Thursday, 4 August 2011

ငါနင် ကို လွမ်းနေတယ်။။ပန်းကျောင်းလေးရေ....

ငါနင် ကို လွမ်းနေတယ်။။ပန်းကျောင်းလေးရေ.... အဆောင်ရှေ့ ကအလွမ်းတွေ နင်နဲ့ အတူထိုင်ခဲ့တဲ့ အဆောင်ရှေ့ခုံတန်းလေး နင့်အတန်းေ၇ှ့ ကငါဆိုင်ကယ်ရပ်နေကြ ပင်လယ်ကဗွီးပင်တန်း ခရေတွေဝယ်ပြီး ဘုရားတင်ခဲ့တဲ့ တက္တသိုလ် ထဲ ကစေတီလေး နင့်မျက်ရည်တွေ ကိုသုတ်ခွင့်ပေးခဲ့တဲ့ ငါ့ရဲ့ အဝေးကရက်တွေရယ် ငါငိုနေတယ် ၀ါဆိုရယ်။။ နင်က ရှင်မွှေးလွန်း ဆိုပေမဲ့ ငါက မင်းနန္ဒာ မဖြစ်ခဲ့ဘူး နင်မျှော်လင့်သလိုငါတို့ မချစ်ခဲ့ဘူး သွားလေသူရယ် ၊ ကျန်ခဲ့သူရယ် ပြီးတော့မိုးတွေရွာနေတယ်။။ အဆောင်ရှေ့ကသီချင်းတွေကို နင်သယ်သွားတာလား ငါ့ထားခဲ့တာလား။ ကိုအေး ဓါတ်ပုံတွေ ရိုက်နေတုန်း ရွှေခရေ မှာအဆောင်သူတွေ ပျော်နေကြတုန်း ပြီးတော့ ရေ၀တီဆောင်၊ ဧရာဝတီနှင်းဆီ ငါလွမ်းလို့သေခဲ့ပါပြီ။ နင် ဘယ်တော့မှ မမုန်းပဲ ထားခဲ့သူ (သို့မဟုတ်) ငါ ပြီးတော့ ပြန်ပြန်မရောက်ဖြစ်တော့ပါ။။  ကဗျာတွေ နင့်ကြောင့်ဖြစ်ဖြစ်လာတယ်ဆိုတာ ယုံပါ ၀ါဆို ကော့ဒ် အဟောင်းတွေ ရောက်တိုင်း လက်ချောင်းတွေတုန်တုန်လာတာ နင့်ကြောင့်ပါ..၀ါဆို ကဲ..၀ါဆိုမှာငို ၊ ၀ါဆိုမှာထပ်ထပ်ပြီးပြိုတယ်။ နင်သင်ပေးခဲ့တဲ့ ဒဿနတွေ နဲ့ ရူပဗေဒ နင်ရေးခဲ့တဲ့ ခရေတွေ ၊ မြေနံ့သင်းတဲ့  မြက်ဖိနပ်စီး ကဗျာတွေ နင်ကြိုက်တဲ့ တာရာမင်းဝေ ကို ငါကြိုက်ခဲ့တယ်။ နင်ကြိုက်တဲ့ ဟင်းလင်းပွင့်ပုံပြင် ငါလိုက်ရွတ်တယ်။ နင်ပြောခဲ့တဲ့ zero သီဝရီ ထပ်ထပ်ရှင်းခိုင်ရင်း နင်ရေးတဲ့ နင့်ပါရဂူဘွဲ့ စာတမ်းလေးကို ငါဖတ်ခဲ့တယ်။ ငါကြောင့် ကြွေပုတီးလေး ကြိုးပြေပေါ့ ၀ါဆိုရေ.. နင့်ကဗျာတွေပြန်ပြန်ရွတ်နေတုန်း နင်လည်းကောင်းကင်ပေါ်မှာ ကဗျာတွေရွတ်နေလောက်ရောပေါ့။။ မျှော်လင့်ချက်ဆိုတာ....ဘယ်လောက်ရှင်သန်တယ်ဆိုတာထက်....ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာပေါ်မူတည်ပါတယ် ဆိုတဲ့ စံပါယ်ရေ.. ငါခပ်ရင့်ရင့်လွမ်းနေတယ်။ဲJohnyoharmar ( ကဗျာမဟုတ်ပါ)
John Yoharmar 05 August 00:45
ငါနင် ကို လွမ်းနေတယ်။။ပန်းကျောင်းလေးရေ....
အဆောင်ရှေ့ ကအလွမ်းတွေ
နင်နဲ့ အတူထိုင်ခဲ့တဲ့ အဆောင်ရှေ့ခုံတန်းလေး
နင့်အတန်းေ၇ှ့ ကငါဆိုင်ကယ်ရပ်နေကြ ပင်လယ်ကဗွီးပင်တန်း
ခရေတွေဝယ်ပြီး ဘုရားတင်ခဲ့တဲ့ တက္တသိုလ် ထဲ ကစေတီလေး
နင့်မျက်ရည်တွေ ကိုသုတ်ခွင့်ပေးခဲ့တဲ့ ငါ့ရဲ့ အဝေးကရက်တွေရယ်
ငါငိုနေတယ် ၀ါဆိုရယ်။။
နင်က ရှင်မွှေးလွန်း ဆိုပေမဲ့ ငါက မင်းနန္ဒာ မဖြစ်ခဲ့ဘူး
နင်မျှော်လင့်သလိုငါတို့ မချစ်ခဲ့ဘူး
သွားလေသူရယ် ၊ ကျန်ခဲ့သူရယ်
ပြီးတော့မိုးတွေရွာနေတယ်။။
အဆောင်ရှေ့ကသီချင်းတွေကို နင်သယ်သွားတာလား
ငါ့ထားခဲ့တာလား။
ကိုအေး ဓါတ်ပုံတွေ ရိုက်နေတုန်း
ရွှေခရေ မှာအဆောင်သူတွေ ပျော်နေကြတုန်း
ပြီးတော့ ရေ၀တီဆောင်၊ ဧရာဝတီနှင်းဆီ
ငါလွမ်းလို့သေခဲ့ပါပြီ။
နင် ဘယ်တော့မှ မမုန်းပဲ ထားခဲ့သူ (သို့မဟုတ်) ငါ ပြီးတော့
ပြန်ပြန်မရောက်ဖြစ်တော့ပါ။။
ကဗျာတွေ နင့်ကြောင့်ဖြစ်ဖြစ်လာတယ်ဆိုတာ ယုံပါ ၀ါဆို
ကော့ဒ် အဟောင်းတွေ ရောက်တိုင်း လက်ချောင်းတွေတုန်တုန်လာတာ နင့်ကြောင့်ပါ..၀ါဆို
ကဲ..၀ါဆိုမှာငို ၊ ၀ါဆိုမှာထပ်ထပ်ပြီးပြိုတယ်။
နင်သင်ပေးခဲ့တဲ့ ဒဿနတွေ နဲ့ ရူပဗေဒ
နင်ရေးခဲ့တဲ့ ခရေတွေ ၊ မြေနံ့သင်းတဲ့ မြက်ဖိနပ်စီး ကဗျာတွေ
နင်ကြိုက်တဲ့ တာရာမင်းဝေ ကို ငါကြိုက်ခဲ့တယ်။
နင်ကြိုက်တဲ့ ဟင်းလင်းပွင့်ပုံပြင် ငါလိုက်ရွတ်တယ်။
နင်ပြောခဲ့တဲ့ zero သီဝရီ ထပ်ထပ်ရှင်းခိုင်ရင်း
နင်ရေးတဲ့ နင့်ပါရဂူဘွဲ့ စာတမ်းလေးကို ငါဖတ်ခဲ့တယ်။
ငါကြောင့် ကြွေပုတီးလေး ကြိုးပြေပေါ့
ဝါဆိုရေ.. နင့်ကဗျာတွေပြန်ပြန်ရွတ်နေတုန်း
နင်လည်းကောင်းကင်ပေါ်မှာ ကဗျာတွေရွတ်နေလောက်ရောပေါ့။။
မျှော်လင့်ချက်ဆိုတာ....ဘယ်လောက်ရှင်သန်တယ်ဆိုတာထက်....ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာပေါ်မူတည်ပါတယ် ဆိုတဲ့ စံပါယ်ရေ.. ငါခပ်ရင့်ရင့်လွမ်းနေတယ်။

