Saturday, 30 July 2011

ဆပ်စလူး ပျားတုပ်

created the doc: "ဆပ်စလူး ပျားတုပ်"
Han Thu Teekock created the doc: "ဆပ်စလူး ပျားတုပ်"

အမှတ်တရအကြောင်းလေးရေးပါဦးမယ်။

တီးကော့ခ်အခုနေထိုင်ရာ အရပ်ဆီကနေ မိဘများနေထိုင်ရာဒေသဆီကို အများအားဖြင့်တော့ express ကားတွေစီးပြီးပဲသွားလေ့ရှိပါတယ်။ ရထားနဲ့တစ်ခါသွားတာ လမ်းမှာ ရထားပျက်လို့ စိတ်ပျက်တာနဲ့ မသွားဖြစ်တော့ပါဘူး။ အမှတ်တရခရီးကတော့ လေယာဉ်နဲ့သွားမိတဲ့အခေါက်ပါပဲ။

တီးကော့ခ်က လေယာဉ်စီးရတာ သိပ်ကြိုက်တယ်။ လေယာဉ်ကွင်းတွေက သားနားတော့ လေယာဉ်နဲ့သွားရင် အဆင့်မြင့်တယ်လို့ ယူဆပြီး ဘဝင်လေဟပ်လေ့ရှိတယ်။ အဲ့ဒီ့နေ့ကဖြစ်ချင်တော့ တီးကော့ခ်ကျောင်းမှာ presentation ပေးရပါတယ်။ နေ့လည် ၂နာရီမှာမှပြီးလို့ နေ့လည်စာလဲမစားရသေး... လေယာဉ်ကွင်းချိန်းကလဲ ၃နာရီဖြစ်လို့မို့ မမှီမှာစိုးရိမ်တာနဲ့ အိတ်ကိုဆွဲလို့ တန်းပြီးလစ်ပါတယ်။ တက္ကစီနဲ့သွားရင် မိနစ် ၃၀သာကြာတဲ့ခရီးဝေးကို ရထားတစ်တန်ကားတစ်တန်နဲ့သွားမိလို့ ၂နာရီကြာပါတယ်။ လေဆိပ်ကိုရောက်ဖို့ ကျောင်းထဲကနေ ကျောင်းထိပ်ကို အထုပ်ကြီးဆွဲ၊ ကျောင်းထိပ်ကနေရထားဘူတာကို ဘတ်စ်ကားစီး ။ ရထားဘူတာကနေ မြို့လည်ဘူတာကြီးကို ရထားစီး။ ဘူတာကြီးကားဂိတ်ကနေ LCCT လေဆိပ်ကို express bus တစ်ခါစီးနဲ့... အဆင့်ဆင့် သွားလိုက်တာဟာ......... ဖော်ရိန်နာကြီး တီးကော့ခ်တို့ ရှိုးနဲ့ပေါ့ဗျာ...

ငွေမှင်ရောင် လက်ဆွဲသေတ္တာလေးကလဲ တစ်ဂျိန်းဂျိန်းဆွဲလို့...။ သိတယ်မဟုတ်လား... လေယာဉ်နဲ့သွားမှာဆိုတော့ ဒီသေတ္တာကို တမင်ကိုင်လာတာ။ ကျောမှာလဲ ဆန်အိတ် ၁၀kgအိတ်လောက်ရှိတဲ့ စုံစီနဖာကျောပိုးအိတ်ကြီးကလဲပါသေး။ presentation ပေးရတယ်ဆိုတော့ ဝတ်ထားတာက နဲနဲ formal ဖြစ်နေတယ်။ သူများတွေလို casual ပဲ ကျောင်းမှာကတည်းက လဲခဲ့ရကောင်းသား ဆိုပြီး တောသားမြို့ရောက်အတွေးနဲ့ တစ်လမ်းလုံး တွေးမိလာတာလဲ အကြိမ်ကြိမ်။

ဒီလိုနဲ့ ကွင်းချိန်း ၃နာရီခွဲကို တီးကော့ခ်တစ်ယောက် ၄နာရီကျော်ပြီးမှ လေယာဉ်ကွင်းကိုရောက်။ ဗိုက်ကလဲ အရမ်းဆာတော့ (သိတယ်မှတ်လား ဖော်ရိန်နာကြီးပါဆို....) KFC လေး ပါဆယ်ပြေးဝယ်လိုက်သေးတယ်။ ပြီးတော့ check inကောင်တာက ရှာမတွေ့။ တွေ့ပြန်တော့လဲ ပိတ်သွားခဲ့ပြီတဲ့။ ဒါနဲ့ နီးစပ်ရာကောင်တာမှာ check in လုပ်။ ဝန်ထမ်းက လူကြီးမင်း လေယာဉ်ဆိုက်နေပြီ ထွက်တော့မယ် အမြန်သွားပါဆိုတော့ အို ဘယ့်နှယ် ဘာပြောကောင်းမလဲ.... သေတ္တာကြီးဆွဲလို့ ပြေးရပြန် ပြီပေါ့။

ကြက်ကြော်ထုပ်ကြီးက တစ်ဖက်၊ ကျောပိုးအိတ်ကြီးကလဲ အကြီးကြီး.... ဝတ်ထားတာက semi formal။ ဒီကြားထဲမှ ငွေမှင်ရောင်လက်ဆွဲသေတ္တာက ဘာ ထ ဖောက်တယ်မသိဘူး ဘီးလုံးတွေက တကြွီကြွီနဲ့အော်တာ အော်တာ..... ကြွက်မ အကောင်တစ်ထောင်လောက် ကလေးပြိုင်မွေးနေသလားအောက်မေ့ရတယ်။ အရမ်းလဲ ရှက်တာပဲ။ ဒါနဲ့ အဲ့အိတ်ကြီးကိုပါ မ, သယ်။ မနိုင်လို့ ပြန်ချ ဆွဲ......... ရှက်လို့ ပြန် မ, သယ်........။

ဒီကြားထဲ immigration ဆိုတဲ့ ဂိတ်ပေါက်ကို ဘာကိစ္စ တာဝတိံသာမှာထားတယ်မသိဘူး။ အထုပ်တစ်ပုံနဲ့ တက်လိုက်ရတဲ့ escalator။ ဒီမှာ အချိန်က ၄နာရီခွဲပြီးနေပြီ။

အရေးထဲမှ အချိုရည်ကို အတွင်းထဲယူလို့မရဘူးဆိုလို့... ဒီ ကိုကာကိုလာခွက်ကြီးအကြီးကြီး(အေးစက်စက်ကြီး)ကို အဲ့နေရာတင် တထိုင်ထဲ သောက်ခဲ့ရတယ် Immigration မှာ။ အချိန်ကနောက်ကျပါတယ်ဆိုကာမှ သောက်ရေးကမပါဘူး။

