ဒီနေ့အိမ်ကို အမေ့မိတ်ဆွေတစ်ယောက်ရောက်လာတယ် ။ အကြောင်းကတော့သူ့ ဖခင်က အဆုပ်ကင်ဆာ အဆင့် ၃ ( ခ ) ရောက်နေပြီပေါ့ ။ သိပ်မကြာခင် လောကကနေထွက်ခွါသွားရတော့မယ် ။ ဒီအကြောင်းကို ကာယကံရှင်ကိုပေးမသိဘဲထားတယ်ပေါ့ ။ရည်ရွယ်ချက်ကတော့ စိတ်မကောင်းဖြစ်မှာစိုးလို့ပါ ။ ကျနော့်အမေ ကပြောလိုက်ပါတယ် ။ လိုရင်းကတော့ ပေးသိသင့်တယ်ပေါ့ ဒါမှ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားလို့ရတယ်ဆိုပြီးတော့ပြောလိုက်တယ် နောက်သူ လည်း အဲလိုအဖြစ်မျိုးကြုံခဲ့ရင် သူစိတ်ဘ၀င်တွေ့တဲ့ ဆရာတော်တစ်ပါးရဲ့တရားသုံးပုဒ်ကို သီးသန် ဖယ်ထားကြောင်းပြောလိုက်တာကိုသိလိုက်ရတယ် ။ စကားကောင်းနေစဉ်မှာဘဲ သူငယ်ချင်းတစ်ယောက်ရောက်လာတယ် သူကလည်း သူ့ပြင်ဆင်ထားတာလေးကိုပြောပြပါတယ် ။ ဒါကတော့ ဆေးရုံပေါ်ရောက်နေတဲ့ လူနာနဲ့လူနာမိသားစုက ဖတ်သင့်တဲ့စာအုပ်လေးအကြောင်းကိုပြောပြတယ် ပါချူပ်ဆရာတော်ရဲ့ အားပေးစကား ဆိုတဲ့စာအုပ်လေးပါ ။ သေခါနီးအချိန်လေးဟာသိပ်အရေးကြီးတယ်ဆိုတာအားလုံးသိပါတယ် ။ တချို့ဆို ကိုယ်ပေါ်တက်နေတဲ့ပုရွက်ဆိတ်လေးကိုတောင်မှ မဖယ်နိုင်တော့ဘူး သေခါနီး မှာသူတို့ ပိုင်ဆိုင်မှုတွေကိုစွဲလမ်းတမ်းတနေရင်း သေဆုံးသွားတာတွေကြုံတွေ့ ဘူးမှာပါ ။ ဒီလိုသေဆုံးခါနီးလူအတွက်မိသားစုက ဘာကိုလုပ်ဆောင်ပေးသင့်တယ် သေမဲ့သူကလည်းကြိုတင်ပြီးတော့ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာ ပါချူပ်ဆရာတော်ရဲ့ စာအုပ်လေးထဲမှာပါတယ်လို့ပြောသွားတဲ့သူငယ်ချင်းကို ကျေးဇူးတင်မိပါတယ် ။ ကျနော်တို့ေ၇ာ သေခြင်းတရားနဲ့ပါတ်သက်တဲ့ သဘောထားတွေဘယ်လိုရှိမလဲ ဘယ်လိုထားသင့်ပါသလဲဆိုတာ ပြန်မေးသင့်တဲ့ မေးခွန်းလို့ ယူဆမိပါကြောင်း .
|
No comments:
Post a Comment