Wednesday, 1 June 2011

[စာပေစကားဝိုင်း] သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်ဆဲ ဒါဏ်ရာများ......

သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်ဆဲ ဒါဏ်ရာများ... ရွာတဲမိုးက တိတ်ပေမယ့်......... ရင်ထဲ အလွမ်းမိုးများ.. သည်းးးးးးးးးးးးးးးး ဆဲ..ပေါ့။
Moe Thu 01 June 23:23
သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်ဆဲ ဒါဏ်ရာများ...
ရွာတဲမိုးက တိတ်ပေမယ့်.........
ရင်ထဲ အလွမ်းမိုးများ..
သည်းးးးးးးးးးးးးးးး ဆဲ..ပေါ့။
Myo Gyi _Moe (မိုး / ဆို-မျိုးကြီး)
www.youtube.com
ယူလိုက်(မျိုးကြီး) http://mcathailandmp3.blogspot.com/#

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] စကားဝိုင်းကို ကိုလူတိုင်းမခေါ်တဲ့အကြောင်းအရင်းကို...

စကားဝိုင်းကို ကိုလူတိုင်းမခေါ်တဲ့အကြောင်းအရင်းကို သဘောပေါက်စေချင်တယ် ၀ိုင်းတော်သားများ။ ဂရုတွေ ရာချီပေါတယ်လို့ ကြားဖူးပါတယ်...။ ဒီဂရုလောက် ငြိမ်းအေး ဆိတ်ငြိမ်တာ မရှိပါဘူး...။ ကျေးဇူးပြုပီး ၀ိုင်းဝန်း ပံ့ပိုးပေးမယ်ထင်ပါတယ်။
Moe Thu 01 June 20:09
စကားဝိုင်းကို ကိုလူတိုင်းမခေါ်တဲ့အကြောင်းအရင်းကို သဘောပေါက်စေချင်တယ် ၀ိုင်းတော်သားများ။ ဂရုတွေ ရာချီပေါတယ်လို့ ကြားဖူးပါတယ်...။ ဒီဂရုလောက် ငြိမ်းအေး ဆိတ်ငြိမ်တာ မရှိပါဘူး...။ ကျေးဇူးပြုပီး ၀ိုင်းဝန်း ပံ့ပိုးပေးမယ်ထင်ပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: ဖန်ဆင်းရှင်ဘုရားနှင့် ပတ်သတ်သရွေ့

created the doc: "ဖန်ဆင်းရှင်ဘုရားနှင့် ပတ်သတ်သရွေ့"
သီဟ ပျံချီ created the doc: "ဖန်ဆင်းရှင်ဘုရားနှင့် ပတ်သတ်သရွေ့"

 

(ညီငယ်တစ်ယောက် မေးထားတဲ့အမေးလေးကို ပြန်ဖြေပေးထားတာပါ)

 

naynanda.naing

 

ဘာသာရေးဆိုတော့ အစ်ကိုရေ ... ဘာသာရေးနဲ့ အယူဝါဓ ကွဲပြားတယ်လို့ကြားဝူးတယ်ဗျ ...

ဘာသာရေးနဲ့ အယူဝါဓ ကွဲပြားပုံလေးကို ပြောပြပေးပါ အစ်ကို ... ဘာသာရေးနဲ့ပတ်သက်တာလေးကို သိချင်ရာမေးဆိုလို့ပါ

:)

>>>>>>>>>>>>>>>>>>.>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကိုလည်း ဆရာကြီး မဟုတ်ဘူး။အခုမှ ပညာသင်ဆဲပဲ ဖြစ်တယ်။ဒီစကားကို ကြိုခံပြီး ညီမေးတဲ့ဟာကို အကို ကြိုးစားဖြေပါမယ်။

အမှားအယွင်းပါသွားခဲ့ပါက ပညာရှင်သူတော်စင်များ ဖြည့်စွက်ပြင်ဆင်ပေးကြပါရန် ကြိုတင် မေတ္တာရပ်ခံလိုက်ရပါတယ်။

 

ဘာသာရေးဆိုတာ ဘာလဲ

ဘာသာရေးဆိုတာ လူတစ်ယောက်ရဲ့ ကိုးကွယ်မှုပဲ ဖြစ်တယ်။ကိုးကွယ်မှုကနေ ဘာသာရေးဆိုတာ ဖြစ်တည်လာရပါတယ်။ဘာကို ကိုးကွယ်သလည်းဆိုရင် သက်မဲ့သစ်ပင်ကအစ နတ်၊ဘုရားများအဆုံးအထိ ကိုးကွယ်ကြပါတယ်။ဘာအတွက် ကိုးကွယ်ကြသလည်းဆိုရင် ကိုယ်ကိုးကွယ်တဲ့ဘာသာအပေါ် ကိုးကွယ်မှုမှ ချမ်းသာသုခရပြီးဘေးကင်းမယ်ဆိုတဲ့အဓိကအချက်(၂)ချက်အပေ

ါ် မူတည်ပြီး ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ကမ္ဘာဦးကလူတွေဆိုရင် ဘေးအန္တာရယ်အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရတဲ့အတွက် တော၊တောင်၊သစ်ပင်၊ဥယာဉ်တွေကို ကိုးကွယ်ကြတယ်။ဒါတွေဟာ ဘာသာတရားတွေရဲ့ ရှေးဦးအစပဲ ဖြစ်တယ်။တချို့ကတော့ တိရစာန်တွေ ကိုးကွယ်ကြတယ်။တချို့ဘာသာတွေမှာ လူသားဘုရားဆိုတာ မရှိဘူး။နတ်တွေပဲရှိတယ်။တချို့ဘာသာတွေကျတော့ ဘုရားရဲ့ သားတော်။တမာန်တော်ဆိုတာတွေရှိတယ်။ဘာသာရေးနဲ့ပတ်သတ်လိ