ကိုယ့်လေယာဉ်ရောက်နေပြီဆိုတော့ departure hall မှာထိုင်ပဲစောင့်ရမလား တန်းပဲသွားစီထားရမလားနဲ့ ယောက်ယတ်တွေခတ်။ ဗိုက်ကလဲ ဆာ....... နောက်ဆုံးတော့ ခုံတန်းလေးမှာထိုင်ပြီး သူခိုးကြည့်နဲ့ ဘေးဘီကိုကြည့်ရင်း ကြက်ကြော်လေး ဝါးတီးဖွင့်မယ်ပေါ့..... ဒီအချိန်မှာ.. ဟ...... လူတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ထကြပြန်ရော။ လေယာဉ်ရောက်ပြီပေါ့။ ဒါနဲ့ စားလက်စ လေးတွေ အကုန်ပြန်သိမ်း...၊ အမှိုက်ပုံးထဲထည့်လိုက်ပေါ့....... ဘာတတ်နိုင်တော့မလဲ။

နောက်တော့ အဲ့ဒါက ကိုယ့်လေယာဉ်မဟုတ်ပြန်ဘူး။ ဒါနဲ့ ပြန်ထိုင်.......

အရေးထဲမှ ဝတ်ထားတဲ့ ဘောင်းဘီက ကြပ်တယ်ဆိုပြီး လဲချင်ပြန်ရော...... အလွန်တရာလျှာရှည်တဲ့တီးကော့ခ်တစ်ကောင် တကြွိကြွိမြည်တဲ့ ဆွဲအိတ်ကြီးကို ဆွဲတစ်ခါ မ တလှည့်နဲ့ နီးစပ်ရာ အိမ်သာမှာ ဝင်လဲလိုက်သေးတယ်။ လျှာရှည်တာ လှချင်တာ ပြောပါတယ်။ (တော်တော်လေး ယားတယ်လို့ကို ဆိုချင်က ဆိုနိင်ပါတယ်)

ပြီးတော့ လေယာဉ်စီးဖို့ တန်းစီမယ်ပေါ့။ သတိရလိုက်တာက... လေယာဉ်ပေါ်မတက်ခင် ဖုန်းလေးတစ်ကောလောက်ခေါ်လိုက်ချင်သေး........ ဟေဟေးးးးးးးးးး အိုက်တင်နဲ့ပေါ့။ ဟာဟ။

သိတယ်မှတ်လား.........

[i]"ဟယ်လို.. အမေလား... သားပါ.. လေယာဉ်ပေါ်တက်တော့မယ်.. လာကြိုနော့ ဘာညာပေါ့"[/i] ဖောရှောချင်တာပေါ့ဗျာ။

အဲ့မှာ ဇာတ်လမ်းက စတာပဲ

သွားပြီ....... ဖုန်း မရှိတော့ဘူး။ သေစမ်း.......... ဘယ်မှာ ကျန်ခဲ့ပြီလဲ....... ဘောင်းဘီအိတ်မှာလဲမရှိ၊ ကျောပိုးအိတ်မှာလဲမရှိ။ ပြာ ပြီ။ KFC ဆိုင်မှာများ ကျန်သလား။ immigration မှာပဲ ကျန်သလား။ check in counter မှာပဲကျန်သလား။ ဘယ်လိုမှတွေးမရတော့ဘူး။ လေယာဉ်ကလဲ ထွက်တော့မယ် လူတွေတန်းစီနေပြီ။ အိတ်ကြီးကလဲ အော်တယ်........... တကြွီကြွီနဲ့။ ချွေးတွေက ဇီးကင်းလောက် ပြိုက်ကနဲ ပြိုက်ကနဲ။

အဲ့မှာ တစ်ခုသတိရလိုက်တာက KFC ကျွတ်ကျွတ်အိတ်။ ဟုတ်တယ် အဲ့ဒီကျွတ်ကျွတ်အိတ်။ ဒီအိတ်ထဲကို ဖုန်းခဏထည့်မိတယ်။ ကမန်းကတမ်းနဲ့ ခုနက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တာမှာ ပါသွားပြီပေါ့။

ဟ....... ဘာပြောကောင်းမလဲ ပရိတ်သတ်...........။ အမှိုက်ပုံးကြီးကို ဖွင့်.......။ ပယ်ပယ်နှယ်နှယ် မွှေတာ မွှေတာ........ အထဲကဟာတွေ အပြင်ထုတ်........။ ကိုယ့် ကျွတ်ကျွတ်အိတ်ကို အတင်းပြန်ဆွဲထုတ်..

လူတွေကလဲ ဝိုင်းကြည့်..........လို့။ လေယာဉ်ကလဲထွက်တော့မယ်။ အနားရှိတဲ့တစ်ယောက်ကို ကျွန်တော့်ဖုန်းကိုခေါ်ပေးပါဆိုပြီး အကူညီတောင်း..... အမှိုက်ပုံးအဝမှာ နားကို စွင့်ထားရသေးတယ်။ မကြားမှာစိုးလို့။

နောက်တော့ သတိရလိုက်တာက နောက် source တစ်ခုက ခုနကဝတ်တဲ့ ဘောင်းဘီ။ ဟုတ်မယ်.......... ဟုတ်လိမ့်မယ်...... အဲ့ဘောင်းဘီထဲမှာနေမှာ။ ဒီတော့ အိမ်သာကိုတစ်ခါပြန်ပြေး.... အထုပ်ကိုဖွင့်မယ်ပေါ့။

အိမ်သာမှာမဖွင့်လို့လဲမရဘူး။ သိတဲ့အတိုင်း ကိုလူပျိုကာလသားက အထုပ်ထဲမှာ ပေါက်တတ်ကရ ဗြဲလျန်းတန်း အကုန်လျှောက်ထည့်လာတာ...။ ဖွင့်လိုက်တာနဲ့ အကုန် အိုးပန်းတူ ဒလဟော ဖြစ်ကုန်မှာ။ ဒါနဲ့ မြည်သံစွဲ သေတ္တာကြီးပြန်ဆွဲ။ အိမ်သာပြန်ပြေးဝင်။ အထုပ်ပြန်ဖြည်။ ဘောင်းဘီပြန်ထုတ်။

ဟူး....................................... ကိုယ်တော်က ဘောင်းဘီအိတ်ထဲမှာ။ ဒီတော့မှ သက်ပြင်းကို အခါခါချနိုင်တော့တယ်

ဝရုန်းသုန်းခါးနဲ့ ......... ရုန်းရင်းဆန်ခတ် တစ်ယောက်တည်း လေဆိပ်မှာ ပတ်ပြေးနေခဲ့တာ....... လေယာဉ်ပေါ်ရောက်တဲ့အထိ ကျွန်တော် မောင်တီးကော့်တစ်ယောက် အမောလဲမပြေသလို အရှက်လဲမပြေနိုင်ခဲ့ပါဘူးခင်ဗျာ.......................

