဆန္ဒနဲ့  သူတို့ကပေးနိုင်လောက်တဲ့ ရသင့်ရထိုက်တဲ့ အခွင့် အရေး ကို ဘာကြောင့်ပေးဖို့သင့်ကြောင်းပေးချင်လာအောင်ညှိပါမယ်
Teresa Sweet 03 June 21:35
အဖြေ

မန့်ပေးကြတဲ့ အားလုံးသော သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်ဗျာ...

. ခုလို ၀င်ဖြေ ပေးကြတာကို ကျေးဇူးတင်ပါတယ်.
ဒိမေးခွန်းက လူတယောက်ရဲ့ အချစ်ပြသနာအစစ် မဟုတ်ပါဘူး.. ဒီအခြေအနေပေါ် ကိုယ် ရွေးတာကို အခြေခံပြီး ကိုယ်က ဘာလုပ်ငန်းမျိုးလုပ်ကိုင်သင့်တယ်ဆိုတာ
ဆက်စပ်စဉ်းစားတာပါ..

ဒါပေမဲ့ ဒီ test က ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေ CEO အဆင့်တွေ အတွက် ဆိုရင်တော့ အသုံးဝင်မှာ မဟုတ်ပါဘူး
အလယ် အလတ် အုပ်ချုပ်သူတွေအတွက်တော့ အသုံးဝင်မှာပါ.. ကဲ ..အဖြေ အချိန်ရောက်ပါပြိ.

ကိုယ့် က ချစ်ရသူကို ရွေးသူတွေကတော့.... အခွင့်အရေးကို လက်မလွတ်တတ်သူတွေပါ.လုပ်ငန်းမှာ ရှေ့တက်လမ်း အများကြီးရှိတဲ့ တကယ့် Manager ကောင်းတွေပါ.. ဘယ် အချိန်မှာ ဘာကို လုပ်ရမယ်ဆိုတာသိသူတွေပါတခါတလေမှာ ဘ၀အတွက် မလိုအပ်တဲ့ ခံစားချက်တွေ ငဲ့ ညှာမှုတွေကို ဖြတ်ထုတ်ပစ်ရမယ် ဆိုတာကို နားလည်သူတွေပါ.. လုပ်ငန်းရဲ့ ပြိုင်ဘက် ကို တည်တည်ငြိမ်ငြိမ်နဲ့ အောင် နိုင်အောင်လုပ်နိုင်သူတွေပါ..အပြိုင် အဆိုင် အတိုက် အခိုက်များတဲ့ လုပ်ငန်းတွေ အတွက် တကယ်ကိုသင့်လျော်ပါတယ်..ပြိုင်တိုင်းနိုင်အောင် တိုက်နိုင်သူတွေပါ..

ကိုယ့်ကိုချစ်တဲ့သူကိုရွေးသူတွေကတော့ leader ကောင်းတွေပါ..လူချစ်လူခင် များတဲ့ အထူးသဖြင့် လက်အောက် ငယ်သားတွေချစ်ခင်လေးစားခံရသူတွေပါ..
သူတို့တွေက လူအများရဲ့ စိတ်ကို ပေးဆပ်မှုကိုအလေးထားတဲ့ သူတွေဖြစ်လို့ motivator coordinator ဆိုတဲ့ အလုပ် မျိုးနဲ့ ပိုကိုက်ပါတယ် .သူတို့တွေကတော့ တကယ့်ခေါင်းဆောင်တွေဖြစ်ပါတယ်.သူတို့က လူတွေကိုနှလုံးသားနဲ့ အုပ်ချုပ်သူတွေပါ..သူတပါး ခံစားချက်ကို နားလည်ပေးသူတွေဖြစ်ပါတယ်.. သူတပါးအတွက်ကြည့်လွန်းတော့ တခါတလေ ကိုယ့်အတွက်တော့ စိတ်ဖိစိးမှုခံရတာများပါမယ်..ကိုယ့် ကျန်းမာရေးကို ..ကိုယ့်ရာထူးကို ဂရုစိုက်ပေးကြပါ..
လူများများနဲ့ဆက်ဆံရတဲ့ အလုပ်တွေနဲ့ လိုက်ဖက်ပါတယ်..

