Friday, 5 August 2011

စိတ်ကို ညှို့ယူနိုင်ဆုံးအချိန်၊...

စိတ်ကို ညှို့ယူနိုင်ဆုံးအချိန်၊ ဆွဲဆောင်နိုင်ဆုံးအချိန်၊ မိန်းမူးစေနိုင်ဆုံးအချိန်က လကိုမိတဲ့အချိန်လည်းမဟုတ်နိုင်၊ ကြယ်ကိုမိတဲ့အချိန်လည်း မဟုတ်နိုင်။ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့အချိန်ပဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ လကိုဖမ်းဖို့ ပြင်ဆင်ကြံစည်နေတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ဟာ ပိုက်ကွန်ခိုင်ခံ့ဖို့လည်းမဟုတ်နိုင်၊ လနဲ့ ကိုယ်ရဲ့ အဝေးအနီး ချိန်ဆဖို့လည်းမဟုတ်နိုင်၊ လကို ချစ်မြတ်နိုးစိတ်နဲ့ ကြည်နှုးမိန်းမောစိတ်ပဲ ဖြစ်နိုင်ပါတယ်။  ဂျူး-(လကိုဖမ်းဖို့ ပိုက်ကွန်ယက်ကြရအောင်)
Ye Thurein Min 06 August 02:10
စိတ်ကို ညှို့ယူနိုင်ဆုံးအချိန်၊ ဆွဲဆောင်နိုင်ဆုံးအချိန်၊ မိန်းမူးစေနိုင်ဆုံးအချိန်က လကိုမိတဲ့အချိန်လည်းမဟုတ်နိုင်၊ ကြယ်ကိုမိတဲ့အချိန်လည်း မဟုတ်နိုင်။ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့အချိန်ပဲ ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ လကိုဖမ်းဖို့ ပြင်ဆင်ကြံစည်နေတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ဟာ ပိုက်ကွန်ခိုင်ခံ့ဖို့လည်းမဟုတ်နိုင်၊ လနဲ့ ကိုယ်ရဲ့ အဝေးအနီး ချိန်ဆဖို့လည်းမဟုတ်နိုင်၊ လကို ချစ်မြတ်နိုးစိတ်နဲ့ ကြည်နှုးမိန်းမောစိတ်ပဲ ဖြစ်နိုင်ပါတယ်။
ဂျူး-(လကိုဖမ်းဖို့ ပိုက်ကွန်ယက်ကြရအောင်)


ညတစ်ည ရောက်လို့လာပြန်ပေါ့ ။

ညတစ်ည ရောက်လို့လာပြန်ပေါ့ ။ အိမ်း.. အသက်တော့ တစ်ရက်ကြီးခဲ့ပြန်ပြီ ။ အိပ်ရအုံးမယ် ။
Thaw Zin 06 August 01:34
ညတစ်ည ရောက်လို့လာပြန်ပေါ့ ။
အိမ်း..
အသက်တော့ တစ်ရက်ကြီးခဲ့ပြန်ပြီ ။
အိပ်ရအုံးမယ် ။


အချစ်လားဟေ့ ဝင်ခဲ့လေကွယ်

အချစ်လားဟေ့ ဝင်ခဲ့လေကွယ်   သော့ခတ်ထားတဲ့ သံမဏိတံခါးကို လာခေါက်တယ်။  သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့ ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့ ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့ လက်ကလေးမှန်း ဒီကလည်း သိလိုက်ပါရဲ့။  သွေးတွေကို ခဲသွားစေတဲ့ ဦးနှောက်တွေကို ဆူဝေလာစေတဲ့ ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့ နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ 'မင်း'ရယ် 'အမုန်း'ရယ် နှစ်ယောက်ပဲရှိတယ်။ ခု- 'အမုန်း' ဟာ ခရီးလွန်နေတယ်ဆိုတော့ တံခါးကို လာခေါက်တဲ့သူဟာ မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။ 'အချစ်လားဟေ့ ဝင်ခဲ့လေကွယ်'။ ။   မင်းလူ
Ka Yin Lay 05 August 22:09
အချစ်လားဟေ့ ဝင်ခဲ့လေကွယ်

သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။

သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။

သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
'မင်း'ရယ် 'အမုန်း'ရယ်
နှစ်ယောက်ပဲရှိတယ်။
ခု-
'အမုန်း' ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
'အချစ်လားဟေ့ ဝင်ခဲ့လေကွယ်'။ ။

မင်းလူ


ဧဒင်ဥယျာဉ်ကိုခိုးဝှက်သွားတဲ့ကတ္တီပါရောင်နတ်သမီး

ဧဒင်ဥယျာဉ်ကိုခိုးဝှက်သွားတဲ့ကတ္တီပါရောင်နတ်သမီး   ကြွေကျမှာကြောက်တာနဲ့ ပဲ ကောင်းကင်ကိုမှောက်ထားလိုက်တယ်။ သတိ………………. ကျေးဇူးပြုပြီးချောင်းမကြည့်ကြပါနဲ့ ။  ဆာလောင်မွတ်သိပ်နေတဲ့ ၀ိဥာဉ်တစ်ကောင်ရဲ့စိတ်နဲ့  အတိတ်ကိုတံစို့ထိုးပြီးကင်လိုက်တဲ့အခါ တမ်းတခြင်းနတ်ဆိုးတစ်ကောင်ရဲ့…ရနံ ကြောက်မက်ဖွယ်ကောင်းအောင် ဆူညံအက်ကွဲလာတယ်။  သက်ပြင်းတွေချန်ထားပါ…………..။ မနက်ဖြန်ဆိုတဲ့ နှစ်ပတ်လည်ပြဇာတ်အတွက် သူရဲကောင်းနေရာကနေ ပါဝင်ပတ်သတ်လိမ့်မယ်။ ကြိုတင်စီစဉ်မထားတဲ့ မျှော်လင့်ချက်အရေခွံလဲတဲ့….ည အိပ်မက်ကို အိပ်မက်က၀င်ပူးတယ်။  တံခါးတစ်ချပ်ရှိတယ်။ ဓါးနှစ်လက်ရှိတယ်။ အခွင့်အရေးတစ်ခုနဲ့တင်မလုံလောက်တဲ့ လူပီသကြောင်း…….ပြမယ်။ လွှတ်ချလိုက်…….. ကောက်ကိုင်လိုက်…….. ဘယ်တော့မှပြန်မလာနိုင်တော့မယ့် အမြဲစိမ်းညနေတစ်ခု တစ်ထောင့်တစ်ညမြစ်ထဲနစ်ဝင်သွားတယ်။  စိတ်ကူးကို……… ပိုင်နက်ကျူးလွန်မှု့နဲ့ဖမ်းတယ်။ တ၀ုန်းဝုန်းထပျံသွားတဲ့ တောင်ပံမဲ့ငှက်တွေ ဘယ်အရပ်မှာအိပ်တန်းတက်မလဲ….  တွေးနေတုန်းပဲ………. ဒိုင်ယာရီတစ်ရွက်က ကြားဖြတ်ပြောတယ်……. ရင်ဘတ်တစ်ခုထဲနဲ့ နှစ်ခါမကသေဖို့လုံလောက်တယ်တဲ့။  ဧကရာဇ်ပန်းတစ်ခက် ကဗျာတစ်လက်နဲ့ ရင်ဘတ်တစ်ဝက်ပါတဲ့သူကို တွေ့ရင်အကြောင်းကြားကြပါ………  အဲ့ဒီလူရဲ့လွယ်အိပ်ထဲမှာ ပဟေဠိလိုဝှက်ထားတဲ့ အက္ခရာတွေမူးပြီး ရူးနေတဲ့ကဗျာတစ်ပုဒ်အိပ်နေတယ်။                                                 terry
Ka Yin Lay 05 August 21:57
ဧဒင်ဥယျာဉ်ကိုခိုးဝှက်သွားတဲ့ကတ္တီပါရောင်နတ်သမီး

ကြွေကျမှာကြောက်တာနဲ့ ပဲ
ကောင်းကင်ကိုမှောက်ထားလိုက်တယ်။
သတိ……………….
ကျေးဇူးပြုပြီးချောင်းမကြည့်ကြပါနဲ့ ။

ဆာလောင်မွတ်သိပ်နေတဲ့
ဝိဥာဉ်တစ်ကောင်ရဲ့စိတ်နဲ့ 
အတိတ်ကိုတံစို့ထိုးပြီးကင်လိုက်တဲ့အခါ
တမ်းတခြင်းနတ်ဆိုးတစ်ကောင်ရဲ့…ရနံ
ကြောက်မက်ဖွယ်ကောင်းအောင်
ဆူညံအက်ကွဲလာတယ်။

သက်ပြင်းတွေချန်ထားပါ…………..။
မနက်ဖြန်ဆိုတဲ့
နှစ်ပတ်လည်ပြဇာတ်အတွက်
သူရဲကောင်းနေရာကနေ
ပါဝင်ပတ်သတ်လိမ့်မယ်။
ကြိုတင်စီစဉ်မထားတဲ့
မျှော်လင့်ချက်အရေခွံလဲတဲ့….ည
အိပ်မက်ကို
အိပ်မက်က၀င်ပူးတယ်။

တံခါးတစ်ချပ်ရှိတယ်။
ဓါးနှစ်လက်ရှိတယ်။
အခွင့်အရေးတစ်ခုနဲ့တင်မလုံလောက်တဲ့
လူပီသကြောင်း…….ပြမယ်။
လွှတ်ချလိုက်……..
ကောက်ကိုင်လိုက်……..
ဘယ်တော့မှပြန်မလာနိုင်တော့မယ့်
အမြဲစိမ်းညနေတစ်ခု
တစ်ထောင့်တစ်ညမြစ်ထဲနစ်ဝင်သွားတယ်။

စိတ်ကူးကို………
ပိုင်နက်ကျူးလွန်မှု့နဲ့ဖမ်းတယ်။
တ၀ုန်းဝုန်းထပျံသွားတဲ့
တောင်ပံမဲ့ငှက်တွေ
ဘယ်အရပ်မှာအိပ်တန်းတက်မလဲ….
တွေးနေတုန်းပဲ……….
ဒိုင်ယာရီတစ်ရွက်က
ကြားဖြတ်ပြောတယ်…….
ရင်ဘတ်တစ်ခုထဲနဲ့
နှစ်ခါမကသေဖို့လုံလောက်တယ်တဲ့။

ဧကရာဇ်ပန်းတစ်ခက်
ကဗျာတစ်လက်နဲ့
ရင်ဘတ်တစ်ဝက်ပါတဲ့သူကို
တွေ့ရင်အကြောင်းကြားကြပါ………

အဲ့ဒီလူရဲ့လွယ်အိပ်ထဲမှာ
ပဟေဠိလိုဝှက်ထားတဲ့
အက္ခရာတွေမူးပြီး
ရူးနေတဲ့ကဗျာတစ်ပုဒ်အိပ်နေတယ်။

terry


ပန်းချီမောင်မောင်သိုက် (အသက် ၆၆ နှစ်) ကွယ်လွန်

ပန်းချီမောင်မောင်သိုက် (အသက် ၆၆ နှစ်) ကွယ်လွန် အေးချမ်းမြေ့ Friday, 05 August 2011 18:00 E-mail Print စာနယ်ဇင်း သရုပ်ဖော်ပုံနှင့် မျက်နှာဖုံးပန်းချီများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူ ပန်းချီမောင်မောင်သိုက် ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။  ...ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန် ရွှေဗဟို အထူးကု ဆေးခန်းတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း၊ ကျန်ရစ်သောရုပ်ကလာပ်ကို ရေဝေးသုဿာန် အအေးခန်းသို့ ပို့ဆောင်ပြီးပြီ ဖြစ်ကြောင်း၊ လာမည့် သြဂုတ် ၇ ရက်နေ့ တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူက ဧရာဝတီသို့ ပြောသည်။  mgmgth  ကွယ်လွန်သူ ပန်းချီဝသုန် အမှတ်တရပွဲတွင် စကားပြောနေသည့် ပန်းချီမောင်မောင်သိုက် (ဓာတ်ပုံ - oakkakoko.wardpress.com) ပန်းချီမောင်မောင်သိုက်သည် အဘ ရွှေပန်းတိမ်ဆရာ ဦးလွင်၊ အမိ ဒေါ်မြညွန့်တို့၏ သားဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာ ဘဝဖြင့် ပန်းချီလောကကို စတင် ဝင်ရောက်ခဲ့ကာ ၁၉၇၃ ခုနှစ်ခန့်တွင် စတင် အောင်မြင်ခဲ့သူ ဖြစ်သည်။  ပန်းချီပန်းပု ကျောင်းတက်စဉ် ပန်းချီ ဦးကြည်ထံတွင် ပန်းချီပညာကို သင်ယူခဲ့ပြီး မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာကို ဆက်လက်ဆည်းပူးခဲ့သည်။
Ba Tharchaw 05 August 21:35
ပန်းချီမောင်မောင်သိုက် (အသက် ၆၆ နှစ်) ကွယ်လွန်
အေးချမ်းမြေ့ Friday, 05 August 2011 18:00
E-mail Print
စာနယ်ဇင်း သရုပ်ဖော်ပုံနှင့် မျက်နှာဖုံးပန်းချီများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူ ပန်းချီမောင်မောင်သိုက် ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။

...ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန် ရွှေဗဟို အထူးကု ဆေးခန်းတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း၊ ကျန်ရစ်သောရုပ်ကလာပ်ကို ရေဝေးသုဿာန် အအေးခန်းသို့ ပို့ဆောင်ပြီးပြီ ဖြစ်ကြောင်း၊ လာမည့် သြဂုတ် ၇ ရက်နေ့ တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူက ဧရာဝတီသို့ ပြောသည်။

mgmgth

ကွယ်လွန်သူ ပန်းချီဝသုန် အမှတ်တရပွဲတွင် စကားပြောနေသည့် ပန်းချီမောင်မောင်သိုက် (ဓာတ်ပုံ - oakkakoko.wardpress.com)
ပန်းချီမောင်မောင်သိုက်သည် အဘ ရွှေပန်းတိမ်ဆရာ ဦးလွင်၊ အမိ ဒေါ်မြညွန့်တို့၏ သားဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် စာနယ်ဇင်းပန်းချီဆရာ ဘဝဖြင့် ပန်းချီလောကကို စတင် ဝင်ရောက်ခဲ့ကာ ၁၉၇၃ ခုနှစ်ခန့်တွင် စတင် အောင်မြင်ခဲ့သူ ဖြစ်သည်။

ပန်းချီပန်းပု ကျောင်းတက်စဉ် ပန်းချီ ဦးကြည်ထံတွင် ပန်းချီပညာကို သင်ယူခဲ့ပြီး မြင်ဆရာ၊ ကြားဆရာများဖြစ်ကြသော ပန်းချီဦးဘကြည်၊ ဦးဘရင်ကလေး၊ ဦးသောင်းဟန်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာကို ဆက်လက်ဆည်းပူးခဲ့သည်။

"လျှို့ဝှက်သည်းဖို မဂ္ဂဇင်းခေတ်မှာ တက်လာတဲ့ ပန်းချီဆရာတွေထဲမှာ သူလည်း တယောက် အပါအဝင်ပေါ့။ ကျနော် တို့ကတော့ အဲဒီခေတ်ကို မမီလိုက်ဘူး" ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်သည့် ပန်းချီမျိုးမြင့်က ပြောသည်။

မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စစ်ပြန် စသည့် မဂ္ဂဇင်းများမှစ၍ ယနေ့ ခေတ် မဂ္ဂဇင်းများအထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများ ဆွဲခြင်းဖြင့် ပန်းချီလောကတွင် အောင်မြင်ခဲ့သော ပန်းချီမောင်မောင်သိုက်သည် စာရေးဆရာပေါင်း များစွာ၏ ဝတ္ထု မျက်နှာဖုံးများ၊ သရုပ်ဖော်ပုံများကိုလည်း ရေးဆွဲခဲ့သည်။

"စာရေးဆရာ အများစုရဲ့ ဝတ္ထုမျက်နှာဖုံး ပုံတွေ ရေးခဲ့တယ်။ သရုပ်ဖော်ပုံတို့၊ မျက်နှာဖုံးတို့ကို သူမဆွဲပေးဖူးတဲ့ စာရေးဆရာ မရှိသလောက်ပါပဲ" ဟု သူ့သားအငယ် ကိုဇေဖြိုးက ဆိုသည်။

