မြစ်ကမ်းနဖူးမှာ မေးတင်ထားတဲ့ ရွာကလေး
နေဝင်ချိန်တွေတိုင်း လှေတစင်းနဲ့ ကျွန်တော် နေလုံးကြီးကို ငေးငေးကြည့်ခဲ့တယ်
တံငါသည်တွေ အိမ်ပြန်ချိန်ပေါ့ ။
ညနက်ချိန်တွေဆို မြစ်ထဲမှာ ကြယ်တွေလင်းတယ်
ဟောဟိုမှာ ခုနှစ်စင်ကြယ် ၊ ဟောဟိုက ဓူဝံကြယ် ၊ ဖျေက်ဆိပ် မွန်းတဲ့ တဲ့ညတွေပေါ့
ကြယ်တွေအကြောင်း အဖေက သင်ပေးတယ် ။
စပါးခင်းတွေ ပေါတဲ့ ရွာကလေး
ကြွက်ရှာတဲ့ လင်းဝက် ဇီးကွက်နဲ့ တောခွေးအူသံ တောလုံးညံပေါ့
ကောက်ရိုးပုံ ပိုးအုံထဲ ညီအကိုနှစ်ယောက် ကျောခင်းကပ် အနွေးဓါတ်ရှာခဲ့ဘူးတယ် ။
နာရီမလိုတဲ့ရွာကလေး
လကွေး ကလေးကို ကြည့်ရင်း နာရီတွေကို သိတယ်
နံနက် ၅ နာရီဆို တောင်ကျောင်းက တုံးမောင်းခေါက်တယ် ။
ညဆို တူတူပုန်းတမ်းဆော့တယ်
လရောင်အောက် ထုတ်ဆီးထိုးတယ် ဒိုးပြစ်တယ်
လျှပ်စစ်မရှိ လရောင်ဟာ တန်ဘိုးရှိတဲ့ ရွာကလေး ။
တောင်ယာတွေ မီးရှို.ချိန်
တောင်စောင်းက မီးရောင်နဲ့ ကျွန်တော့ရွာကလေး
မြစ်နဖူးမှာ မေးတင်လို့ စုံးတောက်စားတဲ့ ညတွေမှာ လှနေရှာတယ် ။
[ကဗျာမဟုတ်ပါ]
ရဲသူရိန်မင်း
280814
|
No comments:
Post a Comment