ငါလက်နဲ့ လှော်ခဲ့တာ ငါ့သတ္တိငါသိတယ်။ မင်းငို၊ ပြီးရင် ငါငိုမယ် ဘ၀က အငိုနဲ့စပြီး၊ အငိုနဲ့ ဆုံးရတာ ဘာရှုံးသွားလို့လည်း တနင်္ဂံနွေ မင်းအဖေပြောတဲ့ မောင်းကွင်းလေး အေးဟုတ်တယ်..ငါဝန်ခံတယ် မင်းအဖေ ဈာပန ကိုငါမလာခဲ့ဘူး ၂၀၀၈ မင်္ဂံလာဒုံ ကိုမင်းမလာဘူး မင်းရဲ့ သဘက်အနက်ကလေးအောက်ကနေ မင်းရှာနေသလို လေယဉ်ကွင်းမှာမင်းမျက်ရည်ကို ငါခိုးရှာဘူးတယ်။
ထားလိုက်တော့ ၂၀၀၈၊၂၀၀၉၊၂၀၁၀ မင်းရဲ့ တီဗီကျေငြာကို ပြန်တုန်းခဏတောင်ငါမကြည့်ဘူး မင်းအဖေပြောတဲ့ တနင်္ဂံနွေ ရိုးစင်းတဲ့ မောင်းကွင်းလေး ပွင့်ပွင့်လင်းလင်းပြောမယ်... တောင်ကြီး ရှူတင်ကို ဘယ်တော့မှာမယုံဘူး။ မင်းငို ၊ ပြီးရင်ငါငိုပေးမယ်။
ဲjohnyoharmar ဘ၀က တစ်ခါတစ်လေ.. နိမ့်ပါးတတ်တယ်။ နိမ့်ပါးတိုင်းသာ မျက်ရည်ကြခဲ့ ရကြေးဆိုရင် ငါမျက်ဝန်းထဲမိုးတွေ ခဏခဏ ရွာနေမှာပေါ့။ ဒီဟာလေးက နိမ့်ပါးတုန်းက ရေးခဲ့တာလေး။ အမှတ်တရပြန်တင်ပေးလိုက်တာ။ ဒီနေ့တနေ့လုံး စာဖတ်နေတာနဲ့ ဘာတင်ရမှန်းမသိဖြစ်နေလို့။ ဟိဟိ.. သူငယ်ချင်းတို့ကတော့ပြောတော့မှာပဲ။ အားတိုင်းယားတိုင်းကြောင်လာရေချိုးပေးနေတယ်ဆိုပြီ။ အေးလေ.. ဘသားချောတို့လို ရီးစားလက်ရှိတွေအတွက်တော့မလိုပေမဲ့.. ကျွန်တော်တို့လို လက်မဲ့တွေအတွက်တော့ မှောက်ဖဲတွေပြန်ပြန်လှန်ကြည့်နေရတယ်။း-).. သူများတွေလုပ်သလို....အားလုံးမင်္ဂံလာပါ။ |
No comments:
Post a Comment