Tuesday, 31 May 2011

[စာပေစကားဝိုင်း] သွေးနထင်ရောက်တဲ့ဟာတွေကို အမွှေးအမျှင်လောက်တောင်...

သွေးနထင်ရောက်တဲ့ဟာတွေကို အမွှေးအမျှင်လောက်တောင် ဂရုမစိုက်ဘူးးး
ဦး စား ကြီး 31 May 18:17
သွေးနထင်ရောက်တဲ့ဟာတွေကို အမွှေးအမျှင်လောက်တောင် ဂရုမစိုက်ဘူးးး

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] Telepathy အကြောင်းလေးကို ပြောချင်တယ်ဗျာ…။ တစ်ကယ်က...

Telepathy အကြောင်းလေးကို ပြောချင်တယ်ဗျာ…။ တစ်ကယ်က ကို အစပျိုးချင်တာပါ။ သိတဲ့သူတွေ က ဆွေးနွေးတာကို ဦးနှောက်ဖောက်စားတယ် လို့ မထင်ပါနဲ့…။ အရမ်းကို လေ့လာချင်နေတာလဲ ပါပါတယ်။ စာတွေ လိုက်ဖတ်ဖို့ ရာလဲ အချိန်ကမပေးနဲ့မို့ပါ။ ခုကို တင်ထားတဲ့စာတွေ တစ်ပြုံကြီး ဖတ်ရအုံးမှာလေ။ စာတွေ ကို မျက်လုံးနဲ့ ဖတ်တတ်တဲ့ အကျင့်လေး ရလာရင်တော့ အချိန်တွေ ပိုနိုင်ကောင်းပါတယ်။ခုတော့…  ကဲ…
Moe Thu 31 May 17:33
Telepathy အကြောင်းလေးကို ပြောချင်တယ်ဗျာ…။ တစ်ကယ်က ကို အစပျိုးချင်တာပါ။ သိတဲ့သူတွေ က ဆွေးနွေးတာကို ဦးနှောက်ဖောက်စားတယ် လို့ မထင်ပါနဲ့…။ အရမ်းကို လေ့လာချင်နေတာလဲ ပါပါတယ်။ စာတွေ လိုက်ဖတ်ဖို့ ရာလဲ အချိန်ကမပေးနဲ့မို့ပါ။ ခုကို တင်ထားတဲ့စာတွေ တစ်ပြုံကြီး ဖတ်ရအုံးမှာလေ။ စာတွေ ကို မျက်လုံးနဲ့ ဖတ်တတ်တဲ့ အကျင့်လေး ရလာရင်တော့ အချိန်တွေ ပိုနိုင်ကောင်းပါတယ်။ခုတော့…

ကဲ…"တယ်လီပသီ" ဆိုတာ စိတ်တစ်ခုကနေ တစ်ခုကို Induction ဖြစ်တာလို့ နားလည်ထားပါတယ်။ 1882 Society for Psychical Research အဖွဲ့က Classical Scholar "Fredric W.H. Myers" ကနေ စတင် အဆိုပြုထားတာတဲ့။
အများစုကတော့ Thought-Transference လို့လဲ သတ်မှတ်ကြတယ်။

Telepathy ကို အကြမ်းဖျင်း Modern Fiction နဲ့ Science Fiction ဆိုပီးထပ်ခွဲသေးတယ်ထင်တယ်။ တစ်ကယ်က Fiction ကို လုံးလုံးစိတ်မ၀င်စားတာပါ။ ဒါပေမယ့် ဒီရက်ပိုင်း ဖြစ်လာတဲ့ စိတ်ခံစားမှုတွေ၊ နောက် ဖေဖေ့ကို သိပ်တွေ့ချင်နေစိတ်ဖြစ်နေတုန်းက နောင်မှ သိရတာ အဲ့ဒီအချိန်မှာ ဖေဖေ ကင်ဆာရောဂါတွယ်ကပ်နေပီဆိုတာမျိုးတွေ၊ စိတ်ထဲကနေဖြစ်တဲ့အလျှောက် အလုပ်လုပ်ဖြစ်တဲ့ ကို့ အကျင့်ကြောင့် ဒါကို စူးစမ်းချင်ခဲ့မိတာပါ။

