Thursday, 30 June 2011
[စာပေစကားဝိုင်း] Google+ account လေးများရှိရင် ကျေးဇူးပြုပြီး...
Google+ account လေးများရှိရင် ကျေးဇူးပြုပြီး မစကြပါ။ အင်ဗိုက်လုပ်ပေးကြပါ။း(
Ye Thurein Min 01 July 13:18
Google+ account လေးများရှိရင် ကျေးဇူးပြုပြီး မစကြပါ။ အင်ဗိုက်လုပ်ပေးကြပါ။း(
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] အော် ထည့်လိုက်ကြပြန်ပီ ဒီဂရုထဲ အားပါဖူးဆိုဇွတ်ပဲ :D
အော် ထည့်လိုက်ကြပြန်ပီ ဒီဂရုထဲ  အားပါဖူးဆိုဇွတ်ပဲ  :D
Swe Swe Min 01 July 13:04
အော် ထည့်လိုက်ကြပြန်ပီ ဒီဂရုထဲ အားပါဖူးဆိုဇွတ်ပဲ :D
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] New doc: ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ
created the doc: "ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ"
Ye Thurein Min created the doc: "ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ"
ကျွန်တော် ငယ်ငယ် သမိုင်းထဲမှာ ၃ တန်းဖြစ်မယ်ထင်တယ်။ သိပ္ပံပညာရှင်ကြီး တယောက်အကြောင်းသင်ရတယ်၊ သောမတ်စ် အက်ဒီဆင်ထင်ပါတယ်။ စာထဲမှာ သူရဲ့ငယ်စဉ်ဘ၀ ၊ ကြီးပြင်းလာတော့ တီထွင်မှုတွေ အကြောင်း လေးစားလောက်အောင် ရေးထားပါတယ်။ ဒီမှာ ကျွန်တော်နဲ့ စတွေ.တဲ့ ပြဿနာက စာအဆုံးမှာ အက်ဒီဆင် သည် ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေသော ပုဂ္ဂိုကြီးဖြစ်လေသည် ဟု အဆုံးသတ်ထားပါသည်။ ကျွန်တော်တော်တော်ကို ခံစားခဲ့ရပါတယ်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ဆိုသော စကားလုံးမှာ ဘာဆိုလိုမှန်းမသိခဲ့ပါဘူး။ ဆရာမကိုမေးမိပါတယ်။ ဆရာမက ဟဲ့နင်တော်တော်လျှာရှည်တာပဲ အဲ့လိုပဲ မှတ်ထားပေါ့ဟု ပြန်ဆူပါသည်။ ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပေမဲ့ ထိုကဲ့သို့သော အသုံးအနှုံးကို တွေ.တိုင်း သိလိုစိတ်က ပေါ်လာပြန်ပါတယ်။ 
ကျွန်တော်ကိုယ်တိုင် နားလည်မိတာက ကမ္ဘာကြီးသာ ကြေပျက်သွားချင် ကြေပျက်သွားမယ် ထိုသူ့ရဲ့ အကြောင်းဥဒါန်းကြူးရင့်မှုကတော့ ကြေပျက် ပျောက်ပျက် သွားမှာ မဟုတ်ဘူးလို့ပဲ နားလည်လိုက်ပါတယ်။ဒါပေမဲ့ ဒီလိုရှင်းပြထားတဲ့ စာရယ်လို့လည်း ဘယ်မှာမှ ရှာမတွေ.ခဲ့ဘူးပါ။ ဘယ်သူ့ထံကမှ လည်းရှင်းပြတာ နားမထောင်ခဲ့ဘူးပါ။ ဒီမှာ ထပ်မံ ရှုပ်ထွေးစေတာက ဗုဒ္ဓစာပေတွေကို ဖတ်မိတော့
 "သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓအဖြစ် ရောက်တော်မူ၏၊
ထိုစဉ် နှစ်သက်ဝမ်းမြောက်တော်မူသော ရွှေစိတ်တော် လှုံ့ဆော်သဖြင့် ရှေးရှေးသော နောင်တော်ဘုရားရှင်များ နည်းတူ ဥဒါန်းကျူးရင့်တော်မူလေသည်။"
လို့တွေ.ပြန်ပါလေရော ဒီတော့ပိုသိချင်စိတ်တွေ များပေမဲ့ ထပ်မရှာဖြစ်တော့ပါဘူး ။
ဥဒါန်းမကြေမဟုတ်ပဲ ဥဒါန်းကျူးရင့်ဆိုတဲ့ အသုံးကသာ ပိုအသုံးများတာ သတိထားမိလာပြန်ပါတယ်။