ပန်းချီမောင်မောင်သိုက်သည် မြန်မာနိုင်ငံ ပန်းပညာရှင်များအစည်းအရုံး အမှုဆောင်အနေဖြင့်လည်း တာဝန် ယူခဲ့ပြီး စာနယ်ဇင်း ပန်းချီဆရာများစုပေါင်း၍ ပြုလုပ်သည့် ပန်းချီပြပွဲများတွင် အစဉ်ပါဝင်ခဲ့သည်။ ၎င်း နောက်ဆုံး ကျင်းပနိုင်ခဲ့သည့် ပန်းချီပြပွဲမှာ ဇွန် ၄ ရက်နေ့မှာ ၁၃ ရက်နေ့အထိ ၎င်းနှင့်ခေတ်ပြိုင် ပန်းချီဆရာတဦးဖြစ်သော ပန်းချီ ကျော်သောင်းနှင့်အတူ တွဲဖက်ပြသသည့် ပွဲဖြစ်သည်။

"ကိုသိုက်ဟာ ကျနော့်ရဲ့ အဓိက အရေးပါတဲ့ မြင်ဆရာတယောက် ဖြစ်ခဲ့ပါတယ်။ သူက မိန်းမလှလေးတွေရဲ့ ပုံတွေ ရေးရာမှာ သူမတူအောင် ကျွမ်းကျင်တယ်" ဟု ပန်းချီမျိုးမြင့်က ဆိုသည်။

၎င်းနှင့် ခေတ်ပြိုင် ပန်းချီဆရာများမှာ ပန်းချီမောင်မောင်ကျော်ညွန့် (အဖွဲ့)၊ ညိုဝင်း၊ ဝသုန်၊ ကျော်သောင်း၊ စံတိုး၊ တင်မောင်မျင့်၊ ဇော်မင်း၊ ကာတွန်းငွေကြည် စသဖြင့် ဖြစ်သည်။

"သူ့ပန်းချီတွေရဲ့ ထူးခြားချက်က အရောင်တွေလှတယ်၊ အရောင်အတွဲအဖက် သိပ်ကောင်းတယ်။ လူပုံတွေနဲ့ တခြားရှုခင်း။ မြင်ကွင်းတွေ တွဲဖက်ရေးတဲ့အခါ အထားအသိုဖွဲ့စည်းမှု သိပ်ကောင်းတယ်။ ပန်းချီတင်မကဘဲ ဒီဇိုင်း ဖန်တီးမှုမှာလည်း တော်တော် အဆင့်မြင့်တယ်၊ ကျွမ်းကျင်တယ်။ ရေးဆေး အထူအပါး ၂ မျိုးစလုံး ပိုင်နိုင်တယ်။ ဆီဆေးကားတွေ တခါတရံ ရေးပေမယ့် ရေဆေးလောက် လူကြိုက်မများဘူး" ဟု ပန်းချီမျိုးမြင့်က ပြောသည်။

ပန်းချီမောင်မောင်သိုက်၏ ဇနီးဖြစ်သူ ဒေါ်ချိုမှာ နှစ်အတန်ကြာကတည်းက ကွယ်လွန်ပြီးဖြစ်၍ ယခု ပန်းချီမောင်မောင်သိုက် ကွယ်လွန်ချိန်တွင် သားသမီး ၂ ဦး ကျန်ခဲ့ကြောင်း သိရသည်။

ပန်းချီမျိုးမြင့်က "သူက စိတ်ရင်းကောင်းတယ်၊ လူချစ်လူခင်များတယ်။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနဲ့ တခြား အနုပညာ နယ်ပယ်က လူတွေနဲ့လည်း ချစ်ခင်ရင်းနှီးတယ်။ စာနယ်ဇင်း ပန်းချီနယ်မှာ သူ့ခေတ်ရယ်လို့ အခိုင်အမာရှိခဲ့တယ်" ဟု ဆိုသည်။

၁၉၇၁ ခုနှစ်မှ ယနေ့အချိန်အထိ သူ့စတိုင်၊ သူ့ဟန်အတိုင်း ရေးဆွဲနေသော သူ့တပည့်များ များစွာ ရှိနေဆဲဟု ၎င်းက ဆက်ပြောသည်။

"မြန်မာပြည်က ပန်းချီဆရာ အတော်များများဟာ အရက်နဲ့ ဆေးလိပ်ကြောင့် သက်တမ်းပြည့်အောင် မနေကြရဘူး သိပ်နှမြောဖို့ကောင်းတယ်" ဟု သူက ဆိုသည်။

ပန်းချီမောင်မောင်သိုက် ကွယ်လွန်သွားရခြင်းသည် အနုပညာလောက၊ ပန်းချီလောက တခုလုံးအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်ဟု နာရေးကူညီမှု အသင်း အတွင်းရေးမှူး စာရေးဆရာမ သန်းမြင့်အောင်ကပြောသည်။
"နာရေးကူညီမှုအသင်းဟာ မြန်မာ ပြည်သူအားလုံးအတွက် အကျိုးပြု နေတာပါပဲ။
ဒါပေမယ့် အခုလို အနုပညာ လောကက ကိုယ့်ထက် တတ်သိတဲ့ ကိုယ့်ဆရာတွေရဲ့ နောက်ဆုံးအချိန်မှာ ကူညီခွင့်ရပြန်တော့ သူတို့ကို ပူဇော်ခွင့်ရတာပဲလို့ ခံယူတယ်" ဟု သူက ဆိုသည်။

ပန်းချီဦးမျိုးမြင့်က ၎င်းအတွက် အလွန်တန်ဖိုးကြီးသော မြင်ဆရာတဦး ကွယ်လွန်သွားသည့်အတွက် စိတ်ထိခိုက်ရကြောင်း ပြောသည်။

"သူ့လက်ရာတွေကို အတုယူ ရေးဆွဲခဲ့ကြတဲ့လူတွေထဲမှာ ကျနော်လဲပါတာပေါ့။ လူချင်းလည်း သိပ်ရင်းနှီးတယ်။ အစ်ကိုလို ပါပဲ။ သူ့အတွက် မေတ္တာပို့ ဆုတောင်းပေးရုံပဲ တတ်နိုင်ပါတယ်။ အခုဟာက လူသာမန်သက်သက်ကို ဆုံးရှုံးရတာတင် မကဘူး သူ့ရဲ့ ဖန်တီးမှုအနုပညာတွေကိုပါ တပါတည်း ဆုံးရှုံးရတာ ဆိုတော့ ဆုံးရှုံးမှုက ကြီးမားလှပါတယ်" ဟု သူက ဆိုသည်။

Source:> http://www.facebook.com/l/CAQC-Ky51AQDNPVpIqYjX2Obu1XTpdP7k1OyPsNq6vQ8c0w/tiny.cc/6ogdo


အပျိုကြီးမမ များအတွက်

အပျိုကြီးမမ များအတွက်  ဘီယာမတိုက်ချင်နေပါ  Myanmar Runဆိုရင်ကျေနပ်ပါတယ်။     အမြည်မကြွေုးလဲရပါတယ်  ငါးမုန့်ကြော်ဆိုဝမ်းသာပါပြီ။     ဆေးလိပ်မတိုက်ချင်နေပါ  ဖက်ကြမ်းလောက်ဆိုရင်ပဲရပါပြီ။     ကွမ်း   မယာ ပေးချင်နေပါ  သွားဝယ်ပေးရင်အဆင်ပြေပါတယ်     ဖဲ ဖိုးမပေးချင်နေပါ  လက်စွပ်ချွပ်ပေးရင်ပဲကျေနပ်ပါတယ်။     ထို့သို့နားလည်နိုင်သောသူကို  လက်လွပ်သွားမည်ဆိုရင်တော့  အပျိုမမကြီးတွေ  ရင်ထုပြီးကြွေကွဲရပါလိမ့်မည် ။။။။
Ka Bar Shar 05 August 20:07
အပျိုကြီးမမ များအတွက်

ဘီယာမတိုက်ချင်နေပါ

Myanmar Runဆိုရင်ကျေနပ်ပါတယ်။



အမြည်မကြွေုးလဲရပါတယ်

ငါးမုန့်ကြော်ဆိုဝမ်းသာပါပြီ။



ဆေးလိပ်မတိုက်ချင်နေပါ

ဖက်ကြမ်းလောက်ဆိုရင်ပဲရပါပြီ။



ကွမ်း မယာ ပေးချင်နေပါ

သွားဝယ်ပေးရင်အဆင်ပြေပါတယ်



ဖဲ ဖိုးမပေးချင်နေပါ

လက်စွပ်ချွပ်ပေးရင်ပဲကျေနပ်ပါတယ်။



ထို့သို့နားလည်နိုင်သောသူကို

လက်လွပ်သွားမည်ဆိုရင်တော့

အပျိုမမကြီးတွေ

ရင်ထုပြီးကြွေကွဲရပါလိမ့်မည် ။။။။


"နေ့တစ်နေ့ရဲ့ ည"

"နေ့တစ်နေ့ရဲ့ ည"  ညအမှောင် ကြယ်ရောင်မလင်း ခြံထဲမှာ ဆေးလိပ်တိုနဲ့ တစ်ယောက်တည်း ငါ ဆွေးကောင်းနေတုန်း ရှေ့နားက အိမ်နီးချင်းက ၀ုတ်... ၀ုတ်... ၀ုတ် လှမ်းနှုတ်ဆက်တယ်... ဆွေးစိတ်တွေ ပျောက်။     ။
Ko Set 05 August 15:10
"နေ့တစ်နေ့ရဲ့ ည"

ညအမှောင်
ကြယ်ရောင်မလင်း
ခြံထဲမှာ
ဆေးလိပ်တိုနဲ့
တစ်ယောက်တည်း ငါ
ဆွေးကောင်းနေတုန်း
ရှေ့နားက အိမ်နီးချင်းက
ဝုတ်... ၀ုတ်... ၀ုတ်
လှမ်းနှုတ်ဆက်တယ်...
ဆွေးစိတ်တွေ ပျောက်။ ။


၂ယောက်ပျော်ရမယ့် အဖြစ်ကို မရနိင်ရင်...