ု့ ဒီလို ကိုးကွယ်မှုတွေရှိတာကြောင့် 21ရာစုနောက်ပိုင်း တွေးခေါ်ပညာရှင်တွေဟာ ဘာသာရေးဟာ ယဉ်ကျေးမှုတစ်ခုသာဖြစ်ကြောင်း ဆိုလာတဲ့သူတွေရှိတယ်။ဖန်ဆင်းရှင်ဘုရားနဲ့ လူသားဘုရားတို့ရဲ့ ကွာခြားချက်ကိုလည်း အလေးမူပြီး ကြည့်တတ်ရမယ်။

နောက်တစ်ချက်က ဘာသာရေးကို အင်္ဂလိပ်လို့ Religion လို့ခေါ်တယ်။အဲဒီ့စကားဟာ လက်တင်ဘာသာ religare ကလာပြီး "ချည်နှောင်ခြင်း၊တွယ်ယှက်ခြင်း"လို့ အဓိပါယ်ရတယ်။ဒီစကားဟာ ဗုဒဘာသာအပေါ် ဘယ်လိုရိုက်ခတ်မှုရှိလည်းဆိုတာ နည်းနည်းရှင်းချင်တယ်။အကိုတို့ရဲ့ ဗုဒဘာသာဟာ လူသားဘုရားဖြစ်တယ်။ဒီလိုလုပ်ရင် ဒီလိုဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်ပြထားတယ်။ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာကို တည့်တည့်ပဲ ပြောထားတယ်။လက်ရှိဘ၀မှာတင်လက်ငင်းအကျိုးကျေးဇူးရနိုင်တဲ့နည်းတွေ ညွှန်ပြထားတယ်။လက်ရှိဘ၀၊နောင်ဘ၀ကောင်းစားရေးအတွက် လမ်းညွှန်ထားတယ်။ဒါကို တချို့က ကိုတို့ဗုဒဘာသာဟာ Philosophy တစ်ခုပဲဆိုပြီး ပြောထားတာ ရှိသေးတယ်။အဲဒီလိုပြောတဲ့သူတွေဟာ အရူးတွေလို့ အကိုတော့ တည့်ပဲ ပြောချင်တယ်။ဘာဖြစ်လို့လည်းဆိုတော့ အတွေးအခေါ်ဆိုတဲ့စကားလုံးဟာ ကျင့်စဉ်တွေ မပါဘူး။ညီ.အလွယ်သိအောင် ပြောရရင် ပြသနာတစ်ခုကို ပြောင်းပြန်စဉ်းစားပြီးအဖြေရှာနည်းတို့၊ဆက်စက်တွေးခေါ်နည်းတို့ ညီကြားဖူးမှာပေါ့။ဒီတွေးခေါ်နည်းတွေမှာ ကျင့်စဉ်ဆိုတာပါလား။ကျင့်စဉ် ဆိုတဲ့နေရာမှာ အကိုတို့ သာမန်လူတွေ ကျင့်ရတဲ့ ငါးပါးသီလတို့၊ကိုးပါးသီလတို့ ပါလား၊သမာဓိရဖို့ ကျင့်ရတဲ့ သမထနည်းတွေ၊ကသိုဏ်းတွေ၊၀ိပသနာတွေ ပါလား။အမှန်က အဲဒီ့သူတွေဟာ ၀ိပသာနာကို အားမထုတ်ဖူး၊မလေ့လာဖူးဘဲနဲ့ ဗုဒဘာသာကို Philosophy လို့ အလွယ်ကောက်ချက်ချလိုက်တာပဲ ဖြစ်တယ်။အဲဒါကို တိုင်းခြား၊ဘာသာခြားလူမျိုးက ပြောတာ လက်ခံနိုင်တယ်။စိတ်မဆိုးဘူး။ဗုဒဘာသာဝင်တစ်ယောက်က ပြောတာဆိုရင်တော့ သေးသေးတင်တောင် သည်းမခံနိုင်ဘူး။အသည်းဆတ်အောင် ခံပြင်းတယ်။ခုနစကားကို ဆက်ပြောရရင် အဲဒီ့သီလတွေဟာ လောကုတ္တရာအတွက် ညွှန်းဆိုတာ ဖြစ်ပြီး လောကီဘ၀အတွင်း ကြီးပွားချမ်းသာအောင် ကျင့်ဖို့ ကျင့်ရတဲ့ကျင့်စဉ်တွေလည်း ဒို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လမ်းညွှန်ပြသခဲ့ပေးတယ်။မိဘကျင့်ဝတ်၊သားသမီးကျင့်ဝတ်၊လင်နဲ့မယားကျင့်ဝတ်တွေဆိုတာ သိင်္ဂါလဆိုတဲ့နာမည်တူသားအဖနှစ်ယောက်ကို ဟောပြောပြီး ပေါ်ပေါက်လာခဲ့တဲ့ ကျင့်ဝတ်တွေပဲ ဖြစ်တယ်။ညီ..။နောက်တစ်ခုက ဂရိတို့၊လက်တင်တို့အကြောင်း နည်းနည်းရှင်းရမယ်။သူတို့တွေဟာ အနောက်တိုင်းမှာ အရမ်းယဉ်ကျေးမှုဖြစ်ထွန်းတိုးတက်ခဲ့တဲ့နိုင်ငံတွေပဲ ဖြစ်တယ်။ညီ။အင်္ဂလိပ်စာမှာ Eight Parts of Speech (၀ါစင်္ဂရှစ်ပါး)ဆိုတာ ရှိတယ်ညီ။ အဲဒီ့သဒါစည်းကမ်းတောင် ဂရိတို့ဆီကနေ အင်္ဂလိပ်တို့က ပုံတူကူးချခဲ့တာ။ဂရိတို့၊လက်တင်တို့ဘာသာဟာ နတ်တွေ အရမ်းပေါတယ်။ဟိုတလောကတောင် နေပြည်တော်မှာ ရုံတင်သွားသေးတဲ့ကားကို ကြည့်ရင် ဂရိနတ်တွေအကြောင်း ညီနည်းနည်းတော့ တီးခေါက်မိလိမ့်မယ်။မင်းသားဘရကပ်စ်ပါဝင်တဲ့ Troy ကားဆိုရင်လျှင် ဂရိနတ်ဘုရားတွေနဲ့ဆက်စပ်ပက်သက်နေတယ်.ညီ။ဒီတော့ မင်းစဉ်းစားကြည့်ပေါ့..ညီရာ။အကိုတို့ကိုးကွယ်နေတဲ့ ဗုဒဘာသာက လူသားကနေ ဘုရားဖြစ်လာတဲ့ ဘုရား၊ဖန်ဆင်းရှင်ဘုရား မဟုတ်ဘူး။ဘုရားဖြစ်အောင် အနှစ်ကုဋေနဲ့ချီပြီး ပါရမီဖြည့်လာခဲ့ရတာ။ဥုံဖွဆိုပြီး မျက်စောင်းတစ်ချက်ထိုး၊လက်ညိုးတစ်ချက်ညွှန်ရုံနဲ့ ဖြစ်စေသတည်းဆိုတာတွေ လုပ်တဲ့ နတ်တွေ၊ဖန်ဆင်းရှင်ဘုရားတွေ မဟုတ်ဘူး။အကျိုးတရားအတွက် အကြောင်းရင်းခံဆိုတာ ရှိတယ်။ဒါကို သူတို့ပြောတဲ့၊သုံးနှုန်းတဲ့ စကားလုံးနဲ့ ထပ်တူပြုဖလှယ်မယ်ဆိုရင် အကိုတို့ဘာသာရဲ့ အနက်အရှိုင်းကို တူးမိ၊နားလည်မိမှာ မဟုတ်ဘူး။အကိုကတော့ အဲဒီလိုပဲ ယူဆတယ်။