*********ခုမှ သိချင်စိတ်တွေများလာလို့  ဒီနေရာမှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ဆိုတဲ့ စကားလုံးကို ရှင်းပြထားတာလေး ဖတ်ဘူးသူများရှိရင် ပြောပြပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ။ 
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] မင်္ဂလာပါခင်ဗျ
မင်္ဂလာပါခင်ဗျ
Thaw Zin 01 July 12:06
မင်္ဂလာပါခင်ဗျ
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ဘွိုင်းကောက်ဋီကာ
ဘွိုင်းကောက်ဋီကာ  ဘွိုင်းကောက် ဘွိုင်းကောက်နှင့်၊ တိုင်းတလျှောက် တုန်စေ၊ ဂိုဏ်းမပျောက် ပုံသေပြီ၊ ကြုံပလေ မြန့်တိုင်း၊ (ထ)ဆင်ထူး (အီ)တင်သည်၊ (ထီ) မထင် ရှေးသိုက်တနှိုင်း။  မပေါ်ဘူး ပေါ်လာသည်၊ တော်ပါပေ့ လိုတိုင်း၊ ကော်စရာ လိုသမိုင်းပေထင့်၊ ကိုယ်မှိုင်းတို့ခေတ်မှာ၊ ဘဦးနော် တဗိုလ်ထွက်ချိန်မို့၊ ဗဟို (၂)ချက်တီးသည့်ပမာ။  လိုသထက်ပြီးမည့်ဟာကို၊ မှီးကြည့်ကာ ငဲ့ညှာထောက်ပါလို့၊ တဆယ့်ခြောက်ဥပဒေ၊ ဟဲ့ ပျောက်ထုခေ၊ ဘယ့်ကလောက် အမှုပွေစေ၊ ခုသေ သေ စွန့်တုန်းမို့လေး။ ။  (သခင်ကိုယ်တော်မှိုင်း) (တေးထပ်)  (၁၉၂၀ကိုလိုနီအစိုးရပြဌာန်းတဲ့..ကောလိပ်ဥပဒေကိုမကြိုက်လို့..ပထမကျောင်းသားသပိတ်အကြောင်းရေးထားတာပါ)
Ka Yin Lay 01 July 10:36
ဘွိုင်းကောက်ဋီကာ
ဘွိုင်းကောက် ဘွိုင်းကောက်နှင့်၊
တိုင်းတလျှောက် တုန်စေ၊
ဂိုဏ်းမပျောက် ပုံသေပြီ၊
ကြုံပလေ မြန့်တိုင်း၊
(ထ)ဆင်ထူး (အီ)တင်သည်၊
(ထီ) မထင် ရှေးသိုက်တနှိုင်း။
မပေါ်ဘူး ပေါ်လာသည်၊
တော်ပါပေ့ လိုတိုင်း၊
ကော်စရာ လိုသမိုင်းပေထင့်၊
ကိုယ်မှိုင်းတို့ခေတ်မှာ၊
ဘဦးနော် တဗိုလ်ထွက်ချိန်မို့၊
ဗဟို (၂)ချက်တီးသည့်ပမာ။
လိုသထက်ပြီးမည့်ဟာကို၊
မှီးကြည့်ကာ ငဲ့ညှာထောက်ပါလို့၊
တဆယ့်ခြောက်ဥပဒေ၊
ဟဲ့ ပျောက်ထုခေ၊
ဘယ့်ကလောက် အမှုပွေစေ၊
ခုသေ သေ စွန့်တုန်းမို့လေး။ ။
(သခင်ကိုယ်တော်မှိုင်း)
(တေးထပ်)
(၁၉၂၀ကိုလိုနီအစိုးရပြဌာန်းတဲ့..ကောလိပ်ဥပဒေကိုမကြိုက်လို့..ပထမကျောင်းသားသပိတ်အကြောင်းရေးထားတာပါ)
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ဂုတ်ပေါ်မှာ ခွစီးနေသော နတ်ဆိုး
ဂုတ်ပေါ်မှာ ခွစီးနေသော နတ်ဆိုး  အတောင်ပံတပ်ထားတဲ့ နတ်ဆိုးက ငါ့…အခန်းဝရှေ့ ဘာကြောင့် ခဏခဏ လာရပ်ပြသလဲ။ စကားလုံးတွေ၊ ငွေတွေ…. ဂေါ်လီလို လိမ့်လိမ့်ဆင်းသွားကြ ။  ခေတ်ကာလ မျက်ရည်တွေထဲ ငါ့ မျက်ရည်စက်များ အောက်ကျနောက်ကျ နိုင်လွန်းလှပ။ ငွေကြေးနဲ့ထွန်ယက်လို့မရနိုင်ဘူးထင်သမျှ ငွေကြေးနဲ့ပဲဝယ်ယူ ထွန်ယက် စိုက်ပျိုးသူတွေက စိုက်ပျိုးကြ..။  ခေတ်သစ်ဈေးဗန်းထဲ အရောင်းအ၀ယ်မဖြစ်တာ စာရိတ္တ ပဲလို့ ကဗျာဆရာက ရေးရင် အရူးလို့ပဲထင်ချင်ကြ…။  ငါ့မှာက… တောအုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘ၀နဲ့ ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။ လ ကုန်တိုင်း မက်မိတဲ့ အိပ်မက် ငါ့…အိတ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရောတဲ့..။  ဘာမှမရှိတာထက် စာရင် ငါ့မှာ  လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်  လွင့်လွင့် ထွက်သွားမှာစိုးလို့….။ စုပ်ကိုင်ထားရတာ မောလှတယ်။  (အငွေ့)