ဖေဖေကမှတ်ချက်ပေးလေ့ရှိတာကတော့ Will Power ကောင်းတယ်တဲ့။ မေမေကတော့ လက်က္ခဏာမှာ ပေါ်နေတဲ့ ဥာဏ်လမ်းကြောင်းပေါ်က တြိဂံကြောင့် ကိုမက်တဲ့ အိပ်မက်ဆို စိတ်ဝင်စားလေ့ရှိတယ်။ ခက်တာက 27 နှစ်လုံးမှာ 10 ကြိမ်တောင်ပြည့်အောင် မမက်ဖူးဘူး။
ဒါပေမယ့် Mind Reading စိတ်ကို စိတ်ဖြင့်ဖတ်ခြင်း အလုပ်ကို neuron imaging နဲ့ ငယ်ငယ်က လုပ်လို့ရခဲ့ဖူးတယ်…။
တစ်ကယ်ကို လုပ်လို့ရခဲ့ဖူးပါတယ်။ သူစိမ်းတစ်ယောက်က အရင်ကတည်းက မမြင်ဖူးနေပေမယ့် မြင်လိုက်ရတဲ့အခါ တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ ဆိုတာမျိုးတွေ။ မရောက်ဖူးတဲ့နေရာဟာ အ၇င်က ရောက်ပီးသလို ရှေ့မှာ ဘာရှိနေမယ်ကိုပါ သိခဲ့ဖူးတာမျိုးပေါ့။ မှတ်မှတ်ရရ ကို ပုဂံမှာ အဲ့ဒီ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ နောက် ပုပ္ပားမှာ။

လောလောဆယ် telepathy နဲ့ ပတ်သတ်ပီး ဆင့်ပွားဆွေးနွေးစရာလေးတွေ ချပေးစေချင်တယ်။ ဆက်ပြောချင်နေတာတွေ အများကြီးပဲ။ အထောက်လိုနေတယ်။

လေးစားစွာဖြင့်
မိုးသူ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: “ ပါးနပ်လွန်းတဲ့တြိဂံ ”

created the doc: "
Thaw Zin created the doc: "" ပါးနပ်လွန်းတဲ့တြိဂံ ""

ဟိုးရှေးရှေးတုန်းက တြိဂံတစ်ခုရှိသတဲ့

သူ့ မှာ အနားသုံးဖက်ရှိသတဲ့

စတုတ္ထအနားကိုသူဝှက်ထားသတဲ့

တောက်ပတဲ့ ဗဟိုချက်ထဲမှာပေါ့

 

နေ့အခါ မျဉ်းသုံးကြောင်းပေါ်သူတွယ်တက်ပြီး

သူ့ဗဟိုချက်ကို အမြတ်တနိုးကြည့်သတဲ့

ညအခါ သူ့ ထောင့်သုံးထောင့်ထဲက တစ်ထောင့်မှာ

အနားယူသတဲ့

 

အာရုဏ်ဦးမှာတော့ သူ့ ရဲ့ အနားသုံးခုကိုသူစောင့်ကြည့်

တောက်ပတဲ့ ဘီးသုံးဘီးအဖြစ်ပြောင်းလဲသွား

ပြန်မလာတော့တဲ့ အပြာရောင်အဖြစ် ပျောက်ကွယ်သွားကြပုံ

 

သူ့ စတုတ္ထအနားကို သူထုတ်ယူ

သုံးကြိမ်နမ်းပြီး သုံးကြိမ်ချိုး

ပြီးတော့ သူ့ နေရာဟောင်းမှာပဲ ပြန်ဝှက်ထားလိုက်သတဲ့

 

ဒါနဲ့  သူ့ မှာ အနားသုံးဖက်ရှိပြန်ရော

နေ့အခါ သူ့မျဉ်းကြောင်းပေါ်တွယ်တက်ပြန်

သူ့ဗဟိုချက်ကို အမြတ်တနိုးကြည့်ပြန်

ညအခါသူအနားယူပြန်

သူ့ထောင့်သုံးထောင့်ထဲက တစ်ထောင့်မှာတဲ့ ။

                                               (ဗာစကိုပိုပါ)

 

Prudent Triangle

 

Once upon a time there was a triangle

It had three sides

The fourth it kept hidden

In its burning center

 

By day it climbed its three peaks

And admired its center

At night it rested

In one of its three angles

 

Each dawn it watched its three sides

Turn into three fiery wheels

And vanish in the blue of never return

 

It took its fourth side

Embraced it and broke it three times

To hide it again in its old place

 

And again it had only three sides

 

And again it climbed each day

To its three peaks

And admired its center

While at night it rested

In one of its angles

 

-Vasko Popa


View Post on Facebook · Edit email settings · Reply to this email to add a comment.

