(အိုင်းစတိုင်း တောင်သူ့လောက်အတွေးအခေါ်ဆက်စပ်ပေါက်မြောက်မယ်မထင်ဘူး တော်တော်မိုက်တဲ့လူကြီး.)
တစ်ခါတုန်းက လူကြိးတစ်ယောက်ကမီးရထားနဲ့ခရီးသွားသတဲ့ သူ့ရှေ့တည့်တည့်မှာသူ့သားလောက်ရှိမဲ့လူရွယ်တစ်ယောက်။ အဲဒီလူငယ်ကသူ့နာရီရပ်နေတာနဲ့သူ့အရှေ့ကလူကြီးကိုအချိန်မေးသတဲ့ ' ဦးလေး အချိန်ဘယ်နနာရီရှိပြီလဲ' ပေါ့ အဲဒါကိုလူကြီးပြန်ဖြေလိုက်ပုံက 'ဒီမှာမောင်ရင် မင်းကငါ့ကိုအချိန်မေးမယ် အချိန်မေးတော့ငါကပြန်ဖြေရမယ် ပြီးတော့စကားရောဖောရောနဲ့မင်းကအိမ်လိပ်စာမေးတော့မယ်ဒီတော့ငါကငါ့လိပ်စာပြောရတော့မယ်ပြီးတော့မိသားစုဘယ်နယောက်ဆိုတာမေးတော့မယ်ငါကမိသားစုငါးယောက်အငယ်ဆုံးသမီးနစ်ယောက်ကအပျိုတွေကျောင်းမပြီးတာတွေဖြေရတော့မယ် အဲဒီတော့မင်းကငါနဲ့ရင်းနီးအောင်လုပ်ပြိးတော့အိမ်လာလည်တော့မယ် ငါ့သမီးတွေကိုအရောဝင်တော့မယ် နောက်ဆုံးမှာငါ့သမီးအကြီးရင်ရင်လှ ။ဒါမှမဟုတ်သမီးငယ်တင်တင်လှနဲ့မင်းနဲ့ကြိုက် ငါကသဘောမတူတော့ခိုးပြေး ကလေးတစ်ယောက်ရမှအိမ်ပေါ်ပြန်ခေါ်ဆိုတဲ့ဇာတ်လမ်းတွေလာတော့မယ် အဲဒါကြောင့်မင်းမေးတဲ့အချိန် မွန်းတည့်တစ်နာရီခွဲပြီဆိုတာကိုလုံးဝမပြောနိုင်ဘူးကွ ' တဲ့..............ကဲ
(တော်တော်မိုက်တဲ့လူကြီးပဲ....... |
No comments:
Post a Comment