Tuesday, 2 August 2011

သူဌေးသမီးရဲ့ ချစ်သူ

သူဌေးသမီးရဲ့ ချစ်သူ  အချစ်ရေ .. .. ငါဟာ .. .. လူအများထင်သလို ချူစားချင်တဲ့ကောင်မဟုတ်ပါဘူး  ငါဟာ မိုက်ဖူးခဲ့ပါတယ် သိုက်မတူးခဲ့ပါဘူး ငါပေးထားတဲ့ အချစ်ကိုတော့ အရေးမကြီးတဲ့ သူဌေးသမီးပုံစံနဲ့  ငါ့ရင်ကို စုံမကန်ပါနဲ့   မင်းက မကြာဆို PRADO နဲ့ ပြန်ရမှာ ငါ့မှာတော့ အသံကိုတိတ် အံကိုကြိတ် ကားဂိတ်လျှောက်ကာ အိမ်ကိုရောက်ဖို့  (၃၆) ကြီးစီးရတယ် .. .. .. .. ။   ။  နိမိတ်  ကျွန်တော့်သူငယ်ချင်း နိမိတ် ရဲ့ ကဗျာလေးပါ ။  ၂၀၀၃ တုန်းကထုတ်ခဲ့တဲ့ကဗျာစာအုပ်လေးထဲကပါ ။
Smo X Ke 02 August 16:27
သူဌေးသမီးရဲ့ ချစ်သူ

အချစ်ရေ .. ..
ငါဟာ .. ..
လူအများထင်သလို
ချူစားချင်တဲ့ကောင်မဟုတ်ပါဘူး
ငါဟာ
မိုက်ဖူးခဲ့ပါတယ်
သိုက်မတူးခဲ့ပါဘူး
ငါပေးထားတဲ့
အချစ်ကိုတော့
အရေးမကြီးတဲ့
သူဌေးသမီးပုံစံနဲ့ 
ငါ့ရင်ကို စုံမကန်ပါနဲ့ 
မင်းက မကြာဆို
PRADO နဲ့ ပြန်ရမှာ
ငါ့မှာတော့
အသံကိုတိတ်
အံကိုကြိတ်
ကားဂိတ်လျှောက်ကာ
အိမ်ကိုရောက်ဖို့ 
(၃၆) ကြီးစီးရတယ် .. .. .. .. ။ ။

နိမိတ်

ကျွန်တော့်သူငယ်ချင်း နိမိတ် ရဲ့ ကဗျာလေးပါ ။
၂၀၀၃ တုန်းကထုတ်ခဲ့တဲ့ကဗျာစာအုပ်လေးထဲကပါ ။


No comments:

Post a Comment