Ka Yin Lay 01 July 09:58
ဂုတ်ပေါ်မှာ ခွစီးနေသော နတ်ဆိုး
အတောင်ပံတပ်ထားတဲ့ နတ်ဆိုးက
ငါ့…အခန်းဝရှေ့ ဘာကြောင့် ခဏခဏ လာရပ်ပြသလဲ။
စကားလုံးတွေ၊ ငွေတွေ….
ဂေါ်လီလို လိမ့်လိမ့်ဆင်းသွားကြ ။
ခေတ်ကာလ မျက်ရည်တွေထဲ
ငါ့ မျက်ရည်စက်များ အောက်ကျနောက်ကျ နိုင်လွန်းလှပ။
ငွေကြေးနဲ့ထွန်ယက်လို့မရနိုင်ဘူးထင်သမျှ
ငွေကြေးနဲ့ပဲဝယ်ယူ ထွန်ယက် စိုက်ပျိုးသူတွေက စိုက်ပျိုးကြ..။
ခေတ်သစ်ဈေးဗန်းထဲ အရောင်းအ၀ယ်မဖြစ်တာ
စာရိတ္တ ပဲလို့ ကဗျာဆရာက ရေးရင်
အရူးလို့ပဲထင်ချင်ကြ…။
ငါ့မှာက…
တောအုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘ၀နဲ့
ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။
လ ကုန်တိုင်း မက်မိတဲ့ အိပ်မက်
ငါ့…အိတ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရောတဲ့..။
ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။
(အငွေ့)
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] မင်္ဂလာပါရှင့်.....။ :)
မင်္ဂလာပါရှင့်.....။ :)
La Angel 01 July 09:35
မင်္ဂလာပါရှင့်.....။ :)
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] New doc: သေသော်မှတည့် အော်ကောင်း၏
created the doc: "သေသော်မှတည့် အော်ကောင်း၏"
Ye Thurein Min created the doc: "သေသော်မှတည့် အော်ကောင်း၏"
ထီးသုဉ်း.နန်းသုဉ်း
မြို့သုဉ်း သုည
သုဉ်း သုံးဝဖြင့်
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်
ဖြစ်လာရလေ တို့တစ်တွေသည်
သေသော်မှတည့် အော်ကောင်း၏။
............................
ဆီးဘန်းနီဆရာတော်
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] သေသော်မှတည့် အော်ကောင်း၏
သေသော်မှတည့် အော်ကောင်း၏ ........................................ ထီးသုဉ်း.နန်းသုဉ်း မြို့သုဉ်း သုည သုဉ်း သုံးဝဖြင့် သုဉ်းရပြန်လစ် သုညခေတ်ဝယ် ဖြစ်လာရလေ တို့တစ်တွေသည် သေသော်မှတည့် အော်ကောင်း၏။ ............................ ဆီးဘန်းနီဆရာတော်
Ye Thurein Min 01 July 09:06
သေသော်မှတည့် အော်ကောင်း၏
........................................
ထီးသုဉ်း.နန်းသုဉ်း
မြို့သုဉ်း သုည
သုဉ်း သုံးဝဖြင့်
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်
ဖြစ်လာရလေ တို့တစ်တွေသည်
သေသော်မှတည့် အော်ကောင်း၏။
............................
ဆီးဘန်းနီဆရာတော်
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] မင်္ဂလာပါ စာပေစကားဝိုင်းမှ.....