ဲJohnyoharmar
( ကဗျာမဟုတ်ပါ)


”သုခသုမောင်စာပေတိုက်ပွဲ”

Ka Yin Lay 04 August 21:54
"သုခသုမောင်စာပေတိုက်ပွဲ"

ကျွန်တော်သည် ဒါရိုက်တာ အကယ်ဒမီ"သာဓု"၏သား ဖြစ်သော်လည်း ဒါရိုက်တာ အကယ်ဒမီ"သုခ"နှင့် ရုပ်ရှင်အလွန် ရိုက်ချင်ခဲ့ပါသည်။
သို့သော် ကျွန်တော် ကိုယ်တိုင် "အကယ်ဒမီ" ရပြီးသည့်တိုင် ဆရာက ခေါ်မရိုက်ခဲ့ပေ။ ထို့အတွက် ဆရာ့အား မကျေမနပ် ဖြစ်နေခဲ့ပါသည်။
သို့သော် တစ်နေ့တွင် "ဆရာ"က ကျွန်တော့်ထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပါသည်။

"ဆရာသုမောင်ရေ ကျွန်တော်ဦးစီးတဲ့ "အမေများ"နေ့အတွက် ကျွန်တော် ရေးတဲ့ "အမေ" သီချင်းကို တီဗွီရိုက်ရင်း သီဆိုဖို့ ဆရာ့ဆီ အကူအညီ
တောင်းတာပါ" ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်မှာ ဘဘအပေါ် စိတ်ကောက် နေသည်များ ပြေပျောက် ရုံမက ကျေးဇူးတင် ၀မ်းမြောက်လျက်
ဘဘ၏ ခဲတစ်လုံး "ငှက်သုံးကောင် ပစ်နိုင်သော "တင်္ခဏုပ္ပတ္တိ" ဥာဏ်ကို ရှိခိုး ပူဇော်မိပါတော့သည်။

"တီဗွီရိုက် သီချင်းဆို" ဆိုသဖြင့် ကျွန်တော့် အား "အဆိုကျော် ရုပ်ရှင်မင်းသား" အဖြစ် ဘဘ သတ်မှတ်တာ သေချာပါပြီ။ ကိုင်း... "ဆရာ သုမောင်" ဟု "အာလုပ်"သုံးလိုက်ပုံက စာရေး ဆရာ အဖြစ် အသိအမှတ် ပြုကြောင်း ပေါ်လွင် နေပြီကောလေ။ (ဦးတင်လျက်)
ကျွန်တော်မှာ ၁၉၇၃(အောက်တိုဘာ)တွင် "ငယ်အိပ်မက်" ၀တ္ထုတို ရှုမ၀မဂ္ဂဇင်း စင်တော် ကောက်အဖြစ် စတင်၍ စာရေးဆရာဘ၀ ရောက်ရပါသည်။ ၁၉၇၅ တွင် မင်းသားဖြစ်ပြီး ၁၉၇၆ ကျမှ အဆိုကျော် ဖြစ်ပါသည်။ စောစောက ပြောခဲ့သလို ရွှေတြိဂံ နယ်မြေမှာ တစ်ပြိုက်နက် ထင်ပေါ်လာခဲ့သော်လည်း ကျွန်တော့်အရင် နှစ်ပေါင်းများစွာ ကျော်၍ ထိုရွှေတြိဂံ အနုပညာ နယ်ပယ်မှာ အောင်မြင် ကျော်ကြားခဲ့သော "ဆရာ သုခ"နှင့်ကား မဆုံစည်းခဲ့ရပါ။ ဆရာ့ကို လူသိ များတာက အကယ်ဒမီ ၇ ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော်လည်း ဆရာသည် ရုပ်ရှင် သရုပ်ဆောင်လည်း အောင်မြင်ခဲ့ပါသည်။ မင်းသားတော့ မဟုတ်ပေ။ "ဂုဏ်ရည်မတူ" ဇာတ်ကားကြီးတွင် "ပေါက်စီ" "မယ်သုန်" ဟု ဆရာက "ပေါက်စီ"၊ ဒေါ်မေသစ်က "မယ်သုန်" အဖြစ် သူတောင်းစား မောင်နှမအဖြစ် ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့ရာ ပရိသတ် ပါးစပ်ဖျား "ပေါက်စီ" "မယ်သုန်" ခေတ်စား သွားခဲ့ပါသည်။ အခြားဇာတ်ကားကြီးများတွင်လည်း ဆရာသည် အဓိက ဇာတ်ပို့အဖြစ် ရိုက်ကူး အောင်မြင်ခဲ့ပါ သေးသည်။ သို့သော် ဒါရိုက်တာ ဖြစ်လာသော အခါ ဆရာ့သရုပ်ဆောင်ဘ၀ တိမ်မြုပ်သွားခဲ့ရ ပါတော့သည်။ ဒါသည် သစ်ပင်ကြီးကြောင့် လောင်းရိပ်မိ အပင်ငယ်တို့၏ ညှိုးရော်ရသော သဘာဝပင်။

ထို့ထက်ကား ဆရာသည်လည်း (သာဓု၊ မောင်သင်၊ မြတ်လေး၊ ၀င်းဦး စသည်)တို့ ကဲ့သို့ ရုပ်ရှင်၏ အရှိန်အ၀ါ ကြီးမား အောင်မြင်မှုကြောင့် စာပေဘ၀ အရောင် မှိန်သွားရသည်မှာကား ၀မ်းနည်းဖွယ် ကောင်းလှပေသည်။ တကယ်တော့ ဆရာသည်လည်း အချစ် အိမ်ထောင်ရေး စူပါ စာရေးဆရာကြီး တစ်ဆူ အရင်ဆုံး ဖြစ်ခဲ့ပါသည်။ နောင်မှ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတနယ် ၀င်ပါသည်။ ဂီတတွင်လည်း ဆရာသည် တေး သီချင်းအသစ်များစွာ ရေးစပ်သီဆိုခဲ့ပါ သည်။ ဥပမာ ယနေ့တိုင် ပြန်ဆိုမဆုံး ဖြစ်နေသော ဘ၀သံသရာ။

စောစောက ပြောသလို ရုပ်ရှင် (ဒါရိုက်တာ) အဖြစ် သူမတူအောင် ကွယ်လွန်ခါနီးထိ အတုမရှိ ဒါရိုက်တာ ဖြစ်ခဲ့လေရာ ဆရာ၏ သရုပ်ဆောင်၊ ဂီတစာဆို၊ တေးသံရှင်၊ စာရေးဆရာ ဘ၀များ အရောင်မှိန်ခဲ့ရပါသည်။ "အရောင်မှိန်ခဲ့ရ" ဟု လူပြိန်းစကား သုံးရပါသည်။ တကယ်တော့ စာပေသည် စာရွက်ပေါ် မင်စာဖြင့် ပုံနှိပ်ရသော် လည်း ကျောက်ထက် အက္ခရာတင် သကဲ့သို့ နှစ်ပေါင်းများစွာ တင်ကျန်ရစ်သော ဂန္ထ၀င် အနုပညာအမျိုးအစား ဖြစ်ပါသည်။ သို့သော် ခေတ်စကားဖြင့် "စီလီဘရီတီ"တို့ "ပေါ်ပြူလာ"တို့ကဲ့သို့ လူသူပရိသတ် အသိများခြင်း၌ပါးလျား ရသည်ကိုသာ ကျွန်တော်က ယေဘုယျ ဆိုရပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာသည် အသက် ရလာသောအခါ "ဂီတ"နှင့် "စာပေ" မူလဘူတဘ၀ကို တတ်အားသမျှ ပြန် ဖော်ပါသည်။ ဓမ္မစာပေတွေ ရေးပါ သည်။ အထူးသဖြင့် စာဆိုတော် ရာသီ ရောက်တိုင်း စာပေ ဟောပြောပွဲများ လိုက်ပါပါသည်။ ထူးခြားသည်က ဆရာ စာပေဟောလျှင် ဆိုင်းဝိုင်းငှား ခိုင်းတတ်ပါသည်။

