Monday, 1 August 2011

သက်ထားအတွက်ယမကာ

created the doc: "သက်ထားအတွက်ယမကာ"
Ye Thurein Min created the doc: "သက်ထားအတွက်ယမကာ"

သက်ထားအတွက်ယမကာ

တေဇောဆိုတဲ့ အပူကိုပျော့အောင်

ဝါယော

ရေကိုရောတာက

အာပလာတွေပွါးတဲ့ အာပေါကိုနည်းစေ

ခြေမခိုင်တဲ့ ပထ၀ီကိုလည်း မြဲစေဖို့ပါ။

အများအမြင်မှာ

ယမကာသမားထင်ရင်လည်းမတတ်နိုင်ဘူး

တခွက် တဖလားနဲ့ အရက်သမားမဟုတ်ပေမဲ့

ရက်မခြားအောင်သောက်နေတာ

သက်ထားရယ်

မင်းကိုလွမ်းလို့ပါ။

ရဲသူရိန်မင်း

01.08.2011

GMT 22:58


No comments:

Post a Comment