မျက်နှာဝိုင်းလေနဲ့ တစ်ဖက်သိုင်းလေချထားတဲ့ နင့်ဆံပင်နဲ့နင့်ပုံစံလေး ငါမြင်တွေးတိုင်း နှလုံးသားတောင် ကြိမ်းကြိမ်းသွားတယ်
တယောလိုလို သာယာချိုအေးတဲ့ နင့်အသံလေး ငါနားဆင်မိတိုင်း မျက်လုံးများတောင် မှေးမှေးသွားတယ်
လ၀န်းလိုဝိုင်းစက် နှိုင်းရခက်တဲ့ နင့်မျက်ဝန်းလေး ငါဆုံမိလိုက်တိုင်း ရင်ခုန်သံတောင် ရပ်ရပ်သွားတယ်
မြွေလိုကောက်ကွေး နင့်ခန္ဓာကိုယ်လေး ငါပြန်တွေးတိုင်း စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်ဖြစ်လို့သွားတယ် |
No comments:
Post a Comment