ဆရာက (ဘ၀ သံသရာ၊ တေဘုမ္မာ) စသော တေးသီချင်းများ၏ စာပေ အနှစ်သာရကို ဂီတဖြင့် သီဆိုတီးမှုတ်ပြရင်း ပရိသတ် ကို "သကြားအုပ် ဆေးခါး"ကျွေးသလို ခေါ်ယူစည်းရုံးခြင်း ဖြစ်ပါသည်။ စာပေ ဟောပြောပွဲ ပရိသတ် ဆိုသည်မှာ အနုပညာပရိသတ် တကာတို့တွင် အမြင့်ဆုံး ဟုဆိုရသော်လည်း ကြိုးကြား ဆိုသလို စာရေး ဆရာတွေ ရယ်စရာ "ဟာသ"ပြောပြ၊ "သီချင်းဆိုပြ" စသည်ကို စိတ်ဝင်စားကြသူများ ပါဝင်တတ် ပါသည်။ (ခုနှယ်ခါ ထိုအစွဲ ပိုကဲနေ ပါသည်။) ဆရာကတော့ သူအကယ်ဒမီ ၇ ဆုရအောင် ပရိသတ်ကို စည်းရုံး နိုင်သော ဥာဏ်စွမ်းရှိသူ ပီပီ ထိုကဲ့သို့ စာပေပွဲမှာ ဆိုင်းဝိုင်း တွဲခြင်း ဖြစ်ပါ သည်။

ရိုးရိုးကြီးဝန်ခံရလျှင် ဆရာ၏ ထိုအပြုအမူကို ကျွန်တော် မနှစ်သက်ခဲ့ရိုးပါ။ (ဟိုစဉ်က ဖြစ်ပါသည်။) ထိုနည်းတူ စာရေးဆရာတွေ သံသေးသံကြောင် ဖြင့် (အချို့လည်းကောင်း ရှာပါသည်။) စာပေပွဲမှာ သီချင်းတွေ အသားလွတ် ဆိုတာ စာပေ ဂုဏ်ပျက်သည် ဟု ကျွန်တော်က လူငယ်ပီပီ အတွေး ဆတ်ပါသည်။ ထို့ကြောင့် ထိုစဉ် (၁၉၇၀/ ၈၀)၀န်းကျင်က စာပေပွဲများသို့ ကျွန်တော်လိုက်ပါ ဟောပြောရာ၌ ဘယ်အခါမျှ သီချင်း ဆိုမပြခဲ့ပါ။ မဆို ရုံမက (ငယ်ဂုဏ်မောက်ပြီး) သီချင်း ဆိုသော စာရေး ဆရာများကို ကျွန်တော် ဒိုင်ခံ ကန့်ကွက်ခဲ့ပါသည်။ စင်မြင့် ပေါ်မှာပင် ပြောင်ပြောင်တင်းတင်း ဘုကန့်လန့်တိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာက ပြောအားရှိသည်။ ဟုတ်ပါ့။ ကျွန်တော်က နိုင်ငံကျော် အဆိုတော်တစ်ပိုင်း ဟုတ်လား။ သည် တော့ အနိုင်နှင့်ပိုင်းသော "စာရေး ဆရာ သုမောင်" အား အခြား စာရေးဆရာများ က မချေပနိုင်ရှာ။ ဒါကို အခွင့်ကောင်း ယူပြီး လိုသည်ထက် ပို၍ ဆော်ပလော် တီးတတ်သော ကျွန်တော်မှာ "ဆရာ သုခ"နှင့် စာပေပွဲများမှာ ကြုံလျှင် ငြိမ်ကုပ်နေရပါသည်။ ဆရာသည် ပြောကြ ကြေးဆိုလျှင် ကျွန်တော်၏ အနုပညာ အဘိုး ဟုတ်လား။ ကျွန်တော့် ဖခင် "သာဓု" ထက် သူက စောသည်လေ။

သည်လိုနှင့် မှတ်မှတ်ရရ (၁၉၈၂) တွင် တောင်ဥက္ကလာ (၁၃) ရပ်ကွက်၌ "သုခ"၊ "သုမောင်"၊ "မြတ်ထန်" တို့သုံး ဦးသား ဂိုဏ်းစာပေဟောပြောပွဲ ကျင်းပ ပါသည်။ ဆရာမြတ်ထန်မှာ အသက်ကြီး သော်လည်း စာဝါနုသဖြင့် ရှေ့ဆုံးမှ တက်ဟောရပါသည်။ ပြီးတော့ ၀ါအရင့် ဆုံး ဆရာသုခက ဒုတိယ။ အကြောင်း ကား အဆိုကျော် မင်းသား စာရေးဆရာဟု နာမည်ကြီးနေသော စီလီဘရီတီ "သုမောင်"ကို ဆန်ခံရန် "မျောက်"ပြဖို့ နောက်ဆုံးမှာထားသတဲ့။
သည်လိုနှင့် ဟောကြပြောကြလေ ရာ ဆရာသုခ အလှည့်တွင် ထုံးစံအတိုင်း "တေဘုမ္မာ"နှင့် "ဘ၀သံသရာ"သီချင်း များ၏ စာသားကာရန်၊ အဓိပ္ပာယ်၊ ဓမ္မ ဒဿန စသဖြင့် လေးနက်စွာ ဟောရင်း ပေါ့ပေါ့ပါးပါးလည်း သီချင်း ဆိုပြပါသည်။ အသက်ကြီးပြီမို့ အသံ မရတော့ သော်လည်း အဆိုကောင်းတော့ ပရိ သတ်က သဘော တွေ့ပါသည်။ နော့် သော် သူတို့ မျှော်နေကြတာက "နုနုငယ်ငယ် ဂုဏ်တက်နေသည့်" သုမောင်၏ အဆို။

ဤတွင် ဆရာသည် တေးသီချင်း များသည် စာပေ ၀တ္ထုများထက် ပရိ သတ်ကို ပို၍ ဖမ်းစားနိုင်ကြောင်း၊ သြဇာ ကြီးမားကြောင်း စကားစပ်မိပါ တော့သည်။ သဘောမှာ တေးသီချင်းများ "ပေါက်" ပြီဆိုလျှင် ပရိသတ်က လိုက်ဆိုရုံမက ထိုတေးပါ အကြောင်း အရာကိုလည်း တုပမှီငြမ်းကြတော့ ကြောင်း ဖြစ်သည်။ အလွန်ကောင်းသော ရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော် ဥပမာ ပေးရာ၌ ဆရာသည် ကျွန်တော့်ဘက် လက်ညှိုးထိုးပြီး (ထိုစဉ် က စာရေးဆရာများမှာ စင်မြင့်ပေါ်မှာ ငုတ်တုတ်ထိုင်ကြရသည်။)

