စိတ်ကို ညှို့ယူနိုင်ဆုံးအချိန်၊ ဆွဲဆောင်နိုင်ဆုံးအချိန်၊ မိန်းမူးစေနိုင်ဆုံးအချိန်က လကိုမိတဲ့အချိန်လည်းမဟုတ်နိုင်၊ ကြယ်ကိုမိတဲ့အချိန်လည်း မဟုတ်နိုင်။ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့အချိန်ပဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ လကိုဖမ်းဖို့ ပြင်ဆင်ကြံစည်နေတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ဟာ ပိုက်ကွန်ခိုင်ခံ့ဖို့လည်းမဟုတ်နိုင်၊ လနဲ့ ကိုယ်ရဲ့ အဝေးအနီး ချိန်ဆဖို့လည်းမဟုတ်နိုင်၊ လကို ချစ်မြတ်နိုးစိတ်နဲ့ ကြည်နှုးမိန်းမောစိတ်ပဲ ဖြစ်နိုင်ပါတယ်။ ဂျူး-(လကိုဖမ်းဖို့ ပိုက်ကွန်ယက်ကြရအောင်) |
No comments:
Post a Comment