မင်္ဂလာပါ စာပေစကားဝိုင်းမှ.. ချစ်မိတ်ဆွေအပေါင်းတို့.... :-)
Yan Naing Oo 01 July 08:42
မင်္ဂလာပါ စာပေစကားဝိုင်းမှ.. ချစ်မိတ်ဆွေအပေါင်းတို့.... :-)
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ဒေါ်အောင်ဆန်းဆုကြည့် ဘာ့ကြောင့်...
ဒေါ်အောင်ဆန်းဆုကြည့် ဘာ့ကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးစုရသလဲ ဆိုတာ ပြောပြပေးကြပါလား
La Luna 01 July 07:24
ဒေါ်အောင်ဆန်းဆုကြည့် ဘာ့ကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးစုရသလဲ ဆိုတာ ပြောပြပေးကြပါလား
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] New doc: တို့ သွေး
created the doc: "တို့ သွေး"
Thida Aung created the doc: "တို့ သွေး"
ရှောင်စေတဲ့ ရှားစေ ။
ရှားစေတဲ့ ရှောင်စေ ။
တို့ သွေးကိုလာမစမ်းနဲ့ 
ဂျွမ်းပြန်လိမ့်လေ ။
တရားမဲ့ သတ္တ၀ါတွှေ
တို့ မြေကခုပြေး ။
ရဲတံခွန်အလံထူလို့ 
တို့ အသက်အမှန်လှူလို့ 
မိုက်ရူးသူကမ္ဘာတုံးအောင်
နိုင်မခံချေလို့ မှုန်းမယ်
ဖုန်းမောင်တို့ သွေး ။
(မောင်အာယု)
ကိုရဲသူရိန်ရေ..ကျေးဇူးပါနော်..
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ငစိုင်းရေ..ပျောက်နေတယ်ဟေ့။ ရောက်ရင် mail...
ငစိုင်းရေ..ပျောက်နေတယ်ဟေ့။ ရောက်ရင် mail လေးဘာလေးချက်ဦး။ Mail ပို့ထားတယ်။
John Yoharmar 01 July 00:23
ငစိုင်းရေ..ပျောက်နေတယ်ဟေ့။ ရောက်ရင် mail လေးဘာလေးချက်ဦး။ Mail ပို့ထားတယ်။
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] New doc: ယိုယီးလေး မောင်ပန်းမွှေး
created the doc: " ယိုယီးလေး မောင်ပန်းမွှေး "
Ye Thurein Min created the doc: " ယိုယီးလေး မောင်ပန်းမွှေး "
 ယိုယီးလေး မောင်ပန်းမွှေး 
မောင်ပန်းမွှေး
ယုန်လိုက်သည်။
တောကျောင်းဘုန်းကြီး
မြင်လိုက်သည်။
လိုက်ကြပါလား
တပည့်များ။
လိုက်လို့မမှီ
ပြေးကုန်ပြီ။
ယိုယီးလေး မောင်ပန်းမွှေး ။
အမည်မသိစာဆို
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] New doc: စာပေဟောပြောပွဲ အသံဖိုင်များ
created the doc: "စာပေဟောပြောပွဲ အသံဖိုင်များ"
Ye Thurein Min created the doc: "စာပေဟောပြောပွဲ အသံဖိုင်များ"
မြောက်များစွာသော စာပေဟောပြောပွဲ အသံဖိုင်တွေပါ ချမ်းမြေ့တင်ထားတာတွေ.လို့ ပြန်မျှဝေလိုက်ပါတယ်။ အမုန်းနားထောင် ကြပါကုန်လော့။ ပျော်ရွှင်ကြပါစေ။https://skydrive.live.com/?cid=4f525f1c338a8df7&sc=documents&id=4F525F1C338A8DF7%21353 
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] နတ္ထိ ၀ိဇ္ဇာ သမံမိတ္တံ ၊
Thida Aung 30 June 20:28
နတ္ထိ ၀ိဇ္ဇာ သမံမိတ္တံ ၊
နစ ဗျာဓိ သမောရိပု ၊
နစ အတ္တ သမံ ပေမံ ၊
နစ ကမ္မ သမံဗလံ ၊
လောက၌ အတတ်နှင့်တူသော အဆွေခင်ပွန်းမည်သည် မရှိ ။
အနာရောဂါနှင့် တူသော ရန်သူမည်သည်မရှိ ။
ကိုယ်နှင့်တူသော ချစ်သူမည်သည်မရှိ ။
ကံနှင့်တူသော ခွန်အားမည်သည်မရှိ ။
(တိုက်စိုးရဲ့ စာကိုးစကားမှဖြစ်ပါတယ်..)