"ဟော... ဆရာ သုမောင် ရှေ့တွင်ပဲ သူ့အဖေ ကိုသာဓုရေးတဲ့ သီချင်း တစ်ပုဒ် ဥပမာ ပေးရဦးမယ်ဗျ။ ဘာ တဲ့... "တင့်တင့်တို့အရွယ်" ဆိုတဲ့ သီချင်း "ဒီအရွယ် တင့်တင့်တို့အရွယ် ကျွန်မ ကျွန်မတို့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ရူးနှမ်းနှမ်းအရွယ်___ အိပ်ချင်ရာအိပ် သွားချင်ရာသွား___ အားအားရှိတော့ အလှပြင်တယ်" တဲ့။ "အကယ်၍သာ" ဆိုတဲ့ သူရိုက်တဲ့ ဇာတ်ကားမှာ မြတ်မွန် ဆိုတာပေါ့။ ဟာ... တစ်နိုင်ငံလုံး ဟိုးဟိုးကျော် သွားတဲ့ သီချင်းဗျ။ လူကြီးလူငယ် ကျား၊ မ မရွေး အားအားရှိ လိုက်ဆိုရ တဲ့ ခေတ်စားတဲ့သီချင်း ဆိုပါတော့ ဗျာ... အဲ အဲ ပြဿနာက စောစောက ကျွန်တော်ဆိုသလို ဆိုကြည့်စမ်းဗျာ။ အပျိုမတမ်းကလေးတစ်ယောက် အိပ် ချင်ရာအိပ်၊ သွားချင်ရာ သွားဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့(ပရိသတ် လက်ခုပ်သံများ) (သုမောင် အခံရခက် မျက်နှာအောက်ဝှက်) သီချင်းပေါက် တော့ လူငယ်တွေ လိုက်ဆို၊ ပြီးတော့ လုံမငယ်တွေ လိုက်တု၊ မခက်လားဗျာ။ ဒါကြောင့် ဂီတဟာ ပရိသတ်ကိုစည်း ရုံးရာမှာ လက်နက်ကောင်း။ သတိထား သင့်တယ်" စသ ဖြင့် ရိုးရိုးသားသား ဝေဖန်အကြံပြု ပြောကြားသွားရှာပါ တယ်။ နော့ပေတည့် ခလုတ်က ထိတာ "အမိ" မဟုတ် "အဖ" ဖြစ်နေလေရာ ကျွန်တော့်မှာ မခံချိမခံသာပေါ့။ ပြီးတော့ ကျွန်တော့် ရှေ့ထားပြီး ကျွန်တော့်အဖေ ဝေဖန်တာဆိုတော့ ကျွန်တော့်မှာတာဝန် ရှိလာပါပြီ။ ဒါ့ပြင် နောက်ဆုံးမှပြောရ မှာမို့ တစ်ပန်းသာသည်။ ပိတ်တွယ်ရုံ ပေါ့။ ကျွန်တော် တေးမှတ်ထားလိုက် တော့သည်။
ရောက်ပါပြီ ကျွန်တော့် အလှည့်။ ပရိသတ်ဆိုတာ လက်ခုပ်သြဘာ မိုးလုံး ညံပေါ့။ နုနုနယ်နယ် အရွယ်ကောင်း နာမည်ကြီးဆိုတာက တစ်ပိုင်း၊ စော စောက ဆရာ"သုခ" ကျွန်တော့် "အဖေ" ကို တွယ်ထားတာ ဘာပြန်ပြောမလဲ၊ ဘာသီချင်းတွေဆိုမလဲ... ပေါ့လေ။

ကျွန်တော်ကလည်း ဒေ၀ဒတ်ထုံး နှလုံးမူပြီး စကားလုံး "ကျောက်မောင်း" ဆင်ပြီးသားဖြစ်၏။
"လေးစားရပါသော စာပေ ၀ါသနာရှင်များခင်ဗျား..." အစချီပြီး ဘာမျှ နိဒါန်း မပျိုးဘဲ (ဆရာသုခရဲ့သြ၀ါဒတွေ ကောင်းကြောင်း ချီးမွမ်းရသည်။ ဒါမှ မြှောက်ပြီးရိုက်တဲ့ ဘော်လီဘောလို ကျွန်တော့်ရိုက်ချက် ပိုပြင်းမှာကိုး။)

"ဆရာကြီး ဘဘဦးသုခက ကျွန်တော့် ဖခင်ရေးတဲ့ တင့်တင့်တို့ အရွယ် သီချင်း ဆိုပြတာလည်း ကောင်းပါ့၊ ရှင်းပြတာလည်း သူ့အဆိုအတိုင်း (စာသားအတိုင်းကော) ဟုတ်ပါလိမ့် မယ်။ နော့ပေတဲ့ ဆရာများ အသက်ကြီး လို့ မကြားတကြား အမှတ်သညာတွေ မှားသလား မသိဘူး။ တကယ်က ကျွန်တော့်ဖခင် သာဓု ရေးတဲ့ အဲဒီ သီချင်းထဲက စာသားက "အိပ်ချင်ရာ အိပ်... သွားချင်ရာသွား..." မဟုတ် ရပါ ခင်ဗျာ။ "အိပ်ချင်ရင် အိပ်... ထချင်မှထ"ပါ။ အပျိုဖြန်း မတမ်းမလေး ဆိုတာက အိပ်ချင်တဲ့ အချိန် အိပ်လိုက်မှာပဲ၊ ထချင်တဲ့ အချိန်မှ ထလာ မှာပဲဆိုတဲ့ ကလေးစိတ်မကုန်သေးတာ ကို ဆိုတာပါ။ ဆရာ ဘဘဆိုပြတာနဲ့ အဓိပ္ပာယ်ကွာပါတယ်။ (လက်ခုပ်သံ များ) စသဖြင့် ငယ်ဂုဏ်မောက်တဲ့ ဒေ၀ဒတ် ၀င်စားသူ သုမောင် ပြန်တွယ် ပါလေရော။ ပရိသတ်ကလည်း တသောသော။ ဒါနဲ့ မကျေသေးဘူး။ လူ့သဘာဝ နိုင်ရင် ဖိတွယ်တတ်သည့် အတိုင်း။

"အသက်ကြီးလို့ အသံတွေ တုန်နေတဲ့ ဘိုးဘိုးကြီး ဆရာသုခ သီချင်းတွေ ဆိုပြတာ ပညာရပေမယ့် မြန်မာ ပြည်မှာ အသံဘုရင် အခေါ်ခံရတဲ့ သုမောင် စာပေပွဲမှာယောင်လို့မှ သီချင်း မညည်းဘူးဆိုတာ ကတိပေးသဗျ" ဆိုပြီး အလင်္ကာရသ နှောလို့ ဆရာ့ကို သာသာလေး ကောမိပါတယ်။ ဆရာ့ လှည့်ကြည့်တော့ ကွမ်းကလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ။ ဆရာ မြတ်ထန်ကတော့ အားနာတာလား၊ သူရို့လူကြီးချင်း "မှတ်ပလား" ဆိုတဲ့ သဘောနဲ့လား၊ ကျီစယ်ပြုံးလို့။

ဒီတွင် အကောင်းအဆိုး တစ်ခုခု ဖြစ်လာရင် သာရာဘက်က ဖိထောင်း တတ်တဲ့သဘာဝ၊ အနုပညာတစ်ခုခု အောင်မြင်လာရင် နောက်ဆက်တွဲတွေ ထပ်လုပ်တတ်တဲ့ သဘာဝက သုမောင် ဆိုတဲ့ မနူးမနပ် စီလီဘရီတီလေးကို မြှောက်ထိုးပင့်ကော် လုပ်ချပါလေရော။
"ပရိသတ်များခင်ဗျာ တကယ် တော့ စောစောက ဓမ္မ သီချင်းတွေနဲ့ တရား ပြသွားတဲ့ ဘဘဦးသုခရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ကိုင်စွဲထားတဲ့ စာပေ မူဝါဒကို ဖောက်ဖျက်ပြီး နည်းနည်း သီဆိုပြပါမယ်။ (လက်ခုပ်သြဘာသံ များ) ဘာတဲ့... "စိတ်ညစ်လို့ အရက်ကို သောက်တယ်___အရက်သောက်တော့ စိတ်သိပ်ညစ်တယ်___လူမှာသာ ငွေ မရှိရင် လင်ယူမိတာ နာတယ်ထင်တယ် ___ငွေကိုသာ ရေလိုသုံးရင် တစ်ပြည် လုံးမှာ လုပ်သမျှတင့်တယ်___လမ်း လယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ် မယ်___ ပါတဲ့ ခင်ဗျာ"
စသဖြင့် ပီသကြည်မြတဲ့ သုမောင် ရဲ့ဂီတနဲ့ ဖျော်ဖြေရင်း ဆရာ့ကို ခပ်ပြင်း ပြင်းနင်းပြောမိပါရော။