တီးကော့ခ်



တောပြဇတ်လေးတစ်ခုတဲ့လားး။မဟုတ်ပါဘူး။။တစ်နိုင်ငံလုံး...

တောပြဇတ်လေးတစ်ခုတဲ့လားး။မဟုတ်ပါဘူး။။တစ်နိုင်ငံလုံးအားပေးခဲ့တဲ့ သီချင်းလေးနဲ့ဇာတ်လမ်းလေးပါ.ဆရာတွံတေးသိန်းတန် ရဲ့ ဘယ်တော့မှမမေ့နိုင်တဲ့လက်ရာလေးပါ။။ဇာတ်လမ်းလေးထဲမှာပါတဲ့ထွေးညိုလေးရယ်၊ ကိုသစ္စာဆိုတဲ့ တော်လှန်ရေးရဲဘော်လေးရယ် ဘကြီးမှုံရယ်၊ ပိုက်ဆံရှိရင်ဘာမဆိုလုပ်လို့ရတယ်ထင်နေတဲ့ အလိုတော်ရိနဲ့ ဂုတ်သွေးစုတ်တွေအတွက်ဆရာတွံတေးသိန်းတန်က ရည်ရွယ်ခဲ့တာပါ။။အဲ ယူကျုထဲ ကပုံတွေကိုတော့မကြည့်နဲ့ဗျ။စာသားလေးရဲ့ feeling ပျက်သွားမှာစိုးလို့ဗျ။။သရုပ်ဆောင်တွေက ကိုယ်တကယ် ၀င်ရမဲ့ ဇာတ်ရုပ်နဲ့ကျောထောက်နောက်ခံဇာတ်ကြောင်းလေးတွေကို နားလည်ပြီးမှာ သရုပ်ဆောင်ရင်တော့ပိုကောင်းမယ်ထင်တယ်ဗျာ။။ဒါရိုက်တာကလည်းကြိုးစားရှာပါတယ်။ဒါပေမဲ့ ဇာတ်ရုပ်လေးတွေကို ဆရာတွံတေးသိန်းတန်ပုံဖော်ခဲ့တဲ့တောပြဇာတ်လေးကမှ ပိုကောင်းပြီးပိုခံစားရတယ်ဗျ။။အဲဒါကြောင့်လည်း အနုပညာမှာ က၀ိတစ်ဆူဖြစ်ခဲ့တာပေါ့။
John Yoharmar 31 July 01:49
တောပြဇတ်လေးတစ်ခုတဲ့လားး။မဟုတ်ပါဘူး။။တစ်နိုင်ငံလုံးအားပေးခဲ့တဲ့ သီချင်းလေးနဲ့ဇာတ်လမ်းလေးပါ.ဆရာတွံတေးသိန်းတန် ရဲ့ ဘယ်တော့မှမမေ့နိုင်တဲ့လက်ရာလေးပါ။။ဇာတ်လမ်းလေးထဲမှာပါတဲ့ထွေးညိုလေးရယ်၊ ကိုသစ္စာဆိုတဲ့ တော်လှန်ရေးရဲဘော်လေးရယ် ဘကြီးမှုံရယ်၊ ပိုက်ဆံရှိရင်ဘာမဆိုလုပ်လို့ရတယ်ထင်နေတဲ့ အလိုတော်ရိနဲ့ ဂုတ်သွေးစုတ်တွေအတွက်ဆရာတွံတေးသိန်းတန်က ရည်ရွယ်ခဲ့တာပါ။။အဲ ယူကျုထဲ ကပုံတွေကိုတော့မကြည့်နဲ့ဗျ။စာသားလေးရဲ့ feeling ပျက်သွားမှာစိုးလို့ဗျ။။သရုပ်ဆောင်တွေက ကိုယ်တကယ် ၀င်ရမဲ့ ဇာတ်ရုပ်နဲ့ကျောထောက်နောက်ခံဇာတ်ကြောင်းလေးတွေကို နားလည်ပြီးမှာ သရုပ်ဆောင်ရင်တော့ပိုကောင်းမယ်ထင်တယ်ဗျာ။။ဒါရိုက်တာကလည်းကြိုးစားရှာပါတယ်။ဒါပေမဲ့ ဇာတ်ရုပ်လေးတွေကို ဆရာတွံတေးသိန်းတန်ပုံဖော်ခဲ့တဲ့တောပြဇာတ်လေးကမှ ပိုကောင်းပြီးပိုခံစားရတယ်ဗျ။။အဲဒါကြောင့်လည်း အနုပညာမှာ က၀ိတစ်ဆူဖြစ်ခဲ့တာပေါ့။


Psychology of love (အချစ်စိတ်ဆိုင်ကိုလိုဂျီ)

created the doc: "         Psychology of love (အချစ်စိတ်ဆိုင်ကိုလိုဂျီ)"
Ko Lynn created the doc: " Psychology of love (အချစ်စိတ်ဆိုင်ကိုလိုဂျီ)"

အချစ်သည် အများအားဖြင့် တဏှာနှင့်ရောပြွမ်းလျက်ရှိတတ်၏။တစ်ထောင့်ငါးရာ ကိလေသာသည် အခါများစွာ အချစ်၏ရေသောက်မြစ်ကြီး ဖြစ်တတ်လေသည်။

သို့သော်လည်း ၎င်းကိလေသာ တဏှာစိတ်သည် အချစ်ဟူသမျှ၌ အခါခပ်သိမ်း သိသိသာသာ မထင်ပေါ်တတ်ချေ။သို့မထင်ပေါ်သော်လည်း ထိုကိလေသာ စိတ်သည် အတွင်းစက်လှည့်၍ နေတတ်လေသည်။

အချစ်ကိုငွေနှင့် ၀ယ်၍မရချေ။လူတစ်ယောက်က အခြားတစ်ယောက်အား စိန်ရွှေပစ္စည်း စသည်တို့ကို ပေးကမ်းသဖြင့် အပေးခံရသူက ပေးသူကိုချစ်တတ်သော်လည်း ထိုအချစ်သည် တကယ်အချစ်မဟုတ်၊ကျေးဇူးကြောင့် ထောက်ထားလေးစား နှုတ်ခမ်းများမှာချစ်သောအချစ်မျှ ဖြစ်လေသည်။

တကယ်ချစ်ခင်သော စိတ်သည်ကား တစ်စုံတစ်ရာကိုမျှ မပေးကမ်းဘဲလျက် ချစ်နိုင်လေသည်။

သားနှင့်အဘ၊အမေနှင့်သမီး၊ညီမနှင့်အစ်မ၊ညီနှင့်အစ်ကိုတို့၏ ချစ်ခြင်းမှာ ငါးရာနှစ်ဆယ့်ရှစ်သွယ်သော မေတ္တာစိတ်နှင့်ချစ်ကြသော်လည်း အဘနှင့်သမီး၊အမေနှင့်သား၊မောင်နှင့်နှမ တို့၏ အချစ်မှာမူကားငါးရာနှစ်ဆယ်ထဲတွင် ထောင့်ငါးရာစိတ်ကလေးမကင်းဘဲ ပါဝင်တတ်လေသည်။သို့သော်လည်း အများအားဖြင့်မသိမသာပါဝင်၍ တစ်ခါတစ်ခါသိသိသာသာကြီး ပါတတ်လေသည်။