 

အဆုံးအမကိုတွေကို ရွတ်ပြတာထက် ဘယ်လောက်လိုက်နာခံမိလဲ၊ လိုက်နာမိလဲဆိုတာ ပို အရေးပါတယ်လို့ထင်တယ် မိုးသူ... တစ်ခြားလူကို မဖြေချင် မဖြေနဲ့ ငါ့ကို ပြန်စဉ်းစားပြီးမှ ဖြေ ဟင်းဟင်းဟင်း :P ( by Ba Tha Chaw)

 

နောက်ဆုံးတစ်ချက်ပေါ့....

ကိုးကွယ်မှုမှာ ဆည်းကပ်မှု၊လိုက်နာကျင့်သုံးမှုဆိုတဲ့အချက်ကလေးတွေ ပါဝင်နေတယ်။အကိုတို့ဟာ ဗုဒာဘာသာကို ကိုးကွယ်တယ်လို့ ပြောပြီး ဗုဒပြောတဲ့စကားကို မနားထောင်ရင် ဒါဟာ ကိုးကွယ်တာ မဟုတ်ဘူး။အရေခြုံပြီး ကိုးကွယ်ချင်ယောင်ဆောင်နေတာပဲလို့ အကိုကတော့ မြင်တယ်။

ဒါကို ရှင်းအောင် ဥပမာပေးရရင် အကိုဟာ အင်္ဂလိပ်စာမေဂျာဘာသာရပ်နဲ့ဘွဲ့ရထားတဲ့ သူတစ်ယောက်ပဲ ထားပါတော့။အကိုဟာ English major ဘွဲ့ရတစ် ယောက်ဖြစ်ပေမယ့် အင်္ဂလိပ်စာကို မလေ့လာဘူး၊မလိုက်စားဘူး၊မကျွမ်းကျင်ဘူးဆိုရင် အကို့ကို English မေဂျာဘွဲ့ရတစ်ယောက်လို့ ပြောရင် ညီလေးအနေနဲ့ ဘ၀င်ကျပ့ါမလား။စိတ်တိုင်းကျပါ့မလား။ဖြစ်သင့်လား၊မဖြစ်သင့်ဘူးလား။


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: ကံအကြောင်း သိကောင်းစရာ

created the doc: "ကံအကြောင်း သိကောင်းစရာ"
သီဟ ပျံချီ created the doc: "ကံအကြောင်း သိကောင်းစရာ"

ယခင် ပို့စ်မှ ကွန့်မန့်

 

(ငရဲကို မယုံကြည်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။

 

၁။Cause and Effect အကြောင်းအကျိုးတရားဖြစ်သည့်

အကောင်း၊အဆိုးကို မယုံကြည်ခြင်း။

၂။အဆိုးချည်းဖြစ်သော ငရဲ သက်သက်သကိုသာ မယုံကြည်ခြင်းလည်း ဖြစ်နိုင်သည်။

 

ဆိုကြပါစို့

စာမကျက်သော ကလေးတစ်ယောက်သည် စာမေးပွဲတွင် အဆင့်(၁)ရရန် ဖြစ်နိုင်ပါသလား။

လောကကြီးသည် Cause and Effect ကြောင်းကျိုးတရားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပေရာ စာမကျက်၊မလေ့လာ၊မအားထုတ်ဘဲ အဆင့်(၁)ရနိုင်ရန် မဖြစ်နိုင်သည့် နည်းတူ မိမိပြုလုပ်လိုက်သော အကြောင်းတရား၏ အကျိုးကျေးဇူးကို မရရှိခြင်းဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