ဟောပြောပွဲပြီးတော့ တစ်လမ်းစီမို့ ဆရာက သီးသန့်ပြန်ပါတယ်။ ဆရာ မြတ်ထန်နဲ့ ကျွန်တော်က ကားတစ်စီး ပါ။ အဲဒီမှာ မထိတ်သာ မလန့်သာ စကားတစ်ခွန်း ဆရာမြတ်ထန်က ပြော ပါတယ်။ "ကိုသု... နည်းနည်းများ ဒေါသ သံ ပါသလားလို့" တဲ့။ ဆရာဟာ စစ်ဗိုလ်လူထွက် စာရေး ဆရာပေမယ့် စကားပြော အလွန်နူးညံ့ပါတယ်။ (စကားမစပ် ကျွန်တော် ခဲလုံးကန်တာ နာမည်ကြီးသွားတဲ့ နှောင်းတမြေ့မြေ့ဟာ ဆရာမြတ်ထန်ရဲ့ နိုင်ငံကျော် ၀တ္ထုပါ။)
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာပေ ဘိုးအေကြီး လူလယ်ခေါင် တီး လိုက်ရလို့ စာပေပွဲမှာ သီချင်း မဆိုသော်လည်း အပြန် လမ်းမှာတော့ စိတ်ညစ်လို့ အရက်ကိုသောက်တယ် ဆရာသုခ သီချင်းလေး ညည်းနေမိပါသည်။ (အရက်ကလည်း တကယ်သောက်ထား မင့်ဟာကိုး။)

မြတ်စွာဘုရားဟော ကံအကျိုးပေး ၀ဋ်လည်ခြင်း ဆိုသည်မှာ ဘ၀ မကူးခင်မှာတွင် တစ်ပတ်လည်ရုံမက တောင် ဥက္ကလာစာပေပွဲအပြီး တစ်လအကြာမှာ (ထိုသုံးယောက်အတွဲပါပဲ။) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ စာပေဟော ပြောပွဲ ပြန်ဆုံပါသည်။ ကျွန်တော်သည်ကား ငမိုက်သား ငရဲလားမည့် ဒေ၀ ဒတ်ဝင်စားသူပီပီ ကျောက်မောင်း ကြိုတင်ချည်ထားလေသည်။ ဘာပဲဖြစ်ဖြစ် ဆရာသုခ ကျွန်တော့်ကို ပြန်ချေပ သို့မဟုတ် လှုပ်မရအောင် တုပ်တော့ မည်ဟု။ ဒါဆို ငါ ဘာပြန်ဖြေမလဲပေါ့။

သို့သော် ဆရာကြီးသည် ထိုပွဲမှာ ပထမဆုံး စဟောပါသည်။ ထုံးစံ အတိုင်း ဓမ္မသီချင်း ရှင်းတမ်းတွေ ဟောရင်း ဆိုရင်းပေါ့။
အဆုံးသတ်နိဂုံးတွင်မူ...
"ပရိသတ်များခင်ဗျား ပြီးခဲ့တဲ့ လက ကျွန်တော်တို့သုံးယောက်အတွဲ တောင်ဥက္ကလာမှာ ဟောကြပါသေး တယ်" အစချီပြီး ကျွန်တော်နှင့် အချီ အချဖြစ်ပုံကို ရိုးရိုးစင်းစင်းကြီး ပြန် ရှင်းပြပါသည်။ ထို့နောက်
"ဒါကြောင့် စာရေးဆရာတွေဟာ အရေးပါတာပါ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ စာရေးဆရာမှာ ရာထူးကြီးငယ် မရှိပါဘူး။ အပွင့်အခက် မရှိပါဘူး။ ဦးနှောက်နဲ့ နှလုံးသား အားကောင်းရင် စေတနာမှန်ရင် စာရေး ဆရာချင်းပေမယ့် လေးစားပြီး နာယူ ရပါမယ်။ ခုနက တောင်ဥက္ကလာပကိစ္စ ပြီးကတည်းက ကျွန်တော်ဟာ ဆရာ သုမောင်ရဲ့စကားကို လေးလေးစားစား နာယူပြီး နောင်ဟောပြောပွဲတွေမှာ သူ့ အဖေ ကိုသာဓုရဲ့သီချင်းကို ဆိုမပြ တော့ပါဘူး။ ဟုတ်ပါ့၊ ကျွန်တော့် စာသား မှားတာကိုး။ နော့ပေတဲ့ ဆရာ သုမောင်ထောက်ပြသလို ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ အမှားကြီးမှားခဲ့တဲ့ ဂုဏ် ဆိုတဲ့ နာမည်ကြီး ဂုဏ်ပြုသီချင်း အဲ... လူငယ်တွေကို အရက်သောက်အောင် အားပေးရာ ရောက်စေတဲ့ ကျွန်တော့် သီချင်းကိုတော့ အစအဆုံး ဆိုပြပြီး ကျွန်တော့်အမှားတွေကို ၀န်ခံနေပါ တယ်။ ရှေ့လည်းဆက်ပြီး ၀န်ခံဦးမှာပါ ပဲ။ အထူးသဖြင့် ငယ်ပေမယ့် စေတနာ ကြွယ်တဲ့ ဆရာ သုမောင်ကိုတော့ ဒီစင်မြင့်ပေါ်မှာပဲ ပရိသတ်ရှေ့ သက် သေထားပြီး ဂါရ၀ပြုပါရစေ ခင်ဗျား" ဆိုပြီး (ဆရာ့ရဲ့ လက်သုံးပုံစံ ဂါရ၀ ထုံးစံအတိုင်း ကျွန်တော့်ဘက်လှည့် လက်အုပ်ချီ ရှာပါသည်။)
ပရိသတ်မှာ ရွှေဘုံသာ လမ်းကြီး အပြည့် နံဘေး တိုက်တန်းတွေပေါ်ကလည်း ညွှတ်လို့။ အားလုံး ငြိမ်ကျသွား ပါတော့သည်။ ဆရာသည် ပြောပြီးပြီး ချင်း ထုံးစံအတိုင်း ကွမ်းကလေးမြုံ့ပြီး နားနေရာဆောင်ဆီ ထွက်သွားပါတော့ သည်။

ထိုညက နောက်ဆုံးမှ ဟောနေကျ ပွဲတိုင်းကျော် နာမည်ကျော် အပြောကောင်း အဆိုကောင်း သုမောင်ကြီး ကလေး ကောင်းစွာ မဟောနိုင်တော့ပါ။ ရှက်ခြင်း၊ ၀မ်းနည်းခြင်းများကြောင့် မဟုတ်ပေ။ တရားရခြင်းနှင့် အတူ နောင်တကြီးစွာ တမိခြင်းကြောင့် စကားတွေ မမှားသော်လည်း အသံတွေကား မမှန်ပါတော့ချေ။ ဟုတ်ပါ့၊ ပြောရင်းမှာ ပင် ကျွန်တော် မျက်ရည်ကျနေပြီ ကြောင့်ပါ။ မျက်ရည်ကျတာ လူမြင်ရုံရှိ သည်။ အသံ မမှန်တာက သရုပ်ပျက်လှ သည်။ ဟုတ်ပါ့၊ ဘာစကားပြောပြော ဟာသနှောတောင် ကျွန်တော့်အသံမှာ ငိုသံပါကြီးနှင့်ပါတကား။