Monday, 30 May 2011

[စာပေစကားဝိုင်း] New doc: အရှက်မရှိတဲ့ ငါ

created the doc: "အရှက်မရှိတဲ့ ငါ "
Ye Thurein Min created the doc: "အရှက်မရှိတဲ့ ငါ "

အရှက်မရှိတဲ့ ငါ

September 18, 2008

 

ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ

တစ်ရွာနဲ့တစ်ရွာလည်း

အသည်းခွဲလို့လွယ်ပါသလား .....

ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာလည်း ဖြစ်တယ် ။

 

အမှတ်တရ ည ပါပဲ ..........

တစ်စုံတစ်ရာ ထိမှန်ခဲ့တယ်ဆိုတာ .........

ငါ .. ရင်ဘတ်တွေ နာလာမှ သိတယ် ..........။

 

ဒူးနေရာမှာ မဒူးပဲ .......

တော်နေရာမှာ မတော်တတ်ခဲ့တော့ .......

သံယောဇဉ်တမျှင်ကြိုးက ရင်ကို တိုးလို့ ချည်တယ် .........။

 

ဟင့်အင်း ..

မမြိုသိပ်တက်ခဲ့တာဟာ ......ငါ့အမှားဆိုရင် ......

တိုက်ဆိုင်လွန်းနေခဲ့တဲ့ ကံကြမ္မာကိုလည်း

နည်းနည်းတော့ အပြစ်တင်ချင်မိတယ် .........။

 

ရုတ်တရက်ကြီးဆိုတော့

ကိုယ့်ဂစ်တာကြိုးလျော့တာကို ကိုယ်သတိမထားခဲ့နိုင်ဘူး။

 

အချစ်ဆိုတဲ့ ဒီသဘောက်မသားက

ငါ့ရဲ့ မရှိမဲ့ရှိမဲ့သိက္ခာတရားကို

မဟားဒယား ခလောက်ဆန်သွားလိုက်တာ .......

အရှက်တရားက

ပတ်ကြားအက် လယ်ကွင်းပြင်တစ်ခုဖြစ်တယ်။

 

အဖန်ဖန်အထပ်ထပ်

ကိုယ်မက်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း

စာရိတ္တမြေဆီလွှာမကောင်းတဲ့

အခွင့်အရေးသမားတစ်ယောက်ရဲ့ လယ်တစ်ကွယ်မှာ

မျှော်လင့်ချက်ပျိုးပင်တွေ ကျိုးတို့ကျဲတဲ

ငါစိုက်ခဲ့သလောက်ပဲ ငါ့ကို ပြန်ပေးခဲ့တယ် .............။

 

ဒီလိုနဲ့

(ပန်းခူးစားသူတွေအကြောင်း ...)

အဲဒီလို ထောင်းထောင်းထနေတဲ့ စောင်းမြောင်းသံတွေ ကြားမှာ

ငါ့ အိပ်ရာနဲ့ ငါ့ညက

ငါ့ကျောကုန်းအောက်မှာ ကျပျောက်နေခဲ့တယ် ...။ By မိုးသား


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: ထုပ်ဆီးတမ်း

created the doc: "ထုပ်ဆီးတမ်း"
Ba Tharchaw created the doc: "ထုပ်ဆီးတမ်း"

ဆီးလိုက်ပါကွဲ့၊ တိုးတော့မယ်

 

(တိုးလိုက်ပါကွဲ့၊ ဆီးတော့မယ်။)

 

ခေါင်ကြောင်းကို၊ ကျော်ကာသန်းလိမ့်

 