ခုတလောခံစားမိတာလေးနဲ့ တိုက်ဆိုင်နေလို့ ပါ..
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] Admin ကိုတစ်ခုလောက်အကူအညီတောင်းချင်လို့ပါ။...
Admin ကိုတစ်ခုလောက်အကူအညီတောင်းချင်လို့ပါ။ စာပေစကားဝိုင်းမှာတင်တဲ့ ဗဟုသုတရမယ့် Post တွေကို ကြိုက်ပါတယ် အစ်မ Thida Aung တို့ ဦးဦး Harry Lwin တို့တင်တဲ့ဟာမျိုးတွေပေါ့။ တစ်ရက်၊ နေ့တစ်ပိုင်းမ၀င်ဖြစ်ရင် ခေတ်နောက်ကျသွားသလိုလို အပြစ်ရှိသလိုလိုခံစားရပါတယ်။ အားတဲ့အချိန်မှာ တင်ထားတဲ့ Post တွေ နဲ့ Comment တွေကို တန်းစီပြီးဖတ်ချင်ပါတယ်။ အခုက scroll bar ဒေါင်းပြီးဖတ်နေရတော့ မူးလို့ပါ ခေါင်းစဉ်တွေချည်းပဲ List အနေနဲ့ လုပ်ပေးရင်ရလားလို့ သိချင်လို့ပါ။ စာတွေက တကယ်တန်ဘိုးရှိတဲ့စာတွေဆိုတော့ ဖတ်ပြီးရင်လည်းသိမ်းထားချင်တယ်။ ပြန်လည်း Share ချင်လို့ပါ။
Swe Zin Phyoe 30 June 19:00
Admin ကိုတစ်ခုလောက်အကူအညီတောင်းချင်လို့ပါ။ စာပေစကားဝိုင်းမှာတင်တဲ့ ဗဟုသုတရမယ့် Post တွေကို ကြိုက်ပါတယ် အစ်မ Thida Aung တို့ ဦးဦး Harry Lwin တို့တင်တဲ့ဟာမျိုးတွေပေါ့။ တစ်ရက်၊ နေ့တစ်ပိုင်းမ၀င်ဖြစ်ရင် ခေတ်နောက်ကျသွားသလိုလို အပြစ်ရှိသလိုလိုခံစားရပါတယ်။ အားတဲ့အချိန်မှာ တင်ထားတဲ့ Post တွေ နဲ့ Comment တွေကို တန်းစီပြီးဖတ်ချင်ပါတယ်။ အခုက scroll bar ဒေါင်းပြီးဖတ်နေရတော့ မူးလို့ပါ ခေါင်းစဉ်တွေချည်းပဲ List အနေနဲ့ လုပ်ပေးရင်ရလားလို့ သိချင်လို့ပါ။ စာတွေက တကယ်တန်ဘိုးရှိတဲ့စာတွေဆိုတော့ ဖတ်ပြီးရင်လည်းသိမ်းထားချင်တယ်။ ပြန်လည်း Share ချင်လို့ပါ။
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ဆုတောင်း
ဆုတောင်း   ငါ့အလွမ်းမတင်မီကာလ  မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ  ခုချစ်ကြည့်တော့လည်း  ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။   ဒါဏ်ရာမပါသောဆေးစက်က  အရသာမဲ့သတဲ့  ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က  ငါ့သံခြေကျင်းတွေးကိုလာလာရိုက်  ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။   ဘ၀ဟာ..  တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်  ဖန်တံတံနဲ့   နှစ်ချို့ ရမ္မက်တွေ  မွေးရာပါအတ္တတွေ  လူစဉ်မမီသောအတွေးအခေါ်တွေ  တော်တော်မှအခြေတကျရှိပါရဲ့လား..။   ခေါ်သံများနှင့်နားအံသေ  ကြားရသောခရီးစဉ်အထပ်ထပ်က  တရားကိုစောင့်သောနတ်များ  ငါ့အား…  ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။   မနော်ဟရီ
Ka Yin Lay 30 June 16:28
ဆုတောင်း
ငါ့အလွမ်းမတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့စွဲမြဲနေသောအဖြစ်အပျက်များ
ခုချစ်ကြည့်တော့လည်း
ပုံပြင်အဟောင်းတွေပဲထွက်ကျလာ။
ဒါဏ်ရာမပါသောဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ ကားပြောတတ်တဲ့ရာဇ၀င်က
ငါ့သံခြေကျင်းတွေးကိုလာလာရိုက်
ကံကြမ္မာနဲ့ များဇာတ်တိုက်ထားရော့သလား။
ဘ၀ဟာ..