သုမောင်
မှတ်ချက်။ ။ စာရေးဆရာသေရင် နတ်ပြည်ရောက်သတဲ့။ စာရေးဆရာကြီး ဦးရန်အောင်၏ မှတ်ချက်စကား။
သြော်... ခုနှယ်ခါ တာဝတိံသာ (စာဝတိံသာ)မှာ ဆရာသုခနှင့် ဆရာ သာဓုတို့ ကိုယ့်ဘုံနှင့်ကိုယ် စံနေကြ ရော့မည်။ ဘုံချင်းကတော့ အလှမ်းကွာ ပေလိမ့်မည်။ နတ်"သုခ" ဘုံက ဘုရား ရှင်၏ "ဆံတော်မြတ်စေတီ" နှင့် နီးပေ လိမ့်မည်။ နတ်"သာဓု" ဘုံကတော့ ၀ိ သကြုံနတ်၏ဘုံနှင့် ကပ်လျက်ဖြစ်လိမ့် မည်။ (ဆရာသာဓု၏ သီးခြားဝါသနာ မော်တော်ကားပြင်ခြင်း ဖြစ်သဖြင့် ၀ိသကြုံနတ်မြင်းလှည်း သူပဲ ဒိုင်ခံပြင် နေမှာကိုးလေ။)
အဘိုးနှင့် အဖေတို့၏ သားမြေး စာရေးဆရာစစ်စစ် ဖြစ်သွားပြီဖြစ်သော သုမောင်။
(ဆရာသုခ ရာပြည့်အကြို)

သုမောင်


ကျေးဇူးပြုပြီးးးးးးးးးးးးး blog...

ကျေးဇူးပြုပြီးးးးးးးးးးးးး blog လိပ်စာလေးပေးပါဦးးးးးးးးးးး
John Yoharmar 04 August 21:42
ကျေးဇူးပြုပြီးးးးးးးးးးးးး blog လိပ်စာလေးပေးပါဦးးးးးးးးးးး


လူငယ်များ၏ နားခိုရာအသစ်

လူငယ်များ၏ နားခိုရာအသစ်  ဆယ်တန်းအောင်ပြီးပြီ။ အမှတ်က ၃၂၀တောင်မှ မရ။ အားငယ်မနေပါနဲ့။ အခုခတ်မှာ အမှတ်၃၂၀မရလဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ London Institute နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာ တစ်နှစ်တက်ရုံနဲ့ UK အသိအမှတ်ပြုတဲ့ အင်ဂျင်နီယာ ဒီပလိုမာ တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ဆန္ဒရှိရင် UK မှာပါ ပညာသင်ခွင့်ကို သင်ရရှိသွားမှာလဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်ဝန်းကျင်မှာကတော့ TECH နဲ့ Glory တို့လောက်သာရှိပေမယ့် အခုချိန်မှာတော့ Gallent, Crown စသည်ဖြင့် အခြားသင်တန်းကျောင်းများစွာကလဲ တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။ သင်ကြားပေးတဲ့ ဘာသာတွေကတော့ Mechanical and Electrical Engineering (M&E), Mechanical Engineering (Mech), Electrical Engineering (EP), Electronic Engineering (EC), Construction (Civil), Refrigeration and Air-conditioning (R&A), Electrical Installation (EI), Mechanical and Electrical Engineering (Control System), Mechatronic Engineering, Telecommunication ဘာသာရပ်တွေ အားလုံးကလဲ နိုင်ငံတစ်ကာမှာ Hot ဖြစ်နေတဲ့ ဘာသာရပ်တွေပါ။ ကြိုက်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုရွေးချယ် တက်ဖို့တော့ လိုပါတယ်။ တချို့တွေက Civil ခေတ်စားတာနဲ့ Civil ကောက်ယူလိုက်ကြပြီး နောက်မှ စိတ်ပါ ဝင်စားမှု မရှိတာကြောင့်လဲ မလိုက်နိုင်ကြတော့တာလဲ တွေ့ဖူးတယ်။ ဒါကြောင့် ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကိုရွေးချယ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ ဒီပလိုမာ ရပြီးရင် အစိုးရအလုပ်ကတော့ အစိုးရအသိအမှတ်ပြု ဒီပလိုမာမဟုတ်လို့ ရဖို့မလွယ်ပေမယ့် ကုမ္ပဏီများ၊ NGO များတွင်တော့ အလုပ်ရဖို့အဆင်ပြေပါတယ်။ တချို့သင်တန်းကျောင်းတွေကတော့ သူတို့ကိုယ်တိုင် ကုမ္ပဏီများ၌ အလုပ်ရအောင် အကျိုးဆောင်ပေးကြတာကိုလဲ တွေ့ရပါတယ်။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများအတွက်တော့ ရယူထားသင့်တဲ့ ဒီပလိုမာတစ်ခုဖြစ်ပြီး UK Dipaloma ဖြစ်တာနဲ့ အားလျော်စွာ နိုင်ငံခြားတိုင်းပြည်များမှလဲ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ Dipaloma ပြီးသွားလို့ Singapore မှာကျောင်းတက်ချင်တယ်ဆိုရင် Auston University တွင် ပထမနှစ်မှ စတင်တက်ရောက်နိုင်မှာသလို UK တွင် တက်ရောက်မည်ဆိုပါက နာမည်ကြီး Conventry University တွင် တက်ရောက်နိုင်ပြီး တတိယနှစ်ပြီးဆုံးခဲ့လျှင် B.sc Hons( Engineering ……..) (UK) အောင်လက်မှတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာပြည်တွင်ပဲ ဆက်တက်မယ်ဆိုပါက Advanced Diploma ကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ တက်ရောက်နိုင်သည့် ဘာသာရပ်တွေကတော့ Mechanical and Electrical Engineering (M&E), Mechanical Engineering (Mech), Electrical Engineering (EP), Electronic Engineering (EC), Construction (Civil), Refrigeration and Air-conditioning (R&A), Electrical Installation (EI), Mechanical and Electrical Engineering (Control System), တွေပဲ ဖြစ်ပါတယ်။ Advanced Diploma ပြီးလျှင် Auston နှင့် Conventry University တို့တွင် ဒုတိယနှစ်မှ စတင်၍ တက်ရောက်နိုင်မည်ဖြစ်သည်။ Advanced Diploma ပြီးလို့ နိုင်ငံခြားတွင် အလုပ်လုပ်လိုပါက S$ 1800 မှ 2000 အတွင်းရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ Advanced Diploma ကို အစိုးရကျောင်းများမှာ A.G.T.I ပြီးထားသူများ၊ B.Tech နဲ့ B.E ပြီးထားသူများပါ လာရောက်တက်ကြတာကိုလဲ တွေ့ရပါတယ်။ တစ်ခုရှိသည်က Advanced Diploma သည် မြန်မာပြည်တွင် အောင်မြင်သူ နည်းသည်ကို သတိပြုရမှာဖြစ်ပါတယ်။ တချို့သော သင်တန်းကျောင်းတွေသည် မိမိတို့ကျောင်းသားများကို နိုင်ငံခြားတွင် အလုပ်ရသည်အထိ ကူညီပေးနေတာကိုလဲ တွေ့ရပါတယ်။ စာမေးပွဲကို BC မှ တိုက်ရိုက်လာစစ်တာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဇွန်လတွေမှာ ဖြေရပါတယ်။ UK မှ တိုက်ရိုက်စစ်တာဖြစ်တဲ့အတွက်ကြောင့် စာမေးပွဲက ခက်ပါတယ် ပေါ့ပေါ့တန်တန်ဖြေကြလို့တော့ မဖြစ်ပါဘူး။ ကျောင်းလခကတော့ ရိုးရိုး Diploma အတွက် တစ်နှစ်လုံးစာကို သုံးသိန်းဝန်းကျင်လောက် ကျမှာဖြစ်ပြီး။ Advance Diploma အတွက်ကတော့ ၄သိန်းဝန်းကျင်လောက် ကုန်ကျမှာပါ။ စာမေးပွဲကြေးကတော့ တစ်ဘာသာကို US$ 70 ဝန်းကျင်တွင်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ၅သိန်းကျော် ၆ သိန်းမျှပေးရုံနဲ့ အင်ဂျင်နီယာဖြစ်ဖို့ အခွင့်အလမ်းအသစ်တစ်ခု သင်ရရှိလာမှာပါ။ ဒါကြောင့် အမှတ်မမှီလို့ စိတ်ညစ်နေသူများ B.Tech မပါလို့ စိတ်ညစ်နေသူများအတွက်တော့ ဒါဟာ အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ သတင်းကောင်းတစ်ခု အနေနဲ့ ဖော်ပြလိုက်ရပါတယ်။ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့ သူများအတွက်ဖြစ်ပါတယ်။ တချိန်က အမှတ်က ၃၀၀မပြည့်ရင် တက်လမ်းကက နည်းသွားတာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကျောင်းသားတွေ အနေနဲ့ တခြားအခွင့်အလမ်းတွေက အများကြီးရှိနေပါပြီ။ ထိုအထဲမှာမှ ယောက်က်ျားလေးတွေနဲ့ ကိုက်ညီတဲ့ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ဈေးသက်သက်သာသာနဲ့ အင်ဂျင်နီယာဖြစ်နိုင်ပြီဖြစ်တဲ့ City and Guild (UK ) ဟာ လက်ရှိအချိန်မှာဆိုရင် တဖြည်းဖြည်းနဲ့ လူငယ်များအတွက် နားခိုရာ အသစ်ဟု ဆိုနိုင်လောက်အောက် တရှိန်ထိုးတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။  -- Your lovingly Fri  Ya Wai (Paing Soe Thu)
Ahmad Zaw 04 August 20:58
လူငယ်များ၏ နားခိုရာအသစ်