 

ယင်းအဆို ဥပမာအား Cause and Effect ၏ အကျိုးသက်ရောက်မှုသည် Present Life တွင်သာ အကျုံးဝင်သည်ဟု အထွန့်တက်မည် ဆိုပါက ဖြစ်နိုင်သေးပေသည်။ ယင်းအထွန့်တက်မှုအားလည်း အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းပြနိုင်သေးသည်။

 

ဘာသာရပ်တစ်ခုအား လေ့လာမှုနှင့်ပတ်သတ်ပြီး အကြောင်းအကျိုးသက်ရောက်ပုံအ

နေအထားအား အနည်းငယ်ရှင်းပြသွားမည်။

လူတစ်ယောက်၏ အင်္ဂလိပ်စာအား (၅)နှစ်မျှ လေ့လာအားထုတ်လျှင် ပုခုံးပုတ်နိုင်သည့်အဆင့်ရောက်သည်။ယင်းသို့ ငါးနှစ်တာမျှ လေ့လာလိုက်စားပြီး အခြေအနေမပေးသဖြင့် တခြားအသက်မွေးဝမ်းကျောင်းပညာဖြင့် အသက်မွေးရအံ့..။ယင်း(၅)နှစ်တာမျှ လေ့လာအားထုတ်ခဲ့သော အကျိုးကျေးဇူးသည် ချက်ခြင်း ကုန်ဆုံးသွားခဲ့သည့် မဟုတ်ပေ။တခြားနယ်ပယ်တွင် ရောက်ရှိနေသော်လည်း အကျိုးကျေးဇူးကို ခံစားရသည်။လေ့လာအားထုတ်မှုသည် ရပ်ဆိုင်းသွားခဲ့ပါက အချိန်အတိုင်းအတာတစ်ခုသို့ရောက်ရှိသည့်အခါတွင် လေ့လာအားထုတ်မှုတို့သည် မေ့ပျောက်ပျက်သွားကြလိမ့်မည်။လေ့လာအားထုတ်မှုအား မရပ်ဆိုင်းဘဲ ဆက်လက်အားထုတ်သွားပါက ယင်းအကျိုးကျေးဇူးအား မုချ ခံစားရမည် ဖြစ်သည်။ဗုဒဘာသာတွင်လည်း ကုသိုလ်၊အကုသိုလ်ကံ(အကျိုးပေးပုံသည်လည်း အောက်ပါအတိုင်း ကွဲပြားခြားနားသွားသည်။အကု

သိုလ်၊ကုသိုလ်တို့၏ အကျိုးဆက်အတိုင်း ခံစားရမည့် ဘုံ၊စံစားရမည့်ဘုံတို့မှာ ကွဲပြားခြားနားသွားသည်။

(ညီငယ်နန္ဒ၏ ကုသိုလ်၊အကုသိုလ်ကံနဲ့ပတ်သတ်ပြီး တစ်ဆက်တည်း ဖြေကြားလိုက်ရသည်)

 

ကံအစွမ်း(၄)မျိုး

၁။ပဋိသန္ဒေအကျိုးကို ဖြစ်စေတတ်သောကံ

၂။ပဋိသန္ဒေအားအကျိုးပေး၇ာတွင

် အဖော်အဖြစ် အထောက်အပံ့ဖြစ်စေသောကံ

၃။ငဋိသန္ဒေအကျိုးအား အနှောင့်အယှက်ပေးသော ကံ

၎။ပဋိသန္ဒေအကျိုးကို သတ်တတ်သောကံ )

 

 

 

ကိုမော်ရဲ့ အမေးကို ကျွန်တော်တတ်သိသလောက်သုတအနည်းငယ်နဲ့ ၀င်ရောက်ဆွေးနွေးပေးချင်ပါသည်။

 

(ကံရဲ့သတ္တိစွမ်းအားဟာ စိတ်ဖြစ်စဉ်ဘယ်အဆင့်မှာ နောက်အကျိုးပေးဖို့ ကိန်းအောင်းသွားသလဲ။

 

ဥပမာ-ဆင်တစ်ကောင်ကိုသတ်ခြင်းနဲ့ ခြင်တစ်ကောင်ကိုသတ်ခြင်းတို

့ရဲ့

...အကျိုးပေးဟာ ဇောကွာဟမှုကြောင့် ကွဲပြားတဲ့အကျိုးပြန်လည်မယ်

လို့ထင်ပါတယ်ဘုရား။ ဆင်ကိုသတ်ရာမှာ

စိုက်ထုတ်လိုက်ရတဲ့ စိတ်အင်းအားကသာလွန်လို့ အကျိုးပေးကလဲ ကြီးမယ်လို့ထင်ပါတယ်။

အဲဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်သဏ္ဍန်မှာ

သေစေချင်စိတ်ဇောတွေနဲ့ အားထုတ်လိုက်လို့

သေလောက်တဲ့အမှုကိုပြုမယ် ဆင်ကလဲသေသွားမယ်ဆိုရင် သေစေလောက်တဲ့ကံသတ္တိတွေက အဲဒီပုဂ္ဂိုလ်ရဲ့သဏ္ဍန်မှာ

ကိန်းအောင်းသွားလို့ အဆင်သင့်တဲ့ တစ်ချိန်မှာပြန်လည်ခံစားရမယ

်ဆိုတာ လက်ခံနိုင်ပါတယ်ဘုရား။

ဒါပေမယ့် ငရဲဆိုတာကဘယ်လိုဆက်စပ်ယူရမလဲဘုရား စိတ်ဇောရဲ့ဘယ်အဆင့်ဘယ်အချိန

် ဘယ်အခြေအနေကငရဲကျဖို့

အခြေအနေဖြစ်သွားရပါသလဲဘုရား။)