ဒိနေ၇ာမှာ Manager နဲ့ leader ကွာတာလေး ပြောချင်ပါတယ်
Management is about process.Leadership is about people.Not all Managers have learnt to lead and therefore they will not suceed at some very key areas of working with people. လို့ မှတ်ဖူးပါတယ်..

နှစ်ယောက်လုံးကိုထားပစ်ခဲ့မယ်ဆိုသူတွေကတော့ stress များတဲ့ အလုပ်တွေနဲ့ မကိုက်ညီပါဘူး.. သူတို့ကတော့ တအားစိတ်ရှုပ်လာရရင် အလုပ်သစ်ကိုပြောင်းကြမှာပါ.self confident မြင့်မားသူတွေပါ .ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် အကောင်းဆုံးပါပဲ

နှစ်ယောက်လုံးနဲ့ တည့်အောင်နေမယ်ဆိုသူတွေကတော့ အခြေအနေကို ကြည့်နေတတ်သူတွေပါ.သူတို့ ကဘယ်လိုအလုပ်မှာလုပ်လုပ် လူမမုန်းအောင်နေတတ်သူတွေပါ.

ဒီ တင်ပြချက်မှာလိုအပ်နေတဲ့ အခြေအနေတွေကို ပြန်မေးသူတွေကတော့ - သူတို့က ပြသနာကိုထဲထဲဝင်ဝင်ကိုစဉ်းစားသူတွေပါ..သူတို့ဟာ အကြံပေးပုဂ္ဂိုလ်မျိုး
စေ့စပ်ညှိနှုင်းပေးသူမျိုး ရှေ့နေလိုမျိုး အလုပ်တွေနဲ့ သင့်လျော်ပါတယ်..

အဲ့ ဖြေတဲ့ အထဲမပါတဲ့ နောက် (၂)မျိုးက
ဖတ်ပြီး ဘာမှမရေးခဲ့သူ သူတို့ကတော့ဘယ်သူတွေဘာဖြစ်ဖြစ် ငါနဲ့မှမဆိုင်တာလို့တွေးသူပါ..သူတို့ကတော့ ကိုယ့် အကြောင်းသာ စိတ်ဝင်စားပြိး အလေးထားသူပါ.
အလုပ်မှာဆိုရင်တော့ မလုပ်မရှုပ် မပြုတ် လူမျိုးပါ

ဖတ်တောင်မဖတ်ဖြစ်သူ ..သူတို့တွေကတော့ သူတို့အလုပ်နဲ့ သူတို့တောင် အချိန်မလောက်ငအောင် အလုပ်များနေသူတွေပါ..သူတို့ကတော့ အလုပ်လာ အလုပ်လုပ် အိမ်ပြန် လူမျိုးပါ.. အလုပ်ဟာ ဘ၀ ဆိုတာ ဒိလိုလူမျိုးကိုခေါ်တာပါ.

ဒီလိုတွေရေးလိုက်လို့ အင်းး ဒိတယောက် ဘာတွေပြောနေတာလဲ သူမေးတော့ အချစ် ..ပြန်ရေးတော့ အလုပ်( management )ဘာတွေလဲလို့ တွေးကြမယ်ဆိုတာ သိပါတယ်
စဆုံးဖတ်ပြီးရင် ရှင်းသွားမှာပါ..သည်းခံပြီး ဆုံးသည်အထိလေး ဖတ်ပေးကြပါ

လုပ်ငန်းတခုမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ သူတွေမှာ စလုပ်တဲ့ အောင်ခြေ အဆင့် ဘာမှသိပ်ပြောစရာမ၇ှိပါဘူး ..သူများခိုင်းတာ လုပ်ရတာကို
Management theory တွေမှာတော့ အရှင်းဆုံး Lower level manager လို့ သုံးတတ်ကြပါတယ်.. အောက်ဆုံးရဲ့ အထက်ဆင့်ကနေsupervisor အထိ ပါပါတယ် .
သူတို့ အတွက် က ဆုံးဖြတ်စရာလဲမများပါဘူး အထက်က ဒါလုပ်ဆိုလုပ် ဒိစည်းကမ်းလိုက်နာဆိုလိုက်နာရတာကို

အထက်ဆုံးအဆင့်ပြသနာမ၇ှိပါဘူး... သူက ခိုင်းရတဲ့သူကို
management term အရတော့ top level manager တွေပေါ့ ..သူတို့အတွက်ကတော့ လုပ်ငန်းဆိုတာ သူတို့ ထုဆစ်တဲ့ ပန်းပုတခု မို့
သူတို့လိုသလိုပုံဖော်နိုင်ပါတယ်.. လုပ်ငန်းဆိုတာ သူတို့အတွက် သွန်လိုသွန် မှောက် လိုမှောက်ပေါ့