1.၂ယောက်ပျော်ရမယ့် အဖြစ်ကို မရနိင်ရင် ၂ယောက်ငိုရမယ့်အဖြစ်ကိုတော့ မလုပ်ချင်ဘူး …နင်ပျော်ပါ…ငါငိုမယ်ချစ်သူ ……း ) 2. ငါသာ လှေနံနှစ်ဖက်နင်းဖြစ်မယ် ဆိုရင်… နင့်ဘက်ကို ပိုပိုသာသာလေး နင်းပေးပါ့မယ် နင်လှေနစ်ပြီး မြန်မြန်သေအောင်လို့လေ..:P 3. အာဇာနည်ကခွင့်ပြုတယ်ခွင့်လွတ်တယ်…..ငါကတော့အဆိပ်ခပ်မယ်ရိုတ်သတ်မယ် လိုအပ်ရင်အက်ဆစ်နဲ့ပါပက်မယ် ဒါဘဲ နားလည်လား!!!!! 4. ချစ်သူ… မင်းငါ့ကို facebookမတွေ့ရင် onlineမှာလည်းလာမရှာနဲ့ သူများတကာတွေလို တခြားသူရင်ခွင်ထဲမှာလည်းသွားမရှာနဲ့ ချောက်ထဲခုန်းဆင်းခဲ့ ငါသိုင်းကျမ်းရှာနေတယ်…. 5. ချစ်သူ… မင်းငါ့ကို facebookမတွေ့ရင် onlineမှာလည်းလာမရှာနဲ့ သူများတကာတွေလို တခြားသူရင်ခွင်ထဲမှာလည်းသွားမရှာနဲ့ မင်းမောနေမယ် ငါပုန်းနေတာ အရက်ဆိုင်နဲ့ ဘီယာဆိုင်မှာ…း) 6. ချစ်သူ… မင်းငါ့ကို ဖုန်းဆက်လို့မရရင် onlineမှာလည်းလာမရှာနဲ့ သူများတကာတွေလို တခြားသူရင်ခွင်ထဲမှာလည်းသွားမရှာနဲ့ မင်းမောနေမယ် မင်းရင်ခွင်ထဲငုံ့ကြည့်လိုက် ငါပုန်းနေတာ မင်းရင်ခွင်ထဲမှာလေ…း) 7. အရှေ့တွင်အချစ်မိုင်1500 ရှိသည် အမုန်းကျည်ဆံ မာနနှလုံးသား အသည်းခွဲဓား မျက်ရည်ဗုန်း တို့ကို528မိုင်တွင်ထားခဲ့ပါ… 8. မိုးမိုးကပြောတယ် ငါမှားလားမင်းမှန်လားတဲ့ လင်းလင်းကပြောတယ် ငါဘက်ကမှားတာပါတဲ G-Latt ကပြောတယ် နှစ်ယောက်စလုံးမှားခဲ့တယ် အောင်လကတော့ မှားတာရှိရင်တောင်းပန်ပါတယ်တဲ့ ကဲ….. ကြားထဲကငါက ဘာလုပ်ရမလဲ(တလောကလုံးမှားတယ်..ငါမှန်တယ်) 9. ဆရာ့ကို ဆရာလာမလုပ်နဲ့ ဆရာလည်း ဆရာ့ ဆရာတွေကို ဆရာမလုပ်ခဲ့ဘူး ဆရာ့ကို ဆရာလုပ်တာလည်း ဆရာမကြိုက်ဘူး ဆရာ့ကို ဆရာလုပ်ချင်ရင် ဆရာ့ထက် ဆရာဖြစ်အောင် ဆရာ့ဆရာတွေဆီမှာ ဆရာဖြစ်သင်တန်း သွားတက်လိုက် 10. သတိ! နတ်ကြီးသည်… ဂွကြီးကြီးနှင့် ကြပ်ပါ မကြပ်တတ်လျှင် နတ်ပြုံးမည် နတ်ပြုံးလျှင် ပြန်ရီပြလိုက်ပါ… 11. အပေါဆုံးကပိတ်ဆံပဲ မွေးရာပါအားနည်းချက်ကဆော်ကြည်တာ စိတ်ညစ်ရတဲ့အထဲမှာလေးစားမှုတွေအရမ်းရနေတာလည်းပါတယ် ဘာလုပ်လုပ်အောင်မြင်နေတော့ တခါတလေလည်း လေတာပေါ့ 12. ငါနင့်ကိုချစ်တဲ့..အချစ်မျိုးနဲ. နင်တစ်ခြားတစ်ယောက်ကို ချစ်တတ်လာမယ်.အချိန်ရောက်လာမှာ ငါအကြောက်ဆုံးပဲ။…….. 13. ဖေဖော်ဝါရီ 14 ရောက်ခါနီးမှ ချောကလက်ကိုမျှော်ပြီး ရည်းစားလာမတော်နဲ့ ..လွန်ခဲ့တဲ့ခြောက်လအတွင်းက ကြိုက်ခဲ့တဲ့ရည်းစားကို ဇီးပြားတောင် ကျွေးဖူးတာမဟုတ်ဘူး …:P 14.
Prickly Heat 05 August 15:03
1.၂ယောက်ပျော်ရမယ့် အဖြစ်ကို မရနိင်ရင် ၂ယောက်ငိုရမယ့်အဖြစ်ကိုတော့ မလုပ်ချင်ဘူး …နင်ပျော်ပါ…ငါငိုမယ်ချစ်သူ
……း )
2. ငါသာ လှေနံနှစ်ဖက်နင်းဖြစ်မယ် ဆိုရင်… နင့်ဘက်ကို ပိုပိုသာသာလေး နင်းပေးပါ့မယ် နင်လှေနစ်ပြီး မြန်မြန်သေအောင်လို့လေ..:P
3. အာဇာနည်ကခွင့်ပြုတယ်ခွင့်လွတ်တယ်…..ငါကတော့အဆိပ်ခပ်မယ်ရိုတ်သတ်မယ် လိုအပ်ရင်အက်ဆစ်နဲ့ပါပက်မယ် ဒါဘဲ နားလည်လား!!!!!
4. ချစ်သူ… မင်းငါ့ကို facebookမတွေ့ရင် onlineမှာလည်းလာမရှာနဲ့ သူများတကာတွေလို တခြားသူရင်ခွင်ထဲမှာလည်းသွားမရှာနဲ့ ချောက်ထဲခုန်းဆင်းခဲ့ ငါသိုင်းကျမ်းရှာနေတယ်….
5. ချစ်သူ… မင်းငါ့ကို facebookမတွေ့ရင် onlineမှာလည်းလာမရှာနဲ့ သူများတကာတွေလို တခြားသူရင်ခွင်ထဲမှာလည်းသွားမရှာနဲ့ မင်းမောနေမယ် ငါပုန်းနေတာ အရက်ဆိုင်နဲ့ ဘီယာဆိုင်မှာ…း)
6. ချစ်သူ… မင်းငါ့ကို ဖုန်းဆက်လို့မရရင် onlineမှာလည်းလာမရှာနဲ့ သူများတကာတွေလို တခြားသူရင်ခွင်ထဲမှာလည်းသွားမရှာနဲ့ မင်းမောနေမယ် မင်းရင်ခွင်ထဲငုံ့ကြည့်လိုက် ငါပုန်းနေတာ မင်းရင်ခွင်ထဲမှာလေ…း)
7. အရှေ့တွင်အချစ်မိုင်1500 ရှိသည် အမုန်းကျည်ဆံ မာနနှလုံးသား အသည်းခွဲဓား မျက်ရည်ဗုန်း တို့ကို528မိုင်တွင်ထားခဲ့ပါ…
8. မိုးမိုးကပြောတယ် ငါမှားလားမင်းမှန်လားတဲ့ လင်းလင်းကပြောတယ် ငါဘက်ကမှားတာပါတဲ G-Latt ကပြောတယ် နှစ်ယောက်စလုံးမှားခဲ့တယ် အောင်လကတော့ မှားတာရှိရင်တောင်းပန်ပါတယ်တဲ့ ကဲ….. ကြားထဲကငါက ဘာလုပ်ရမလဲ(တလောကလုံးမှားတယ်..ငါမှန်တယ်)
9. ဆရာ့ကို ဆရာလာမလုပ်နဲ့ ဆရာလည်း ဆရာ့ ဆရာတွေကို ဆရာမလုပ်ခဲ့ဘူး ဆရာ့ကို ဆရာလုပ်တာလည်း ဆရာမကြိုက်ဘူး ဆရာ့ကို ဆရာလုပ်ချင်ရင် ဆရာ့ထက် ဆရာဖြစ်အောင် ဆရာ့ဆရာတွေဆီမှာ ဆရာဖြစ်သင်တန်း သွားတက်လိုက်
10. သတိ! နတ်ကြီးသည်… ဂွကြီးကြီးနှင့် ကြပ်ပါ မကြပ်တတ်လျှင် နတ်ပြုံးမည် နတ်ပြုံးလျှင် ပြန်ရီပြလိုက်ပါ…
11. အပေါဆုံးကပိတ်ဆံပဲ မွေးရာပါအားနည်းချက်ကဆော်ကြည်တာ စိတ်ညစ်ရတဲ့အထဲမှာလေးစားမှုတွေအရမ်းရနေတာလည်းပါတယ် ဘာလုပ်လုပ်အောင်မြင်နေတော့ တခါတလေလည်း လေတာပေါ့
12. ငါနင့်ကိုချစ်တဲ့..အချစ်မျိုးနဲ. နင်တစ်ခြားတစ်ယောက်ကို ချစ်တတ်လာမယ်.အချိန်ရောက်လာမှာ ငါအကြောက်ဆုံးပဲ။……..
13. ဖေဖော်ဝါရီ 14 ရောက်ခါနီးမှ ချောကလက်ကိုမျှော်ပြီး ရည်းစားလာမတော်နဲ့ ..လွန်ခဲ့တဲ့ခြောက်လအတွင်းက ကြိုက်ခဲ့တဲ့ရည်းစားကို ဇီးပြားတောင် ကျွေးဖူးတာမဟုတ်ဘူး …:P
14. "ငါဟာ" …နင့်ရဲ့မျက်ရည်တစ်စက်ဆိုရင် နင်နှုတ်ခမ်းထက် ငါကြွေကျပြီး နင့်နှလုံးသားထဲထိ စီးဆင်းမယ်။ နင့်သာ ငါရဲ့မျက်ရည်တစ်စက်ဆိုရင် ဒီတစ်သက် ငါမငိုတော့ဘူး။ နင့်ကို ဆုံးရှုံးမှာစိုးလို့ပါ..
15. နင်စိတ်ညစ်တဲ့အချိန်တိုင်းမှာ နင့်ရဲ့အနားမှာ ငါရှိချင်…နင်နေခွင့်ပေးမလား…? ငါစိတ်ညစ်တဲ့အချိန်တိုင်းမှာ နင့်ကိုစကားတွေ ငါပြောချင်…နင်နားထောင်ပေးပါလား…?
16. ပိန်တော့ဆေးသမား.. ၀တော့အရက်သမား.. ရည်းစားမရှိတော့အခြောက်.. ရှိတော့နှာဘူး.. နိုင်တော့ ကြက်ကန်း ဆန်အိုးတိုး … ရှုံးတော့သောက်သုံးကိုမကျဘူး.. တစ်ခုမှမလွတ်တဲ့လောကကြီးပါလား
17. နင်စိတ်ပျက်အားငယ်နေတဲ့အခါ ငါ့ကိုခေါ်လိုက်ပါ နင်အငိုတိတ်အောင်လုပ်ပေးဖို့တော့ ငါကတိမပေးနိုင်ဘူး သေချာတာကတော့ ငါနင်နဲ့အတူလိုက်ငိုပေးမှာပါ။
18. အကြင်နာမရ ၀ိုင်သာချ..အပီသာရင်ကွဲ ဘီယာဆွဲ.. အချစ်ကိုစိတ်နာ ဆေးလိပ်ဖွာ..အချစ်ကြောင့်ရင်ကွဲ ၀ီစကီဆွဲ…အချစ်ကိုသပိတ်မှောက် ထမ်းရည်သောက်..အချစ်ကိုမေ့ပစ် ဂိမ်းဆိုင်လစ်
19. အရှုံးလည်းမပေးတတ်ဘူး အနိုင်လည်းမယူတတ်ဘူး လိုချင်တာတော့ရှိတယ် နားလည်မှု……
20. အရောင်မရှိတဲ့ရေတောင် ပင်လယ်လုပ်ပြီး ပြာသေးတာပဲ Online ကလူတွေ မာယာနဲ့ညာနေတာလည်း မဆန်းပါဘူးလေ … ။
21. ချစ်တယ်နော် အလိုမလိုက်ဘူး….. ! ဖုန်း ၀ယ်ပေးမယ် လိုင်း မတပ်ပေးဘူး! အိမ် ၀ယ်ပေးမယ် အိမ်ထဲ ပေးမ၀င်ဘူး! ကား ၀ယ်ပေးမယ် ကားသော့ မပေးဘူး! အင်္ကျီ ၀ယ်ပေးမယ် ပေး မ၀တ်ဘူး ~~~~~~~~
22. *ငါနင့်ကို မမေ့ပါဖူး.. နင့်စိတ်ထဲ ငါမရှိတော့လို့ ငါနင့်ကို အေးစက်သွားတာ…. ငါနင့်ကို မမုန်းပါဖူး… နင့်အချစ် ငါ့အတွက်မဟုတ်တော့လို့ ငါနင့်ကို ရင်မခုန်တော့တာ….**
23. သမီး..နာမည်။။ဂေါ်ဖီထုပ်။။။မြို့မှာ.ဂေါ်လီလုပ်…
ဂေါ်လီလုပ်ပြီးစတန့်ထွင် ~~~ ၇ည်းစားကိုးယောက်.အဖတ်တင်…
အဖတ်တင်လိုမ၀သေး~~ထပ်တွဲဖို့ကလက်မနှေး……
ဘဲမျက်ခုံပေါ်..စင်္ကြန်လျှောက်..တစ်နေ့ကျတော့..ခြေချော်မှောက်း)
ခြေချော်မှောက်ကာမမှတ်သေး~~~~အန်ကယ်ကြီးးနဲ့ခိုး၇ာလိုက်ပြေး
~~~အန်ကယ်ကြီးကလဲ..သေရွှာလားးးး….သမီးးးဘ၀..နားတွေကား
ဇာတ်သိမ်းမလှ..သမီးးဘ၀…….နာမည်အသစ်တစ်ခု၇…..
….၇တဲ့နာမည်..နားဝင်ဆိုး………
ကိုးခုလတ်နဲ့….တစ်မုဆိုး ခိခိခိခိခိ။။။
(just funny )
24. ငါက နင်ပြုံးနေရင်!!~ ကျေနပ်သူ နင်ငိုနေရင်~~!အနေခက်သူ! !!နင့်ကိုမတွေရရင်!!မနေတတ်သူ~~ ~~နင်လိုသမျှ ~~ပေးဆပ်ချင်သူ ~~နင်မှားသမျှလည်း ~~မငြိုငြင်တတ်သူ~~!! နင့်ကို!! ဒီလို !!ရူးသွပ်သူ!!<~~ !_!
25. VALENTINE DAY မှာ တစိမ့်စိမ့်ကြည့်စရာဆိုလို့ Monitor ရယ်.တယုတယကိုင်စရာဆိုလို့ Keyboard ရယ်..လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ Mouse ရယ် တီတီတာတာလေး ဆိုလို့ မီးပျက်ရင်အော်တဲ့ UPS …ပဲရှိတယ်…
26. ငါလွမ်းလို့သေသွားရင် တရားခံကနင်နော်……:P
27. အချစ်ဆိုတာ ငါ့အတွက်တော့ အပျင်းစားသံယောဇဉ်ဘဲ…….
28. My name is မဲတုတ်….I Live in တဲစုတ်…. I only eat ပဲပြုတ်… I walk in လမ်းစုတ်.. So I meet မိပုတ်… I give her အမှိုတ်ထုတ်… So she beats me with ထီးစုတ်…. And I run into တောအုပ်… I play with ကျားစုတ်… Now I am ၀ဲကုတ်… So my skin is ပြဲစုတ်… And I go to doctor ရမ်းတုတ်…..This message read မျောက်ရုပ်
29. ချောတာကြိုက်ရင် မင်းသားတွေရှိတယ်။ ချမ်းသာတာမှလိုချင်ရင် သူဌေးသားတွေရှိတယ်။ အပြောကောင်းတာကြိုက်ရင် ပွဲစားတွေရှိတယ်။ ဂုဏ်မက်တယ်ဆိုရင်လဲ စစ်ဗိုလ်တွေရှိတယ် ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ ငါ့ဆီကိုလာခဲ့။
30. I say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။ I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။ I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။
31. မင်းကိုတွေ့ချင်ရင် မင်းဓာတ်ပုံထုတ်ကြည့်တယ် မင်းကိုလွမ်းရင် မင်းအကြောင်းစဉ်းစားတယ် မင်းအသံကြားချင်ရင် ခွေးကိုခဲနဲ့ပေါက်တယ်…
32. ဝ မရှိပဲ ဝိ မလုပ်နဲ့… ဝ ဝ စား.. ဝေးဝေးနေ.. ဝါးတားတားနဲ့ ဝေ့လည်ကြောင်ပတ်လုတ်ပြီး ဝူးဝူးဝါးဝါးနဲ့ဝင်မရှုပ်နဲ့.. .. ဝုန်းဒိုင်းကြဲပြီး… ဝိုက်ထည့်လိုက်လို့…. ဝ ရုန်းသုံးကား ဖြစ်သွားမယ်
33. ပြတ်တုန်းလပ်တုန်း ၂၃ … ဟိုချေးဒီချေး ၂၄ … သတ်သတ်လွတ်စား ၂၅ … ရေသောက်ဗိုက်မှောက် ၂၆ … အိုးမှောက်ခွက်သွန် ၂၇ … အမေ့အလစ် ၂၈ … အိမ်ကပြန်ခိုး ၂၉ … ပေါင်ဟယ်ဆုံးဟယ် ရက် ၃၀ … ဟိုကစ်ဒီကစ် ၃၁……
34. ငါချစ်လို့ နင်စိတ်ညစ်မယ်ဆို.. နင်မသိအောင်ငါချစ်မှာပေါ့ … မုန်းဖို့တော့မခိုင်းနဲ့လေ……… မေ့ဖို့ဆို ပိုဝေးတယ် …… စဉ်းစားကြည့်ပါလား…. ဘယ်တရားမလဲ.. ငါ့လဲငါ့ခံစားချက်နဲ့ငါပဲဟာ
35. ♥ ♥ငါ ချစ်သလောက် မချစ်လဲ နေပါ♥ ♥ငါ လွမ်းသလောက် မလွမ်းလဲ ၇ပါတယ် ♥ ♥မင်း ထားခဲ့ မယ် ဆိုလဲ ♥ ♥ငါကျေနပ်ပါတယ် ♥ ♥ဒါပေ့မယ် တိုက်ဆိုင် မှုလေး တွေ၇ှိ၇င်တော့ သတိ၇ပေးပါဟာ♥ ♥…ငါတောင်းပန်ပါတယ်
36. လာပါအချစ်ရယ်….. ဖဲသွားရိုက်မယ်… ဘောပွဲလောင်းမယ်… ၂လုံးထီထိုးမယ် ကြည်နူးဖွယ်… ထီကြီးပေါက်ဖို့ ရည်စူးရွယ်ကာ ဘုရားကိုတက်….. ကန်ဘောင်မှာ တူတူထိုင်ကာ ၃လုံးကိုတွက်…… Oh Yes, Oh Yes.