တစ်ခန်းရပ်အမဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့ 
နှစ်ချို့ ရမ္မက်တွေ
မွေးရာပါအတ္တတွေ
လူစဉ်မမီသောအတွေးအခေါ်တွေ
တော်တော်မှအခြေတကျရှိပါရဲ့လား..။
ခေါ်သံများနှင့်နားအံသေ
ကြားရသောခရီးစဉ်အထပ်ထပ်က
တရားကိုစောင့်သောနတ်များ
ငါ့အား…
ကြိုးကွင်းတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ …။ ။
မနော်ဟရီ
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ညမင်းသား
ညမင်းသား  နေလုံးအ၀င် ဇာတိပြချိန် မှောင်ရိပ်ခို ၀တ်ရုံနက်နဲ့  သားကောင်ရနံ့ ခပ်ပြင်းပြင်း ရူပါရုံ လေတစ်ချက်အဝှေ့မှာ အလိုရမ္မက်တွေ ဖျတ်ခနဲထ  သွေးသားတွေ ဗလောင်ဆူကြွ ဆာလောင်ပြင်းပြ အာသီသ မိုက်ရူးရဲခြေလှမ်း ခပ်ဖွဖွ  စူးရှရှ ၀ံပုလွေမျက်လုံးနဲ့ အနှိုင်းမဲ့ မာယာအပြုံးမှာ ခြေချင်းလိမ် မုသားတစ်သိုက်က  သံချေးတက် နှလုံးသားကို သိုးသူငယ် ၀တ်ရုံလဲလို့ သားကောင် ညှို့စက်ကွင်းထဲက  မီးတောက် ရင်ခုန်သံတွေကြား အညှို့ခံ ယာဇ်ကောင်အတွက် အောင်ပွဲခံ ကဗျာသံနဲ့  သရဖူဆောင်းတဲ့ ညမင်းသား  (မိဿ မင်းသမီး)
Ka Yin Lay 30 June 16:08
ညမင်းသား
နေလုံးအ၀င် ဇာတိပြချိန်
မှောင်ရိပ်ခို ၀တ်ရုံနက်နဲ့
သားကောင်ရနံ့ ခပ်ပြင်းပြင်း
ရူပါရုံ လေတစ်ချက်အဝှေ့မှာ
အလိုရမ္မက်တွေ ဖျတ်ခနဲထ
သွေးသားတွေ ဗလောင်ဆူကြွ
ဆာလောင်ပြင်းပြ အာသီသ
မိုက်ရူးရဲခြေလှမ်း ခပ်ဖွဖွ
စူးရှရှ ၀ံပုလွေမျက်လုံးနဲ့
အနှိုင်းမဲ့ မာယာအပြုံးမှာ
ခြေချင်းလိမ် မုသားတစ်သိုက်က
သံချေးတက် နှလုံးသားကို
သိုးသူငယ် ၀တ်ရုံလဲလို့
သားကောင် ညှို့စက်ကွင်းထဲက
မီးတောက် ရင်ခုန်သံတွေကြား
အညှို့ခံ ယာဇ်ကောင်အတွက်
အောင်ပွဲခံ ကဗျာသံနဲ့
သရဖူဆောင်းတဲ့ ညမင်းသား
(မိဿ မင်းသမီး)
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ...