အဲပြသနာက အလယ် အလတ် အဆင့်ပေါ့
Duputy Manager ကနေ စလို့ အထက်ဆုံးရဲ့ အောက် တဆင့်နိမ့်အထိပါပါတယ်
Middle Level Manager တွေပါ .ဒီ အဆင့်တွေဟာ တကယ့်ကို ရွေးချယ်စရာများသလို ဆုံးဖြတ်ရခက်တာတွေကိုရင်ဆိုင်နေရသူတွေပါ..
ကျွန်တော်တို့ အားလုံးကိုယ်ပိုင် လုပ်ငန်းလုပ်သူကလွဲရင် ဒီ အလယ်အလတ် အုပ်ချုပ်သူ အဆင့်တွေမှာ ရှိနေကြသူများပါတယ်

ကျွန်တော်မေးထားတာမှာပါပါတယ် .. ကိုယ် ချစ်ရသူဆိုတာ ကိုယ့် အထက် က အရာရှိ အကြိးအကဲကို ရည်ညွန်းပါတယ်.. ဘယ် သူကများ ကိုယ့်အရာရှိမျက်နှာသာပေးမခံချင်
ချီးကျူးမခံချင်တာ ရှိပါသလဲ.. ကိုယ်က မျက်နှာ လိုချင်လို့ ဘယ်လောက် ပဲ ကြိုးစားကြိုးစား ကိုယ်ကြိုးစာသလောက် အသိအမှတ်ပြုခံရသူနည်းပါတယ်

နောက် ကိုယ်ကို့ ချစ်ရသူ.. ဒါကတော့ ကိုယ့်လက်အောက်က လုပ်ဖော်ကိုင်ဖက်တွေကို ..ကိုယ်စားပြုပါတယ်.. ကိုယ်က သူတို့အထက်ကဖြစ်နေတယ် ..အကြိးအကဲဖြစ်နေတယ် ဒါကြောင့် ကိုယ်လိုတာမှန်သမျှ သူတို့က လုပ်ပေးတတ်ကြပါတယ် ..ဂရုစိုက်ကြပါတယ်.ဘ၀တူ ၀န်ထမ်းချင်းမို့ အားလဲကိုးကြပါတယ်
အဲ့လို အထက်နဲ့အောက် အကုန် အဆင်ပြေနေချိန် ဆိုရင် ဒိလိုရွေးချယ်စရာက ဖြစ်လာမှာမဟုတ်ပါဘူး..တခါတလေမှာ ကိုယ့်လက်အောက် အရာထမ်းက ကိုယ်မဟုတ်သလို..ကိုယ့်နေရာသူမနေဖူးတော့ သူတို့ အခက်အခဲကို သာသိပြီး ကိုယ့်ဖက်ကအကြပ်အတည်းကိုတော့နားလည်ပေးနိုင်မှု နည်းတတ်ကြပါတယ်..

ဒိမှာ ပြသနာတွေစလာပါပြီ... လစာကိစ္စ.. အလုပ်ချိန် ကိစ္စ overtime ကိစ္စ စတဲ့ ကိစ္စ ကိစ္စတွေနဲ့ပတ်သက်လို့ အထက်နဲ့အောက် ကပြသနာဖြစ်ပြီ.. ကိုယ်က အလယ်ဆင့် (၂)ဖက်ညှပ်ပါပြီ.