37. နှလုံးသားထဲ"အိမ်မြောင်"စုတ်ထိုးသံကြားကတည်းက ကိုယ်စိတ်တွေ"တောက်တဲ့"ဖြစ်ချင်နေတာ…. ရင်တွေလည်း"မျောက်"ခုန်ခုန်ပြီး "ဇီးကွက်"လိုအိပ်ပျက်ညတွေနဲ့ "လဒ"မှိုင်မှိုင်နေရတဲ့အဖြစ် ချစ်လိုက်စမ်းပါ.
38. ချစ်သူဆီကအပြန်ဖိနပ် မှတ်လို့ကောက်စီးလာတာ ငါ့မာနတွေဖြစ်နေတာပဲ… တော်တော်တောင်ပါးနေပြီပဲ ရှိပါစေတော့ငါကချစ်တာကိုး………
39. Gtalk ဖွင့်တိုင်း Chat နေတယ်မထင်နဲ့ ပြန်မပြောလို့မကျေနပ်ရင် ဘလော့လိုက် ငါဘလော့ထားတဲ့လူစာရင်းက မင်းတို့မြို့ရဲ့ လ၀ကရုံးက လူစာရင်းထက်များတယ် နားလည်လား …း(
40. Gtalk ဖွင့်တိုင်း Chat နေတယ်မထင်နဲ့ နားလည်လား နားမလည်ရင် နှစ်ခါပြန်ဖတ် နှစ်ခါပြန်ဖတ်လို့မှနားမလည်ရင် ငါ့ (IQ)တော်တော်နိမ့်တာဘဲဆိုပြီး သတ်သေလိုက်..း(
41. Hay! Girl ငါဆိုတဲ့Boy က online သုံးပီး Q နေတာမဟုတ်ဘူး….မကျေနပ်ရင်ဘလော့လိုက်..ဂရုမစိုက်ဘူး…..
42. နာမည်မေးခါနီးရင် Connection က ကျပြီ….လိမ်စာမေးခါနီးရင် Connection က ကျပြီ….ဖုန်းနံပါတ်လေးပြောခါနီးရင် Connection က ကျပြီ …နင် တနေ့ဝဋ်လည်မယ် Connection….ဟင်းးး
43. ရည်းစားထားရတာဟာ Bus ကားစီးရသလိုဘဲ ထွက်သွားတဲ့ ကားကို ပြေးမလိုက်နဲ့ မောတယ် ခနစောင့် နောက် တစ်စီးလာ လိမ့်မယ်…….
44. သတိ!!!!နားရင်းအုပ်တတ်သည် ကြည့် ဟိုင်း ပါ..း(
45. ငါ့ကို ဆိုးတယ် ဆိုးတယ် နဲ့ပြောကြတယ် မဆိုးပါဘူး မယုံရင် တစ်ပတ်လောက်ပေါင်းကြည့်ပါလား အဆင်မပြေ၇င် မေမေနဲ့ တိုင်ပေါ့…:P
46. တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE…..
47. အသောက်ပြတ်ရင် အသက်ပျောက်သွားမှာစိုးလို့…..အသက်မပျောက်အောင် အသောက်မပြတ်ပါ…….း)
★* 。 • ˚ ˚ ˛ ˚ ˛ • •。★.★ 。* 。 ° 。 ° ˛˚˛ * Π____*。*˚ ˚ ˛ •˛•˚ */______/~\。˚ ˚ ˛ ˚ ˛ •˛• ˚ | 田田 |門| ˚
48.ကျွဲပါးစောင်းတီးတဲ့…… ဆို၇က်လိုက်တာ… ..တစ်ဖက်စောင်းနင်းစကားတွေ… မြက်လောက်မချိုတဲ့ဂီတကို မခံစားပေးနိုင်တာ ကျွဲအပြစ်ဆို၇င်……. စောင်းသမားလည်း မြက်စားကြည့်ပါလား… ဂီတလောက်ချိုမလားလို

49.အချစ်ဆိုတဲ့အရာသာ အလေးချိန်ရှိမယ်ဆိုရင် ချိန်ပြလိုက်ချင်တယ် မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကိုပေါ့
50.To Say ပြတ်ပြတ်သားသား. I am ကလေးသာသာ. So I Live ရိုးရိုးသားသား. I Have No ရည်းစား. But I am not အားအားယားယား. Because I am စာကြိုးစား. .And ဒီ Massage ဖတ်တဲ့သူများ ရည်းစား .. !!
51.အကြူဇယားတွေနဲ့ ရှုပ်နေတာလို့ ထင်နေတာလား ~~~ မင်းသိဖို့ က အကြူဇယား၊အချူဇယားဆိုတာတွေ ငါမသိဘူး ~~~ Ok ရင် Chat မယ် ~~~ မ Ok ရင် Block မယ် ~~~ သိပ်ရစ်လွန်းရင် Block List ထဲမှာထာဝရနေရမယ် ~~~ မင်းရောနေချင်လို့ လား ?
52.ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…♥♥♥
53.ငါ့အသည်းက အက်နေတာ.နော်.. နင်လိုချင်ရင်..အနည်းဆုံးတော့. ပတ်တီးမဟုတ်ရင်တောင်… ပလာစတာလေး တော့ ယူခဲ့ဟာ…. လောလောဆယ် ကိုင်လို.ကို မရတာ.. .. ထိတာနဲ့ ကွဲမှာဆိုးလို. ငါတောင်.. ဂျောင်ထိုးထားရတယ်.. ။။။။
54.နောက်ငါရေးတဲ့ ကဗျာတိုင်းဟာ…မင်းအတွက်လို့ ရည်စူးမိရင်..ငါ့လက်ကိုအင်္ဂုလိမာလဆီအပ်ပစ်လိုက်မယ်….ငါမင်းကိုသေအောင်မုန်းတယ်

55.U See I See 2ယောက်စီးတော့ ဆိုက်ကားလေးတာပေါ့ U Say I Say 2ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့ U Known IKnown 2ယောက်နိုးတော့ သူခိုးပြေးတာပေါ့ U Chat ICHat 2ယောက်ချက်တော့ ထမင်း အမြန်ကျက်တာပေါ့…
56.ဟိတ် ~ ဟိုကောင်လေး ခုချက်ချင်းရပ်စမ်း!! အမယ် ~ ငါ့အသည်းကိုများ ဓားနဲ့လှီးဆော့နေသေးတယ် …. နာတော့မယ်~!! အောင်မာ .. ဘုရှိုးလာရှိုးမနေနဲ့!!! နင့်လက်ဓားရှမှာစိုးလို့ တားနေတာ ~ ဟွန့်*
56. နင်မမှားပါဘူး ငါမမှန်ခဲ့တာ နင်မလာခဲ့ပါဘူး ငါမျှော်လင့်နေမိတာပါ နင်မချစ်ခဲ့ပါဘူး ငါသာရူးမိုက်ခဲ့တာ စုတ်ပြတ်သတ်ခဲ့တဲ့ ရင်ခုန်သံတွေအတွက် နောက်ဆုံးအပြစ်ပိုင်ရှင်က ငါပါဟာ….!!!!
57.လွမ်းလောက်စရာ…. .အဆင့်မရှိဘဲ……..မာန်တတ်ပြမနေနဲ့…….နင့်ကိုကြွေလို့……..မျက်ရည်ကျတဲ့ရည်းစားတွေထဲမှာ……….ငါမပါဘူး……..မလွမ်းဘူးနော်………ကြိုက်သလိုလုပ်နိုင်တယ်… 1 Go, 2Come, 3 Ready, 4 Wait ကျေနပ်တယ်


Thursday, 4 August 2011

Do not believe in anything because you have heard...

Do not believe in anything because you have heard it; do not believe in traditions because they have been handed down from many generations; do not believe in anything because it is rumoued and spoken by many; do not believe in anything because it is found written in your religious Books; do not believe in anything merely on the authority of your analysis when it agrees with reason and is conducive to the good and benefit of one and all then accept it and live up to it*
Prickly Heat 05 August 14:12
Do not believe in anything because you have heard it; do not believe in traditions because they have been handed down from many generations; do not believe in anything because it is rumoued and spoken by many; do not believe in anything because it is found written in your religious Books; do not believe in anything merely on the authority of your analysis when it agrees with reason and is conducive to the good and benefit of one and all then accept it and live up to it*


False friends are like our shadows keeping close...

False friends are like our shadows keeping close to us which we walk in the sunshine but leaving us the instant we cross into the shade
Prickly Heat 05 August 14:11
False friends are like our shadows keeping close to us which we walk in the sunshine but leaving us the instant we cross into the shade


ငှက်ဆိုရင် ကောင်းကင်မှာ ပျံနိုင်ရမယ်

ငှက်ဆိုရင် ကောင်းကင်မှာ ပျံနိုင်ရမယ် ငါးဆိုရင် ရေမှာ ကူးနိုင်ရမယ် မြွေဆိုရင် တွင်းဝင်ဖြောင့်ရမယ် ကျားဆိုရင် တောကျွမ်းကျင်ရမယ် ဆင်ဆိုရင် သစ်လုံးဆွဲနိုင်ရမယ် ဗျိုင်းဆိုရင် ငါးရှာတတ်ရမယ် ကြောင်ဆိုရင် ခြေသံလုံရမယ် ကြွက်ဆိုရင် ဖောက်ထွင်းနိုင်ရမယ် ခွေးဆိုရင် အနံ့ခံတတ်ရမယ် နွားဆိုရင် ဘယ်ထွန်နိုင်ရမယ် တိရိစ္ဆာန်တိုင်းလိုလို သူ့ကိုယ်ပိုင်စွမ်းရည်တွေ ရှိကြတယ်။ ဒါဆို လူဆိုရင်ကော... အသိဥာဏ်ရှိရမှာပေါ့ အမှားနဲ့အမှန် ၊ အကျိုးနဲ့အကြောင်း အကောင်းနဲ့အဆိုး ၊ ကုသိုလ်နဲ့ အကုသိုလ် ခွဲခြားနားလည်တတ်တဲ့ အသိဥာဏ်ရှိမှ လူလို့ခေါ်နိုင်မယ်  ကောင်းသန့်
Prickly Heat 05 August 14:03
ငှက်ဆိုရင် ကောင်းကင်မှာ ပျံနိုင်ရမယ်
ငါးဆိုရင် ရေမှာ ကူးနိုင်ရမယ်
မြွေဆိုရင် တွင်းဝင်ဖြောင့်ရမယ်
ကျားဆိုရင် တောကျွမ်းကျင်ရမယ်
ဆင်ဆိုရင် သစ်လုံးဆွဲနိုင်ရမယ်
ဗျိုင်းဆိုရင် ငါးရှာတတ်ရမယ်
ကြောင်ဆိုရင် ခြေသံလုံရမယ်
ကြွက်ဆိုရင် ဖောက်ထွင်းနိုင်ရမယ်
ခွေးဆိုရင် အနံ့ခံတတ်ရမယ်
နွားဆိုရင် ဘယ်ထွန်နိုင်ရမယ်
တိရိစ္ဆာန်တိုင်းလိုလို
သူ့ကိုယ်ပိုင်စွမ်းရည်တွေ ရှိကြတယ်။
ဒါဆို လူဆိုရင်ကော...
အသိဥာဏ်ရှိရမှာပေါ့
အမှားနဲ့အမှန် ၊ အကျိုးနဲ့အကြောင်း
အကောင်းနဲ့အဆိုး ၊ ကုသိုလ်နဲ့ အကုသိုလ်
ခွဲခြားနားလည်တတ်တဲ့ အသိဥာဏ်ရှိမှ
လူလို့ခေါ်နိုင်မယ်

ကောင်းသန့်


သီချင်းဆို၍ ငိုရသည်

သီချင်းဆို၍ ငိုရသည်  ပေဖူးလွှာ မဂ္ဂဇင်းချစ်စွာသော အယ်ဒီတာက စာပေသက်သက်ဖြစ်သော ဆောင်းပါး တစ်ပုဒ်ကို ရေးပါဘိဟု ငါ့ထံ ချဉ်းကပ်လာခဲ့သည်။
Ka Yin Lay 05 August 09:51
သီချင်းဆို၍ ငိုရသည်

ပေဖူးလွှာ မဂ္ဂဇင်းချစ်စွာသော အယ်ဒီတာက စာပေသက်သက်ဖြစ်သော ဆောင်းပါး တစ်ပုဒ်ကို ရေးပါဘိဟု ငါ့ထံ ချဉ်းကပ်လာခဲ့သည်။"စာပေသက်သက်" ဟူသော စကားဖြင့် သူဘာဆိုလိုသည်ကို ငါရိပ်မိပါ၏။ နိုင်ငံရေးနှင့် ပတ်သက်သော ဆောင်းပါးကို သူက ငါ့အား မရေးစေလို။
ငါသိသည်။ ဤလောဘဇော အတော မသတ်နိုင်သော ဓနရှင် နယ်ချဲ့သမားတို့ ခေတ်၌ ဤအရှက်မရှိ၊ အညှာအတာ မရှိသော ကြီးနိုင်ငယ်ညှဉ်း ခေတ်၌ စာပေ သက်သက်ကို သာရေး မနေတော့နိုင်။ သာယာ ချိုမြသည့် ချိုးကူသံက လေးကိုသာ ကြည်နူး၍ မနေတော့နိုင်။ နယ်ချဲ့သမား သရဲ သဘက်များ၏ ဗုံးသံ သေနတ်သံသည် လက်ကာ၍ ထားသော နားတွင်းသို့ ချဉ်းနင်းဝင်ရောက် လာလေပြီ။ ဤအကြောင်းကို ငါသိပါ၏။ သို့သော် ကတိပေး ပြီးဖြစ်သဖြင့် သူ့အလိုကျ စာပိုဒ်များကို ရေးနိုင်ရန် အတန်တန် စဉ်းစား၏။ အိမ်တွင် ထိုင်စဉ်းစား၍ မရသောကြောင့် လမ်းလျှောက်ရင်း အကြံယူရန် ထွက်ခဲ့လေသည်။

ရန်ကုန်မြို့မိုးဥတု ကောင်းကင်သည် ညှို့မှိုင်းလျက် ရှိ၏။ စိမ်းစိုသော သစ်ပင်များ အပေါ်၊ နီမြန်းသော တိုက်ခန်းကြီး အပေါ်တို့မှ ထိုးထွက်ကာ ညှို့မှိုင်းသည့် ကောင်းကင်ရှေ့တွင် ဟိုက်ကုတ် နာရီစင်ကြီးသည် မားမား ကြီး ရပ်နေ၏။ အညိုကျောခံတွင် ဖြူစင်စွာ ပေါ်နေသော နာရီ မျက်နှာကြီးမှာ ခြောက်နာရီ ခွဲအချိန်ကို ပြနေလေ၏။ ဘုရင်မ ပန်းခြံတွင်းရှိ လူအုပ်လည်း ကွဲစပြုလေပြီ။ ငါလည်း ပတ်ဝန်းကျင်ရှိ သာယာမှုကို ရှုစားရင်း လေသန့်လေကောင်း ကလေးများကို ရှူစပြုလေပြီ။ ရှေ့မြက်ခင်းကြီးမှာ ကတ္တီပါ ကော်ဇော စိမ်းကြီးနှင့် တူသည်ဟု ယူဆစပြုလေပြီ။ ဆူးလေဘုရား၏ တောက် ပြောင်သော ရွှေရောင်ကို ကြည်ညိုစ ပြုလေပြီ။ အတိုချုပ်အားဖြင့် ဆိုသော် စာပေ သက်သက်ဖြစ်သော စာတစ်ပုဒ်ကို ရေးနိုင်လောက်ပြီဟု ထင်စပြုလေပြီ။

ထိုအခိုက် ပန်းခြံအပြင် ဘက်မှ
"ထောင်ရောင်နေ၊ မှောင်မှောင်ချွေ၊ နန်းအမရ ရွှေဘုံ မြေ၊ ရဝေ ရဝေ၊ ရဝေ နန်းမှာ ဘုန်းတော်ရောင် ထွန်းပါဘိလေး" ဟု ခပ်ကျယ်ကျယ် ဆိုလိုက်လေသော သီချင်းသံကို ငါကြားရလေသည်။ သီချင်းမှာ ကျယ်သလောက် ကောင်း၏။ လူကြီးသံကား မဟုတ်၊ ကလေးသံပင် ဖြစ်၏။ နွားကျောင်းသားကလေးများ မန် ကျည်းပင်ပေါ်က တက်ဟစ် လိုက်သလို အချွဲအဟဲ နည်း နည်းဖြင့်ပင် ကောင်းလေသည်။ ငါသည် အသံလာရာသို့ ကြည့်လိုက်ရာ ပန်းခြံအပြင် ဘက် အုတ်တလင်းပေါ်တွင် လူတစ်အုပ်ကို မြင်ပေ၏။