 

ကိုမော်ရဲ့ အမေးဟာ ကံရဲ့ အလုပ်လုပ်ပံကို မေးတာလို့ ယူဆပါတယ်။

နောက်တစ်ချက်က ကိုမော်ဟာ စိတ်ရဲ့အလုပ်လုပ်ပုံကို သိပံရှု့ထောင့်ကနေ လေ့လာနားလည်ထားတယ်လို့ ယူဆပါတယ်။

 

နံပါတ်တစ် ပြောချင်တာက (ကံ-3မျိုး)

ဆင်ပဲသတ်သတ်၊ခြင်ပဲသတ်သတ် .အကျိုးသက်ရောက်တုန့်ပြနှ်ုမှုဟာ သတ္တ၀ါအပေါ်မူတည်တာ မဟုတ်ဘဲ အားထုတ်တဲ့စေတနာ(ကံ)အပေါ် မူတည်တာပါ။ကံသုံးမျိုးဖြစ်တဲ့ ကာယကံ၊၀စီကံ၊မနောကံစတဲ့ သုံးမျိုးထဲက တစ်မျိုးမျိုးရဲ့ အနည်း၊အများအပေါ် မူတည်တာ ဖြစ်ပါတယ်။သတ္တ၀ါအကြီးအသေးပေါ်မူတည်တာမဟုတ်ပါဘူး။

 

နံပါတ်၂ပြောချင်တာက ကံရဲ့ အကျိုးသက်ရောက်မှုပါ..။

 

ဆင်ပဲသတ်သတ်၊ခြင်ပဲ သတ်သတ် အကျိုးသက်ရောက်မှုဟာ ငရဲနဲ့တိုက်ရိုက်မဆက်စပ်သေး

ပါဘူး။ငရဲအဆင့်မရောက်ခင် တစ်ဆင့်ကျန်ပါသေးတယ်။အဲဒါက

သူပြုလုပ်တဲ့ကံရဲ့ အနည်းအများပါ..။

ကျွန်တော်တို့ မကောင်းမှုပြုလုပ်ကြတယ်။ကောင

်...းမှုပြုလုပ်ကြတယ်။

အဲဒီ့မကောင်းမှု၊ကောင်းမှုတွေ

ဟာ ရောထွေးနေကြပြီး ချိန်ခွင်ညှိနေကြတယ်။

များတဲ့ကံက နည်းတဲ့ကံကို ချေပစ်တဲ့သဘောရှိတယ်။

ဥပမာ-ကောင်းတဲ့ကံက များနေရင် မကောင်းတဲ့ကံကို ချေပစ်သွားတယ်။ဒီလိုနဲ့ မကောင်းတဲ့ကံရဲ့သက်ရောက်မှုအ

ကျိုးကို မခံစားရတော့ဘူး။အဲဒါကို အဟောသိကံမျိုးလို့ ခေါ်တယ်။ဥပမာ-ရှင်အင်္ဂုလိမာလ လူတွေသတ်ခဲ့ပေမယ့်

သူရဲ့ မကောင်းတဲ့ကံသက်ရောက်မှုကို ရဟန္တဖြစ်သွားတဲ့အခါ မခံစားရတော့ဘဲ အဟောသိကံအဖြစ် ချေပစ်သွားတယ်။

အဲဒီ့မှာ ကျွန်တော်တို့ ဘာသိဖို့လိုလာသလည်းဆိုတော့

 

ကံရဲ့အကျိုးသက်ရောက်မှု(3)မျိုးကို သိဖို့လိုလာတယ်။ဘာတွေလည်းဆိုတော့...

 

ကံအကျိုးပေးပုံ(4)မျိုး

 

၁။လက်ရှိဘ၀မှာတင် အကျိုးပေးသောကံ..ဒိဋ္ဌဓမ္မဝေဒန

ီယကံ

၂။ဒုတိယဘ၀မှာ အကျိုးပေးသောကံ.....ဥပပဇဝေဒ

နီယကံ

၃။တတိယဘ၀မှစပြီး နိဗာန်မရောက်ခင် သံသရာမှာ ကျင်လည်နေသရွေ့ ကြားကာလတစ်ခုခုမှာ အကျိုးပေးရန်စောင့်စားနေသော

ကံ...အပရာပရိယဝေဒနီယကံ လို့ ခေါ်တယ်။

၎။ဆန့်ကျင့်ဖက်ကံတစ်မျိုးမျိုးက ချေပစ်ပြီး ပျက်စီးသွားကာ အကျိုးမပေးတော့သော ကံ..အဟောသိကံ..

 

 

ဒီဋ္ဌဓမ္မကံအကျိုးပေးစေတဲ့ အရာတွေကတော့ အလွယ်ပြောရရင် ရဟန္တာကို လှူရင် (၇)ရက်အတွင်း အကျိုးပေးတယ်။

ကံဖျက်၊ကံစပ်ပုံ(၄)မျိုး

ဆိုခဲ့သည့် မကောင်းကံ၊ကောင်းကံအချင်းချင်း တစ်ခုက တစ်ခုကို ချေခြင်း၊ထောက်ပံ့ခြင်းများသည်လည်း လေးမျိုးလေးစား ကွဲပြားပေသည်။

 

၁။ဇနကကံ

စိတ်၊ရုပ်တွေကို ထိုက်သင့်သလို ဖြစ်ပေါ်စေတဲ့ ကံကို ဇနကံလို့ ခေါ်တယ်။

...ဒီကံဟာ တခြားကံကို အမှီမပြုဘဲ မိမိဘာသာ ရပ်တည်ပြီး အကျိုးသက်ရောက်တာကို ဆိုလိုတယ်။အင်္ဂလိပ်လို Self-Made Karma လို့ ခေါ်မယ်ထင်တယ်။ Made by Self ပေါ့။