သို့ဖြစ်သောကြောင့် အဖိုနှင့်အမ ချစ်ခြင်းဟူသမျှမှာထောင့်ငါးရာပင်ရင်းလည်း မကင်းမရှင်း ထိမိတို့မိလျှင် မရှင်းမလင်းအောင် ကမြင်းကြောထောင်တတ်လေသည်။

ထိုကမြင်းကြောသည် သွေးရင်းသားရင်း စပ်ကြား၌မထင်ရှားလှသော်လည်း မောင်နှမအရင်းမှ ၀မ်းကွဲဖြစ်၍သွားသည့်အခါ သိသာထင်ရှား ငြိစရာအသွင်ကိုပွားစေတတ်လေ၏။

ယောက္ခမ ယောင်္ကျားကြီးသည် အများအားဖြင့် ချွေးမနှင့်တည့်သဖြင့် သမီးရင်းချာပမာ ရင်သွေး၊ဘ၀င်နွေးအောင် ချစ်ရေးပိုမိုတတ်လေ၏။ယောက္ခမ မိန်းမသူကြီးများမှာမူကား သားမက်ကို အသက်လိုချစ်သော၊အသည်းညှာမှာချာချာမွှေအောင်အချစ်ကြိုးနှောင်တတ်လေသည်။ထိုထက်သာ၍

ထင်ရှားသော အရာမှာမူကား ခယ်မနှင့်ခယ်အို ဖြစ်တတ်လေရာ မကြာမကြာ တွဲလို၊နွဲ့လိုသော အစွဲပိုတတ်ကြသဖြင့် ခဲအိုဟာခဲအိုးဖြစ်ကာ ခယ်မမှာ ခဲမ အဖြစ်သို့တစ်တစ်ခွခွ ရောက်တတ်ကြသည်ကို မကြာခဏကြားရဖူးလေသည်။

၎င်းအချစ်၌ထူးဆန်းသောအရာမှာ ပျိုရွယ်နုနယ် အသက်ငယ်သော တစ်ဆယ့်လေးငါးနှစ်သား၊တစ်ဆယ့်နှစ်သမီး ယောင်္ကျားပျို၊မိန်းမပျိုကလေးများ အချင်းချင်းချစ်ကြသည့်၎င်းတို့၏ အချစ်သည် အလွန်တရာ သန့်ရှင်းအပြစ်ကင်းလျက် နှစ်ယောက်အတူနီးနီးကပ်ကပ် စကားပြောဆို၍နေရလျှင် ကျေနပ်လျက်နိဗ္ဗာန်ကိုနီးကပ်၍နေကြလေသည်။

၎င်းတို့၏စိတ်၌ တစ်ယောက်၏မျက်နှာကိုတစ်ယောက်ကြည့်ကာ ချစ်၍သာနေချင်၏။ထိုထက်ပိုမိုသော ပလီပလာ၊မသတီ စရာ၊ကလီကမာစိတ်မျိုး များစွာပေါ်ပေါက်မှုမရှိချေ။ဤကား ကျွန်ုပ်တို့ငယ်ရွယ်စဉ်က

စိတ်နှင့်နှိုင်း၍ ပြောရခြင်းမျှဖြစ်လေရာ ယခုကာလ နောက်ပွားနောက်ပေါက်ယောက်ျားနောက်နောက်ကလေး

များနှင့် အချိန်ပေးတတ်စွာသော မိန်းကလေး ရှပ်ပလာတို့မှာမူကား ခေတ်အလျောက် တတ်ရှာ၊နပ်ရှာကြသဖြင့် ကပ်ခါများ နှူးကြလျှင် စူးစူးရှရှ ချစ်ကြိုက်၍ သွားတတ်သည်ဟု ကြားရဖူးလေသည်။

ထို့ပြင် ငယ်သူတို့၏အချစ်နှင့် ကြီးသူတို့၏အချစ် ခြားနားပုံမှာ အသက်နှစ်ဆယ်မကျော်သေးသော ငယ်ရွယ်သူတို့သည် မျက်နှာလှလှကလေးကိုမြင်၍ ချစ်တတ်လေရာ ထိုထက်ကြီး၍ လူလားမြောက်သည့်အခါ ယောက်ျားသည် မိန်းမမျက်နှာကို ကြည့်၍ ကြိုက်သည်ထက် မိန်းမ၏ ခါး၊တင်၊ရင်ဘတ်၊အဟိုက်အကျ၊အလျော အတက်၊အတင်းအပြည့်တို့ကိုကြည့်ကာ ချစ်ကြိုက်တတ်လေသည်။

တစ်ရံတစ်ခါ အရွယ်ကောင်းစွာ မရောက်သေးသော ယောက်ျားကလေး မိန်းကလေးတို့သည် မိမိတို့ ထက် အနှစ်အစိတ်နှစ်ဆယ် ပို၍ ကြီးသူများကို တိတ်တဆိတ်ကြိုက်၍ နေတတ်ကြလေသည်။

ဥရောပတိုင်း၌ မင်းသားတစ်ပါး မင်းမြောက်တန်ဆာကို ဆင်ကာ သရဖူကိုဆောင်းလျက် ထွက်တော်မူ သည်ကို အသက် ၁၂ နှစ်အရွယ်ရှိသောမိန်းကလေးတစ်ယောက်က မြင်ရသဖြင့် သရဖူကို ဆောင်းသော ထို မင်းသား၏ မျက်နှာသည် မိမိ၏မျက်လုံးထဲမှ မထွက်ဘဲ စွဲလမ်း၍နေလေ၏။ထိုကဲ့သို့ ရူပါရုံဖမ်းစားခြင်းကိုခံ၍ နေရခိုက်မှာ ထိုမင်းသားသည် အခြားမင်းသမီးတစ်ပါးနှင့် ထိမ်းမြားသည်ဟုကြားရသောအခါ ဆယ့်နှစ်နှစ်အ ရွယ် သူငယ်မလေးမှာ ရင်ကွဲနာကျ၍ သေရှာလေသည်။