ငါတော့ သွားကြည့်ပြီး သီချင်း တဆိုဆိုနှင့် ပျော်နေတဲ့ ကလေးအကြောင်း စာရေးမယ်။ ဒီတစ်ခါ စာပေသက်သက် ဖြစ်တော့မှာပဲ။
ငါသည် အပြင်ရောက်၍ လူအုပ်ကြားသို့ တိုးဝင်၏။ သူတို့ ၀ိုင်းထားသော အလယ်ခေါင်တွင် ဆယ့်နှစ်နှစ်သား အရွယ် သူငယ်ကလေးသည် စက္ကူကို ထောင်နေအောင် ခေါင်းပေါင်းထား၏။ ကျပ်တည်းစွာ ၀တ် ထားသော ထိုင်မသိမ်း အင်္ကျီမှာ လက်ယာဘေးက ပြဲနေ၏။ ပန်းရောင်တွဲ လုံချည်တစ်ပတ် ရစ်ကို တောင်ရှည်ဖြစ်သလို ၀တ်ထား၏။ မျက်နှာကိုဖြူနေ အောင် ပေါင်ဒါ ရိုက်ထားရာ မျက်ခုံးပေါ်တွင် ပေါင်ဒါဖုံးလျက် ရှိ၏။ ပုဆိုးစကို ၀ဲခနဲ ၀ဲခနဲကိုင်ပြီး ခြေတစ်ဖက်ကို ကြွ၊ခြေတစ်ဖက်ကို ဖနောင့်နှင့် နင်းထားပြီး ပတ်ချာလည်ကာ ကနေလေ၏။ သူ့အနီးတွင် ဆယ်နှစ်မျှရှိသော မိန်းကလေး မှာလည်း ခါးတောင်အင်္ကျီ၊ အချိတ် ထဘီတြို့ဖင့် ဆင်ထားသည့် အပြင် ဆံရစ်ကလေးကို ကောင်းစွာ ချထားပြီး တစ်တောင် မျှသော ဆံပင်ကို ဘီးစပတ် ပတ်ထားလေ၏။ ပေါင်ဒါကို ဖွေးနေအောင် လူးထား၏။ မျက်လုံး ကလေးများမှာ နီနေလေ၏။ သူသည် ခွက်ကလေးဖြင့် ကြည့်နေသူများအား ပိုက် ဆံခံနေလေ၏။

သူ့မျက်နှာကား ညှိုးနွမ်းလျက် ရှိ၏။ သူတို့ နှစ်ယောက်၏ အရွယ်နှင့် ရုပ်ကို ကြည့်ပြီး သူတို့သည် မောင်နှမ ဖြစ်သည်ဟု ငါ ဆုံးဖြတ်၏။
သူငယ်ကလေးကား သီချင်း အမျိုးမျိုးကို ရောက်တတ်ရာရာ ဆိုရင်း ချွေးဖြိုင်ဖြိုင် ကျအောင် ကနေ၏။ နားထင်နှင့် လည်ပင်းရှိ အကြောများကား ဖောင်းကြွယှက်သန်း လျက်ရှိ၏။ သူ့မျက်နှာမှာ ပင်ပန်းသော လက္ခဏာ မရွှင်သော လက္ခဏာတို့သာ ထင်လေ၏။ အသက် မရှိသော ခေါင်းတိုင်မှ ဥသြသံမြည်သလို စိတ်မပါသော ပါးစပ်မှ သီချင်း များ ထွက်လျက်ရှိပေ၏။ သူ့ နှမကလေးသည် ခွက်တွင် ပိုက်ဆံကို ခလောက်ခလောက် နှင့် အသံပေးပြီး "ထည့်ကြပါ၊ သနားကြပါ၊ ကိုကိုတို့၊ မမတို့၊၊ ဘာဘူကြီးတို့ရှင့်" နှင့် တောင်းခံနေလေ၏။

ငါသည် နားအရသာ လည်း မခံနိုင်၊ မျက်စိအရသာ လည်း မခံနိုင်၊ နွေအခါ ညနေစောင်း တိုက်အိမ်တွင်း ၀င်မိ သူနှင့် တူပေ၏။ စိတ်များစွာ အိုက်သွား၏။
ပရိသတ်ထဲမှ လူတစ်ယောက်က "ပိုက်ဆံပေး မယ်။ နှစ်ပါးသွား ကပြကြဦး" ဟု အမိန့် ပေးလိုက်လေရာ
"ဟုတ်တယ် ဟုတ်တယ် ၀မ်းစမိုး"

"အခြား ပိုက်ဆံဒေးကား"

"နှစ်ပါးသွားကလေး ဟေ့" ဟု အော်သံတွေ လိုက်လာ ကြ၏။ ငါသည် ထွက်ပြေးချင်၏။ ခက်ပါဘိသည်။ စိတ်အား ထက်သန်သော ပွဲကြည့် လာသူများသည် ထွက်ပေါက် မရအောင် ညပ်လျက် ရှိ၏။ ငါ့မှာ ကြက်တိုက်ပွဲထက် ရိုင်းသော တိုက်ပွဲကို မကြည့်ချင်ဘဲ ကြည့်ရတော့မည်ဟု စိတ်နှလုံး တုန်မိပါ၏။
မောင်နှမနှစ်ယောက်မှာ မင်းသမီး၊ မင်းသားလုပ်၍ ကရန်မှတစ်ပါး အခြားမရှိ တော့ပေ။ မင်းသားက ခေါင်းကလေးငဲ့၊ ခါးကလေးထောက် ထည့်ပြီး
"ကဲ ကြိုးစားလိုက်ကြဦးစို့ နှမရေ" ဟု ခေါ်၏။

နှမကလေးမှာ ပိုက်ဆံခွက်ကို အ၀တ်ပုံနား ချထားပြီး"နှမကလေး ခိုင်သဇင်က အတိုင်ပင်ခံရန် အဆင်သင့်ပါပဲ မောင်မောင်"ဟူ၍ လက်တစ်ဖက်ဖြင့် ခါးထောက်၊ လက်တစ်ဖက်ဖြင့် ချည်ထုပ်စက္ကူ ယပ်တောင်ကို ခတ်လေ၏။
"နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ်၊ မန်းချစ်သည့် အပျို"

ငါကား ခေါင်းငုံ့ကာ မျက်စိမှိတ်ပြီး အဆင်မတည့်သော လောကကြီးကိုသာ စိတ်နာနေတော့၏။ ဤကလေးများသည် ဆင်းရဲသား ဆင်းရဲ သမီးများ ဖြစ်ကြ၏။ ဘာအလုပ်မျှ လုပ်စရာ မရှိ။ တောင်းရမ်းကာသာ စားရ၏။ တောင်းရမ်းစားသောက်သူကလည်း ပေါလာသဖြင့် ရိုးရိုးနည်းဖြင့် တောင်းမရ။ သို့ကြောင့် ဆိုက နှစ်ပါးသွား၍ တောင်းရမ်း ရှာ၏။ "ဒါဟာ အင်မတန် အဆင်မပြေဘူး။ မွဲရင် ငတ်ဖို့ ငိုဖို့သာ ရှိတယ်။ ခုတော့ ငို မနေအားရှာတော့ဘူး။ သီချင်း ဆိုပြီး အငတ်ပြေရတယ်။ နှစ်ပါးသွားပြီး အမွဲဖျောက် ရတယ်။ သေမယ့် ရောဂါဒဏ် မသေခင်ကလေး ခံနိုင်အောင် ဘိန်းကျွေးပြီး သတ်တာနဲ့ ဘာထူးသေးသလဲ။ ဘာထူးသေး သလဲ" ဟု စိတ်တွင် အခဲ မကြေစွာ မေးနေဆဲ။

"အဲဒါမှ ကျွန်ုပ်မယားပါ။ မောင်မောင် အသည်းစွဲ ချစ်ရတဲ့ မယား။ ဒါကြောင့် အချော အလှတွင် ညီသဟေ့။ ဇောဘ၀င် ကြည်မြေ့ မရွေ့နိုင်ဘူး။ မြေညွန့်ကိုသာ ဟာဟာ၊ ဒဂုံပရ မေ ရှေ့တော်မှာ မယုံသရွေ့ ကျိန်ပြမှာ၊ မင်းအပေါ်မှာ မလော်မာပါဘူး။ တော်ရာ ပျော်ကာကြူးခဲ့ရင် စူးပါစိ စိန္တေယျာ" ဟုဆိုပြီး ပုဆိုးမြိတ်ကို ရုပ်သေးမင်းသားဟန် ဇတ်ခနဲ ဆွဲဆွဲပြီး ကွေးနေအောင် က လေ၏။ မင်းသားပြီးသွားသော အခါ မင်းသမီးက မောင်တော် အား ယပ်တောင်ကလေးဖြင့် ခပ်ပေးရင်း
"နှစ်ဦး ကံဆုံသရွေ့၊ အထူးဥာဏ် ဘုံဓလေ့၊ ကြုံတွေ့ ပြန်ရတာ၊ အို စိတ်ထင်ရာ ပြောမှာ။ အို နှစ်ဦး ကံဆုံသရွေ့၊ အထူး ဥာဏ်ဘုံဓလေ့၊ ကြုံတွေ့ ပြန်ရတာ၊ အို စိတ်ထင်ရာ ပြောမှာ။ မနောစေတနာ၊ မနသီစွဲ ရယ်နဲ့ ကျွန်မ အတည်ပဲ ရယ်လို့ မြဲတော်မူသင့်ပါ"
အေးမြကြည်လင်စွာ သီဆိုပြန်လေ၏။

သြော် ဒါမှ ငိုချင်းအစစ်ပဲ။ ဇာတ်ထဲ၊ ရုပ်သေးထဲမှာ ငိုချင်းက စိတ်ပါလက်ပါ မဟုတ်ဘူး။ ဟောဒါကမှ တကယ့် စိတ်ပါတဲ့ ငိုချင်းဟု ငါသဘော ပေါက်လာပြီး ရှေ့ဆက်၍ သည်းမခံနိုင်သဖြင့် ပြန်ရန် နောက်လှည့်လိုက်သော အခါ လူတစ်ယောက်က
"ကောင်လေးရော ကောင်မလေးရော အသံသိပ် ကောင်းတယ်။ အဆိုကို ကျကျ သင်ပေးရရင်" ဟု ပြောဆဲ
"ဟန်ကျမှာပေါ့။ ခေါ်လာရင် မကောင်းဘူးလား။ တို့ကုမ္ပဏီမှာလည်း သပိတ် မှောက်နေကြလို့ အသံထွက် ရိုက်တုန်း ဆိုပေးမယ့် လူလိုနေ တယ်"ဟု အခြားတစ်ယောက် က အကြံပေးသံကို ကြားရ သည်။

"ဟုတ်တယ် ကုလားကြီး ကလည်းတို့က လူရှာပေးလို့ သိပ်ကျေးဇူးတင်မယ်"

"ပြီးတော့ ကလေးတွေ ကတော့ တောင်းစားတာတွေ ဆိုတော့ ပိုက်ဆံများများ ပေးဖို့ မလိုဘူး"

ငါ့မှာကား တိုက်ဆွေးကြီး အောက်ရောက်နေခိုက် ငလျင် သံကို ကြားသကဲ့သို့ ရှိတော့ သည်။ အတင်းတိုးထွက်သော အခါ
"နို့ပေမယ့် ကုလားကြီး ကိုတော့ ဈေးကောင်းကောင်း ချရမယ်" ဟူသော နောက် ဆုံးစကားကို ကြားရပါသေး သည်။ ငါသည် နောက်က လိုက်တောက်နေသော မီးမှ လွတ်အောင် ပြေးရသကဲ့သို့ ထိုပွဲကလေးမှ အဝေးသို့ ပြေးခဲ့သည်။ ရှေ့သို့လည်း ဝေးဝေးမကြည့်တော့။ ဘေးမှ ရှိသမျှ အသံများကိုလည်း ကောင်းကောင်း မကြားတော့ဘဲ လျှောက်လာခဲ့ရာ
"လာလာ လိုက်မလား ဆရာ။ ဟိုး ဟိုး တက်တက်" ဟုခေါ်သော ဘတ်စ်ကားပေါ်သို့ ဘယ်လိုကြောင့် တက်မိသည် မသိ၊ တက်လိုက်ပါသည်။ ဘယ်သို့ သွားနေသည် ကို မသိပါ။ ငါလည်း ဘယ်သော အခါမှ စာပေသက်သက် ဆောင်းပါးကို ရေးနိုင်မည် မသိပါ။

သိန်းဖေမြင့်
(ဒဂုန်မဂ္ဂဇင်း၊ အတွဲ (၁၉)၊ အမှတ်(၁)၊ စက်တင်ဘာလ ၁၉၃၈)
မှတ်ချက်။ ။ ထိုစဉ်က ဘဂျပ်ဘားမား ရုပ်ရှင်မှာ သပိတ်မှောက် နေကြလေသည်။

....................................... ....................................
ကွယ်လွန်သူ စာရေးဆရာကြီး (ဦး)သိန်းဖေမြင့်၏ ငယ်မူလက်ရာ ဖြစ်ပါသည်။ ဆောင်းပါးအဖြစ်မှ ၀ထ္ထုအဖြစ်သို့ ညင်သာသိမ်မွေ့စွာ ကူးပြောင်းသွားသော အရေးအသားကို နှစ်သက်စရာ ဖြစ်ပါသည်။ ၀ထ္ထု၏ သက်တမ်းမှာ နှစ်ပေါင်း(၇၀)ကျော်ခဲ့ပြီ ဖြစ်သော်လည်း၊ ကြွယ်ဝသူက နွမ်းပါးချို့တဲ့ သူကို ဥာဏ်ရှိသူကို အားကြီးသူက အားနည်းသူကို အနိုင်ယူတတ်၊ လှည့်ဖြားတတ်၊ အညှာတာ ကင်းမဲ့တတ်သော သဘောကို ပြဆိုရာတွင် ယခုတိုင် ခံစားဆင်ခြင်နိုင်ဖွယ် ရှိသည်ဟု ထင်မြင်ပါသဖြင့် ထပ်မံပုံနှိပ်ဖော်ပြရင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ပေဖူးလွှာ မဂ္ဂဇင်း


နေ့သစ်တစ်နေ့

နေ့သစ်တစ်နေ့  မွေးဖွားလာခဲ့ပြီ ။ သင်တို့ အတွက်
Thaw Zin 05 August 09:29
နေ့သစ်တစ်နေ့
မွေးဖွားလာခဲ့ပြီ ။
သင်တို့ အတွက်
" မင်္ဂလာ " မည်သော
ကိစ္စရပ်များကို
ဆောင်ကျဉ်းလာသည့်
နေ့ သစ်ဖြစ်ပါစေ ..... ။


ငါနင် ကို လွမ်းနေတယ်။။ပန်းကျောင်းလေးရေ....

ငါနင် ကို လွမ်းနေတယ်။။ပန်းကျောင်းလေးရေ.... အဆောင်ရှေ့ ကအလွမ်းတွေ နင်နဲ့ အတူထိုင်ခဲ့တဲ့ အဆောင်ရှေ့ခုံတန်းလေး နင့်အတန်းေ၇ှ့ ကငါဆိုင်ကယ်ရပ်နေကြ ပင်လယ်ကဗွီးပင်တန်း ခရေတွေဝယ်ပြီး ဘုရားတင်ခဲ့တဲ့ တက္တသိုလ် ထဲ ကစေတီလေး နင့်မျက်ရည်တွေ ကိုသုတ်ခွင့်ပေးခဲ့တဲ့ ငါ့ရဲ့ အဝေးကရက်တွေရယ် ငါငိုနေတယ် ၀ါဆိုရယ်။။ နင်က ရှင်မွှေးလွန်း ဆိုပေမဲ့ ငါက မင်းနန္ဒာ မဖြစ်ခဲ့ဘူး နင်မျှော်လင့်သလိုငါတို့ မချစ်ခဲ့ဘူး သွားလေသူရယ် ၊ ကျန်ခဲ့သူရယ် ပြီးတော့မိုးတွေရွာနေတယ်။။ အဆောင်ရှေ့ကသီချင်းတွေကို နင်သယ်သွားတာလား ငါ့ထားခဲ့တာလား။ ကိုအေး ဓါတ်ပုံတွေ ရိုက်နေတုန်း ရွှေခရေ မှာအဆောင်သူတွေ ပျော်နေကြတုန်း ပြီးတော့ ရေ၀တီဆောင်၊ ဧရာဝတီနှင်းဆီ ငါလွမ်းလို့သေခဲ့ပါပြီ။ နင် ဘယ်တော့မှ မမုန်းပဲ ထားခဲ့သူ (သို့မဟုတ်) ငါ ပြီးတော့ ပြန်ပြန်မရောက်ဖြစ်တော့ပါ။။  ကဗျာတွေ နင့်ကြောင့်ဖြစ်ဖြစ်လာတယ်ဆိုတာ ယုံပါ ၀ါဆို ကော့ဒ် အဟောင်းတွေ ရောက်တိုင်း လက်ချောင်းတွေတုန်တုန်လာတာ နင့်ကြောင့်ပါ..၀ါဆို ကဲ..၀ါဆိုမှာငို ၊ ၀ါဆိုမှာထပ်ထပ်ပြီးပြိုတယ်။ နင်သင်ပေးခဲ့တဲ့ ဒဿနတွေ နဲ့ ရူပဗေဒ နင်ရေးခဲ့တဲ့ ခရေတွေ ၊ မြေနံ့သင်းတဲ့  မြက်ဖိနပ်စီး ကဗျာတွေ နင်ကြိုက်တဲ့ တာရာမင်းဝေ ကို ငါကြိုက်ခဲ့တယ်။ နင်ကြိုက်တဲ့ ဟင်းလင်းပွင့်ပုံပြင် ငါလိုက်ရွတ်တယ်။ နင်ပြောခဲ့တဲ့ zero သီဝရီ ထပ်ထပ်ရှင်းခိုင်ရင်း နင်ရေးတဲ့ နင့်ပါရဂူဘွဲ့ စာတမ်းလေးကို ငါဖတ်ခဲ့တယ်။ ငါကြောင့် ကြွေပုတီးလေး ကြိုးပြေပေါ့ ၀ါဆိုရေ.. နင့်ကဗျာတွေပြန်ပြန်ရွတ်နေတုန်း နင်လည်းကောင်းကင်ပေါ်မှာ ကဗျာတွေရွတ်နေလောက်ရောပေါ့။။ မျှော်လင့်ချက်ဆိုတာ....ဘယ်လောက်ရှင်သန်တယ်ဆိုတာထက်....ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာပေါ်မူတည်ပါတယ် ဆိုတဲ့ စံပါယ်ရေ.. ငါခပ်ရင့်ရင့်လွမ်းနေတယ်။ဲJohnyoharmar ( ကဗျာမဟုတ်ပါ)
John Yoharmar 05 August 00:45
ငါနင် ကို လွမ်းနေတယ်။။ပန်းကျောင်းလေးရေ....
အဆောင်ရှေ့ ကအလွမ်းတွေ
နင်နဲ့ အတူထိုင်ခဲ့တဲ့ အဆောင်ရှေ့ခုံတန်းလေး
နင့်အတန်းေ၇ှ့ ကငါဆိုင်ကယ်ရပ်နေကြ ပင်လယ်ကဗွီးပင်တန်း
ခရေတွေဝယ်ပြီး ဘုရားတင်ခဲ့တဲ့ တက္တသိုလ် ထဲ ကစေတီလေး
နင့်မျက်ရည်တွေ ကိုသုတ်ခွင့်ပေးခဲ့တဲ့ ငါ့ရဲ့ အဝေးကရက်တွေရယ်
ငါငိုနေတယ် ၀ါဆိုရယ်။။
နင်က ရှင်မွှေးလွန်း ဆိုပေမဲ့ ငါက မင်းနန္ဒာ မဖြစ်ခဲ့ဘူး
နင်မျှော်လင့်သလိုငါတို့ မချစ်ခဲ့ဘူး
သွားလေသူရယ် ၊ ကျန်ခဲ့သူရယ်
ပြီးတော့မိုးတွေရွာနေတယ်။။
အဆောင်ရှေ့ကသီချင်းတွေကို နင်သယ်သွားတာလား
ငါ့ထားခဲ့တာလား။