 

၂။ဥပတ္တမဘကကံ

ဒီကံကတော့ တခြားကံတွေ အကျိုးပေးခွင့်ရအောင် Support လုပ်ပေးတယ်။ထောက်ပံ့ကူညီအားဖြည်ပေးတယ်။ကုသိုလ်ကံဆိုရင် တခြားကုသိုလ်ကံကို ပိုကြီးလာအောင် အားဖြည့်ပေးပြီး အကုသိုလ်ကံဆိုရင် တခြားအကုသိုလ်ကံကို ပိုကြီးလာအောင် အားဖြည့်ပေးတယ်။ဒီတော့ အဲဒါကို Supporter Karma လို့ခေါ်တာ သင့်မယ်ထင်တယ်။

 

၃။ဥပပီဋ္ဌကကံ

ဒီကံကတော့ တခြားဆန့်ကျင့်ဖက်ကံတစ်ခုခုကို အကျိုးမပေးအောင်၊ရှိတဲ့အကျိုးပေးပမာဏကို မဖွံ့ဖြိုးမတိုးတက်အောင် လိုက်ပြီး ဟန့်တားနှောင့်ယှက်တဲ့ကံအမျိုးအစားဖြစ်တယ်။မိမိပြုလုပ်လိုက်တဲ့ အလုပ်တစ်ခုရဲ့ တန့်ပြန်သက်ရောက်မှု Feedback ကို Delay ဖြစ်အောင်၊Develop မဖြစ်အောင် လိုက်ပြီး ကာဆီးကာဆီးလုပ်တဲ့ကံဖြစ်တယ်

အဲဒါကြောင့် ဒီကံကို Freezer Karma လို့ခေါ်တာ ကောင်းမယ်ထင်တယ်။

 

၎။ဥပစေဒကကံ

ဒီကံကတော့ တခြားဆန့်ကျင့်ဖက်ကံကို လိုက်ချေဖျက်တာဖြစ်တယ်။ ခေါ်တယ်။ကုသိုလ်ကံဆိုရင် အကုသိုလ်ကံကို ချေပြီး အကုသိုလ်ကံဆိုရင် တခြားကုသိုလ်ကံကို ချေပစ်တယ်။ကုသိုလ်ကံအင်အားကြီးရင် အကုသိုလ်ကံနည်းနည်းကို ဖျက်ပစ်နိုင်တယ်။အင်အားကြီး

တဲ့ကံက အင်အားနည်းတဲ့ကံကို အကျိုးမပေးတော့အောင် ဖျက်ပစ်တာ ဖြစ်တယ်။

လုံးဝအကျိုးမပေးတော့အောင် ဖျက်ချပစ်တာ ဖြစ်တယ်။

ဒါကြောင့် သူ့ကို Killer Karma လို့ခေါ်တာ ကောင်းမယ် ထင်တယ်။

 

အဲဒီ့မှာ ပြောဖို့ သိဖို့ မေးမလို့ ကြံနေတဲ့ ကွက်လပ်တစ်ခုကျန်နေသေးတယ်။

ဇော..ဘယ်မှာလဲ..ဇော(၇)တန်၊ဇော(၃)တန်ရဲ့ ရိုက်ချက်..။

 

၁။အာသနကံ

ကျွန်တော်တို့လို့ သာမာန်ပုထုဇဉ်တွေအနေနဲ့ သေခါနီးကျရင် နတ်ပြည်က နတ်သမီးလေးတွေ မြင်ကြတယ်၊ငရဲခွေးကြီးတွေ မြင်ကြတယ်။အဲ...ဒါက

အဲဒီ့သူရဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှုကံအရ မြင်ကြတာဖြစ်ပြီး ဘ၀သစ်ကို အကျိုးပေးစေတာ ဖြစ်ပါတယ်။ဒါဟာ ကြီးလေးတဲ့ကံမရှိတဲ့သူတွေမှ

ဖြစ်တာ ဖြစ်ပါတယ်။ဒါကြောင့် ဘ၀ကူးကောင်းဖို့ အဲဒီ့သူတွေရဲ့ နောက်ဆုံးအချိန် မြင်မှုဟာ အရေးကြီးပါတယ်။

မကောင်းရင် သူတို့သွားရမယ့် ဂတိလားရာဟာ မကောင်းနိုင်ပါဘူး။အဲဒီကံကိုတော့ အာသနကံလို့ ခေါ်ပါတယ်။ဒီကံကို ကျွန်တော်ကတော့ Snap-Shot Karma လို့ အမည်ပေးထားပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ မကောင်းမှုပြုခဲ့လည်း ကောင်းတဲ့အမှုကို ပြန်သတိရရင် လားရာဂတိကောင်းနိုင်မှာမို့ပါ။

 

၂။အာစိဏ္ဍကံ

ဒီကံကျတော့ ကိုယ်အသက်ရှင်နေတဲ့ကာလတစ်လျှောက် ထပ်ခါထပ်ခါ လုပ်ခဲ့တဲ့ ကံရဲ့သက်ရောက်မှုကြောင့် သေခါနီးမှ ၀င်ရောက်လာပြီး ဘ၀သစ်လားရာကို ဖြစ်စေတဲ့ ကံဖြစ်ပါတယ်။မကောင်းတဲ့ကံများရင် မကောင်းတဲ့အာရုံပဲမြင်ပြီး ကောင်းတဲ့ကံများရင် ကောင်းတဲ့ကံရဲ့ လားရာကို မြင်စေတဲ့ ကံဖြစ်ပါတယ်။ဒီကံဟာ မိမိပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ကံ၊ကောင်းတဲ့ကံ အနည်းအများပေါ်မူတည်ပြီး ဖြစ်လာတာမို့ Continous-Shot Karma လို့ခေါ်ချင်ပါတယ်။