ထိုကဲ့သို့ လူမမယ် အရွယ်မရောက်သူတစ်ဦးက ယောက်ျားကြီးများကို တိတ်တဆိတ် ကြိုက်၍နေခြင်း များ၌ ထိုကလေး၏ အချစ်သည် ကိလေသာနှင့်မကင်းသော်လည်း ကိလေသာအမျှင်ကို ဆောင်ရန် ကိုယ်အင်္ဂါ မရင့်သန်သေးသဖြင့် ကိလေသာစိတ်သိသိသာသာ မထင်ရှားချေ။၎င်းတို့၏ စိတ်၌ မိမိတို့ချစ်သောမိန်းမကြီး ယောက်ျားကြီး၏ ပွေ့ပိုက်ယုယခြင်းကို ရင်ခွင်၌ ခံ၍နေရလျှင် နိဗ္ဗာန်လောက် မှတ်ထင်ကာ ကျေနပ်၍ နေတတ် လေသည်။

အချစ်သည် မြောက်ပင့်ခြင်းကို သဘောကျ၏။သို့ဖြစ်သောကြောင့်

"ဘရဏီတစ်မျိုး မှတ်လောက်ပါရဲ့၊တန်ခိုးရှင်လျှပ်အသွင်၊ မိုးနတ်ဟုကျုပ်ထင်သည်၊

အဟုတ်ပင်စံရှား၊တောပျော်မွေ့ အာသင်္ကာလို၊ကြာပင်မှာ ဖွားရော့သလား၊

အဖိုးထိုက် စိန်ရတီဆင်သည်၊သိင်္ဂီဝင်ရွှေသား၊ကိန္နရီအသွင်သွေမခြားပါဘူး၊

မေတစ်ပါးဖြစ်အင်၊ယှဉ်ပြိုင်ရန် ဇမ္ဗူတစ်လျှောက်တွင်ဖြင့်၊တူနှစ်ယောက်ရှိမည်မထင်။

အလှဆုံးဆန်းမော်ယဉ်သည်၊ကျမ်းတော်တွင်ပုံသာမှတ်ရလျှင်လှ၊ဥမ္မာနတ်ပျို့သက်ပင်၊

ကဲလိမ့်မည်ထင်၊ရွှေကုန်မြို့နဂရာတစ်ခွင်မှာ၊လှဘုရင်ခေါင် ချုပ်မို့လေး"

စသည်ဖြင့် မြှောက်ပင့်တေးထပ်များကို ရှေးပညာရှိတို့ ရေးစပ်ကြလေသည်။ သို့ဖြစ်သောကြောင့်

အပျိုထွတ်ထွတ် လှလှကလေးကိုဖြစ်စေ၊အအိုရွတ်ရွတ်တွတွ ကွေးကွေးကိုဖြစ်စေ၊အလှနှင့်ပတ်သက်၍ မြှောက်ပင့်ပြောဆိုလျှင် ကိုယ့်ဘက်ကိုပါတတ်လေသည်။

အဘွားတို့ငယ်ငယ်တုန်းကဖြင့် သိပ်ချောမှာပဲ။အခုတောင် အပျိုနဲ့မလဲသေးဘူး။ အဘွားဆံပင်က ပိတုန်းရောင်၊ မျက်ခုံးကလေး မှောင်မှောင်၊ဆန်းသစ်လမျက်လုံးလေးတွေက ၀ိုင်းစက်လှ၊အဘွားတင်ပါးက

ကြွကြွကလေး၊ခြေသလုံးကလေးက ချောလိုက်တာ၊နှာတံက အပေါ်ကြီးပါကလား၊လက်ခြေများကလည်း

ပြေပြစ်ပါဘိ သနဲ့ အဘွားရယ်၊ အဘွားငယ်ငယ်တုန်းကများ ကြုံတွေ့ရရင် အခက်သားပဲ......စသည့် စကားမျိုးနှင့်နှူးတတ်ရင် အမယ်အို မနူးမနပ်မှာအရူးကပ်ပြီး မူးမတတ် ချစ်တတ်လေသည်။ အချစ်ဆိုသည်မှာ အခါနှင့်နေရာအားလျော်စွာ တိုးတတ်လေသည်။

မိုးတွင်းအခါ လေတွေမိုးတွေ၊ လျှပ်စစ်မိုးကြိုးတွေ ထန်သဖြင့် စိတ်ငယ်သောမိန်းမပျိုသည် အခန်း၌ စောင်နှင့်ထွေးပြီး၊ကွေးကွေးကလေး ပု၍နေသည့်အခါ နှူးတတ်သောယောင်္ကျားနှင့်တွေ့ချေက နူးလွယ်နပ်လွယ်တတ်လေသည်။ဤလိုဖြစ်ခြင့်သည် အခြားကြောင့်မဟုတ်။မိန်းမများမှာ အာပေါဓာတ် လွန်ကဲသူများ ဖြစ်လေရကား အာပေါဓာတ် မိုးလေလှုံ့သည့်အခါ ကိုယ်စိတ်မှာ မိုးအုံ့ကာညိုမည်း၍လာတတ် ခြင်း ဖြစ်လေသည်။

ရေလမ်းခရီး သင်္ဘောစီး၍သွားကြသည့်အခါ သင်္ဘောပေါ်၌ ယောက်ျားနှင့်မိန်းမ အသိအကျွမ်းဖြစ်ကြ လျှင်လည်း ချစ်လွယ်ကြိုက်လွယ်ကြသည်ဟု ရှေးလူကြီးများက ပြောကြလေသည်။ဤသို့ဖြစ်ရခြင်းမှာကား အများအားဖြင့် စိတ်လက်ကြည်လင် ပျော်ရွှင်နေခြင်းကြောင့် ဖြစ်ဟန်တူလေသည်။

မေးထဲမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။



ယခုခေတ်ထဲမှာ ကိုယ်ပိုင် အလုပ်အကိုင် တစ်ခုရှိလျှင်...

ယခုခေတ်ထဲမှာ ကိုယ်ပိုင် အလုပ်အကိုင် တစ်ခုရှိလျှင် ကိုယ်ပိုင် ဆိုဒ် တစ်ခုရှိမှ ဆိုသည့်စကား ကိုလူတိုင်းနီးပါပြောလာကြပါပြီ။ ထို့ အတွက်ကြောင့်သင်တို့ ကုမဏ္ဍီပဲဖြစ်ဖြစ် ၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ် ရှိလာပြီဆိုရင် ဆိုဒ်တစ်ခု ပိုင်ဆိုင်ဖို့ ဒိုမိန်းတစ်ခုလိုအပ်ပါတယ်။ ထို့ အတွက်ကြောင့် သင်တို့ ကိုယ်ပိုင် ဒိုမိန်းတစ်ခုကို မြန်မာနိုင်ငံမှ ရွှေမြန်မာများ လွယ်ကူစွာ ၀ယ်လို့  ရစေရန် မြန်မာ ကျပ်ငွေ ဖြင့်ဈေးနှုန်းချိုသာစွာဒိုမိန်းများကို ရောင်းချပေးနေပါပြီ။ ယခု အခါ ဒိုမိန်းဈေးများကို July 25 to Aug 25 ရက်နေ့ အထိ အထူးဈေးနှုန်း ( Promo ) များဖြင့်ရောင်းချပေးနေပြီဖြစ်ပါတယ်။ .com MMK 8000.00 .net MMK 8000.00 .org MMK 8000.00 .info MMK 8000.00 .biz MMK 8000.00 .us MMK 6500.00 .in MMK 4000.00 .asia MMK 12000.00 .ws MMK 9000.00 .name MMK 8000.00 .tel MMK 12500.00 .co.in MMK 4000.00 .tv MMK 24500.00 .me MMK 25000.00 .org.uk MMK 5500.00 .me.uk MMK 5500.00 .net.in MMK 4000.00 .org.in MMK 4000.00 .co.uk MMK 5500.00 .ind.in MMK 7000.00 .firm.in MMK 4000.00 .gen.in MMK 4000.00 .de MMK 7000.00 .es MMK 8000.00  အထက်ပါဈေးနှုန်းများသည် July 25 to Aug 25 ထိသာဖြစ်သည်။ထိုရက်ကျော်လျှင် ဈေးနှုန်း အပြောင်းအလဲ ရှိသည်။ ထို့ ကြောင့်ကျွန်တော့်ရဲ့ မြန်မြန်ရွေး ဒိုမိန်း ဆိုဒ် လေးကို လူကြီးမင်းတို့ အားလပ်သည့်အချိန်လေးတွင် ၀င်ရောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။ သင်တို့ ဒိုမိန်းများ ၀ယ်ယူလိုပါက ရှေးဦးစွာ သင်တို့ ဝယ်ယူလိုသော ဒိုမိန်းအား http://www.facebook.com/l/HAQB0nBf4AQDLIqqP94ekC1f0aaBO1oXm7vTdpB_RPbX09g/www.who.is တွင်ဝင်ရောက်ပြီး စစ်ဆေးပါ။ ( Example : http://www.facebook.com/l/1AQCeunOfAQD6RQIf4T0e-hNW7-7k0ku6DXrUCy1h38Mizg/www.who.is/mydomainname.com ) အကယ်၍ သင်တို့ လိုချင်သည့် ဒိုမိန်းသည် ရနိုင်လျှင် ရနိုင်သည်ဟု who.is မှ ဖြေကြားပေးလိမ့်မည်ဖြစ်သည်။ ထို သို့ လုပ်ဆောင်ချက်အား မသိရှိပါက ကျွန်တော်တို့ မြန်မြန်ရွေး ဒိုမိန်း technical support သို့ုEmail ပို့ ၍ မေးကြား နိုင်ပါသည်။ Support For any support with respect to your relationship with us you can always contact us directly using the following Information. Technical Support: Email Address: kanzaw@mmyouthmedia.com  Sales Contact: Email Address: kanzaw@mmyouthmedia.com Tel No.: +951.680737 Fax No.: +951.680029  Billing Contact: Email Address: kanzaw@mmyouthmedia.com Tel No.: +951.680737 Fax No.: +951.680029  Sales@Myan Myan Yway kanzaw@mmyouthmedia.com Tel: +951.680737 Fax: +951.680029  Billing and Office Address : E-2, Yatama street, BaYintNaung Pwel Yone, MaYanGone Township, Yangon , Myanmar.  http://www.facebook.com/l/yAQBl6-VWAQBfdpnF6ZpZNl1k1HHEyQsWfAFCGfmtyoKJbQ/www.myanmyanyway.com Reply  Forward
Ahmad Zaw 30 July 22:41
ယခုခေတ်ထဲမှာ ကိုယ်ပိုင် အလုပ်အကိုင် တစ်ခုရှိလျှင် ကိုယ်ပိုင် ဆိုဒ် တစ်ခုရှိမှ ဆိုသည့်စကား ကိုလူတိုင်းနီးပါပြောလာကြပါပြီ။ ထို့ အတွက်ကြောင့်သင်တို့ ကုမဏ္ဍီပဲဖြစ်ဖြစ် ၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်ဖြစ် ရှိလာပြီဆိုရင် ဆိုဒ်တစ်ခု ပိုင်ဆိုင်ဖို့ ဒိုမိန်းတစ်ခုလိုအပ်ပါတယ်။ ထို့ အတွက်ကြောင့် သင်တို့ ကိုယ်ပိုင် ဒိုမိန်းတစ်ခုကို မြန်မာနိုင်ငံမှ ရွှေမြန်မာများ လွယ်ကူစွာ ၀ယ်လို့  ရစေရန် မြန်မာ ကျပ်ငွေ ဖြင့်ဈေးနှုန်းချိုသာစွာဒိုမိန်းများကို ရောင်းချပေးနေပါပြီ။
ယခု အခါ ဒိုမိန်းဈေးများကို July 25 to Aug 25 ရက်နေ့ အထိ အထူးဈေးနှုန်း ( Promo ) များဖြင့်ရောင်းချပေးနေပြီဖြစ်ပါတယ်။
.com MMK 8000.00
.net MMK 8000.00
.org MMK 8000.00
.info MMK 8000.00
.biz MMK 8000.00
.us MMK 6500.00
.in MMK 4000.00
.asia MMK 12000.00
.ws MMK 9000.00
.name MMK 8000.00
.tel MMK 12500.00
.co.in MMK 4000.00
.tv MMK 24500.00
.me MMK 25000.00
.org.uk MMK 5500.00
.me.uk MMK 5500.00
.net.in MMK 4000.00
.org.in MMK 4000.00
.co.uk MMK 5500.00
.ind.in MMK 7000.00
.firm.in MMK 4000.00
.gen.in MMK 4000.00
.de MMK 7000.00
.es MMK 8000.00

အထက်ပါဈေးနှုန်းများသည် July 25 to Aug 25 ထိသာဖြစ်သည်။ထိုရက်ကျော်လျှင် ဈေးနှုန်း အပြောင်းအလဲ ရှိသည်။
ထို့ ကြောင့်ကျွန်တော့်ရဲ့ မြန်မြန်ရွေး ဒိုမိန်း ဆိုဒ် လေးကို လူကြီးမင်းတို့ အားလပ်သည့်အချိန်လေးတွင် ၀င်ရောက်ရန် ဖိတ်ခေါ်လိုက်ပါသည်။
သင်တို့ ဒိုမိန်းများ ၀ယ်ယူလိုပါက ရှေးဦးစွာ သင်တို့ ဝယ်ယူလိုသော ဒိုမိန်းအား http://www.facebook.com/l/HAQB0nBf4AQDLIqqP94ekC1f0aaBO1oXm7vTdpB_RPbX09g/www.who.is တွင်ဝင်ရောက်ပြီး စစ်ဆေးပါ။ ( Example : http://www.facebook.com/l/1AQCeunOfAQD6RQIf4T0e-hNW7-7k0ku6DXrUCy1h38Mizg/www.who.is/mydomainname.com )
အကယ်၍ သင်တို့ လိုချင်သည့် ဒိုမိန်းသည် ရနိုင်လျှင် ရနိုင်သည်ဟု who.is မှ ဖြေကြားပေးလိမ့်မည်ဖြစ်သည်။
ထို သို့ လုပ်ဆောင်ချက်အား မသိရှိပါက ကျွန်တော်တို့ မြန်မြန်ရွေး ဒိုမိန်း technical support သို့ုEmail ပို့ ၍ မေးကြား နိုင်ပါသည်။
Support
For any support with respect to your relationship with us you can always contact us directly using the following Information.
Technical Support:
Email Address: kanzaw@mmyouthmedia.com

Sales Contact:
Email Address: kanzaw@mmyouthmedia.com
Tel No.: +951.680737
Fax No.: +951.680029

Billing Contact:
Email Address: kanzaw@mmyouthmedia.com
Tel No.: +951.680737
Fax No.: +951.680029

Sales@Myan Myan Yway
kanzaw@mmyouthmedia.com
Tel: +951.680737
Fax: +951.680029

Billing and Office Address :
E-2, Yatama street,
BaYintNaung Pwel Yone,
MaYanGone Township,
Yangon , Myanmar.

http://www.facebook.com/l/yAQBl6-VWAQBfdpnF6ZpZNl1k1HHEyQsWfAFCGfmtyoKJbQ/www.myanmyanyway.com
Reply

Forward


လွမ်းခွင့် …………

လွမ်းခွင့် …………   မျှော်လင့် ချက်ခပ်ပါးပါးနဲ့ …. လှန်လိုက်တဲ့ မနက်ဖြန်တိုင်းမှာ…ူဒီအလွမ်းတွေသာထွက်ကျလာတယ်…. ရေးလိုက်တဲ့ ကဗျာတိုင်းက… အလွမ်း..အလွမ်းနဲ့ ….. အဲအလွမ်းတွေပဲရေးမိနေတာ…… အဲဒါငါ့ ရဲ့ စာမျက်နှာတွေပါ…………… ညတစ်ညကိုအိပ်ရေးပျက်လို့ … ငါ့ ခြေထောက်တွေ တိုခဲ့ ဘူးတယ်…. ငါ့ ညတွေကိုရင်းနှီးလို့ ………. မျှော်လင့် ချက်တွေလည်းခဏခဏသေဘူးတယ်………… တစ်ခါတစ်လေငါ့ ဝိညာဉ်ဟာ… ငါ့ အဖြစ်နဲ့ ရောရောသေတတ်တယ်…………. တစ်ခါတစ်လေမှာလည်း…သေလျှက်နဲ့ ရှင်နေတတ်ပြန်တယ်…. ငါဟာအိမ်မက်ထဲမှာတောင်… ကောင်းကောင်းလွမ်းခွင့် ရှိမရှိ… မသေချာပေမယ့် ………… အဲဒီမသေချာခြင်းတွေထဲမှာပဲ… ငါ့ ကိုရှင်သန်ခွင့် ပေးပါ……………………..။  Phoe Si
Ka Yin Lay 30 July 22:11
လွမ်းခွင့် …………

မျှော်လင့် ချက်ခပ်ပါးပါးနဲ့ ….
လှန်လိုက်တဲ့ မနက်ဖြန်တိုင်းမှာ…
ူဒီအလွမ်းတွေသာထွက်ကျလာတယ်….
ရေးလိုက်တဲ့ ကဗျာတိုင်းက…
အလွမ်း..အလွမ်းနဲ့ …..
အဲအလွမ်းတွေပဲရေးမိနေတာ……
အဲဒါငါ့ ရဲ့ စာမျက်နှာတွေပါ……………
ညတစ်ညကိုအိပ်ရေးပျက်လို့ …
ငါ့ ခြေထောက်တွေ တိုခဲ့ ဘူးတယ်….
ငါ့ ညတွေကိုရင်းနှီးလို့ ……….
မျှော်လင့် ချက်တွေလည်းခဏခဏသေဘူးတယ်…………
တစ်ခါတစ်လေငါ့ ဝိညာဉ်ဟာ…
ငါ့ အဖြစ်နဲ့ ရောရောသေတတ်တယ်………….
တစ်ခါတစ်လေမှာလည်း…သေလျှက်နဲ့ ရှင်နေတတ်ပြန်တယ်….
ငါဟာအိမ်မက်ထဲမှာတောင်…
ကောင်းကောင်းလွမ်းခွင့် ရှိမရှိ…
မသေချာပေမယ့် …………
အဲဒီမသေချာခြင်းတွေထဲမှာပဲ…
ငါ့ ကိုရှင်သန်ခွင့် ပေးပါ……………………..။

Phoe Si


ဟန်မဆောင်ကြေး

ဟန်မဆောင်ကြေး  မောတယ် မျက်နှာတွေမှာမျက်နှာပြန်ရှာရတဲ့ အလုပ် မြို့ ပြကို လွပ်လွပ်လပ်လပ် ဖြူစင်ခွင့် ပေးလိုက်ပါဗျာ……….            မင်းလူန
Ka Yin Lay 30 July 22:01
ဟန်မဆောင်ကြေး

မောတယ်
မျက်နှာတွေမှာမျက်နှာပြန်ရှာရတဲ့ အလုပ်
မြို့ ပြကို
လွပ်လွပ်လပ်လပ်
ဖြူစင်ခွင့် ပေးလိုက်ပါဗျာ……….

မင်းလူ


စိုင်းစိုင်း ရဲ့ သီချင်းတပုဒ်ကို စာသားပြောင်းပြီး Funny အဖြစ် နောက်ထားတဲ့ေ...

created the doc: "စိုင်းစိုင်း ရဲ့ သီချင်းတပုဒ်ကို စာသားပြောင်းပြီး Funny အဖြစ် နောက်ထားတဲ့မေးလ်ပါ။ "
Thihan Htun created the doc: "စိုင်းစိုင်း ရဲ့ သီချင်းတပုဒ်ကို စာသားပြောင်းပြီး Funny အဖြစ် နောက်ထားတဲ့မေးလ်ပါ။ "

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်

မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

ဝေးခဲ့ ပြီ…… အတိုးပေးပြီးငါကပိုက်ဆံချေးမလို့ …..သံဓိဏ္ဌာန်ချထားခဲ့ တာဘဲ…….ငါ မင်းဆီကများရမလားလို့ 

ငါကြည့် တဲ့ အပြာကားတွေ…ဗိုက်ပူမ က ငှားသွား….ငါ့ ရဲ့ အပြာရုပ်ရှင်တွေ

ကာတွန်းခွေ အဖြစ်နဲ့  ပြန်ရ….ငါ့ အဖေ၀ယ်သိမ်းထားတဲ့ ဟာတွေ….အဖေသိရင်သေပါ

ပြီ…အဖေသိရင်တော့ သေပါပြီဗျာ

ဒီဒိုင်ယာရီကိုရေးသား….မင်းနဲ့ ငါနဲ့ ပျော်ရွှင်မြူး…ဆပ်စလူးထ ပေါင်းလဲမနဲပါဘူး

သူများဆ်ီမှာ အကြွေးတင်နေတာ…ဘယ်လိုပြန်ဆပ်

ရမလဲ… မသိတော့ ဘူး

မင်းလိုချင်တဲ့ ၂ လုံးဂဏန်း..ငါ့ ဘက်ကမပေးနှိုင်….ယုံကြည်စွာမျှော်လင့် ခဲ့ 

ငါတို့ နှစ်ယောက်တော့ မဝေးနိုင်…..ဘာကြောင့်  ဒီနံပတ်ကမထွက်ရတာလဲငါ့ ဦးနှောက်ကမတွေးနိုင်…ဒီနေ့ အထိမမေ့ နိုင်..ငါ ချဲထိုးဆဲပဲယနေ့ တိုင်

ငါ့ အခန်းနံရံတွေပေါ်မှာ..ချဲဂဏန်းတွေကပ်ထားဆဲ

ငါ့ နှလုံးသွေးလည်ပတ်မှုကတော့  ဒီနေ့ ကစပီးရပ်တန့် ခဲ့ 

ပါတ်လည်ရော…စီးရီးရော..ဘိုးတော်

ဂဏန်းရော…အဆုံပါပဲ

ဒါလဲမပေါက်ဘူး…. ကုန်တာပါပဲ

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်

မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ၉ ရက်~~~

ဆိုးချက်ကရင်နင့် စရာ….တောင်ငူကိုသွားခဲ့ …စောင်ထူထူခြုံရင်းနဲ့…အမှောင်

ထူထူဖြတ်ခဲ့ 

ဗလောင်ဆူတဲ့ ရင်ခွင်နဲ့ ပေါ့ ………….

မင်းကChelsea ကိုအထင်ကြီးတာလား….Ferguson ကိုမက်မောတာလား

မကြားချင်ရင်လဲနားပိတ်ထားလိုက်…

ငါကတော့ ဒါကိုဆက်ပြောမှာဘဲ

မင်းအပေါင်းအသင်းတွေလာလာကြပ်တဲ့ …၂လုံးဂဏန်းတွေနဲ့ တင်ပြာရာခပ်ခဲ့ 

ဟိုအရင်ကတော့ ဒါဟာအမှတ်တမဲ့ ..ခုတော့ အပေါင်ဆိုင်ဆိုတာ ထဲငါဟာရောက်ခဲ့ 

နားလည်ပေးပါ..ပရိတ်သတ်ကြီးရယ်…ဘောလုံးပွဲလေးလောင်းတဲ့ ဟာကို

အပြစ်မဲ့ တာလို့ မပြောချင်..မုသာဝါဒါကြူးလွန်ခဲ့ …

တစ်လုံးပြား၂၀ ဆိုတာ….မဟုတ်ပါဘူး..ညာတာ..

တကယ်က…နှစ်လုံးသရေ...ဒိုင်နဲ့ ပေါင်းပြီးလောင်းတဲ့ အချိန်ကြတော့ 

ရဲကငါ့ ကိုဆွဲဆိ..ထောင်ကျခဲ့တာ၎နှစ်..ပျော်လို့ ထပ်ပီးနေတာ ၃နှစ်

အဖြစ်အပျက်တွေပြန်လည်တွေးရင်း..

အိမ်ပြန်ခဲ့ ပါတော့ ကွာငါ့ အချစ်

တောင်းပန်တယ်ကွာ..တလောကလုံးဗျောင်းဆန်နေတာဘဲ

ဘောလုံးပွဲဒိုင်ကိုင်တယ်ဆိုတာကတော့  လုပ်ဇာတ်မဟုတ်ပါဘူး ပရိတ်သတ်ကြီးရယ်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါချမ်းလို့ တုန်

မိုးသည်းတဲ့ ညတွေမှာ~~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့

အဲဒီနေ့ကအပူးမထွက်ပါ……….

ဒီဇင်ဘာ၈ရက်…နှလုံသားကိုဓာတ်လိုက်ပြီ ..တလုံးပဲလွဲသွားတယ်……………

ဖေဖော်ဝါရီ ၁၄ ရက်~~သူပေးတဲ့ လက်စွပ်မောင်းကွင်းလေးကို

လမ်းထိပ်ကဒေါ်ကြွက်မဆ်ီမှာ သွားပေါင်ခဲ့ ~~~ဘယ်တော့ မှ ပြန်မရွေးနှိုင်ခဲ့ 

ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်းလေးထွက်

သွားတယ် အိုး ....အို....အရူးအမူးပဲ

မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲ ပျော်မြူးခဲ့တညလုံးမအိပ်ပဲချဲတွက်ခဲ့ တစ်ဘ၀လုံးဆိတ်သုန်းမွဲရောပဲ

ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ

အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့

ပြန်ပေါက်လိုက် ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့

ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်………ကျွန်တော့်ဘ၀ကွဲပျက်

(မျောလွင့် နေတဲ့ တိမ်~~စိတ္တဇဆန်တဲ့ ဒီမိုးများ~~~ရွာနေတုန်း~~ငါ ချမ်းလို့ တုန်

မိုးသည်းတဲ့ ညတွေမှာ~~~ ချဲတွက်နေ တညလုံး~~ ချဲမပေါက်တဲ့ ငါတော့ ရူး)

မိုးတွေရွာတုန်းမှာ~~နားခိုစရာဟာတကယ်မဲ့ လို

့~~~ငါတယောက်ထဲလျှောက်တယ်..အိုလမ်းများဟာ

မှားယွင်းတဲ့ လမ်းတွေမှာ….ချဲထိုးတာ ငါပျော်ခဲ့ ~~~~ ချဲပေါက်ဖို

့တကယ်ခက်ခဲ…လွဲမှားတဲ့ ဘ၀ကြီးကို

သိခဲ့ ရနောက်မှာလေ~~~~ အမှားများပြန်ပြင်တုန်းမှာ….အားလုံးနဲ့ ငါကဝေး

အူး…..အူး….အူး..အူး….အူး….အူး… အူး

အာ….အာ…အာ…အား.. အား….

(ကျွန်တော့်ကိုကြည့် မရလို့ တဲ့ ....ခွေး၃ကောင်လိုက်လို့ 

ထွက်ပြေးလိုက်ရတာ…ပုဆိုးကိုပြဲရော)

အူး…..အူး….အူး..အူး….အူး….အူး

ပန်….ပန်….ပန်… ပန်…ပန်….ပန်

ပန်…ပန်….ပန်… ပန်…ပန်….ပန်

:P :P :P