 | လူငယ်များ၏ နားခိုရာအသစ်
ဆယ်တန်းအောင်ပြီးပြီ။ အမှတ်က ၃၂၀တောင်မှ မရ။ အားငယ်မနေပါနဲ့။ အခုခတ်မှာ အမှတ်၃၂၀မရလဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ London Institute နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာ တစ်နှစ်တက်ရုံနဲ့ UK အသိအမှတ်ပြုတဲ့ အင်ဂျင်နီယာ ဒီပလိုမာ တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ဆန္ဒရှိရင် UK မှာပါ ပညာသင်ခွင့်ကို သင်ရရှိသွားမှာလဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်ဝန်းကျင်မှာကတော့ TECH နဲ့ Glory တို့လောက်သာရှိပေမယ့် အခုချိန်မှာတော့ Gallent, Crown စသည်ဖြင့် အခြားသင်တန်းကျောင်းများစွာကလဲ တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။ သင်ကြားပေးတဲ့ ဘာသာတွေကတော့ Mechanical and Electrical Engineering (M&E), Mechanical Engineering (Mech), Electrical Engineering (EP), Electronic Engineering (EC), Construction (Civil), Refrigeration and Air-conditioning (R&A), Electrical Installation (EI), Mechanical and Electrical Engineering (Control System), Mechatronic Engineering, Telecommunication ဘာသာရပ်တွေ အားလုံးကလဲ နိုင်ငံတစ်ကာမှာ Hot ဖြစ်နေတဲ့ ဘာသာရပ်တွေပါ။ ကြိုက်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုရွေးချယ် တက်ဖို့တော့ လိုပါတယ်။ တချို့တွေက Civil ခေတ်စားတာနဲ့ Civil ကောက်ယူလိုက်ကြပြီး နောက်မှ စိတ်ပါ ဝင်စားမှု မရှိတာကြောင့်လဲ မလိုက်နိုင်ကြတော့တာလဲ တွေ့ဖူးတယ်။ ဒါကြောင့် ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကိုရွေးချယ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ ဒီပလိုမာ ရပြီးရင် အစိုးရအလုပ်ကတော့ အစိုးရအသိအမှတ်ပြု ဒီပလိုမာမဟုတ်လို့ ရဖို့မလွယ်ပေမယ့် ကုမ္ပဏီများ၊ NGO များတွင်တော့ အလုပ်ရဖို့အဆင်ပြေပါတယ်။ တချို့သင်တန်းကျောင်းတွေကတော့ သူတို့ကိုယ်တိုင် ကုမ္ပဏီများ၌ အလုပ်ရအောင် အကျိုးဆောင်ပေးကြတာကိုလဲ တွေ့ရပါတယ်။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများအတွက်တော့ ရယူထားသင့်တဲ့ ဒီပလိုမာတစ်ခုဖြစ်ပြီး UK Dipaloma ဖြစ်တာနဲ့ အားလျော်စွာ နိုင်ငံခြားတိုင်းပြည်များမှလဲ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ Dipaloma ပြီးသွားလို့ Singapore မှာကျောင်းတက်ချင်တယ်ဆိုရင် Auston University တွင် ပထမနှစ်မှ စတင်တက်ရောက်နိုင်မှာသလို UK တွင် တက်ရောက်မည်ဆိုပါက နာမည်ကြီး Conventry University တွင် တက်ရောက်နိုင်ပြီး တတိယနှစ်ပြီးဆုံးခဲ့လျှင် B.sc Hons( Engineering ……..) (UK) အောင်လက်မှတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာပြည်တွင်ပဲ ဆက်တက်မယ်ဆိုပါက Advanced Diploma ကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ တက်ရောက်နိုင်သည့် ဘာသာရပ်တွေကတော့ Mechanical and Electrical Engineering (M&E), Mechanical Engineering (Mech), Electrical Engineering (EP), Electronic Engineering (EC), Construction (Civil), Refrigeration and Air-conditioning (R&A), Electrical Installation (EI), Mechanical and Electrical Engineering (Control System), တွေပဲ ဖြစ်ပါတယ်။ Advanced Diploma ပြီးလျှင် Auston နှင့် Conventry University တို့တွင် ဒုတိယနှစ်မှ စတင်၍ တက်ရောက်နိုင်မည်ဖြစ်သည်။ Advanced Diploma ပြီးလို့ နိုင်ငံခြားတွင် အလုပ်လုပ်လိုပါက S$ 1800 မှ 2000 အတွင်းရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ Advanced Diploma ကို အစိုးရကျောင်းများမှာ A.G.T.I ပြီးထားသူများ၊ B.Tech နဲ့ B.E ပြီးထားသူများပါ လာရောက်တက်ကြတာကိုလဲ တွေ့ရပါတယ်။ တစ်ခုရှိသည်က Advanced Diploma သည် မြန်မာပြည်တွင် အောင်မြင်သူ နည်းသည်ကို သတိပြုရမှာဖြစ်ပါတယ်။ တချို့သော သင်တန်းကျောင်းတွေသည် မိမိတို့ကျောင်းသားများကို နိုင်ငံခြားတွင် အလုပ်ရသည်အထိ ကူညီပေးနေတာကိုလဲ တွေ့ရပါတယ်။ စာမေးပွဲကို BC မှ တိုက်ရိုက်လာစစ်တာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဇွန်လတွေမှာ ဖြေရပါတယ်။ UK မှ တိုက်ရိုက်စစ်တာဖြစ်တဲ့အတွက်ကြောင့် စာမေးပွဲက ခက်ပါတယ် ပေါ့ပေါ့တန်တန်ဖြေကြလို့တော့ မဖြစ်ပါဘူး။ ကျောင်းလခကတော့ ရိုးရိုး Diploma အတွက် တစ်နှစ်လုံးစာကို သုံးသိန်းဝန်းကျင်လောက် ကျမှာဖြစ်ပြီး။ Advance Diploma အတွက်ကတော့ ၄သိန်းဝန်းကျင်လောက် ကုန်ကျမှာပါ။ စာမေးပွဲကြေးကတော့ တစ်ဘာသာကို US$ 70 ဝန်းကျင်တွင်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ၅သိန်းကျော် ၆ သိန်းမျှပေးရုံနဲ့ အင်ဂျင်နီယာဖြစ်ဖို့ အခွင့်အလမ်းအသစ်တစ်ခု သင်ရရှိလာမှာပါ။ ဒါကြောင့် အမှတ်မမှီလို့ စိတ်ညစ်နေသူများ B.Tech မပါလို့ စိတ်ညစ်နေသူများအတွက်တော့ ဒါဟာ အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ သတင်းကောင်းတစ်ခု အနေနဲ့ ဖော်ပြလိုက်ရပါတယ်။ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့ သူများအတွက်ဖြစ်ပါတယ်။ တချိန်က အမှတ်က ၃၀၀မပြည့်ရင် တက်လမ်းကက နည်းသွားတာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကျောင်းသားတွေ အနေနဲ့ တခြားအခွင့်အလမ်းတွေက အများကြီးရှိနေပါပြီ။ ထိုအထဲမှာမှ ယောက်က်ျားလေးတွေနဲ့ ကိုက်ညီတဲ့ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ဈေးသက်သက်သာသာနဲ့ အင်ဂျင်နီယာဖြစ်နိုင်ပြီဖြစ်တဲ့ City and Guild (UK ) ဟာ လက်ရှိအချိန်မှာဆိုရင် တဖြည်းဖြည်းနဲ့ လူငယ်များအတွက် နားခိုရာ အသစ်ဟု ဆိုနိုင်လောက်အောက် တရှိန်ထိုးတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။
-- Your lovingly Fri
Ya Wai (Paing Soe Thu) |
No comments:
Post a Comment