 

၃။မဟာဂုတ်ကံ

မိဘကိုသတ်တဲ့ကံ၊ဘုရားကိုသွေးစိမ်းတည်အောင်ပြုတဲ့ကံလို့ အပြစ်ကြီးတဲ့ မကောင်းကံမျိုးဆိုရင် နောက်ဘ၀အတွက် ဘာမှ Hint မပေးနေတော့ဘူး။ဆန့်ကျင့်ဖက်ကံရဲ့ အကျိုးသက်ရောက်မှုကိုလည်း မခံစားရတော့ဘူး။ကောင်းတဲ့ကံဆိုလည်း တခြားမကောင်းတဲ့ကံရဲ့ ဖျက်လိုဖျက်ဆီးဟာကို မခံရတော့ဘူး။သူရဲ့ အကျိုးသက်ရောက်မှုကို အပြည့်အ၀ခံစားရလိမ့်မယ်။ဒီကံမရှိတဲ့သူတွေမှ အပေါ်က ကံနှစ်မျိုးရဲ့ သက်ရောက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

 

၎။ကဋတ္တာကံ

ဒီကံကတော့ အပေါ်ကသုံးမျိုး အကျိုးပေးခွင့်မရှိတဲ့အခါမှာ ပေါ်တဲ့ မည်ကာမတ္တကံလို့ခေါ်တယ်။

 

အဲဒီ့မှာ ပြောစရာတစ်ခုရှိသွားတာက

မကောင်းတဲ့ကံ၊ကောင်းတဲ့ကံ နှစ်မျိုးစလုံးလုပ်ထားတဲ့ သူတွေဟာ သေခါနီးမှာ ကောင်းတဲ့ကုသိုလ်ကံကို အောက်မေ့ပြီး ကောင်းတဲ့ဂတိလားရာကို သွားကြရတယ်။သူတို့အတွက် မကောင်းတဲ့ကံရဲ့ သက်ရောက်မှု မခံစားရတော့ဘူးလား။ခံစားရပါတယ်။သေခါနီးအောက်မေ့တဲ့ ကုသိုလ်ကံရဲ့ အကျိုးကြောင့် လားရာဂတိကောင်းတဲ့ဘုံမှာ စံစားပြီးလို့ ကုသိုလ်ကံအရှိန်သေသွားတဲ့အချိန်၊ကုန်သွားတဲ့အချိန်မှာ မကောင်းတဲ့ကံရဲ့ သက်ရောက်မှုကို ပြန်ခံစားရပါတယ်။ဘုရားဟောဇာတ်နိပါတ်တွေမှာ သာဓကတွေ အများကြီးပါ..။

 

ဒါ..ကျွန်တော့်ရဲ့ အမြင်ပါ။

ကျေးဇူးတင်ပါတယ်။

 

လေးစားစွာဖြင့်

သီဟပျံချီ(ဗုဒဘာသာဝင်)


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: ငရဲကိစ္စ လက်ခံ၊မခံ

created the doc: "ငရဲကိစ္စ လက်ခံ၊မခံ "
သီဟ ပျံချီ created the doc: "ငရဲကိစ္စ လက်ခံ၊မခံ "

အဲဒီ့ညီမေးတဲ့ နောက်ထပ်အမေးကိုပဲ ထပ်ဖြေထားတာပါ...

 

 

ငရဲကိစ္စ လက်ခံ၊မခံ

 

ညီကြိုပြောထားချင်တာက

အကိုနဲ့ညီ အမြင်မတူပေမယ့် ရန်သူတွေ မဟုတ်ဘူးနော်..။အေးဆေး..ကျွန်တော်တို့ ညီအစ်ကိုတွေကြားမှာ အမြင်မတူတာတွေနဲ့ပတ်သတ်ပြီး ဘာမှ မရှိဘူး။အေးဆေး။တော်ကြာ..အကိုက အမြင်မတူလို့ ကျွန်တော်ကို တစ်မျိုးထင်နေမှာစိုးလို့ ကြိုပြောထားတာ။

 

ငရဲကို လက်မခံတဲ့သူဟာ နိဗာန်ကိုလည်း လက်မခံဘူး။ငရဲ၊နိဗာန်ကိုလည်း လက်မခံတဲ့သူဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ်၊မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ်ဆိုတဲ့ သဘောကို တနည်းအားဖြင့် လစ်လျူရှုလိုက်တာပဲ ဖြစ်တယ်။

တနည်းအားဖြင့် လူသေရင် လူပဲ ပြန်ဖြစ်မယ်ဆိုတဲ့သဘောကိုပဲ လက်ခံတယ်လို့ အကြမ်းဖျဉ်းယူဆရဖွယ်ရှိတယ်။

 

တနည်းအားဖြင့် ဗုဒဘာသာရဲ့ ကံကံရဲ့အကျိုးနဲ့ ဖီလာကြီး ဆန့်ကျင့်နေတာပဲ ဖြစ်တယ်။

ဟုတ်ကဲ့.....