မိဿ မင်းသမီး posted in စာပေစကားဝိုင်း
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ကြီးမှူးကျင်းပတဲ့ စာရေးနည်းလမ်းညွှန်သင်တန်း အမှတ်စဉ် ၂/၂၀၁၁ (မေ ၂၅ မှ ဇွန် ၂၅ ထိ) မှ စာရေးဆရာ၊ ဆရာမ ၂၅ ယောက်၏ သင်တန်းပို့ချချက်အသံဖိုင်များ စကားငါမြေအွန်လိုင်းစာကြည့်တိုက်သို့ ပို့ပေးရင်း ဒီလင့်ခ်ကနေ နည်းနည်းစီခွဲတင် ပေးနေပါတယ်။ အဆင်ပြေတဲ့သူများ ယူနှင့်လို့ရပါပြီ။ 4shared သုံးလို့ အဆင်မပြေပါက စကားဝါမြေမှ တင်ပေးမှသာ စောင့်ယူနိုင်ကြပါတယ်။ စာပေမောင်နှမများ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။ http://www.facebook.com/l/005b9h26ofrHEXh6YJSYRGdjNnA/www.4shared.com/folder/P82rCjKv/_online.html
မိဿ မင်းသမီး 30 June 15:50
Check out 20 music files at my 4shared folder My 4shared - Chit Naing1.MP3, Chit Naing2.MP3, Chit Oo
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] နင်ထားခဲ့တဲ့အခါ
နင်ထားခဲ့တဲ့အခါ  နာရီတွေကို ရပ်တန့်ထားပေးပါ... အချိန်တွေက ၀ါးစားနေသလို... တဖြည်းဖြည်း ငါဆိုတာ ပျောက်ဆုံး ရင်ဘတ်ထဲ ခြအိမ်ဝင်ဖွဲ့နေတယ်ထင်ရဲ့ တဆစ်ဆစ်နဲ့ တဖြည်းဖြည်း ဟင်းလင်းတောင် ပွင့်ပေါ့...။ နှလုံးသားလည်း ကြေမွ.. အစအနဆိုတာ ဘယ်မှာ... ယုံကြည်မှုပေါ့ ငါ့ကို ပြန်သတ်ခဲ့တာ သူ့ကို ထမ်းပိုးရတာ လေးလွန်းလှပါလား... ဒီလမ်းပေါ် ငါရောက်.... အစကတော့ ကြယ်ကြွေကောက်ဖို့ပါပဲ.. ဘယ်သူ သိနိုင်မလဲလေ ကြယ်တွေကောက်ရင်း..... လမ်းပျောက်လိမ့်မယ်လို့...။  ဖြစ်ရပ်မှန်
Prickly Heat 30 June 15:40
နင်ထားခဲ့တဲ့အခါ
နာရီတွေကို ရပ်တန့်ထားပေးပါ...
အချိန်တွေက ၀ါးစားနေသလို...
တဖြည်းဖြည်း ငါဆိုတာ ပျောက်ဆုံး
ရင်ဘတ်ထဲ ခြအိမ်ဝင်ဖွဲ့နေတယ်ထင်ရဲ့
တဆစ်ဆစ်နဲ့ တဖြည်းဖြည်း ဟင်းလင်းတောင် ပွင့်ပေါ့...။
နှလုံးသားလည်း ကြေမွ..
အစအနဆိုတာ ဘယ်မှာ...
ယုံကြည်မှုပေါ့ ငါ့ကို ပြန်သတ်ခဲ့တာ
သူ့ကို ထမ်းပိုးရတာ
လေးလွန်းလှပါလား...
ဒီလမ်းပေါ် ငါရောက်....
အစကတော့ ကြယ်ကြွေကောက်ဖို့ပါပဲ..
ဘယ်သူ သိနိုင်မလဲလေ
ကြယ်တွေကောက်ရင်း.....
လမ်းပျောက်လိမ့်မယ်လို့...။
ဖြစ်ရပ်မှန်
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] ငရဲကျမယ့်ငါ
ငရဲကျမယ့်ငါ သိလျှက်နဲ့ ကျူးလွန် ဆူးနွံလို ငါ့ရင်ခွင်ရယ် ထားချင်တယ် သေရာပါအောင် မနေသာအောင် ဒါဏ်ရာတွေနဲ့ ကွဲရှတဲ့အခါ ကွယ်ရာမှာ ငိုနေမလား သူ့မျက်ရည်တစ်စက်နဲ့တင် ငရဲကျမယ့် ငါ.....
Prickly Heat 30 June 15:34
ငရဲကျမယ့်ငါ
သိလျှက်နဲ့ ကျူးလွန်
ဆူးနွံလို ငါ့ရင်ခွင်ရယ်
ထားချင်တယ် သေရာပါအောင်
မနေသာအောင် ဒါဏ်ရာတွေနဲ့
ကွဲရှတဲ့အခါ
ကွယ်ရာမှာ ငိုနေမလား
သူ့မျက်ရည်တစ်စက်နဲ့တင်
ငရဲကျမယ့် ငါ.....
View Post on Facebook · Edit email settings · Reply to this email to add a comment.
