Tuesday, 2 August 2011

ပီဌိယက္ခဆိုတာ

ပီဌိယက္ခဆိုတာ လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့ ခပ်ညံ့ညံ့ မြှားပစ်သမားပဲ လေးတင်ပွဲတုန်းက ရာမဆိုတဲ့ကောင်လေးကို သနားလို့ ၀င်မပြိုင်ဘဲ ပတ်စ် ပေးခဲံတာ အဟုတ်ကြီး ထင်မနေနဲ့ ခေါင်းပေါ်က ပန်းသီးကို မှန်အောင် ပစ်နိုင်ရုံကလေးနဲ့ သူ့ကိုယ်သူ လေးသည်ကျော်ကြီး ၀ီလျံတဲဆိုပါလား သနားတယ် အမယ် ရော်ဘင်ဟုဒ်တဲ့ ဇနပုဒ်က တောပုန်းကလေးကများ  ရာရာစစ တော်ရာမှာ သွားပစ်စမ်းကွယ်။ တကယ်တော့ လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့ သိဒ္ဒတ္ထမင်းသားတောင် ငယ်နုစဉ်က ကျုပ်မြှားချက်ကိုတော့ လွတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။ ဟုတ်ပါ့...... မြှားနတ်မောင်ဆိုတာ ဘယ်တော့မှ အပေါ်ထောင် မပစ်ဘူးလေ...  (မင်းလူ)
Prickly Heat 03 August 14:22
ပီဌိယက္ခဆိုတာ
လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့
ခပ်ညံ့ညံ့ မြှားပစ်သမားပဲ
လေးတင်ပွဲတုန်းက
ရာမဆိုတဲ့ကောင်လေးကို သနားလို့
ဝင်မပြိုင်ဘဲ ပတ်စ် ပေးခဲံတာ
အဟုတ်ကြီး ထင်မနေနဲ့
ခေါင်းပေါ်က ပန်းသီးကို
မှန်အောင် ပစ်နိုင်ရုံကလေးနဲ့
သူ့ကိုယ်သူ
လေးသည်ကျော်ကြီး ၀ီလျံတဲဆိုပါလား
သနားတယ်
အမယ် ရော်ဘင်ဟုဒ်တဲ့
ဇနပုဒ်က တောပုန်းကလေးကများ
ရာရာစစ
တော်ရာမှာ သွားပစ်စမ်းကွယ်။
တကယ်တော့
လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့
သိဒ္ဒတ္ထမင်းသားတောင်
ငယ်နုစဉ်က
ကျုပ်မြှားချက်ကိုတော့
လွတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။
ဟုတ်ပါ့......
မြှားနတ်မောင်ဆိုတာ
ဘယ်တော့မှ အပေါ်ထောင် မပစ်ဘူးလေ...

(မင်းလူ)


No comments:

Post a Comment