Wednesday, 3 August 2011

ဗေဒါလမ်း (၁၁) - တွေးမိပါစ

created the doc: "ဗေဒါလမ်း (၁၁) - တွေးမိပါစ"
Harry Lwin created the doc: "ဗေဒါလမ်း (၁၁) - တွေးမိပါစ"

ဗေဒါလမ်း (၁၁) - တွေးမိပါစ

ဗေဒါတဲ့ ဗေဒါ။

ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ်းသာယာ။

မွှေးသမျှပြန်တစ်ရာ၊ ခံစရာအရေး။

အတိုက်ခံနိုင်မှ၊ အမွှေ့ခံနိုင်မှ

ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့

ရွှေဘဲရန် စုန်ဆန်လမ်းမှာ

ရမ်းတတ်တယ်လေး။

မွှေးမှလည်း မဟုတ်ပါ။

ရိုးသံရှင်ပဲ့တင်ထပ်၊ ချောင်းစပ်ဧရာ။

စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ။

တစိုက်စိုက်ကယ်နဲ့၊

အတိုက်ကို အကြိုတွေ့ပါလို့

အမွှေ့ဒဏ်ခံနေကြ၊ တွေးမိပါစ။ ။

ဇော်ဂျီ

(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

ဒီချောင်းထဲမှာ နာမည်မွှေးတဲ့၊ နာမည်ကောင်းနဲ့ ကျော်ကြားနေတဲ့ မဗေဒါဆိုတာ အလကားတော့ ကျော်ကြားလာတာ မဟုတ်ပါဘူး။ နာမည်မွှေးသလိုပဲ ခံစရာရှိလည်း အတိုက်တွေ၊ အမွှေ့တွေကို ခါးစည်းခံနိုင်မှ၊ ရမ်းကားတဲ့ ဘဲတွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိမှသာ ဖြစ်နိုင်မှာပါ။ နာမည် မွှေးမွှေး မမွှေးမွှေး၊ ကျူရိုးရှင် က ပီပီသံကို ပဲ့တင်ထပ်အောင် ဧရာချောင်းစပ်က ပေးနေတဲ့ လမ်းမှာ မဗေဒါကတော့ ဒီလမ်း မသာရင် သာမယ့်လမ်းကို သူစုန်ဆန်နေကျ လမ်းတကာလမ်းကြား လိုက်လို့ရှာပြီးသွားရင်းနဲ့ အတိုက်တွေ့ရင်လည်း ကြိုဆို၊ အမွှေ့ဒဏ်ခံရတော့လည်း ခံနေကျပဲမို့ စိတ်မပျက်ဘဲ သူ့ခရီးသူဆက်နေတာကို တွေးမိရဲ့လား လို့ ... မဗေဒါက ပြောနေသလိုပဲခံစားရပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...

ဟယ်ရီ



No comments:

Post a Comment