ခု ကျွန်တော်တင်ပြထားတဲ့ အခြေ အနေလို ကိုယ့်ကိုချစ်သူက ကိုယ်ပေးကောင်းခဲ့အုံးတော့ ခုချိန်မှာ ကိုယ့်နဲ့စိမ်းနေသလို ကိုယ့် လက် အောက်နဲ့ကအလုပ်အတွက် အဆီအငေါ်မတည့်တာနဲ့.. သူတို့ လိုချင်တဲ့ အရာတွေသာသိတယ်.သူတို့ တောင်းဆိုတာတွေကို ကိုယ်က အထက်နဲ့ ကိုယ်နိုင်သလာက် ညှိပေးနေတယ်..ဒါကို သူတို့က သူတို့လိုချင်တာသာ သိပြီး ကိုယ့် အခက် အခဲကို မငဲ့ လို့ မသင့်မတင့် ဖြစ်နေချိန်.. (ဘယ်လို ရှင်းရှင်း ကြားအတိုက်နဲ့ သူတို့က ကိုယ့်ဖက်မရှိချိန်)
ကိုယ်ချစ်ခဲ့ သူက အရေးစိုက်ခြင်းနဲ့တူတဲ့အထက်ကလဲ ကိုယ့်ကို ဦးစားပေးပြီး ကိုယ့်ကို အောက် လက်ငယ်သားနဲ့ ခွဲထုတ်ပြီ .. မက်လုံးတွေ ..အခွင့်အရေးတွေပေးပြီ... ကိုယ် မပါ၇င် ကိုယ့်တက်လမ်းပါ ပိတ်သွားနိုင်ပြီ
ဒီ အခြေအနေ ကိုယ် ဘယ်လို ရင်ဆိုင်မလဲ.. ကိုယ်ဘာကိုရွေးမလဲ

ဒီလိုအခြေအနေက ကျွန်တော့်ပုံပြင်ထဲက ချစ်သူ(၂)ယောက်နဲ့ အခြေအနေ လို တကယ်ပဲ ရွေးရခက်ပါတယ်.
(ကျွန်တော်အမြင်ကတော့ ပုံပြင်ထဲက ချစ်သူကို အရွေးမှားရင် ကိုယ်ဘ၀ပဲသေမှာ..အလုပ်မှာအရွေးမှားရင်တော့ ကိုယ့်သမိုင်းသေမှာ.. ဒီတော့အလုပ်ကိစ္စကပိုခက်တယ်ဗျ)

အလုပ် ထဲရာက်နေသူတော်တော်များများ ဒီလိုအခြေအနေကို ကြုံဖူးပါတယ် ... အနည်းနဲ့အများပေါ့ နော် ..

အလုပ်အတွက် အထက်က ပြောတာကိုလုပ်၇မလား..အောက် ကိုငဲ့ ၇မလားဖြစ်လာခဲ့ရင် . ..အထက်နဲ့အောက် အကြား ညှိ မ၇တွေဖြစ်လို့ စိတ်တွေညစ်ပြိး ထွက်ပြေးချင်လာခဲ့ ရင် ကျွန်တော့်ပုံပြင်လေးကို သတိရလိုက်ပါ...

တောင်းပန်ခြင်း။ ။ management ဆို၇င် ဘယ်သူကမှ ဆက်မပြောချင်.မဆွေးနွေးချင်မှန်းသိလို့ ပြသနာလေး တခုလောက် ဖန်တီးလိုက်တာပါ.. စိတ်ပူပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးပါ..

ကျွန်တော့်ရဲ့အဖြေ

မှတ်ချက်။ ။ ကျွန်တော့်ကိုယ်ပိုင် လက်ရှိဘ၀တွင်တော့ ကိုယ်ချစ်ရသူနဲ့ ကိုယ့်ကိုချစ်သူက တယောက်ထဲပါပဲ.
ကျွန်တော်က ဒီလောက်စန်းမပွင့်ပါဘူး ခင်ဗျားးးးးးးးးး ဒါကြောင့် ဒီ အခြေအနေမျိုးကြုံလာစရာကို မရှိလို့ မသိပါ

လုပ်ငန်းမှာဆိုရင်တော့ ..လက်အောက် ငယ်သားကိုအရင်ထိန်းပါမယ် .. သူကော ကိုယ်ရောက ဘ၀တူတွေဆိုတာကို နားလည်အောင် ပေါ့.. သူတို့ ကိုယ့်ကို ယုံကြည်မှ အထက်ကို တောင်းဆိုလို့ရနိုင်တာတွေ မ၇နိုင်တာတွေကို ရှင်းပြပါမယ်
ပြိးမှ အထက် ကို ကိုယ်တွေအားလုံးရဲ့ သဘောဆန္ဒနဲ့ သူတို့ကပေးနိုင်လောက်တဲ့ ရသင့်ရထိုက်တဲ့ အခွင့် အရေး ကို ဘာကြောင့်ပေးဖို့သင့်ကြောင်းပေးချင်လာအောင်ညှိပါမယ်

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment