Tuesday, 19 April 2011

[စာပေစကားဝိုင်း] ထိလွယ်.ရှလွယ် တွေ အတွက် ပါ။...

ထိလွယ်.ရှလွယ် တွေ အတွက် ပါ။                ၀ါဆိုမိုး       အဲဒီညက      ပင်လယ်အသေနဲ့      ကြယ်အကြွေနဲ့ ညားခဲ့မိတယ်      မိမိုးရယ်။            ခပ်ယဲ့ယဲ့ အပြုံးနဲ့နင်      ဘ၀တစ်ခုလုံး သိမ်းကြုံးယူချိန်      ငါ့ရာသီ ၀ါဆိုက      ထပ်ပြိုလာပါတော့မလား။       မပြုံးပြနဲ့တော့နော်      နင့်အဝေးက ငါ့ရာသီတွေအတွက်      နင့်ရင်နဲ့  ရင်းခဲ့တဲ့        ငါ့ ၀ါဆိုအတွက်။        အိမ်ပြန် နောက်ကျရုံပါ       မိုးရယ်       မှိုင်းလို့ မှောင်လို့တဲ့       ဒို့ဘ၀ ရာသီတွေ       အစွမ်းကုန် တွန်းဖွင့်ရင်း       ရင်နဲ့  ရင်းခဲ့       ခုတော့  ၀ါဆို       ငါ ငိုနေရပြီ         မိုးရယ်။             Johnyoharmar
John Yoharmar 19 April 16:29
ထိလွယ်.ရှလွယ် တွေ အတွက် ပါ။

ဝါဆိုမိုး

အဲဒီညက
ပင်လယ်အသေနဲ့
ကြယ်အကြွေနဲ့ ညားခဲ့မိတယ်
မိမိုးရယ်။

ခပ်ယဲ့ယဲ့ အပြုံးနဲ့နင်
ဘ၀တစ်ခုလုံး သိမ်းကြုံးယူချိန်
ငါ့ရာသီ ၀ါဆိုက
ထပ်ပြိုလာပါတော့မလား။

မပြုံးပြနဲ့တော့နော်
နင့်အဝေးက ငါ့ရာသီတွေအတွက်
နင့်ရင်နဲ့ ရင်းခဲ့တဲ့
ငါ့ ၀ါဆိုအတွက်။

အိမ်ပြန် နောက်ကျရုံပါ
မိုးရယ်
မှိုင်းလို့ မှောင်လို့တဲ့
ဒို့ဘ၀ ရာသီတွေ
အစွမ်းကုန် တွန်းဖွင့်ရင်း
ရင်နဲ့ ရင်းခဲ့
ခုတော့ ၀ါဆို
ငါ ငိုနေရပြီ
မိုးရယ်။

Johnyoharmar


[စာပေစကားဝိုင်း] ထိလွယ်.ရှလွယ် တွေ အတွက် ပါ။...

ထိလွယ်.ရှလွယ် တွေ အတွက် ပါ။                ၀ါဆိုမိုး       အဲဒီညက      ပင်လယ်အသေနဲ့      ကြယ်အကြွေနဲ့ ညားခဲ့မိတယ်      မိမိုးရယ်။            ခပ်ယဲ့ယဲ့ အပြုံးနဲ့နင်      ဘ၀တစ်ခုလုံး သိမ်းကြုံးယူချိန်      ငါ့ရာသီ ၀ါဆိုက      ထပ်ပြိုလာပါတော့မလား။       မပြုံးပြနဲ့တော့နော်      နင့်အဝေးက ငါ့ရာသီတွေအတွက်      နင့်ရင်နဲ့  ရင်းခဲ့တဲ့        ငါ့ ၀ါဆိုအတွက်။        အိမ်ပြန် နောက်ကျရုံပါ       မိုးရယ်       မှိုင်းလို့ မှောင်လို့တဲ့       ဒို့ဘ၀ ရာသီတွေ       အစွမ်းကုန် တွန်းဖွင့်ရင်း       ရင်နဲ့  ရင်းခဲ့       ခုတော့  ၀ါဆို       ငါ ငိုနေရပြီ         မိုးရယ်။             Johnyoharmar
John Yoharmar 19 April 16:29
ထိလွယ်.ရှလွယ် တွေ အတွက် ပါ။

ဝါဆိုမိုး

အဲဒီညက
ပင်လယ်အသေနဲ့
ကြယ်အကြွေနဲ့ ညားခဲ့မိတယ်
မိမိုးရယ်။

ခပ်ယဲ့ယဲ့ အပြုံးနဲ့နင်
ဘ၀တစ်ခုလုံး သိမ်းကြုံးယူချိန်
ငါ့ရာသီ ၀ါဆိုက
ထပ်ပြိုလာပါတော့မလား။

မပြုံးပြနဲ့တော့နော်
နင့်အဝေးက ငါ့ရာသီတွေအတွက်
နင့်ရင်နဲ့ ရင်းခဲ့တဲ့
ငါ့ ၀ါဆိုအတွက်။

အိမ်ပြန် နောက်ကျရုံပါ
မိုးရယ်
မှိုင်းလို့ မှောင်လို့တဲ့
ဒို့ဘ၀ ရာသီတွေ
အစွမ်းကုန် တွန်းဖွင့်ရင်း
ရင်နဲ့ ရင်းခဲ့
ခုတော့ ၀ါဆို
ငါ ငိုနေရပြီ
မိုးရယ်။

Johnyoharmar


Monday, 18 April 2011

[စာပေစကားဝိုင်း] ရင်ခုံသံသေတဲ့ည ရင်ခုံသံတွေကိုသော့ခတ်...

ရင်ခုံသံသေတဲ့ည  ရင်ခုံသံတွေကိုသော့ခတ် သံကြိုးတွေအထပ်ထပ်ရစ်ပတ် နောက်ထပ်ဆိုတာမရှိ ချိုမြိန်ခြင်းတွေနုတ်ယူ အပူတွေဆူနေတဲ့ည  ငါမရပ်မနားတလစပ်တွေး ဘာတွေဟာသေချာသလဲ ဘယ်ဆီကိုနှင်မှာလဲ သန်းခေါင်ယံရဲ့ ရှိုက်သံ နားထဲပြန်ကြားနေတဲ့ငါ့အသံ ငါလား ငါဟာ ငါရော ဟုတ်ရဲ့လား  ရဲသူရိန်မင်း
Ye Thurein Min 18 April 20:27
ရင်ခုံသံသေတဲ့ည

ရင်ခုံသံတွေကိုသော့ခတ်
သံကြိုးတွေအထပ်ထပ်ရစ်ပတ်
နောက်ထပ်ဆိုတာမရှိ
ချိုမြိန်ခြင်းတွေနုတ်ယူ
အပူတွေဆူနေတဲ့ည

ငါမရပ်မနားတလစပ်တွေး
ဘာတွေဟာသေချာသလဲ
ဘယ်ဆီကိုနှင်မှာလဲ
သန်းခေါင်ယံရဲ့ ရှိုက်သံ
နားထဲပြန်ကြားနေတဲ့ငါ့အသံ
ငါလား ငါဟာ ငါရော ဟုတ်ရဲ့လား

ရဲသူရိန်မင်း


Sunday, 17 April 2011

[စာပေစကားဝိုင်း] ဒါတို့ပြည် ဇေယျ ကျွန်တော် မနှစ်က (၁၉၅၃ ခုနှစ်၊...

ဒါတို့ပြည်  ဇေယျ  ကျွန်တော် မနှစ်က (၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ) ဤချိန်တွင် လန်ဒန်မြို့သို့ ရောက်နေသည်။ တစ်နေ့သောအခါ နံနက်ပိုင်းတွင်သာ အလုပ်ရှိလျက် ညနေပိုင်းတွင် အလုပ်မရှိသဖြင့် လန်ဒန်မြို့ အနောက်ပိုင်း အမှတ် (၁) ရပ်ကွက်၊ ချာလ်စ်-စတရိလမ်းရှိ မြန်မာသံရုံးသို့ သွားရောက်၍ ၀င်နေကြဖြစ်သော ဦးမောင်မောင်ကြီးနှင့် သခင်လူမင်းတို့ အခန်းထဲသို့ ၀င်၍ ထိုင်လေသည်။ ရန်ကုန်က စာများ ရောက်သလား။ နောက်ထပ် မြန်မာသတင်းစာများ ရောက်သလား။ မေးမြန်းပြီး တောင်ကြည့် မြောက်ကြည့် ကြည့်မိရာ သခင်လူမင်း၏ စားပွဲနောက်နံရံတွင် ကပ်ထားသော မြန်မာ့အလင်း ပြက္ခဒိန်ကို သွား၍ မြင်မိလေသည်။  `အောက်တိုဘာလ ၂၄ ရက် သီတင်းကျွတ်လပြည့်နေ့´ ဟု မြင်လိုက်ရသည်နှင့် တစ်ပြိုက်နက် ထိုအချိန်တွင် ငါတို့ ရန်ကုန်တွင် ည ၇ နာရီခွဲ ရှိပြီ။ သီတင်းကျွတ်မီးတွေ ထိန်ထိန်လင်းနေရော့မည်။ ကလေးတွေ ၀တ်ကောင်းစားလှတွေ ဆင်ယင်၍ လက်ထဲတွင် ဖယောင်းတိုင်ကလေးများ၊ ငှက်ပျောသီးကလေးများ၊ မုန့်ကလေးများကို ကိုင်လျက် တစ်အိမ်ဆင်း၊ တစ်အိမ်တက် လူကြီးမိဘများကို ကန်တော့နေကြရော့မည်ဟု တွေးလိုက်မိရာ ရင်ထဲတွင် ဆို့တို့တို့ ဖြစ်လာလေသည်။ ဟယ် ငါ ငယ်ငယ်ရွယ်ရွယ်မှ မဟုတ်ဘဲ ဒီစိတ်မျိုးတွေ မပေါ်ကောင်းဘူးဟု စိတ်ကို ချုပ်တည်းကြည့်သည်။ မရချေ။  သို့နှင့် ရုတ်တရက် ထိုင်ရာမှ ထကာ မည်သူ့ကိုမှ နှုတ်မဆက်ဘဲ အခန်းတွင်းက ထွက်လာခဲ့လေသည်။ သခင်လူမင်းနှင့် ဦးမောင်မောင်ကြီးတို့မူကား ဤသို့ ရုတ်တရက်ထ၍ ထွက်သွားသည်ကို အံ့အားသင့်၍ ကျန်ရစ်ကြမည်လား မပြောတတ်ချေ။ သံရုံးအပြင်ရောက်၍ အလင်းရောင်ကလေးထဲသို့ လျှောက်လာရသောအခါ စိတ်အနည်းငယ် သက်သာသလိုလို ရှိလေသည်။  စိတ်က ဟိုတယ်သို့ ပြန်မည်ဟု ကြံမိသည်။ သို့သော် ဟိုတယ်ရှေ့သို့ရောက်သောအခါ ဟိုတယ်အခန်းထဲတွင် ကိုယ့်တစ်ယောက်ထဲဝင်၍ ထိုင်နေလျှင် တောင်တွေး မြောက်တွေးနှင့် ပို၍ ဆိုးတော့မည်ဟု တွေးကာ စိတ်ပြေလက်ပျောက် ရုပ်ရှင်တွေ လျှောက်ကြည့်နေတာ ကောင်းမည်ဟု ကြံပြီးလျှင် ဂရင်းပတ် ဥယျာဉ်ထောင့်က ဘတ်စ်ကားကို တက်၍ တော်တမ်ဟမ်-ကုတ်ရုတ် လမ်းသို့ လာခဲ့လေသည်။  ပီကာဒီလီ၊ အောက်စဖို့ စတရိ၊ ရီးဂျင့် စတရိ စသော လမ်းကြီးများကို ဖြတ်၍ အသွားတွင် တောင်ကြည့် မြောက်ကြည့်နှင့် သီတင်းကျွတ် လပြည့်နေ့အကြောင်းကို မေ့ပျောက်သွားသလောက် ရှိလေသည်။ `တော်တမ်ဟမ်-ကုတ်ရုတ်´ သို့ ရောက်သောအခါ ထမင်း မဆာ စဖူး ဆာလာ၍ အသင့်ပဲ ဟု တွေးကာ `စိန်-ဂျိုင်း-ဟိုင်-စတရိ´ လမ်းတွင် ရှိသော ဒေါ်မြစိန်၏ `နယူးဘားမား´ထမင်းဆိုင်သို့ သွားရောက်လေသည်။ သုံးနာရီကျော်လောက် ရှိပြီဖြစ်၍ လူအတော် ရှင်းနေသည်။ ထိုင်နေကျ ချောင်ကလေးတွင် ထိုင်ကာ ထမင်းတစ်ပန်းကန်နှင့် ကြက်ဥဟင်း တစ်ပန်းကန်တို့ကို မှာ၍ စားလေသည်။ ဆာနေ၍လား မသိ၊ တော်တော် အရသာရှိသည်။ သုံးလေးလုပ်မျှ စားပြီး မော်၍ ကြည့်လိုက်မိရာ ပန်းတွေ တဝေေ၀နှင့် ဘုရားစင်ကလေးကို သွား၍ မြင်ရလေသည်။ ငိုင်၍ သွားမိ၏။ သီတင်းကျွတ် ဆီမီးရောင်ကလေးတွေ ခေါင်းထဲထိုးဝင်လာကြ၏။ ထမင်းစားချင်စိတ် ပျောက်သွား၏။ နောက်ထပ်ဇွန်းနှင့် ခရင်းကို မကိုင်တော့ဘဲ ငွေချေပြီးလျှင် ထလေသည်။ ကျွန်တော်နှင့် မိတ်ဆွေဖြစ်နေသော `၀ိတ်တာ´ ကလေးက စိုးရိမ်သော မျက်နှာနှင့် `တော်ပြီလား-၀ပြီလား-စားလို့မကောင်းဘူးလား။ ဘာဖြစ်သလဲ´ ဟု မေးသဖြင့် ကျွန်တော်လည်း သူစိတ်သက်သာအောင် တစ်ခွန်းနှစ်ခွန်း ပြောပြီး ထွက်လာခဲ့လေသည်။ လန်ဒန်မြို့တွင် နောက်ထပ် တစ်မိနစ်မျှ မနေတော့ဘဲ ရန်ကုန်သို့ ညချင်းအရောက် ပြန်လိုသော ဇောများသာ ပေါ်ပေါက်လာလေသည်။  အချိန်မှာ ညနေ ၄ နာရီလောက် ရှိသေးသည်။ ဘယ်ကို သွားမလဲ။ ရုပ်ရှင်ကြည့်မလား။ မကြည့်ချင် ဟိုတယ်ပြန်မလား။ မပြန်ချင်။ ဘာလုပ်မလဲ။ မသိ။ လျှောက်မိလျှောက်ရာကိုသာ လျှောက်လာခဲ့လေသည်။ လျှောက်ရင်း ဘေးနားကို ကြည့်လိုက်သောအခါ `ချဲရင်းကရော့စ်´ လမ်း၊ စာအုပ်အဟောင်းဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်နေသည်ကို တွေ့ရလေသည်။ စာအုပ်ဝယ်ချင်စိတ်မပေါ်။ သို့သော် စာတစ်အုပ်ကို ဆွဲ၍ ကြည့်လိုက်ရာ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွင် ဖတ်ခဲ့ရသော `ဆာဝဲလ်တာစကော့´ ဆိုသူ စီကုံးထားသော `The Lay of the Last Minstrel´ အမည်ရှိသော ကဗျာစာအုပ်ဖြစ်နေသည်ကို တွေ့ရလေသည်။ ထိုစာအုပ်မှာ အင်္ဂလိပ် သက္ကရာဇ် ၁၈၁၁ ခုနှစ်၊ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာ့လေးဆယ်ကျော်လောက်က ပုံနှိပ်သော စာအုပ်ဖြစ်၍ အဖုံးနှင့် အနားသားများ ဟောင်းနွမ်းလှပြီ ဖြစ်လေသည်။ ထိုကဗျာမှာ ကျွန်တော်တို့အတွက် မထူးဆန်းလှချေ။ သို့သော် စာအုပ်ကလေးကို ကြိုက်သည်နှင့် ၀ယ်ယူခဲ့၏။  ညနေ ၅ နာရီခွဲလောက်တွင် ဟိုတယ်သို့ ပြန်ရောက်၏။ ထိုနေ့ တော်တော်ကလေး အေးသည်။ အခန်းထဲတွင် ကပြာကယာ အ၀တ်အစား လဲ၊ အနွေးထည်များကို ၀တ်၊ မီလှုံရန် ဓာတ်မီးဖိုကို နှိုးပြီး၊ ဆိုဖာပေါ်တွင် ထိုင်ကာ ၀ယ်လာခဲ့သော စာအုပ်ကလေးကို တစ်ရွက်စီ လှစ်ကြည့်ရာ၊ တစ်နေရာတွင် အောက်ပါ ကဗျာလေးကို တွေ့မိလေသည်။  Breathes there the man with soul so dead Who never to himself hath said, This is my own, my native land! Whose heart hath ne'er within him burned, As home his footsteps he hath turned From wandering on a foreign strand! If such there breathe, go, mark him well; For him no minstrel raptures swell;  High though his titles, proud his name, Boundless his wealth as wish can claim Despite those titles, power, and pelf, The wretch, concentred all in self, Living, shall forfeit fair renown, And, doubly dying, shall go down To the vile dust from whence he sprung, Unwept, unhonored , and unsung.  ကျောင်းတွင် နေစဉ်က ဤကဗျာကလေးကို နှုတ်တက် အာဂုံကျက်မှတ်ခဲ့ရ၏။ ဆရာများပြောပြသော အဓိပ္ပါယ်ကို ကြားနာခဲ့ရ၏။  (ဤကဗျာ၌ ဆိုလိုရင်းမှာ အဝေးရပ်သို့ သွားလာရာက ကိုယ့်ဇာတိ ရပ်ဌာနကို ပြန်လာတဲ့အခါ ဒါတို့ပြည်၊ ဒါတို့မြေလို့ စိတ်တွင်းမှာ လှုံလှုံတက်ပြီး ပေါ်မလာတဲ့လူဟာ၊ ဘယ်လောက်ပဲ ချမ်းသာ၊ ဘယ်လောက်ပဲ ဂုဏ်ရှိ၊ ဘယ်လောက်ပဲ ကျော်စောကိတ္တိရှိပေမယ့် ဒီလူလောက် အသက်မဲ့ဖြစ်နေတဲ့လူ လောကမှာ မရှိဟု ဆိုလေသည်။ ဤကဗျာကလေး မြန်မာဘာသာဖြင့် ထိထိမိမိ ပြန်ဆိုပြသင့်၏။ သို့သော် ထိုကဗျာ၌ ရှိသလောက်သော အဓိပ္ပါယ်ကို ရရမိမိ ပြန်ဆိုရန် မလွယ်ကူချေ။)  သို့သော် ကျောင်းသားဘ၀က သဘောကောင်းကောင်းမပေါက်ခဲ့၊ ထိုအချိန်၌မူကား ကိုယ့်စိတ်က အလိုက်သင့် ဖြစ်နေ၍လားမသိ၊ တစိမ့်စိမ့်နှင့် စိတ်ဝင်စားမိလေသည်။ အရသာကို ခံစားရလေသည်။  ကိုယ့်ဇာတိ မြန်မာပြည်ကလေးမှာ သူများတိုင်းပြည်များနှင့် စာလျှင် မကြီးလှ။ သို့သော် `ဒါတို့ပြည်၊ ဒါတို့မြေ´ ဟူသော အသံများကို ကြားရသောအခါမူကား၊ ကျွန်တော်တို့အတွက် ဘယ်တိုင်းပြည် ဘယ်လောက်ကြီးတယ် ဆိုဆို ကိုယ့်တိုင်းပြည်လောက် အဖိုးမတန်ဟု ထင်လာလေသည်။  ထိုစာအုပ်ကလေးမှာ ကျွန်တော့်အတွက် မြန်မာငွေ တစ်ကျပ်ခွဲလောက်သာ ကျ၏။ သို့သော် မြန်မာပြည်သို့ စာတိုက်မှ တင်ပို့ပေးရန် မှာထားသော အခြားစာအုပ်များနှင့်အတူ စိတ်ချလက်ချ ပါဆယ်ထုပ်ထဲ မထည့်လိုက်နိုင်။ ကိုယ်တိုင် တစ်ပွေ့ပွေ့ တစ်ပိုက်ပိုက်နှင့် မြန်မာပြည်သို့ အရောက်ဆောင်ကြဉ်းခဲ့ပေ၏။  (ေဇယ်)
Ka Yin Lay 18 April 03:07
ဒါတို့ပြည်

ဇေယျ

ကျွန်တော် မနှစ်က (၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ) ဤချိန်တွင် လန်ဒန်မြို့သို့ ရောက်နေသည်။ တစ်နေ့သောအခါ နံနက်ပိုင်းတွင်သာ အလုပ်ရှိလျက် ညနေပိုင်းတွင် အလုပ်မရှိသဖြင့် လန်ဒန်မြို့ အနောက်ပိုင်း အမှတ် (၁) ရပ်ကွက်၊ ချာလ်စ်-စတရိလမ်းရှိ မြန်မာသံရုံးသို့ သွားရောက်၍ ၀င်နေကြဖြစ်သော ဦးမောင်မောင်ကြီးနှင့် သခင်လူမင်းတို့ အခန်းထဲသို့ ၀င်၍ ထိုင်လေသည်။ ရန်ကုန်က စာများ ရောက်သလား။ နောက်ထပ် မြန်မာသတင်းစာများ ရောက်သလား။ မေးမြန်းပြီး တောင်ကြည့် မြောက်ကြည့် ကြည့်မိရာ သခင်လူမင်း၏ စားပွဲနောက်နံရံတွင် ကပ်ထားသော မြန်မာ့အလင်း ပြက္ခဒိန်ကို သွား၍ မြင်မိလေသည်။

`အောက်တိုဘာလ ၂၄ ရက် သီတင်းကျွတ်လပြည့်နေ့´ ဟု မြင်လိုက်ရသည်နှင့် တစ်ပြိုက်နက် ထိုအချိန်တွင် ငါတို့ ရန်ကုန်တွင် ည ၇ နာရီခွဲ ရှိပြီ။ သီတင်းကျွတ်မီးတွေ ထိန်ထိန်လင်းနေရော့မည်။ ကလေးတွေ ၀တ်ကောင်းစားလှတွေ ဆင်ယင်၍ လက်ထဲတွင် ဖယောင်းတိုင်ကလေးများ၊ ငှက်ပျောသီးကလေးများ၊ မုန့်ကလေးများကို ကိုင်လျက် တစ်အိမ်ဆင်း၊ တစ်အိမ်တက် လူကြီးမိဘများကို ကန်တော့နေကြရော့မည်ဟု တွေးလိုက်မိရာ ရင်ထဲတွင် ဆို့တို့တို့ ဖြစ်လာလေသည်။ ဟယ် ငါ ငယ်ငယ်ရွယ်ရွယ်မှ မဟုတ်ဘဲ ဒီစိတ်မျိုးတွေ မပေါ်ကောင်းဘူးဟု စိတ်ကို ချုပ်တည်းကြည့်သည်။ မရချေ။

သို့နှင့် ရုတ်တရက် ထိုင်ရာမှ ထကာ မည်သူ့ကိုမှ နှုတ်မဆက်ဘဲ အခန်းတွင်းက ထွက်လာခဲ့လေသည်။ သခင်လူမင်းနှင့် ဦးမောင်မောင်ကြီးတို့မူကား ဤသို့ ရုတ်တရက်ထ၍ ထွက်သွားသည်ကို အံ့အားသင့်၍ ကျန်ရစ်ကြမည်လား မပြောတတ်ချေ။ သံရုံးအပြင်ရောက်၍ အလင်းရောင်ကလေးထဲသို့ လျှောက်လာရသောအခါ စိတ်အနည်းငယ် သက်သာသလိုလို ရှိလေသည်။

စိတ်က ဟိုတယ်သို့ ပြန်မည်ဟု ကြံမိသည်။ သို့သော် ဟိုတယ်ရှေ့သို့ရောက်သောအခါ ဟိုတယ်အခန်းထဲတွင် ကိုယ့်တစ်ယောက်ထဲဝင်၍ ထိုင်နေလျှင် တောင်တွေး မြောက်တွေးနှင့် ပို၍ ဆိုးတော့မည်ဟု တွေးကာ စိတ်ပြေလက်ပျောက် ရုပ်ရှင်တွေ လျှောက်ကြည့်နေတာ ကောင်းမည်ဟု ကြံပြီးလျှင် ဂရင်းပတ် ဥယျာဉ်ထောင့်က ဘတ်စ်ကားကို တက်၍ တော်တမ်ဟမ်-ကုတ်ရုတ် လမ်းသို့ လာခဲ့လေသည်။

ပီကာဒီလီ၊ အောက်စဖို့ စတရိ၊ ရီးဂျင့် စတရိ စသော လမ်းကြီးများကို ဖြတ်၍ အသွားတွင် တောင်ကြည့် မြောက်ကြည့်နှင့် သီတင်းကျွတ် လပြည့်နေ့အကြောင်းကို မေ့ပျောက်သွားသလောက် ရှိလေသည်။ `တော်တမ်ဟမ်-ကုတ်ရုတ်´ သို့ ရောက်သောအခါ ထမင်း မဆာ စဖူး ဆာလာ၍ အသင့်ပဲ ဟု တွေးကာ `စိန်-ဂျိုင်း-ဟိုင်-စတရိ´ လမ်းတွင် ရှိသော ဒေါ်မြစိန်၏ `နယူးဘားမား´ထမင်းဆိုင်သို့ သွားရောက်လေသည်။ သုံးနာရီကျော်လောက် ရှိပြီဖြစ်၍ လူအတော် ရှင်းနေသည်။ ထိုင်နေကျ ချောင်ကလေးတွင် ထိုင်ကာ ထမင်းတစ်ပန်းကန်နှင့် ကြက်ဥဟင်း တစ်ပန်းကန်တို့ကို မှာ၍ စားလေသည်။ ဆာနေ၍လား မသိ၊ တော်တော် အရသာရှိသည်။ သုံးလေးလုပ်မျှ စားပြီး မော်၍ ကြည့်လိုက်မိရာ ပန်းတွေ တဝေေ၀နှင့် ဘုရားစင်ကလေးကို သွား၍ မြင်ရလေသည်။ ငိုင်၍ သွားမိ၏။ သီတင်းကျွတ် ဆီမီးရောင်ကလေးတွေ ခေါင်းထဲထိုးဝင်လာကြ၏။ ထမင်းစားချင်စိတ် ပျောက်သွား၏။ နောက်ထပ်ဇွန်းနှင့် ခရင်းကို မကိုင်တော့ဘဲ ငွေချေပြီးလျှင် ထလေသည်။ ကျွန်တော်နှင့် မိတ်ဆွေဖြစ်နေသော `၀ိတ်တာ´ ကလေးက စိုးရိမ်သော မျက်နှာနှင့် `တော်ပြီလား-၀ပြီလား-စားလို့မကောင်းဘူးလား။ ဘာဖြစ်သလဲ´ ဟု မေးသဖြင့် ကျွန်တော်လည်း သူစိတ်သက်သာအောင် တစ်ခွန်းနှစ်ခွန်း ပြောပြီး ထွက်လာခဲ့လေသည်။ လန်ဒန်မြို့တွင် နောက်ထပ် တစ်မိနစ်မျှ မနေတော့ဘဲ ရန်ကုန်သို့ ညချင်းအရောက် ပြန်လိုသော ဇောများသာ ပေါ်ပေါက်လာလေသည်။

အချိန်မှာ ညနေ ၄ နာရီလောက် ရှိသေးသည်။ ဘယ်ကို သွားမလဲ။ ရုပ်ရှင်ကြည့်မလား။ မကြည့်ချင် ဟိုတယ်ပြန်မလား။ မပြန်ချင်။ ဘာလုပ်မလဲ။ မသိ။ လျှောက်မိလျှောက်ရာကိုသာ လျှောက်လာခဲ့လေသည်။ လျှောက်ရင်း ဘေးနားကို ကြည့်လိုက်သောအခါ `ချဲရင်းကရော့စ်´ လမ်း၊ စာအုပ်အဟောင်းဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်နေသည်ကို တွေ့ရလေသည်။ စာအုပ်ဝယ်ချင်စိတ်မပေါ်။ သို့သော် စာတစ်အုပ်ကို ဆွဲ၍ ကြည့်လိုက်ရာ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွင် ဖတ်ခဲ့ရသော `ဆာဝဲလ်တာစကော့´ ဆိုသူ စီကုံးထားသော `The Lay of the Last Minstrel´ အမည်ရှိသော ကဗျာစာအုပ်ဖြစ်နေသည်ကို တွေ့ရလေသည်။ ထိုစာအုပ်မှာ အင်္ဂလိပ် သက္ကရာဇ် ၁၈၁၁ ခုနှစ်၊ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာ့လေးဆယ်ကျော်လောက်က ပုံနှိပ်သော စာအုပ်ဖြစ်၍ အဖုံးနှင့် အနားသားများ ဟောင်းနွမ်းလှပြီ ဖြစ်လေသည်။ ထိုကဗျာမှာ ကျွန်တော်တို့အတွက် မထူးဆန်းလှချေ။ သို့သော် စာအုပ်ကလေးကို ကြိုက်သည်နှင့် ၀ယ်ယူခဲ့၏။

ညနေ ၅ နာရီခွဲလောက်တွင် ဟိုတယ်သို့ ပြန်ရောက်၏။ ထိုနေ့ တော်တော်ကလေး အေးသည်။ အခန်းထဲတွင် ကပြာကယာ အ၀တ်အစား လဲ၊ အနွေးထည်များကို ၀တ်၊ မီလှုံရန် ဓာတ်မီးဖိုကို နှိုးပြီး၊ ဆိုဖာပေါ်တွင် ထိုင်ကာ ၀ယ်လာခဲ့သော စာအုပ်ကလေးကို တစ်ရွက်စီ လှစ်ကြည့်ရာ၊ တစ်နေရာတွင် အောက်ပါ ကဗျာလေးကို တွေ့မိလေသည်။

Breathes there the man with soul so dead
Who never to himself hath said,
This is my own, my native land!
Whose heart hath ne'er within him burned,
As home his footsteps he hath turned
From wandering on a foreign strand!
If such there breathe, go, mark him well;
For him no minstrel raptures swell;

High though his titles, proud his name,
Boundless his wealth as wish can claim
Despite those titles, power, and pelf,
The wretch, concentred all in self,
Living, shall forfeit fair renown,
And, doubly dying, shall go down
To the vile dust from whence he sprung,
Unwept, unhonored , and unsung.

ကျောင်းတွင် နေစဉ်က ဤကဗျာကလေးကို နှုတ်တက် အာဂုံကျက်မှတ်ခဲ့ရ၏။ ဆရာများပြောပြသော အဓိပ္ပါယ်ကို ကြားနာခဲ့ရ၏။

(ဤကဗျာ၌ ဆိုလိုရင်းမှာ အဝေးရပ်သို့ သွားလာရာက ကိုယ့်ဇာတိ ရပ်ဌာနကို ပြန်လာတဲ့အခါ ဒါတို့ပြည်၊ ဒါတို့မြေလို့ စိတ်တွင်းမှာ လှုံလှုံတက်ပြီး ပေါ်မလာတဲ့လူဟာ၊ ဘယ်လောက်ပဲ ချမ်းသာ၊ ဘယ်လောက်ပဲ ဂုဏ်ရှိ၊ ဘယ်လောက်ပဲ ကျော်စောကိတ္တိရှိပေမယ့် ဒီလူလောက် အသက်မဲ့ဖြစ်နေတဲ့လူ လောကမှာ မရှိဟု ဆိုလေသည်။ ဤကဗျာကလေး မြန်မာဘာသာဖြင့် ထိထိမိမိ ပြန်ဆိုပြသင့်၏။ သို့သော် ထိုကဗျာ၌ ရှိသလောက်သော အဓိပ္ပါယ်ကို ရရမိမိ ပြန်ဆိုရန် မလွယ်ကူချေ။)

သို့သော် ကျောင်းသားဘ၀က သဘောကောင်းကောင်းမပေါက်ခဲ့၊ ထိုအချိန်၌မူကား ကိုယ့်စိတ်က အလိုက်သင့် ဖြစ်နေ၍လားမသိ၊ တစိမ့်စိမ့်နှင့် စိတ်ဝင်စားမိလေသည်။ အရသာကို ခံစားရလေသည်။

ကိုယ့်ဇာတိ မြန်မာပြည်ကလေးမှာ သူများတိုင်းပြည်များနှင့် စာလျှင် မကြီးလှ။ သို့သော် `ဒါတို့ပြည်၊ ဒါတို့မြေ´ ဟူသော အသံများကို ကြားရသောအခါမူကား၊ ကျွန်တော်တို့အတွက် ဘယ်တိုင်းပြည် ဘယ်လောက်ကြီးတယ် ဆိုဆို ကိုယ့်တိုင်းပြည်လောက် အဖိုးမတန်ဟု ထင်လာလေသည်။

ထိုစာအုပ်ကလေးမှာ ကျွန်တော့်အတွက် မြန်မာငွေ တစ်ကျပ်ခွဲလောက်သာ ကျ၏။ သို့သော် မြန်မာပြည်သို့ စာတိုက်မှ တင်ပို့ပေးရန် မှာထားသော အခြားစာအုပ်များနှင့်အတူ စိတ်ချလက်ချ ပါဆယ်ထုပ်ထဲ မထည့်လိုက်နိုင်။ ကိုယ်တိုင် တစ်ပွေ့ပွေ့ တစ်ပိုက်ပိုက်နှင့် မြန်မာပြည်သို့ အရောက်ဆောင်ကြဉ်းခဲ့ပေ၏။

(ေဇယ်)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] အဖေ အကြောင်း ကျနော်…… ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး...

အဖေ အကြောင်း ကျနော်…… ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တက်တယ်။ ၅ နှစ်…………….. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။ ၆ နှစ်…………….. ငါ့အဖေက မင်းအဖေထက် တက်တယ်ကွ။ ၈ နှစ်………………ငါ့အဖေက အကုန်လုံးတော့လည်း အတိကျ မသိဘူး။ ၁၀ နှစ်…………….အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။ ၁၂ နှစ်…………… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ၊သူကအသက်သိပ်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေမမှတ် မိနိုင်တော့ဘူး။ ၁၄ နှစ်…………… အဖေတော့ထည့်ပြောမနေနဲ့၊ သူကရှေးရိုးသမားကြီး။ ၂၁ နှစ်…………….အဘိုးကြီးလား…ထားပါ၊လုံးဝအောက်နေပြီ။ ၂၅ နှစ်…………… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊လူကြီးပဲဟာ။ ၃၀ နှစ်…………..အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်၊ဘာပြောပြော သူကအတွေ့အကြုံ အများကြီးရှိတယ်။ ၃၅ နှစ်…………. အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခု လုပ်နိုင်မယ်။ ၄၀ နှစ်…………. အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။ ၅၀ နှစ်…………..ဒီကိစ္စ အခုနေသာ ဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါအဖေ့ဆီကအ များကြီး ရလိုက်ဖို့ ကောင်းတယ်။  (မူရင်း။ ။Ann Lander ၏ My Father When I Was…) ဖေမြင့် ပြန်ဆိုသော နှလုံးသား အာဟာရ (ရသစာများ)
Ye Thurein Min 17 April 21:47
အဖေ အကြောင်း
ကျနော်……
၎ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တက်တယ်။
၅ နှစ်…………….. ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။
၆ နှစ်…………….. ငါ့အဖေက မင်းအဖေထက် တက်တယ်ကွ။
၈ နှစ်………………ငါ့အဖေက အကုန်လုံးတော့လည်း အတိကျ မသိဘူး။
၁၀ နှစ်…………….အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။
၁၂ နှစ်…………… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ၊သူကအသက်သိပ်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေမမှတ်
မိနိုင်တော့ဘူး။
၁၄ နှစ်…………… အဖေတော့ထည့်ပြောမနေနဲ့၊ သူကရှေးရိုးသမားကြီး။
၂၁ နှစ်…………….အဘိုးကြီးလား…ထားပါ၊လုံးဝအောက်နေပြီ။
၂၅ နှစ်…………… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊လူကြီးပဲဟာ။
၃၀ နှစ်…………..အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်၊ဘာပြောပြော သူကအတွေ့အကြုံ အများကြီးရှိတယ်။
၃၅ နှစ်…………. အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတခုခု လုပ်နိုင်မယ်။
၄၀ နှစ်…………. အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။
၅၀ နှစ်…………..ဒီကိစ္စ အခုနေသာ ဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ
မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါအဖေ့ဆီကအ
များကြီး ရလိုက်ဖို့ ကောင်းတယ်။

(မူရင်း။ ။Ann Lander ၏ My Father When I Was…) ဖေမြင့် ပြန်ဆိုသော
နှလုံးသား အာဟာရ (ရသစာများ)


[စာပေစကားဝိုင်း] New doc: ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

created the doc: "ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ "
Ye Thurein Min created the doc: "ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ "

တစ်နေ့က ကျွန်တော် နယူးယောက်မှာ မိတ်ဆွေ တစ်ယောက်နှင့်အတူ စက္ကစီ စီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကို ပြောသည်။ "ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်ပုံ သိပ်ကောင်းတာပဲ"

တက္ကစီ ဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ "ဘာလဲဗျ၊ နောက်တာလား" ဟုပြန်ပြောသည်။

"မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်တဲ့ နေရာမှာ ခင်ဗျား တည်တည်ငြိမ်ငြိမ် အလုပ်လုပ်တာ သဘောကျလို့ပါ"

"အင်းလေ" ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။

"နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ" ကိုယ့်ချည်းရှိတော့မှ ကျွန်တော် မေးမိသည်။

"နယူးယောက်မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားလာအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲရှိတယ်" မိတ်ဆွေက ဆိုသည်။

"ခင်ဗျား တစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာကယ်နိုင်ပါ့ မလဲဗျ"

"တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွား မယ်လို့ကျွန်တော် ယုံကြည်တယ်၊ အကယ်၍ ဒီနေ့မှာ သူ နောက်ထပ် ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော် တစ်ယောက်ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီလူ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေက တစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေ အပေါ်မှာလဲ ပိုကြင်နာသွားမယ် ဆိုရင် ဒီတစ်ဦးအပေါ် တစ်ဦး ချစ်ကြည်ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိ ပြန့်သွား လိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူးလား"

