ကမ္ဘာမှာ အာဖရိကန်တွေ ပြီးရင် ကျိုးစားသလောက် ပေါက်ရောက်ကြတာ ဖိလိပိုင်တွေပါ ။
အခုဆို သူတို့ ကမ္ဘာကို အိမ်ဖေါ်အဖြစ်စထွက်ကြတာ တတိယ မျိုးဆက်လောက်ရောက်လာကြပါပြီ ။
ပထမ မျိုးဆက်ဟာ အိမ်ဖေါ်ဆိုပေမဲ့ နောက်မျိုးဆက်တွေက ရောက်ရာနိုင်ငံက လူတွေနဲ့ ယှဉ်နိုင်ကြတယ် ။
American Idol လို ပွဲတွေမှာတောင် ဇကာတင် အဆင့်မှာ ပါလာကြပြီ ။ ဒုတိယ ဆု ရတဲ့မှတ်တမ်းတောင် ဝင်သွားပြီ ။
ဟိုတလောက မြန်မာတွေ ဟောင်ကောင် အိမ်ဖေါ်အဖြစ်သွားကြတယ် ဆိုတော့ ရေးကြတာ ဘဝင်မကျ ပေမဲ့ မပြောချင်လို့ လက်ရှောင်နေခဲ့တယ် ။
ဖိလစ်ပိုင်တွေ ကမ္ဘာ နိုင်ငံတွေမှာ ခြေကုတ်ယူတာ ရတဲ့နေရာကနေယူခဲ့ကြတယ် ။
သူတို့ မျိုးဆက်တွေကတော့ အိမ်ဖေါ် မလုပ်ကြဘူး ။ အနုပညသမားတွေ စီးပွားရေးသမားတွေ ဖြစ်လာကြတယ် ။
ဖိလစ်ပိုင်တွေဆို နိုင်ငံတကာက ကြည်ကြည်ဖြူဖြူ လက်ခံကြတယ် ။ ယုံကြည်မှု အပြည့်ရှိကြတယ် ။ ကမ္ဘာကလေးစားလာအောင် အလုပ်လုပ်ကြတယ် ။
သူများသီချင်းပြန်ဆိုတာတောင် လက်ကျော မတင်းအောင် ပြန်ဆိုကြတဲ့ မြန်မာနိုင်ငံက ခိုးကူး အနုပညာရှင်များ သတိ သံဝေဂ ရကြပါစေ ။
ရဲသူရိန်မင်း
260814
 |
ကမ္ဘာမှာ အာဖရိကန်တွေ ပြီးရင် ကျိုးစားသလောက် ပေါက်ရောက်ကြတာ ဖိလိပိုင်တွေပါ ။
အခုဆို သူတို့ ကမ္ဘာကို အိမ...
|
|
No comments:
Post a Comment