ဆယ်တန်းအောင်ပြီးပြီ။ အမှတ်က ၃၂၀တောင်မှ မရ။ အားငယ်မနေပါနဲ့။ အခုခတ်မှာ
အမှတ်၃၂၀မရလဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ London Institute
နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာ တစ်နှစ်တက်ရုံနဲ့ UK အသိအမှတ်ပြုတဲ့
အင်ဂျင်နီယာ ဒီပလိုမာ တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ဆန္ဒရှိရင် UK
မှာပါ ပညာသင်ခွင့်ကို သင်ရရှိသွားမှာလဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့
၅နှစ်ဝန်းကျင်မှာကတော့ TECH နဲ့ Glory တို့လောက်သာရှိပေမယ့်
အခုချိန်မှာတော့ Gallent, Crown စသည်ဖြင့် အခြားသင်တန်းကျောင်းများစွာကလဲ
တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။ သင်ကြားပေးတဲ့ ဘာသာတွေကတော့
Mechanical and Electrical Engineering (M&E),
Mechanical Engineering (Mech),
Electrical Engineering (EP),
Electronic Engineering (EC),
Construction (Civil),
Refrigeration and Air-conditioning (R&A),
Electrical Installation (EI),
Mechanical and Electrical Engineering (Control System),
Mechatronic Engineering,
Telecommunication
ဘာသာရပ်တွေ အားလုံးကလဲ နိုင်ငံတစ်ကာမှာ Hot ဖြစ်နေတဲ့ ဘာသာရပ်တွေပါ။
ကြိုက်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်။ တစ်ခုရှိတာက
ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကိုရွေးချယ် တက်ဖို့တော့ လိုပါတယ်။ တချို့တွေက
Civil ခေတ်စားတာနဲ့ Civil ကောက်ယူလိုက်ကြပြီး နောက်မှ စိတ်ပါ ဝင်စားမှု
မရှိတာကြောင့်လဲ မလိုက်နိုင်ကြတော့တာလဲ တွေ့ဖူးတယ်။ ဒါကြောင့်
ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ကိုရွေးချယ်ဖို့ ကျွန်တော်
အကြံပြုချင်ပါတယ်။
ဒီပလိုမာ ရပြီးရင် အစိုးရအလုပ်ကတော့ အစိုးရအသိအမှတ်ပြု
ဒီပလိုမာမဟုတ်လို့ ရဖို့မလွယ်ပေမယ့် ကုမ္ပဏီများ၊ NGO များတွင်တော့
အလုပ်ရဖို့အဆင်ပြေပါတယ်။ တချို့သင်တန်းကျောင်းတွေကတော့ သူတို့ကိုယ်တိုင်
ကုမ္ပဏီများ၌ အလုပ်ရအောင် အကျိုးဆောင်ပေးကြတာကိုလဲ တွေ့ရပါတယ်။
နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများအတွက်တော့ ရယူထားသင့်တဲ့
ဒီပလိုမာတစ်ခုဖြစ်ပြီး UK Dipaloma ဖြစ်တာနဲ့ အားလျော်စွာ
နိုင်ငံခြားတိုင်းပြည်များမှလဲ အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ Dipaloma
ပြီးသွားလို့ Singapore မှာကျောင်းတက်ချင်တယ်ဆိုရင် Auston University
တွင် ပထမနှစ်မှ စတင်တက်ရောက်နိုင်မှာသလို UK တွင် တက်ရောက်မည်ဆိုပါက
နာမည်ကြီး Conventry University တွင် တက်ရောက်နိုင်ပြီး
တတိယနှစ်ပြီးဆုံးခဲ့လျှင် B.sc Hons( Engineering ……..) (UK)
အောင်လက်မှတ်ရမှာ ဖြစ်ပါတယ်။
အကယ်၍ မြန်မာပြည်တွင်ပဲ ဆက်တက်မယ်ဆိုပါက Advanced Diploma ကို
ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ တက်ရောက်နိုင်သည့် ဘာသာရပ်တွေကတော့
Mechanical and Electrical Engineering (M&E),
Mechanical Engineering (Mech),
Electrical Engineering (EP),
Electronic Engineering (EC),
Construction (Civil),
Refrigeration and Air-conditioning (R&A),
Electrical Installation (EI),
Mechanical and Electrical Engineering (Control System), တွေပဲ
ဖြစ်ပါတယ်။ Advanced Diploma ပြီးလျှင် Auston နှင့် Conventry
University တို့တွင် ဒုတိယနှစ်မှ စတင်၍ တက်ရောက်နိုင်မည်ဖြစ်သည်။
Advanced Diploma ပြီးလို့ နိုင်ငံခြားတွင် အလုပ်လုပ်လိုပါက S$ 1800 မှ
2000 အတွင်းရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ Advanced Diploma ကို
အစိုးရကျောင်းများမှာ A.G.T.I ပြီးထားသူများ၊ B.Tech နဲ့ B.E
ပြီးထားသူများပါ လာရောက်တက်ကြတာကိုလဲ တွေ့ရပါတယ်။
တစ်ခုရှိသည်က Advanced Diploma သည် မြန်မာပြည်တွင် အောင်မြင်သူ
နည်းသည်ကို သတိပြုရမှာဖြစ်ပါတယ်။ တချို့သော သင်တန်းကျောင်းတွေသည်
မိမိတို့ကျောင်းသားများကို နိုင်ငံခြားတွင် အလုပ်ရသည်အထိ
ကူညီပေးနေတာကိုလဲ တွေ့ရပါတယ်။
စာမေးပွဲကို BC မှ တိုက်ရိုက်လာစစ်တာဖြစ်ပြီး ဒီဇင်ဘာလနဲ့ ဇွန်လတွေမှာ
ဖြေရပါတယ်။ UK မှ တိုက်ရိုက်စစ်တာဖြစ်တဲ့အတွက်ကြောင့် စာမေးပွဲက ခက်ပါတယ်
ပေါ့ပေါ့တန်တန်ဖြေကြလို့တော့ မဖြစ်ပါဘူး။ ကျောင်းလခကတော့ ရိုးရိုး
Diploma အတွက် တစ်နှစ်လုံးစာကို သုံးသိန်းဝန်းကျင်လောက် ကျမှာဖြစ်ပြီး။
Advance Diploma အတွက်ကတော့ ၄သိန်းဝန်းကျင်လောက် ကုန်ကျမှာပါ။
စာမေးပွဲကြေးကတော့ တစ်ဘာသာကို US$ 70 ဝန်းကျင်တွင်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်
၅သိန်းကျော် ၆ သိန်းမျှပေးရုံနဲ့ အင်ဂျင်နီယာဖြစ်ဖို့
အခွင့်အလမ်းအသစ်တစ်ခု သင်ရရှိလာမှာပါ။ ဒါကြောင့် အမှတ်မမှီလို့
စိတ်ညစ်နေသူများ B.Tech မပါလို့ စိတ်ညစ်နေသူများအတွက်တော့ ဒါဟာ
အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ သတင်းကောင်းတစ်ခု အနေနဲ့
ဖော်ပြလိုက်ရပါတယ်။ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့်
မသိသေးတဲ့ သူများအတွက်ဖြစ်ပါတယ်။
တချိန်က အမှတ်က ၃၀၀မပြည့်ရင် တက်လမ်းကက နည်းသွားတာဖြစ်ပေမယ့်
လက်ရှိအချိန်မှာတော့ ကျောင်းသားတွေ အနေနဲ့ တခြားအခွင့်အလမ်းတွေက
အများကြီးရှိနေပါပြီ။ ထိုအထဲမှာမှ ယောက်က်ျားလေးတွေနဲ့ ကိုက်ညီတဲ့
အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသူတွေအတွက် ဈေးသက်သက်သာသာနဲ့
အင်ဂျင်နီယာဖြစ်နိုင်ပြီဖြစ်တဲ့ City and Guild (UK ) ဟာ
လက်ရှိအချိန်မှာဆိုရင် တဖြည်းဖြည်းနဲ့ လူငယ်များအတွက် နားခိုရာ အသစ်ဟု
ဆိုနိုင်လောက်အောက် တရှိန်ထိုးတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။