"ဒါပေမဲ့ ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီ ဒရိုင်ဘာ အပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားဗျာ"

"ဟာ… ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်း အပေါ်တော့လဲ ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါမလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူဆယ်ယောက်နဲ့ အဲဒီလို မေတ္တာဖြန့်ကြက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ရောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ကနေ ဆင့်ပွားပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေ ဝင်သွားမယ်"

"စာရင်းအရတော့ အိုကေနေတာ အမှန်ပဲ၊ ဒါပေမဲ့ လက်တွေ့မှာ ခင်ဗျား တွက်ထားတဲ့ အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး"

"မဖြစ်တော့လည်း ဘာနစ်နာသွားတာ မှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျား လုပ်ပုံကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့ အတွက် ကျွန်တော့်မှာလဲ ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူး ပိုပေးစရာလဲမလို၊ လျှော့ပေးစရာလဲ မလို၊ ကိုယ့်စကား သူ့ရင်ထဲ ဝင်မသွားတော့လဲ ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီ သမားတစ်ယောက်နဲ့ တွေ့တော့ သူဝမ်းသာသွားအေင်၊ စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့"

"အင်း… ခင်ဗျားလဲ တစ်နည်း တစ်ဖုံ ကြောင်တဲ့ ပုဂ္ဂိုလ်ပဲကိုး" ကျွန်တော် မှတ်ချက် ချမိသည်။

"ဟာ အဲဒါပဲ၊ ခင်ဗျားနှလုံးသားတွေ ဘယ်လောက် မာကျောနေပြီ ဆိုတာ ဒီမှာ ပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော် လေ့လာ ထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ဝန်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြု စကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ ပေါ့ဗျာ… ဟုတ်လား၊ သူတို့ အသိအမှတ်ပြုမခံရ ဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့လုပ်နေတဲ့ စာတိုက်အလုပ်ကြီးက ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး"

"ဟ၊ ခင်ဗျား လူတွေကလဲ ကောင်းကောင်းမှ မလုပ်ကြဘဲဗျ"

"ခင်ဗျား ပြောတာ မှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ကောင်းကောင်း လုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလဲ အရေးမစိုက်ဘူး၊ အသိအမှတ် မပြုဘူးဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့ပေါ် ကြင်နာတဲ့စကား၊ အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့်ဘူးလားဗျ"

စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦ တစ်ခုအနီးသို့ ရောက်လာသည်။ အဲသည်မှာ အလုပ်သမား ၅ ယောက်နေ့လည်စာ စားနေကြတာတွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီး စကားပြောသည်။

"ခင်ဗျားတို့ အဆောက်အဦ ကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လဲ များမဲ့ပုံ"

အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်း ဟန်ဖြင့် ကြည့်ကြသည်။

"ဘယ်တော့ပြီးမလဲဗျ" မိတ်ဆွေက ဆက်မေးသည်။

"ဇွန်လ" တစ်ယောက်က တိုတိုပြတ်ပြတ် ဖြေသည်။

"ဟာ… ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့ အဖို့တော့ ကိုယ့်လုပ်ရပ် အတွက် ဂုဏ်ယူစရာပါ"

ကျွန်တော်တို့ ထွက်လာခဲ့သည်။ "အင်း… ခင်ဗျားလို ပုဂ္ဂိုလ်မျိုး ကတော့ ရှာမှရှား ပဲဗျို့" ကျွန်တော် ဘြဘာ ပေးမိသည်။

သူကအေးအေး ဆေးဆေး။

"ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွားလိမ့်မယ်၊ အဲဒီအခါကျတော့ ဝမ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီး ထဲက တခြားလူတွေ ခံစားရ လိမ့်မယ်"

"ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့တော့ ထင်သလောက် ဖြစ်မလာ နိုင်ပါဘူးဗျာ" ကျွန်တော်က ငြင်းနေသည်။

"ဘယ်ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံး အချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီး တစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ ကိစ္စဗျာ၊ အလွယ်တကူတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားသူ တွေလဲ ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်…"

"ကြည့်စမ်း ဟေ့လူ… ခင်ဗျား ခုနက အရုပ်ဆိုးဆိုး မိန်းမကို မျက်စပစ်ပြ လိုက်တယ် မဟုတ်လား"

"ဟုတ်တယ်လေဗျာ၊ ဒါလောက် အရုပ်ဆိုးတဲ့ မိန်းမ ကျွန်တော်က မျက်စပစ်ပြ လိုက်တော့ သူ့ကိုလဲ သဘောကျတဲ့သူ ရှိသေးတာပဲ တွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမ တစ်ယောက် ဖြစ်မယ် ဆိုပါတော့၊ အတန်းထဲက ကလေးတွေအဖို့ ဒီနေ့ဟာ ပျော်စရာနေ့ထူးနေ့မြတ်ကြီးပေါ့" တဲ့။

ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie]

(ဖေမြင့်၏နှလုံးသား အာဟာရ (ရသစာများ) ဘာသာပြန်စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်)



[စာပေစကားဝိုင်း] တခွက်တဖလားနဲ့ အရက်သမားမဟုတ်ပေမဲ့...

တခွက်တဖလားနဲ့ အရက်သမားမဟုတ်ပေမဲ့ ရက်မခြားအောင်သောက်နေတာကတော့ သက်ထားကိုလွမ်းလို့ပါ။  ရဲသူရိန်မင်း
Ye Thurein Min 17 April 12:18
တခွက်တဖလားနဲ့
အရက်သမားမဟုတ်ပေမဲ့
ရက်မခြားအောင်သောက်နေတာကတော့
သက်ထားကိုလွမ်းလို့ပါ။

ရဲသူရိန်မင်း