ကိုအေး ဓါတ်ပုံတွေ ရိုက်နေတုန်း
ရွှေခရေ မှာအဆောင်သူတွေ ပျော်နေကြတုန်း
ပြီးတော့ ရေ၀တီဆောင်၊ ဧရာဝတီနှင်းဆီ
ငါလွမ်းလို့သေခဲ့ပါပြီ။
နင် ဘယ်တော့မှ မမုန်းပဲ ထားခဲ့သူ (သို့မဟုတ်) ငါ ပြီးတော့
ပြန်ပြန်မရောက်ဖြစ်တော့ပါ။။
ကဗျာတွေ နင့်ကြောင့်ဖြစ်ဖြစ်လာတယ်ဆိုတာ ယုံပါ ၀ါဆို
ကော့ဒ် အဟောင်းတွေ ရောက်တိုင်း လက်ချောင်းတွေတုန်တုန်လာတာ နင့်ကြောင့်ပါ..၀ါဆို
ကဲ..၀ါဆိုမှာငို ၊ ၀ါဆိုမှာထပ်ထပ်ပြီးပြိုတယ်။
နင်သင်ပေးခဲ့တဲ့ ဒဿနတွေ နဲ့ ရူပဗေဒ
နင်ရေးခဲ့တဲ့ ခရေတွေ ၊ မြေနံ့သင်းတဲ့ မြက်ဖိနပ်စီး ကဗျာတွေ
နင်ကြိုက်တဲ့ တာရာမင်းဝေ ကို ငါကြိုက်ခဲ့တယ်။
နင်ကြိုက်တဲ့ ဟင်းလင်းပွင့်ပုံပြင် ငါလိုက်ရွတ်တယ်။
နင်ပြောခဲ့တဲ့ zero သီဝရီ ထပ်ထပ်ရှင်းခိုင်ရင်း
နင်ရေးတဲ့ နင့်ပါရဂူဘွဲ့ စာတမ်းလေးကို ငါဖတ်ခဲ့တယ်။
ငါကြောင့် ကြွေပုတီးလေး ကြိုးပြေပေါ့
ဝါဆိုရေ.. နင့်ကဗျာတွေပြန်ပြန်ရွတ်နေတုန်း
နင်လည်းကောင်းကင်ပေါ်မှာ ကဗျာတွေရွတ်နေလောက်ရောပေါ့။။
မျှော်လင့်ချက်ဆိုတာ....ဘယ်လောက်ရှင်သန်တယ်ဆိုတာထက်....ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာပေါ်မူတည်ပါတယ် ဆိုတဲ့ စံပါယ်ရေ.. ငါခပ်ရင့်ရင့်လွမ်းနေတယ်။

ဲJohnyoharmar
( ကဗျာမဟုတ်ပါ)


”သုခသုမောင်စာပေတိုက်ပွဲ”

Ka Yin Lay 04 August 21:54
"သုခသုမောင်စာပေတိုက်ပွဲ"

ကျွန်တော်သည် ဒါရိုက်တာ အကယ်ဒမီ"သာဓု"၏သား ဖြစ်သော်လည်း ဒါရိုက်တာ အကယ်ဒမီ"သုခ"နှင့် ရုပ်ရှင်အလွန် ရိုက်ချင်ခဲ့ပါသည်။
သို့သော် ကျွန်တော် ကိုယ်တိုင် "အကယ်ဒမီ" ရပြီးသည့်တိုင် ဆရာက ခေါ်မရိုက်ခဲ့ပေ။ ထို့အတွက် ဆရာ့အား မကျေမနပ် ဖြစ်နေခဲ့ပါသည်။
သို့သော် တစ်နေ့တွင် "ဆရာ"က ကျွန်တော့်ထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပါသည်။

"ဆရာသုမောင်ရေ ကျွန်တော်ဦးစီးတဲ့ "အမေများ"နေ့အတွက် ကျွန်တော် ရေးတဲ့ "အမေ" သီချင်းကို တီဗွီရိုက်ရင်း သီဆိုဖို့ ဆရာ့ဆီ အကူအညီ
တောင်းတာပါ" ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်မှာ ဘဘအပေါ် စိတ်ကောက် နေသည်များ ပြေပျောက် ရုံမက ကျေးဇူးတင် ၀မ်းမြောက်လျက်
ဘဘ၏ ခဲတစ်လုံး "ငှက်သုံးကောင် ပစ်နိုင်သော "တင်္ခဏုပ္ပတ္တိ" ဥာဏ်ကို ရှိခိုး ပူဇော်မိပါတော့သည်။

"တီဗွီရိုက် သီချင်းဆို" ဆိုသဖြင့် ကျွန်တော့် အား "အဆိုကျော် ရုပ်ရှင်မင်းသား" အဖြစ် ဘဘ သတ်မှတ်တာ သေချာပါပြီ။ ကိုင်း... "ဆရာ သုမောင်" ဟု "အာလုပ်"သုံးလိုက်ပုံက စာရေး ဆရာ အဖြစ် အသိအမှတ် ပြုကြောင်း ပေါ်လွင် နေပြီကောလေ။ (ဦးတင်လျက်)
ကျွန်တော်မှာ ၁၉၇၃(အောက်တိုဘာ)တွင် "ငယ်အိပ်မက်" ၀တ္ထုတို ရှုမ၀မဂ္ဂဇင်း စင်တော် ကောက်အဖြစ် စတင်၍ စာရေးဆရာဘ၀ ရောက်ရပါသည်။ ၁၉၇၅ တွင် မင်းသားဖြစ်ပြီး ၁၉၇၆ ကျမှ အဆိုကျော် ဖြစ်ပါသည်။ စောစောက ပြောခဲ့သလို ရွှေတြိဂံ နယ်မြေမှာ တစ်ပြိုက်နက် ထင်ပေါ်လာခဲ့သော်လည်း ကျွန်တော့်အရင် နှစ်ပေါင်းများစွာ ကျော်၍ ထိုရွှေတြိဂံ အနုပညာ နယ်ပယ်မှာ အောင်မြင် ကျော်ကြားခဲ့သော "ဆရာ သုခ"နှင့်ကား မဆုံစည်းခဲ့ရပါ။ ဆရာ့ကို လူသိ များတာက အကယ်ဒမီ ၇ ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော်လည်း ဆရာသည် ရုပ်ရှင် သရုပ်ဆောင်လည်း အောင်မြင်ခဲ့ပါသည်။ မင်းသားတော့ မဟုတ်ပေ။ "ဂုဏ်ရည်မတူ" ဇာတ်ကားကြီးတွင် "ပေါက်စီ" "မယ်သုန်" ဟု ဆရာက "ပေါက်စီ"၊ ဒေါ်မေသစ်က "မယ်သုန်" အဖြစ် သူတောင်းစား မောင်နှမအဖြစ် ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့ရာ ပရိသတ် ပါးစပ်ဖျား "ပေါက်စီ" "မယ်သုန်" ခေတ်စား သွားခဲ့ပါသည်။ အခြားဇာတ်ကားကြီးများတွင်လည်း ဆရာသည် အဓိက ဇာတ်ပို့အဖြစ် ရိုက်ကူး အောင်မြင်ခဲ့ပါ သေးသည်။ သို့သော် ဒါရိုက်တာ ဖြစ်လာသော အခါ ဆရာ့သရုပ်ဆောင်ဘ၀ တိမ်မြုပ်သွားခဲ့ရ ပါတော့သည်။ ဒါသည် သစ်ပင်ကြီးကြောင့် လောင်းရိပ်မိ အပင်ငယ်တို့၏ ညှိုးရော်ရသော သဘာဝပင်။

ထို့ထက်ကား ဆရာသည်လည်း (သာဓု၊ မောင်သင်၊ မြတ်လေး၊ ၀င်းဦး စသည်)တို့ ကဲ့သို့ ရုပ်ရှင်၏ အရှိန်အ၀ါ ကြီးမား အောင်မြင်မှုကြောင့် စာပေဘ၀ အရောင် မှိန်သွားရသည်မှာကား ၀မ်းနည်းဖွယ် ကောင်းလှပေသည်။ တကယ်တော့ ဆရာသည်လည်း အချစ် အိမ်ထောင်ရေး စူပါ စာရေးဆရာကြီး တစ်ဆူ အရင်ဆုံး ဖြစ်ခဲ့ပါသည်။ နောင်မှ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတနယ် ၀င်ပါသည်။ ဂီတတွင်လည်း ဆရာသည် တေး သီချင်းအသစ်များစွာ ရေးစပ်သီဆိုခဲ့ပါ သည်။ ဥပမာ ယနေ့တိုင် ပြန်ဆိုမဆုံး ဖြစ်နေသော ဘ၀သံသရာ။

စောစောက ပြောသလို ရုပ်ရှင် (ဒါရိုက်တာ) အဖြစ် သူမတူအောင် ကွယ်လွန်ခါနီးထိ အတုမရှိ ဒါရိုက်တာ ဖြစ်ခဲ့လေရာ ဆရာ၏ သရုပ်ဆောင်၊ ဂီတစာဆို၊ တေးသံရှင်၊ စာရေးဆရာ ဘ၀များ အရောင်မှိန်ခဲ့ရပါသည်။ "အရောင်မှိန်ခဲ့ရ" ဟု လူပြိန်းစကား သုံးရပါသည်။ တကယ်တော့ စာပေသည် စာရွက်ပေါ် မင်စာဖြင့် ပုံနှိပ်ရသော် လည်း ကျောက်ထက် အက္ခရာတင် သကဲ့သို့ နှစ်ပေါင်းများစွာ တင်ကျန်ရစ်သော ဂန္ထ၀င် အနုပညာအမျိုးအစား ဖြစ်ပါသည်။ သို့သော် ခေတ်စကားဖြင့် "စီလီဘရီတီ"တို့ "ပေါ်ပြူလာ"တို့ကဲ့သို့ လူသူပရိသတ် အသိများခြင်း၌ပါးလျား ရသည်ကိုသာ ကျွန်တော်က ယေဘုယျ ဆိုရပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာသည် အသက် ရလာသောအခါ "ဂီတ"နှင့် "စာပေ" မူလဘူတဘ၀ကို တတ်အားသမျှ ပြန် ဖော်ပါသည်။ ဓမ္မစာပေတွေ ရေးပါ သည်။ အထူးသဖြင့် စာဆိုတော် ရာသီ ရောက်တိုင်း စာပေ ဟောပြောပွဲများ လိုက်ပါပါသည်။ ထူးခြားသည်က ဆရာ စာပေဟောလျှင် ဆိုင်းဝိုင်းငှား ခိုင်းတတ်ပါသည်။

ဆရာက (ဘ၀ သံသရာ၊ တေဘုမ္မာ) စသော တေးသီချင်းများ၏ စာပေ အနှစ်သာရကို ဂီတဖြင့် သီဆိုတီးမှုတ်ပြရင်း ပရိသတ် ကို "သကြားအုပ် ဆေးခါး"ကျွေးသလို ခေါ်ယူစည်းရုံးခြင်း ဖြစ်ပါသည်။ စာပေ ဟောပြောပွဲ ပရိသတ် ဆိုသည်မှာ အနုပညာပရိသတ် တကာတို့တွင် အမြင့်ဆုံး ဟုဆိုရသော်လည်း ကြိုးကြား ဆိုသလို စာရေး ဆရာတွေ ရယ်စရာ "ဟာသ"ပြောပြ၊ "သီချင်းဆိုပြ" စသည်ကို စိတ်ဝင်စားကြသူများ ပါဝင်တတ် ပါသည်။ (ခုနှယ်ခါ ထိုအစွဲ ပိုကဲနေ ပါသည်။) ဆရာကတော့ သူအကယ်ဒမီ ၇ ဆုရအောင် ပရိသတ်ကို စည်းရုံး နိုင်သော ဥာဏ်စွမ်းရှိသူ ပီပီ ထိုကဲ့သို့ စာပေပွဲမှာ ဆိုင်းဝိုင်း တွဲခြင်း ဖြစ်ပါ သည်။

ရိုးရိုးကြီးဝန်ခံရလျှင် ဆရာ၏ ထိုအပြုအမူကို ကျွန်တော် မနှစ်သက်ခဲ့ရိုးပါ။ (ဟိုစဉ်က ဖြစ်ပါသည်။) ထိုနည်းတူ စာရေးဆရာတွေ သံသေးသံကြောင် ဖြင့် (အချို့လည်းကောင်း ရှာပါသည်။) စာပေပွဲမှာ သီချင်းတွေ အသားလွတ် ဆိုတာ စာပေ ဂုဏ်ပျက်သည် ဟု ကျွန်တော်က လူငယ်ပီပီ အတွေး ဆတ်ပါသည်။ ထို့ကြောင့် ထိုစဉ် (၁၉၇၀/ ၈၀)၀န်းကျင်က စာပေပွဲများသို့ ကျွန်တော်လိုက်ပါ ဟောပြောရာ၌ ဘယ်အခါမျှ သီချင်း ဆိုမပြခဲ့ပါ။ မဆို ရုံမက (ငယ်ဂုဏ်မောက်ပြီး) သီချင်း ဆိုသော စာရေး ဆရာများကို ကျွန်တော် ဒိုင်ခံ ကန့်ကွက်ခဲ့ပါသည်။ စင်မြင့် ပေါ်မှာပင် ပြောင်ပြောင်တင်းတင်း ဘုကန့်လန့်တိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာက ပြောအားရှိသည်။ ဟုတ်ပါ့။ ကျွန်တော်က နိုင်ငံကျော် အဆိုတော်တစ်ပိုင်း ဟုတ်လား။ သည် တော့ အနိုင်နှင့်ပိုင်းသော "စာရေး ဆရာ သုမောင်" အား အခြား စာရေးဆရာများ က မချေပနိုင်ရှာ။ ဒါကို အခွင့်ကောင်း ယူပြီး လိုသည်ထက် ပို၍ ဆော်ပလော် တီးတတ်သော ကျွန်တော်မှာ "ဆရာ သုခ"နှင့် စာပေပွဲများမှာ ကြုံလျှင် ငြိမ်ကုပ်နေရပါသည်။ ဆရာသည် ပြောကြ ကြေးဆိုလျှင် ကျွန်တော်၏ အနုပညာ အဘိုး ဟုတ်လား။ ကျွန်တော့် ဖခင် "သာဓု" ထက် သူက စောသည်လေ။

သည်လိုနှင့် မှတ်မှတ်ရရ (၁၉၈၂) တွင် တောင်ဥက္ကလာ (၁၃) ရပ်ကွက်၌ "သုခ"၊ "သုမောင်"၊ "မြတ်ထန်" တို့သုံး ဦးသား ဂိုဏ်းစာပေဟောပြောပွဲ ကျင်းပ ပါသည်။ ဆရာမြတ်ထန်မှာ အသက်ကြီး သော်လည်း စာဝါနုသဖြင့် ရှေ့ဆုံးမှ တက်ဟောရပါသည်။ ပြီးတော့ ၀ါအရင့် ဆုံး ဆရာသုခက ဒုတိယ။ အကြောင်း ကား အဆိုကျော် မင်းသား စာရေးဆရာဟု နာမည်ကြီးနေသော စီလီဘရီတီ "သုမောင်"ကို ဆန်ခံရန် "မျောက်"ပြဖို့ နောက်ဆုံးမှာထားသတဲ့။
သည်လိုနှင့် ဟောကြပြောကြလေ ရာ ဆရာသုခ အလှည့်တွင် ထုံးစံအတိုင်း "တေဘုမ္မာ"နှင့် "ဘ၀သံသရာ"သီချင်း များ၏ စာသားကာရန်၊ အဓိပ္ပာယ်၊ ဓမ္မ ဒဿန စသဖြင့် လေးနက်စွာ ဟောရင်း ပေါ့ပေါ့ပါးပါးလည်း သီချင်း ဆိုပြပါသည်။ အသက်ကြီးပြီမို့ အသံ မရတော့ သော်လည်း အဆိုကောင်းတော့ ပရိ သတ်က သဘော တွေ့ပါသည်။ နော့် သော် သူတို့ မျှော်နေကြတာက "နုနုငယ်ငယ် ဂုဏ်တက်နေသည့်" သုမောင်၏ အဆို။

ဤတွင် ဆရာသည် တေးသီချင်း များသည် စာပေ ၀တ္ထုများထက် ပရိ သတ်ကို ပို၍ ဖမ်းစားနိုင်ကြောင်း၊ သြဇာ ကြီးမားကြောင်း စကားစပ်မိပါ တော့သည်။ သဘောမှာ တေးသီချင်းများ "ပေါက်" ပြီဆိုလျှင် ပရိသတ်က လိုက်ဆိုရုံမက ထိုတေးပါ အကြောင်း အရာကိုလည်း တုပမှီငြမ်းကြတော့ ကြောင်း ဖြစ်သည်။ အလွန်ကောင်းသော ရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော် ဥပမာ ပေးရာ၌ ဆရာသည် ကျွန်တော့်ဘက် လက်ညှိုးထိုးပြီး (ထိုစဉ် က စာရေးဆရာများမှာ စင်မြင့်ပေါ်မှာ ငုတ်တုတ်ထိုင်ကြရသည်။)

"ဟော... ဆရာ သုမောင် ရှေ့တွင်ပဲ သူ့အဖေ ကိုသာဓုရေးတဲ့ သီချင်း တစ်ပုဒ် ဥပမာ ပေးရဦးမယ်ဗျ။ ဘာ တဲ့... "တင့်တင့်တို့အရွယ်" ဆိုတဲ့ သီချင်း "ဒီအရွယ် တင့်တင့်တို့အရွယ် ကျွန်မ ကျွန်မတို့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ရူးနှမ်းနှမ်းအရွယ်___ အိပ်ချင်ရာအိပ် သွားချင်ရာသွား___ အားအားရှိတော့ အလှပြင်တယ်" တဲ့။ "အကယ်၍သာ" ဆိုတဲ့ သူရိုက်တဲ့ ဇာတ်ကားမှာ မြတ်မွန် ဆိုတာပေါ့။ ဟာ... တစ်နိုင်ငံလုံး ဟိုးဟိုးကျော် သွားတဲ့ သီချင်းဗျ။ လူကြီးလူငယ် ကျား၊ မ မရွေး အားအားရှိ လိုက်ဆိုရ တဲ့ ခေတ်စားတဲ့သီချင်း ဆိုပါတော့ ဗျာ... အဲ အဲ ပြဿနာက စောစောက ကျွန်တော်ဆိုသလို ဆိုကြည့်စမ်းဗျာ။ အပျိုမတမ်းကလေးတစ်ယောက် အိပ် ချင်ရာအိပ်၊ သွားချင်ရာ သွားဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့(ပရိသတ် လက်ခုပ်သံများ) (သုမောင် အခံရခက် မျက်နှာအောက်ဝှက်) သီချင်းပေါက် တော့ လူငယ်တွေ လိုက်ဆို၊ ပြီးတော့ လုံမငယ်တွေ လိုက်တု၊ မခက်လားဗျာ။ ဒါကြောင့် ဂီတဟာ ပရိသတ်ကိုစည်း ရုံးရာမှာ လက်နက်ကောင်း။ သတိထား သင့်တယ်" စသ ဖြင့် ရိုးရိုးသားသား ဝေဖန်အကြံပြု ပြောကြားသွားရှာပါ တယ်။ နော့ပေတည့် ခလုတ်က ထိတာ "အမိ" မဟုတ် "အဖ" ဖြစ်နေလေရာ ကျွန်တော့်မှာ မခံချိမခံသာပေါ့။ ပြီးတော့ ကျွန်တော့် ရှေ့ထားပြီး ကျွန်တော့်အဖေ ဝေဖန်တာဆိုတော့ ကျွန်တော့်မှာတာဝန် ရှိလာပါပြီ။ ဒါ့ပြင် နောက်ဆုံးမှပြောရ မှာမို့ တစ်ပန်းသာသည်။ ပိတ်တွယ်ရုံ ပေါ့။ ကျွန်တော် တေးမှတ်ထားလိုက် တော့သည်။