(ထမရေပူ၊ လောင်ကာပန်းလိမ့်)

 

ဖမ်းလိုက်ပေါ့ကွယ်။

 

တိုးပြီဟေ့၊ ဆီးတော့ကွယ်။

 

(အောင်ထူမယ်လို့၊ ထင်သလား)

 

အောင်ထူမယ်မို့၊ သတိထား။

 

(ဖမ်းတော့ မနား)

 

တိုးပေါ့ တအား။     ။


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: “ ပင်လယ်လေရှုသူ ”

created the doc: "
Thaw Zin created the doc: "" ပင်လယ်လေရှုသူ ""

 

(၁)

မရောက်ရှိသေးတဲ့ တစ်နေ့ဆိုတာမှာ မွေ့လျော်ခဲ့တယ်။

 

(၂)

ကျွန်တော့်မှာ ရိုးသားမှုနဲ့ နှလုံးသားအစစ်တစ်ခုက လွဲလို့ ဘာမှ အားကိုးအားထားစရာ မရှိခဲ့ပါဘူး။

တစ်နေ့ ဟုတ်ပါတယ်။ ကျွန်တော့်ဖက်မှာ တစ်နေ့ဆိုတာပဲ ရှိပါတယ်။ တစ်နေ့ဆိုတာကိုပဲ ကျွန်တော်

အပြင်းအထန် ယုံကြည်ပါတယ်။ ကျွန်တော့်ဖက်မှာ တစ်နေ့ဆိုတာပဲ အသေအချာရှိနေပါတယ်။

တစ်နေ့မှာ ကျွန်တော့်ရဲ့ချစ်သူ ညီမလေးမြင့်မှာ၊ ကျွန်တော့် သမီးလေးများမှာ၊ အရာဝတ္ထုအားလုံးမှာ၊

ဟောဒီ မဟာပထ၀ီနဲ့ ဟော့ဒီ အာကာသမှာ အမှန်တရားဟာ သဘာဝကျနစွာနဲ့ ပျော်ရွှင်ချမ်းမြေ့မှု၊

ကြည်လင်မှု၊ ငြိမ်းချမ်းလွတ်လပ်မှုတို့ကို ကျန သေသပ်စွာနဲ့ အသေအချာပေးအပ်မှာ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ အနုပညာပွဲတော် ကျင်းပမယ့်နေ့ပါပဲ။ ကျွန်တော်ဟာ အမှန်တရားရိုးသားမှုနဲ့ ကမ္ဘာကြီးကို

စစ်စစ်မှန်မှန် ချစ်ခဲ့တဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လို့ပါပဲ။

 

(၃)