Wednesday, 29 June 2011
[စာပေစကားဝိုင်း] မောင်ပန်းမွှေး
မောင်ပန်းမွှေး ယုန်လိုက်သည်။ တောကျောင်းဘုန်းကြီး မြင်လိုက်သည်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမှီ ပြေးကုန်ပြီ။  မည်သူရေးမှန်းမသိ။ မောင်ပန်းမွှေး လို့ထင်တာပဲ။
Ye Thurein Min 30 June 13:30
မောင်ပန်းမွှေး
ယုန်လိုက်သည်။
တောကျောင်းဘုန်းကြီး
မြင်လိုက်သည်။
လိုက်ကြပါလား
တပည့်များ။
လိုက်လို့မမှီ
ပြေးကုန်ပြီ။
မည်သူရေးမှန်းမသိ။ မောင်ပန်းမွှေး လို့ထင်တာပဲ။
View Post on Facebook · Edit email settings · Reply to this email to add a comment.
[စာပေစကားဝိုင်း] စမ်းရေအမောဝယ်၊ ပန်းအကြွေစောတယ်
စမ်းရေအမောဝယ်၊ ပန်းအကြွေစောတယ်   ပန်းအလှကို စမ်းကထောမနာ ရစ်ဖြာဝိုက်ဝန်း စီးဆင်းသည်။  စမ်း၏အေးမြ ထိုရသကို၊ ပန်းကချီးကျူး ငုံဖူးဝတ်လွှာ ချွေလွှင့်သည်။  စမ်းချောင်းတိမ်ကော၊ မြက်ရိုင်းတောမှာ ကျစ်စာဖုံးလွှမ်း၊ အိုလွမ်းစရာ ပန်းခမျာလျှင်၊ နွမ်းကာခြောက်သွေ့ ရေမတွေ့ရ၊ ပူငွေ့လောင်မြိုက် ရှိုက်ငင်တမ်းတ၊ စမ်းဘဝကို ပန်းကငိုကြွေး မဆုံးနိုင်။  တစ်နေ့သောအခါ၊ ပြည့်လာစမ်းချောင်း ပြန်ပြောင်းရေစီး၊ သူ့နီးဝန်းကျင် ပန်းပင်ခမျာ၊ မရှိရှာတော့ မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့် ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ် မမြင်လေရ၊ ထိုခဏတွင် စမ်းက ရှိုက်ငိုပြန်လေသည်။  နှစ်ပေါင်းများစွာ၊ ကြာသောခါတွင် မြေလွှာတထီးကျန်၊ သဏ္ဌာန်ရွှေ့ပြောင်း စမ်းချောင်းသစ်ပင်၊ မမြင်လေရ ဘာမျှမမြဲ၊ မလွဲဧကန် လောကဓံကို လွန်ဆန်ငြင်းပယ် မရပါတကား။  စမ်းငိုသလို၊ ပန်းလည်းငိုခဲ့ သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှုကင်း ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ ဘယ်လိုမျက်ရည် တန့်ဆည်ရမလဲကွယ်။  ဒေါင်းနွယ်ဆွေ
Ka Yin Lay 30 June 13:23
စမ်းရေအမောဝယ်၊ ပန်းအကြွေစောတယ်
ပန်းအလှကို
စမ်းကထောမနာ
ရစ်ဖြာဝိုက်ဝန်း စီးဆင်းသည်။
စမ်း၏အေးမြ
ထိုရသကို၊ ပန်းကချီးကျူး
ငုံဖူးဝတ်လွှာ ချွေလွှင့်သည်။
စမ်းချောင်းတိမ်ကော၊ မြက်ရိုင်းတောမှာ
ကျစ်စာဖုံးလွှမ်း၊ အိုလွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာခြောက်သွေ့
ရေမတွေ့ရ၊ ပူငွေ့လောင်မြိုက်
ရှိုက်ငင်တမ်းတ၊ စမ်းဘဝကို
ပန်းကငိုကြွေး မဆုံးနိုင်။
တစ်နေ့သောအခါ၊ ပြည့်လာစမ်းချောင်း
ပြန်ပြောင်းရေစီး၊ သူ့နီးဝန်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့်
ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငိုပြန်လေသည်။
နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်
မြေလွှာတထီးကျန်၊ သဏ္ဌာန်ရွှေ့ပြောင်း
စမ်းချောင်းသစ်ပင်၊ မမြင်လေရ
ဘာမျှမမြဲ၊ မလွဲဧကန်
လောကဓံကို
လွန်ဆန်ငြင်းပယ် မရပါတကား။
စမ်းငိုသလို၊ ပန်းလည်းငိုခဲ့
သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှုကင်း
ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လိုမျက်ရည် တန့်ဆည်ရမလဲကွယ်။
ဒေါင်းနွယ်ဆွေ
View Post on Facebook · Edit email settings · Reply to this email to add a comment.