--
Your lovingly Fri

Ya Wai (Paing Soe Thu)


လူ့ဘ၀၏ ၆ပုံ

လူ့ဘ၀၏ ၆ပုံ  တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား...... " ခင်ဗျား သချာင်္ဗေဒတတ်သလား" " ကျွန်တော် မတတ်ပါဘူး" "ရူပဗေဒ တတ်သလား" "ဒါလဲ မတတ်ပါဘူး" "ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား" "စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး" ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်" "ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်" "ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"  ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။ လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။  လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။  တပါးသူကို အထင်မသေးပါနဲ့။ "ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။ ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။                  (တင်ထားတဲ့လူကခေါင်းစဉ်နဲ့ရေးသားသူနာမည် မရေးထားပါ)
Ka Yin Lay 04 August 20:43
လူ့ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့။

(တင်ထားတဲ့လူကခေါင်းစဉ်နဲ့ရေးသားသူနာမည် မရေးထားပါ)


အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့...

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။  လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ⋯⋯ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့ အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။  ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့ နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော မပေးခဲ့ဘူး။  "မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"  အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။  "ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။  အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့် ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။  ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး " ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။  "မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ် စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။  "ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။  အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့ သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။  မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။  အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။  စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ  နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ်။  ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက် အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။  "ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ" လို့ တောင်းဆိုလိုက်တယ်။  "သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"  အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။  နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန  သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။  "သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား" လို့ မြေးအကြီးက တောင်းဆိုတယ်။  "ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။  "ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ်။  ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ်။  "ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"  ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ်။  "ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"  အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ်။  "မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"  သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။  (တင်ထားတဲ့လူကခေါင်းစဉ်နဲ့ရေးသားသူနာမည် မရေးထားပါ)
Ka Yin Lay 04 August 20:33
အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို
ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ
အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့
⋯⋯ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။
ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့
အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။

ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ
သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့
နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော
မပေးခဲ့ဘူး။

"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို
ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။

"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို
အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက
ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။
အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက
အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို
အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို
ပွတ်သုတ်လိုက်တယ်။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်
ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။
အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့
ရှင်သန်နေရသူဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး
ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "
ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။

"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်
စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ
တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို
ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။

"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့
အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်
အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်
လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက
မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့
သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ
ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။
ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။
မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။

မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို
ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ
ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့
မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့
ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့
ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ
အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ
ရှင်သန်ခဲ့ရတယ်။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်
နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။

စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ

နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။
ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်
အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့
ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ
အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား
နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်
ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။
အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ
သားဝင်လာခဲ့တယ်။

ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့
အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်
အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။

"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ
ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း
သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"
လို့ တောင်းဆိုလိုက်တယ်။

"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ
သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"

အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။

နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန

သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။

"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"
လို့ မြေးအကြီးက တောင်းဆိုတယ်။

"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက
မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို
လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။

"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်
ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့
ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို
ခေါင်းညိတ်မိလိုက်တယ်။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက
တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ
ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...
ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး
အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို
အော်ဟစ်လိုက်တယ်။

"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို
လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက
ပိုကျယ်လောင် နေပါတယ်။

"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည
ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"

အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို
လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"
ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို
အသံမြင့် လှည့်ပြောလိုက်တယ်။

"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က
အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်
မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"

သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ
ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို
မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း
ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့
နွေးထွေးလာခဲ့ပါတယ်။

(တင်ထားတဲ့လူကခေါင်းစဉ်နဲ့ရေးသားသူနာမည် မရေးထားပါ)


အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့...

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။  လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့ အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။  ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့ နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော မပေးခဲ့ဘူး။  "မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"  အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။  "ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။  အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့် ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။  ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး " ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။  "မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ် စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။  "ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။  အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့ သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။  မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။  အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။  စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ  နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ်။  ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက် အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။  "ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ" လို့ တောင်းဆိုလိုက်တယ်။  "သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"  အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။  နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန  သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။  "သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား" လို့ မြေးအကြီးက တောင်းဆိုတယ်။  "ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။  "ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ်။  ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ်။  "ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"  ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ်။  "ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"  အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ်။  "မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"  သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။  (တင်ထားတဲ့လူကခေါင်းစဉ်နဲ့ရေးသားသူ မရေးထားပါ)
Ka Yin Lay 04 August 20:30
အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို
ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ
အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့
ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။
ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့
အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။

ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ
သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့
နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော
မပေးခဲ့ဘူး။

"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို
ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။

"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို
အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက
ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။
အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက
အလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို
အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို
ပွတ်သုတ်လိုက်တယ်။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်
ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။
အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့
ရှင်သန်နေရသူဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး
ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "
ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။

"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်
စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ
တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကို
ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။

"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့
အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်
အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်
လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက
မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့
သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ
ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။
ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။
မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။

မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို
ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ
ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့
မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့
ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့
ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ
အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ
ရှင်သန်ခဲ့ရတယ်။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်
နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။

စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစ

နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။
ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်
အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့
ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ
အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကား
နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်
ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။
အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ
သားဝင်လာခဲ့တယ်။

ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့
အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်
အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။

"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲ
ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်း
သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"
လို့ တောင်းဆိုလိုက်တယ်။

"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ
သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"

အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။

နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန

သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။

"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"
လို့ မြေးအကြီးက တောင်းဆိုတယ်။

"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံက
မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို
လုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။

"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်
ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့
ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို
ခေါင်းညိတ်မိလိုက်တယ်။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက
တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ
ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...
ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး
အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို
အော်ဟစ်လိုက်တယ်။

"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို
လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက
ပိုကျယ်လောင် နေပါတယ်။

"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည
ထမင်းစားရဖို့ မစဉ်းစားနဲ့တော့"

အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကို
လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"
ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို
အသံမြင့် လှည့်ပြောလိုက်တယ်။

"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က
အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်
မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"

သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ
ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို
မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း
ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့
နွေးထွေးလာခဲ့ပါတယ်။

(တင်ထားတဲ့လူကခေါင်းစဉ်နဲ့ရေးသားသူ မရေးထားပါ)