ကျွန်တော်ဟာဆိုရင် ဂေါ်ဂီနဲ့ မလွတ်ကင်းခဲ့ပါဘူး။

ကျွန်တော်ဟာ စတာလင်နဲ့ တင်တင်ညိုနဲ့

အရင်းကျမ်းနဲ့ ခရစ်တော်နဲ့

ဥက္ကဌမော်နဲ့ ဆိုဖီယာလော်ရင်းနဲ့

ဆိုကရေးတီးနဲ့ အငြိမ့်မင်းသမီးနှင်းနဲ့

ချီဂွေဗားရားနဲ့ ကွန်ပျူတာနဲ့

ပေါ်လ်ဗာကာရီနဲ့ ရွှန်ဆွန်မီးခြစ်နဲ့

ရီလေးတစ်သီအိုရီနဲ့ ဂျွန်းတစ်ရောဂါနဲ့

ကွန်မြူနစ်ဝါဒနဲ့ စပိန်ဂီတနဲ့

လုပ်(ဖ်)ပြတိုက်နဲ့ ဆွမ်ပရာဘုံနဲ့

ဒေါက်တာနော်မယ်ဘတ်သွန်းနဲ့ ပေါ်ပီပန်းနဲ့

မိုဟာမက်အလီနဲ့ ကရင်ဆော်ဒါနဲ့

ဆင်ဖိုနီနံပါတ် ၅နဲ့ ရေခဲသေတ္တာနဲ့

ဂျက်လန်ဒန်နဲ့ ကျည်ဆန်ရထားနဲ့

စပါတ်စကီးနဲ့ ဂျပန်ဖိနပ်နဲ့

ဘာထရန်ရပ်ဆဲလ်နဲ့ အရပ်ပျက်မလေးခင်မွှေးနဲ့

အဲလ်ဗတ်ကမူးနဲ့ ခြူးဆေးလိပ်နဲ့

ဗုဒ္ဓနဲ့ တယ်လီဗေးရှင်းနဲ့

ဈင်ဝါဒနဲ့ ဖဲကြိုးဝါနဲ့

တိတ်ရက်ကော်ဒါနဲ့ ချက်အရက်နဲ့

သခါင်္ရတရားနဲ့ ကိုရိုကိုလာနဲ့

ပရောဂနဲ့ အိမ်ဖြူတော်နဲ့

သဘာဝတရားနဲ့ ဒူးယားစီးကရက်နဲ့

တဏှာရာဂနဲ့ ဂိုယာရေမွှေးနဲ့ ဘာဆိုဘာနဲ့မှ မကင်းလွတ်ခဲ့ပါဘူး။ ဒီကမ္ဘာပေါ်မှာ အစ်ဇင်တွေကလည်း

အများကြီး၊ လူတွေကလည်း အများကြီးပဲ မဟုတ်လား။ ဒီတော့ ကျွန်တော့်မျက်စိနဲ့၊ ဦးနှောက်နဲ့၊

အသည်းနှလုံးနဲ့ (အာရုံငါးပါး) မထိဖူး၊ မတို့ဖူးတဲ့လူ၊ ၀ါဒ၊ အရာဝတ္ထု၊ တရားအခွေခွေ မရှိတော့ပါ။

အဲဒါတွေနဲ့ မကင်းလွတ်ဘူး။ ကျွန်တော် ဖြောင့်ချက်ပေးပါတယ်။ တစ်ချိန်တည်းမှာ အဲဒါတွေနဲ့

ဟောဒီ ကမ္ဘာကြီးဟာ မလုံလောက်ပါဘူးလို့ ကျွန်တော်ကတော့ ပြောချင်တာပါပဲဗျာ။ အဲဒီလို အရာရာနဲ့

မလွတ်ကင်းတဲ့အတွက် ကျွန်တော်ဟာ အသစ်ဖြစ်ခဲ့တယ်။

 

(၄)

ဘယ်သူမှ

သူ့ယုံကြည်ချက်ကို လုမယူပါစေနဲ့

ပိုသိတာဖြင့်

သူဟာသူ ယုံပါစေ…. ကွဲ့။

(ဂွည်ထည်)

 

(၅)

ဟောဒီမှာ…

ပျော်ရွှင်မှုများ ညနေ

ကြယ်လင်မှုများ အချိန်နာရီ

စင်ကြယ်မှုများ စံပယ်ပွင့်

ရိုးဖြောင့်မှုများ အောက်ဆီဂျင်

သန့်ရှင်းမှုများ သီချင်း

ငြိမ်းချမ်းမှုများ ပန်းသီး

လွတ်လပ်မှုများ အာကာသ

ချစ်ခြင်းမေတ္တာများ မဟာပထ၀ီ

ရယ်မောကခုန်သံများ အိမ်ရာ

လတ်ဆတ်မှုများ ကမ္ဘာကြီး။

 

(၆)

ခေယူဆန်ဖန် ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးဟာ

အမေ သား ပင်လယ်လေ သွားရှုဦးမယ် ဆိုပြီး ကမ္ဘာကြီးထဲကို ပြန်မလာတော့ဘူးတဲ့။

 

မောင်ချောနွယ်

(၁၉၇၇)


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ခေယူဆန်ဖန်ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးဟာ “...

ခေယူဆန်ဖန်ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးဟာ
Thaw Zin 31 May 13:14
ခေယူဆန်ဖန်ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးဟာ
" အမေ..သားပင်လယ်လေသွားရှူဦးမယ် " ဆိုပြီး
ကမ္ဘာကြီးထဲကို ပြန်မလာတော့ဘူးတဲ့ ။ ။
မောင်ချောနွယ် (၁၉၇၇)

View Post on Facebook · Edit email settings · Reply to this email to add a comment.