ရောက်ပါပြီ ကျွန်တော့် အလှည့်။ ပရိသတ်ဆိုတာ လက်ခုပ်သြဘာ မိုးလုံး ညံပေါ့။ နုနုနယ်နယ် အရွယ်ကောင်း နာမည်ကြီးဆိုတာက တစ်ပိုင်း၊ စော စောက ဆရာ"သုခ" ကျွန်တော့် "အဖေ" ကို တွယ်ထားတာ ဘာပြန်ပြောမလဲ၊ ဘာသီချင်းတွေဆိုမလဲ... ပေါ့လေ။

ကျွန်တော်ကလည်း ဒေ၀ဒတ်ထုံး နှလုံးမူပြီး စကားလုံး "ကျောက်မောင်း" ဆင်ပြီးသားဖြစ်၏။
"လေးစားရပါသော စာပေ ၀ါသနာရှင်များခင်ဗျား..." အစချီပြီး ဘာမျှ နိဒါန်း မပျိုးဘဲ (ဆရာသုခရဲ့သြ၀ါဒတွေ ကောင်းကြောင်း ချီးမွမ်းရသည်။ ဒါမှ မြှောက်ပြီးရိုက်တဲ့ ဘော်လီဘောလို ကျွန်တော့်ရိုက်ချက် ပိုပြင်းမှာကိုး။)

"ဆရာကြီး ဘဘဦးသုခက ကျွန်တော့် ဖခင်ရေးတဲ့ တင့်တင့်တို့ အရွယ် သီချင်း ဆိုပြတာလည်း ကောင်းပါ့၊ ရှင်းပြတာလည်း သူ့အဆိုအတိုင်း (စာသားအတိုင်းကော) ဟုတ်ပါလိမ့် မယ်။ နော့ပေတဲ့ ဆရာများ အသက်ကြီး လို့ မကြားတကြား အမှတ်သညာတွေ မှားသလား မသိဘူး။ တကယ်က ကျွန်တော့်ဖခင် သာဓု ရေးတဲ့ အဲဒီ သီချင်းထဲက စာသားက "အိပ်ချင်ရာ အိပ်... သွားချင်ရာသွား..." မဟုတ် ရပါ ခင်ဗျာ။ "အိပ်ချင်ရင် အိပ်... ထချင်မှထ"ပါ။ အပျိုဖြန်း မတမ်းမလေး ဆိုတာက အိပ်ချင်တဲ့ အချိန် အိပ်လိုက်မှာပဲ၊ ထချင်တဲ့ အချိန်မှ ထလာ မှာပဲဆိုတဲ့ ကလေးစိတ်မကုန်သေးတာ ကို ဆိုတာပါ။ ဆရာ ဘဘဆိုပြတာနဲ့ အဓိပ္ပာယ်ကွာပါတယ်။ (လက်ခုပ်သံ များ) စသဖြင့် ငယ်ဂုဏ်မောက်တဲ့ ဒေ၀ဒတ် ၀င်စားသူ သုမောင် ပြန်တွယ် ပါလေရော။ ပရိသတ်ကလည်း တသောသော။ ဒါနဲ့ မကျေသေးဘူး။ လူ့သဘာဝ နိုင်ရင် ဖိတွယ်တတ်သည့် အတိုင်း။

"အသက်ကြီးလို့ အသံတွေ တုန်နေတဲ့ ဘိုးဘိုးကြီး ဆရာသုခ သီချင်းတွေ ဆိုပြတာ ပညာရပေမယ့် မြန်မာ ပြည်မှာ အသံဘုရင် အခေါ်ခံရတဲ့ သုမောင် စာပေပွဲမှာယောင်လို့မှ သီချင်း မညည်းဘူးဆိုတာ ကတိပေးသဗျ" ဆိုပြီး အလင်္ကာရသ နှောလို့ ဆရာ့ကို သာသာလေး ကောမိပါတယ်။ ဆရာ့ လှည့်ကြည့်တော့ ကွမ်းကလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ။ ဆရာ မြတ်ထန်ကတော့ အားနာတာလား၊ သူရို့လူကြီးချင်း "မှတ်ပလား" ဆိုတဲ့ သဘောနဲ့လား၊ ကျီစယ်ပြုံးလို့။

ဒီတွင် အကောင်းအဆိုး တစ်ခုခု ဖြစ်လာရင် သာရာဘက်က ဖိထောင်း တတ်တဲ့သဘာဝ၊ အနုပညာတစ်ခုခု အောင်မြင်လာရင် နောက်ဆက်တွဲတွေ ထပ်လုပ်တတ်တဲ့ သဘာဝက သုမောင် ဆိုတဲ့ မနူးမနပ် စီလီဘရီတီလေးကို မြှောက်ထိုးပင့်ကော် လုပ်ချပါလေရော။
"ပရိသတ်များခင်ဗျာ တကယ် တော့ စောစောက ဓမ္မ သီချင်းတွေနဲ့ တရား ပြသွားတဲ့ ဘဘဦးသုခရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ကိုင်စွဲထားတဲ့ စာပေ မူဝါဒကို ဖောက်ဖျက်ပြီး နည်းနည်း သီဆိုပြပါမယ်။ (လက်ခုပ်သြဘာသံ များ) ဘာတဲ့... "စိတ်ညစ်လို့ အရက်ကို သောက်တယ်___အရက်သောက်တော့ စိတ်သိပ်ညစ်တယ်___လူမှာသာ ငွေ မရှိရင် လင်ယူမိတာ နာတယ်ထင်တယ် ___ငွေကိုသာ ရေလိုသုံးရင် တစ်ပြည် လုံးမှာ လုပ်သမျှတင့်တယ်___လမ်း လယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ် မယ်___ ပါတဲ့ ခင်ဗျာ"
စသဖြင့် ပီသကြည်မြတဲ့ သုမောင် ရဲ့ဂီတနဲ့ ဖျော်ဖြေရင်း ဆရာ့ကို ခပ်ပြင်း ပြင်းနင်းပြောမိပါရော။

ဟောပြောပွဲပြီးတော့ တစ်လမ်းစီမို့ ဆရာက သီးသန့်ပြန်ပါတယ်။ ဆရာ မြတ်ထန်နဲ့ ကျွန်တော်က ကားတစ်စီး ပါ။ အဲဒီမှာ မထိတ်သာ မလန့်သာ စကားတစ်ခွန်း ဆရာမြတ်ထန်က ပြော ပါတယ်။ "ကိုသု... နည်းနည်းများ ဒေါသ သံ ပါသလားလို့" တဲ့။ ဆရာဟာ စစ်ဗိုလ်လူထွက် စာရေး ဆရာပေမယ့် စကားပြော အလွန်နူးညံ့ပါတယ်။ (စကားမစပ် ကျွန်တော် ခဲလုံးကန်တာ နာမည်ကြီးသွားတဲ့ နှောင်းတမြေ့မြေ့ဟာ ဆရာမြတ်ထန်ရဲ့ နိုင်ငံကျော် ၀တ္ထုပါ။)
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာပေ ဘိုးအေကြီး လူလယ်ခေါင် တီး လိုက်ရလို့ စာပေပွဲမှာ သီချင်း မဆိုသော်လည်း အပြန် လမ်းမှာတော့ စိတ်ညစ်လို့ အရက်ကိုသောက်တယ် ဆရာသုခ သီချင်းလေး ညည်းနေမိပါသည်။ (အရက်ကလည်း တကယ်သောက်ထား မင့်ဟာကိုး။)

မြတ်စွာဘုရားဟော ကံအကျိုးပေး ၀ဋ်လည်ခြင်း ဆိုသည်မှာ ဘ၀ မကူးခင်မှာတွင် တစ်ပတ်လည်ရုံမက တောင် ဥက္ကလာစာပေပွဲအပြီး တစ်လအကြာမှာ (ထိုသုံးယောက်အတွဲပါပဲ။) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ စာပေဟော ပြောပွဲ ပြန်ဆုံပါသည်။ ကျွန်တော်သည်ကား ငမိုက်သား ငရဲလားမည့် ဒေ၀ ဒတ်ဝင်စားသူပီပီ ကျောက်မောင်း ကြိုတင်ချည်ထားလေသည်။ ဘာပဲဖြစ်ဖြစ် ဆရာသုခ ကျွန်တော့်ကို ပြန်ချေပ သို့မဟုတ် လှုပ်မရအောင် တုပ်တော့ မည်ဟု။ ဒါဆို ငါ ဘာပြန်ဖြေမလဲပေါ့။

သို့သော် ဆရာကြီးသည် ထိုပွဲမှာ ပထမဆုံး စဟောပါသည်။ ထုံးစံ အတိုင်း ဓမ္မသီချင်း ရှင်းတမ်းတွေ ဟောရင်း ဆိုရင်းပေါ့။
အဆုံးသတ်နိဂုံးတွင်မူ...
"ပရိသတ်များခင်ဗျား ပြီးခဲ့တဲ့ လက ကျွန်တော်တို့သုံးယောက်အတွဲ တောင်ဥက္ကလာမှာ ဟောကြပါသေး တယ်" အစချီပြီး ကျွန်တော်နှင့် အချီ အချဖြစ်ပုံကို ရိုးရိုးစင်းစင်းကြီး ပြန် ရှင်းပြပါသည်။ ထို့နောက်
"ဒါကြောင့် စာရေးဆရာတွေဟာ အရေးပါတာပါ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ စာရေးဆရာမှာ ရာထူးကြီးငယ် မရှိပါဘူး။ အပွင့်အခက် မရှိပါဘူး။ ဦးနှောက်နဲ့ နှလုံးသား အားကောင်းရင် စေတနာမှန်ရင် စာရေး ဆရာချင်းပေမယ့် လေးစားပြီး နာယူ ရပါမယ်။ ခုနက တောင်ဥက္ကလာပကိစ္စ ပြီးကတည်းက ကျွန်တော်ဟာ ဆရာ သုမောင်ရဲ့စကားကို လေးလေးစားစား နာယူပြီး နောင်ဟောပြောပွဲတွေမှာ သူ့ အဖေ ကိုသာဓုရဲ့သီချင်းကို ဆိုမပြ တော့ပါဘူး။ ဟုတ်ပါ့၊ ကျွန်တော့် စာသား မှားတာကိုး။ နော့ပေတဲ့ ဆရာ သုမောင်ထောက်ပြသလို ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ အမှားကြီးမှားခဲ့တဲ့ ဂုဏ် ဆိုတဲ့ နာမည်ကြီး ဂုဏ်ပြုသီချင်း အဲ... လူငယ်တွေကို အရက်သောက်အောင် အားပေးရာ ရောက်စေတဲ့ ကျွန်တော့် သီချင်းကိုတော့ အစအဆုံး ဆိုပြပြီး ကျွန်တော့်အမှားတွေကို ၀န်ခံနေပါ တယ်။ ရှေ့လည်းဆက်ပြီး ၀န်ခံဦးမှာပါ ပဲ။ အထူးသဖြင့် ငယ်ပေမယ့် စေတနာ ကြွယ်တဲ့ ဆရာ သုမောင်ကိုတော့ ဒီစင်မြင့်ပေါ်မှာပဲ ပရိသတ်ရှေ့ သက် သေထားပြီး ဂါရ၀ပြုပါရစေ ခင်ဗျား" ဆိုပြီး (ဆရာ့ရဲ့ လက်သုံးပုံစံ ဂါရ၀ ထုံးစံအတိုင်း ကျွန်တော့်ဘက်လှည့် လက်အုပ်ချီ ရှာပါသည်။)
ပရိသတ်မှာ ရွှေဘုံသာ လမ်းကြီး အပြည့် နံဘေး တိုက်တန်းတွေပေါ်ကလည်း ညွှတ်လို့။ အားလုံး ငြိမ်ကျသွား ပါတော့သည်။ ဆရာသည် ပြောပြီးပြီး ချင်း ထုံးစံအတိုင်း ကွမ်းကလေးမြုံ့ပြီး နားနေရာဆောင်ဆီ ထွက်သွားပါတော့ သည်။

ထိုညက နောက်ဆုံးမှ ဟောနေကျ ပွဲတိုင်းကျော် နာမည်ကျော် အပြောကောင်း အဆိုကောင်း သုမောင်ကြီး ကလေး ကောင်းစွာ မဟောနိုင်တော့ပါ။ ရှက်ခြင်း၊ ၀မ်းနည်းခြင်းများကြောင့် မဟုတ်ပေ။ တရားရခြင်းနှင့် အတူ နောင်တကြီးစွာ တမိခြင်းကြောင့် စကားတွေ မမှားသော်လည်း အသံတွေကား မမှန်ပါတော့ချေ။ ဟုတ်ပါ့၊ ပြောရင်းမှာ ပင် ကျွန်တော် မျက်ရည်ကျနေပြီ ကြောင့်ပါ။ မျက်ရည်ကျတာ လူမြင်ရုံရှိ သည်။ အသံ မမှန်တာက သရုပ်ပျက်လှ သည်။ ဟုတ်ပါ့၊ ဘာစကားပြောပြော ဟာသနှောတောင် ကျွန်တော့်အသံမှာ ငိုသံပါကြီးနှင့်ပါတကား။

သုမောင်
မှတ်ချက်။ ။ စာရေးဆရာသေရင် နတ်ပြည်ရောက်သတဲ့။ စာရေးဆရာကြီး ဦးရန်အောင်၏ မှတ်ချက်စကား။
သြော်... ခုနှယ်ခါ တာဝတိံသာ (စာဝတိံသာ)မှာ ဆရာသုခနှင့် ဆရာ သာဓုတို့ ကိုယ့်ဘုံနှင့်ကိုယ် စံနေကြ ရော့မည်။ ဘုံချင်းကတော့ အလှမ်းကွာ ပေလိမ့်မည်။ နတ်"သုခ" ဘုံက ဘုရား ရှင်၏ "ဆံတော်မြတ်စေတီ" နှင့် နီးပေ လိမ့်မည်။ နတ်"သာဓု" ဘုံကတော့ ၀ိ သကြုံနတ်၏ဘုံနှင့် ကပ်လျက်ဖြစ်လိမ့် မည်။ (ဆရာသာဓု၏ သီးခြားဝါသနာ မော်တော်ကားပြင်ခြင်း ဖြစ်သဖြင့် ၀ိသကြုံနတ်မြင်းလှည်း သူပဲ ဒိုင်ခံပြင် နေမှာကိုးလေ။)
အဘိုးနှင့် အဖေတို့၏ သားမြေး စာရေးဆရာစစ်စစ် ဖြစ်သွားပြီဖြစ်သော သုမောင်။
(ဆရာသုခ ရာပြည့်အကြို)

သုမောင်


ကျေးဇူးပြုပြီးးးးးးးးးးးးး blog...

ကျေးဇူးပြုပြီးးးးးးးးးးးးး blog လိပ်စာလေးပေးပါဦးးးးးးးးးးး
John Yoharmar 04 August 21:42
ကျေးဇူးပြုပြီးးးးးးးးးးးးး blog လိပ်စာလေးပေးပါဦးးးးးးးးးးး


လူငယ်များ၏ နားခိုရာအသစ်

လူငယ်များ၏ နားခိုရာအသစ်  ဆယ်တန်းအောင်ပြီးပြီ။ အမှတ်က ၃၂၀တောင်မှ မရ။ အားငယ်မနေပါနဲ့။ အခုခတ်မှာ အမှတ်၃၂၀မရလဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ London Institute နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာ တစ်နှစ်တက်ရုံနဲ့ UK အသိအမှတ်ပြုတဲ့ အင်ဂျင်နီယာ ဒီပလိုမာ တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ဆန္ဒရှိရင် UK မှာပါ ပညာသင်ခွင့်ကို သင်ရရှိသွားမှာလဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်ဝန်းကျင်မှာကတော့ TECH နဲ့ Glory တို့လောက်သာရှိပေမယ့် အခုချိန်မှာတော့ Gallent, Crown စသည်ဖြင့် အခြားသင်တန်းကျောင်းများစွာကလဲ တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။ သင်ကြားပေးတဲ့ ဘာသာတွေကတော့ Mechanical and Electrical Engineering (M&E), Mechanical Engineering (Mech), Electrical Engineering (EP), Electronic Engineering (EC), Construction (Civil), Refrigeration and Air-conditioning (R&A), Electrical Installation (EI), Mechanical and Electrical Engineering (Control System), Mechatronic Engineering, Telecommunication ဘာသာရပ်တွေ အားလုံးကလဲ နိုင်ငံတစ်ကာမှာ Hot ဖြစ်နေတဲ့ ဘာသာရပ်တွေပါ။ ကြိုက်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုရွေးချယ် တက်ဖို့တော့ လိုပါတယ်။ တချို့တွေက Civil ခေတ်စားတာနဲ့ Civil ကောက်ယူလိုက်ကြပြီး နောက်မှ စိတ်ပါ ဝင်စားမှု မရှိတာကြောင့်လဲ မလိုက်နိုင်ကြတော့တာလဲ တွေ့ဖူးတယ်။ ဒါကြောင့် ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကိုရွေးချယ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ ဒီပလိုမာ ရပြီးရင် အစိုးရအလုပ်ကတော့ အစိုးရအသိအမှတ်ပြု ဒီပလိုမာမဟုတ်လို့ ရဖို့မလွယ်ပေမယ့် ကုမ္ပဏီများ၊ NGO များတွင်တော့ အလုပ်ရဖို့အဆင်ပြေပါတယ်။ တချို့သင်တန်းကျောင်းတွေကတော့ သူတို့ကိုယ်တိုင် ကုမ္ပဏီများ၌ အလုပ်ရအောင် အကျိုးဆောင်ပေးကြတာကိုလဲ တွေ့ရပါတယ်။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများအတွက်တော့ ရယူထားသင့်တဲ့ ဒီပလိုမာတစ်ခုဖြစ်ပြီး UK Dipaloma ဖြစ်တာနဲ့ အားလျော်စွာ နိုင်ငံခြားတိုင်းပြည်များမှလဲ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ Dipaloma ပြီးသွားလို့ Singapore မှာကျောင်းတက်ချင်တယ်ဆိုရင် Auston University တွင် ပထမနှစ်မှ စတင်တက်ရောက်နိုင်မှာသလို UK တွင် တက်ရောက်မည်ဆိုပါက နာမည်ကြီး Conventry University တွင် တက်ရောက်နိုင်ပြီး တတိယနှစ်ပြီးဆုံးခဲ့လျှင် B.sc Hons( Engineering ……..) (UK) အောင်လက်မှတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာပြည်တွင်ပဲ ဆက်တက်မယ်ဆိုပါက Advanced Diploma ကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ တက်ရောက်နိုင်သည့် ဘာသာရပ်တွေကတော့ Mechanical and Electrical Engineering (M&E), Mechanical Engineering (Mech), Electrical Engineering (EP), Electronic Engineering (EC), Construction (Civil), Refrigeration and Air-conditioning (R&A), Electrical Installation (EI), Mechanical and Electrical Engineering (Control System), တွေပဲ ဖြစ်ပါတယ်။ Advanced Diploma ပြီးလျှင် Auston နှင့် Conventry University တို့တွင် ဒုတိယနှစ်မှ စတင်၍ တက်ရောက်နိုင်မည်ဖြစ်သည်။ Advanced Diploma ပြီးလို့ နိုင်ငံခြားတွင် အလုပ်လုပ်လိုပါက S$ 1800 မှ 2000 အတွင်းရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ Advanced Diploma ကို အစိုးရကျောင်းများမှာ A.G.T.I ပြီးထားသူများ၊ B.Tech နဲ့ B.E ပြီးထားသူများပါ လာရောက်တက်ကြတာကိုလဲ တွေ့ရပါတယ်။ တစ်ခုရှိသည်က Advanced Diploma သည် မြန်မာပြည်တွင် အောင်မြင်သူ နည်းသည်ကို သတိပြုရမှာဖြစ်ပါတယ်။ တချို့သော သင်တန်းကျောင်းတွေသည် မိမိတို့ကျောင်းသားများကို နိုင်ငံခြားတွင် အလုပ်ရသည်အထိ ကူညီပေးနေတာကိုလဲ တွေ့ရပါတယ်။ စာမေးပွဲကို BC မှ တိုက်ရိုက်လာစစ်တာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဇွန်လတွေမှာ ဖြေရပါတယ်။ UK မှ တိုက်ရိုက်စစ်တာဖြစ်တဲ့အတွက်ကြောင့် စာမေးပွဲက ခက်ပါတယ် ပေါ့ပေါ့တန်တန်ဖြေကြလို့တော့ မဖြစ်ပါဘူး။ ကျောင်းလခကတော့ ရိုးရိုး Diploma အတွက် တစ်နှစ်လုံးစာကို သုံးသိန်းဝန်းကျင်လောက် ကျမှာဖြစ်ပြီး။ Advance Diploma အတွက်ကတော့ ၄သိန်းဝန်းကျင်လောက် ကုန်ကျမှာပါ။ စာမေးပွဲကြေးကတော့ တစ်ဘာသာကို US$ 70 ဝန်းကျင်တွင်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ၅သိန်းကျော် ၆ သိန်းမျှပေးရုံနဲ့ အင်ဂျင်နီယာဖြစ်ဖို့ အခွင့်အလမ်းအသစ်တစ်ခု သင်ရရှိလာမှာပါ။ ဒါကြောင့် အမှတ်မမှီလို့ စိတ်ညစ်နေသူများ B.Tech မပါလို့ စိတ်ညစ်နေသူများအတွက်တော့ ဒါဟာ အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ သတင်းကောင်းတစ်ခု အနေနဲ့ ဖော်ပြလိုက်ရပါတယ်။ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့ သူများအတွက်ဖြစ်ပါတယ်။ တချိန်က အမှတ်က ၃၀၀မပြည့်ရင် တက်လမ်းကက နည်းသွားတာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကျောင်းသားတွေ အနေနဲ့ တခြားအခွင့်အလမ်းတွေက အများကြီးရှိနေပါပြီ။ ထိုအထဲမှာမှ ယောက်က်ျားလေးတွေနဲ့ ကိုက်ညီတဲ့ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ဈေးသက်သက်သာသာနဲ့ အင်ဂျင်နီယာဖြစ်နိုင်ပြီဖြစ်တဲ့ City and Guild (UK ) ဟာ လက်ရှိအချိန်မှာဆိုရင် တဖြည်းဖြည်းနဲ့ လူငယ်များအတွက် နားခိုရာ အသစ်ဟု ဆိုနိုင်လောက်အောက် တရှိန်ထိုးတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။  -- Your lovingly Fri  Ya Wai (Paing Soe Thu)
Ahmad Zaw 04 August 20:58
လူငယ်များ၏ နားခိုရာအသစ်

ဆယ်တန်းအောင်ပြီးပြီ။ အမှတ်က ၃၂၀တောင်မှ မရ။ အားငယ်မနေပါနဲ့။ အခုခတ်မှာ
အမှတ်၃၂၀မရလဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ London Institute
နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာ တစ်နှစ်တက်ရုံနဲ့ UK အသိအမှတ်ပြုတဲ့
အင်ဂျင်နီယာ ဒီပလိုမာ တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ဆန္ဒရှိရင် UK
မှာပါ ပညာသင်ခွင့်ကို သင်ရရှိသွားမှာလဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့
၅နှစ်ဝန်းကျင်မှာကတော့ TECH နဲ့ Glory တို့လောက်သာရှိပေမယ့်
အခုချိန်မှာတော့ Gallent, Crown စသည်ဖြင့် အခြားသင်တန်းကျောင်းများစွာကလဲ
တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။ သင်ကြားပေးတဲ့ ဘာသာတွေကတော့
Mechanical and Electrical Engineering (M&E),
Mechanical Engineering (Mech),
Electrical Engineering (EP),
Electronic Engineering (EC),
Construction (Civil),
Refrigeration and Air-conditioning (R&A),
Electrical Installation (EI),
Mechanical and Electrical Engineering (Control System),
Mechatronic Engineering,
Telecommunication
ဘာသာရပ်တွေ အားလုံးကလဲ နိုင်ငံတစ်ကာမှာ Hot ဖြစ်နေတဲ့ ဘာသာရပ်တွေပါ။
ကြိုက်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။ တစ်ခုရှိတာက
ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုရွေးချယ် တက်ဖို့တော့ လိုပါတယ်။ တချို့တွေက
Civil ခေတ်စားတာနဲ့ Civil ကောက်ယူလိုက်ကြပြီး နောက်မှ စိတ်ပါ ဝင်စားမှု
မရှိတာကြောင့်လဲ မလိုက်နိုင်ကြတော့တာလဲ တွေ့ဖူးတယ်။ ဒါကြောင့်
ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကိုရွေးချယ်ဖို့ ကျွန်တော်
အကြံပြုချင်ပါတယ်။
ဒီပလိုမာ ရပြီးရင် အစိုးရအလုပ်ကတော့ အစိုးရအသိအမှတ်ပြု
ဒီပလိုမာမဟုတ်လို့ ရဖို့မလွယ်ပေမယ့် ကုမ္ပဏီများ၊ NGO များတွင်တော့
အလုပ်ရဖို့အဆင်ပြေပါတယ်။ တချို့သင်တန်းကျောင်းတွေကတော့ သူတို့ကိုယ်တိုင်
ကုမ္ပဏီများ၌ အလုပ်ရအောင် အကျိုးဆောင်ပေးကြတာကိုလဲ တွေ့ရပါတယ်။
နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများအတွက်တော့ ရယူထားသင့်တဲ့
ဒီပလိုမာတစ်ခုဖြစ်ပြီး UK Dipaloma ဖြစ်တာနဲ့ အားလျော်စွာ
နိုင်ငံခြားတိုင်းပြည်များမှလဲ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ Dipaloma
ပြီးသွားလို့ Singapore မှာကျောင်းတက်ချင်တယ်ဆိုရင် Auston University
တွင် ပထမနှစ်မှ စတင်တက်ရောက်နိုင်မှာသလို UK တွင် တက်ရောက်မည်ဆိုပါက
နာမည်ကြီး Conventry University တွင် တက်ရောက်နိုင်ပြီး
တတိယနှစ်ပြီးဆုံးခဲ့လျှင် B.sc Hons( Engineering ……..) (UK)
အောင်လက်မှတ်ရမှာ ဖြစ်ပါတယ်။
အကယ်၍ မြန်မာပြည်တွင်ပဲ ဆက်တက်မယ်ဆိုပါက Advanced Diploma ကို
ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ တက်ရောက်နိုင်သည့် ဘာသာရပ်တွေကတော့
Mechanical and Electrical Engineering (M&E),
Mechanical Engineering (Mech),
Electrical Engineering (EP),
Electronic Engineering (EC),
Construction (Civil),
Refrigeration and Air-conditioning (R&A),
Electrical Installation (EI),
Mechanical and Electrical Engineering (Control System), တွေပဲ
ဖြစ်ပါတယ်။ Advanced Diploma ပြီးလျှင် Auston နှင့် Conventry
University တို့တွင် ဒုတိယနှစ်မှ စတင်၍ တက်ရောက်နိုင်မည်ဖြစ်သည်။
Advanced Diploma ပြီးလို့ နိုင်ငံခြားတွင် အလုပ်လုပ်လိုပါက S$ 1800 မှ
2000 အတွင်းရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ Advanced Diploma ကို
အစိုးရကျောင်းများမှာ A.G.T.I ပြီးထားသူများ၊ B.Tech နဲ့ B.E
ပြီးထားသူများပါ လာရောက်တက်ကြတာကိုလဲ တွေ့ရပါတယ်။
တစ်ခုရှိသည်က Advanced Diploma သည် မြန်မာပြည်တွင် အောင်မြင်သူ
နည်းသည်ကို သတိပြုရမှာဖြစ်ပါတယ်။ တချို့သော သင်တန်းကျောင်းတွေသည်
မိမိတို့ကျောင်းသားများကို နိုင်ငံခြားတွင် အလုပ်ရသည်အထိ
ကူညီပေးနေတာကိုလဲ တွေ့ရပါတယ်။
စာမေးပွဲကို BC မှ တိုက်ရိုက်လာစစ်တာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဇွန်လတွေမှာ
ဖြေရပါတယ်။ UK မှ တိုက်ရိုက်စစ်တာဖြစ်တဲ့အတွက်ကြောင့် စာမေးပွဲက ခက်ပါတယ်
ပေါ့ပေါ့တန်တန်ဖြေကြလို့တော့ မဖြစ်ပါဘူး။ ကျောင်းလခကတော့ ရိုးရိုး
Diploma အတွက် တစ်နှစ်လုံးစာကို သုံးသိန်းဝန်းကျင်လောက် ကျမှာဖြစ်ပြီး။
Advance Diploma အတွက်ကတော့ ၄သိန်းဝန်းကျင်လောက် ကုန်ကျမှာပါ။
စာမေးပွဲကြေးကတော့ တစ်ဘာသာကို US$ 70 ဝန်းကျင်တွင်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်
၅သိန်းကျော် ၆ သိန်းမျှပေးရုံနဲ့ အင်ဂျင်နီယာဖြစ်ဖို့
အခွင့်အလမ်းအသစ်တစ်ခု သင်ရရှိလာမှာပါ။ ဒါကြောင့် အမှတ်မမှီလို့
စိတ်ညစ်နေသူများ B.Tech မပါလို့ စိတ်ညစ်နေသူများအတွက်တော့ ဒါဟာ
အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ သတင်းကောင်းတစ်ခု အနေနဲ့
ဖော်ပြလိုက်ရပါတယ်။ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့်
မသိသေးတဲ့ သူများအတွက်ဖြစ်ပါတယ်။
တချိန်က အမှတ်က ၃၀၀မပြည့်ရင် တက်လမ်းကက နည်းသွားတာဖြစ်ပေမယ့်
လက်ရှိအချိန်မှာတော့ ကျောင်းသားတွေ အနေနဲ့ တခြားအခွင့်အလမ်းတွေက
အများကြီးရှိနေပါပြီ။ ထိုအထဲမှာမှ ယောက်က်ျားလေးတွေနဲ့ ကိုက်ညီတဲ့
အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ဈေးသက်သက်သာသာနဲ့
အင်ဂျင်နီယာဖြစ်နိုင်ပြီဖြစ်တဲ့ City and Guild (UK ) ဟာ
လက်ရှိအချိန်မှာဆိုရင် တဖြည်းဖြည်းနဲ့ လူငယ်များအတွက် နားခိုရာ အသစ်ဟု
ဆိုနိုင်လောက်အောက် တရှိန်ထိုးတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။

--
Your lovingly Fri

Ya Wai (Paing Soe Thu)