မိမိပြုလုပ်တဲ့ အကောင်း၊အဆိုးသက်ရောက်မှုဟာ တန့်ပြန်သက်ရောက်မှု ရှိ၊မရှိနဲ့ တနည်းအားဖြင့် နောင်ဘ၀၊ငရဲ၊နိဗာန်ရှိ၊မရှိနဲ့ပတ်သတ်ပြီး ညီအကျဉ်းမျှ သက်သေထူပါမယ်။

 

၁။လူသေရင် လူပဲ ပြန်ဖြစ်မယ်ဆိုတာနဲ့ ပတ်သတ်တဲ့သဘောကို အကို့အရင် ပညာရှင်ပေါင်းများစွာ၊အနောက်တိုင်းက တွေးခေါ်ပညာရှင်၊ပါမောက္ခတွေဟာ သုတေသနပြုခဲ့ကြတယ်။အဲဒီ့ထဲက လက်တွေ့ကျတဲ့ အချက်တစ်ခုကို ညီ ချပြချင်တယ်။ လူဝင်စားပေါ့။

ငရဲမယုံတဲ့သူဟာ လူဝင်စားဆိုတဲ့ဟာကိုလည်း ယုံမယ် မထင်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ လူသေရင် လူပဲပြန်ဖြစ်ရမှာလေ။တခြားဘုံအပိုင်းအခြားကို သွားရောက်စရာ မလိုဘဲ လူ့ဘ၀ကိုပဲ ပြန်လာရမယ့်သဘောကို ကိုင်ထားတာလေ..ဟုတ်တယ်ဟုတ်...။ဒီတော့ ကျွန်တော်တို့ အလွယ်ဆုံး မြင်နိုင်၊ထင်ရှားနိုင်တဲ့ ဥပမာကို အရင်ကြည့်ကြမယ်။

 

လူဝင်စားကိစ္စနဲ့သက်သေထူခြင်း

၁။လူဝင်စားနဲ့ပတ်သတ်ပြီး တချို့လူဝင်စားတွေဟာ တိရစာန်ဘ၀ဖြစ်တဲ့ ခွေး၊ကြက်၊နွားတွေ ဘ၀က လာတယ်တဲ့။အကိုလည်း ကြားဖူးမှာပါ။

ဒီလူဝင်စားကိစ္စနဲ့ပတ်သတ်ပြီး အမေရိကန်ပါမောက္ခတစ်ယောက်ဟာ 1985လောက်က အာရှတိုက်က နိုင်ငံတွေကမှာ လာရောက် သုတေသနပြုခဲ့တယ်။

ထိုင်း၊သိရိလင်္ကာ၊အင်ဒို၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေမှာ

 

ပေါ့။အဲဒီ့ကနေပြီး မြန်မာနိုင်ငံကို လာခဲ့တယ်။သူသုတေသနပြုခဲ့တဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက လူဝင်စားအများဆုံးတွေ့တဲ့နိုင်ငံလို့ တွေ့ရှိခဲ့ရတယ်။အဲဒီ့ထဲမှာ ခွေးကနေ လူဘ၀ရောက်ခဲ့၇တာတွေ၊နွားဘ၀ကနေ ရောက်ခဲ့၇တာတွေ ရှိတယ်။

အကို ကိုယ်တိုင်လက်တွေ့ ဖတ်ရအောင် အဲဒီ့စာအုပ် ညီငှားပါမယ်။ညီဆီမှာ ရှိပါတယ်။

 

နောက်တစ်ချက်က

 

တခြားအနောက်နိုင်ငံမှာလည်း လူဝင်စားကိစ္စနဲ့ပတ်သတ်ပြီး အကြားအမြင်ရတဲ့ပုဂိုလ်တွေကနေ ပြောထားတာ ရှိတယ်။အဲဒီ့ထဲမှာ တချို့က ဘယ်ခေတ်က ဘယ်လိုမကောင်းမှု လုပ်ခဲ့လို့ အခုဘ၀မှာ ဘယ်လိုခံစားနေရလို့ ဘယ်လိုလုပ်ပေးရတယ်ဆိုတဲ့အကြောင်းတွေ ပါတယ်။

ဒါတွေဟာ လူတစ်ယောက်ရဲ့ အကောင်း၊အဆိုးလုပ်တဲ့လုပ်ရပ်တွေအပေါ်မူတည်ပြီး တန့်ပြန်အကျိုးသက်ရောက်မှုတွေခံစားရတဲ့ ကံကံရဲ့သဘောကို ဖော်ပြနေတာပဲ ဖြစ်တယ်။တစ်နည်းအားဖြင့် ဗုဒပြောထားတာနဲ့ ကိုက်ညီနေတာပဲ ဖြစ်တယ်။

 

သရဲ၊တစ္ဆေနဲ့ နောက်ထပ်သက်သေထူခြင်း

အဲဒါတွေက ဘုရားဟောထားတဲ့ 31ဘုံထဲက အပါယ်လေးဘုံဖြစ်တဲ့ ငရဲ၊တိရစာန်၊ပြိတ္တာ၊အသူရကာယ်ဘုံတွေကို ရှိကြောင်း သက်သေပြနေတာဖြစ်ပြီး

ဆက်လက်ပြီး ပြိတ္တာဘုံ၊အသူ၇ယကာယ်ဘုံတွေနဲ့ပတ်သတ်ပြီး လက်တွေ့ သာဓကအနေနဲ့ အကိုပြောတဲ့ သရဲ၊တစေတွေရှိ၊မရှိကို ကြည့်လို့ရတယ်အချက်ပေါ့။

အဲဒါကို လက်တွေ့မြင်သွားချင်းအားဖြင့်လည်း ဘုံတွေ ရှိကြောင်း အကိုသိလာနိုင်တယ်။အဲဒါကြောင့် အကိုပြောတဲ့ နေရာတွေကို ညီနဲ့အတူ သွားရောက်လေ့လာကြပါမယ်။ဒါကတော့ လက်တွေ့သာဓကထူခြင်းပေါ့။အကိုပြောတဲ့နေရာကို ညီလိုက်ခဲ့မယ်။

 

လောကမှာ ငရဲကိစ္စကို လက်မခံတဲ့အယူဝါဒဟာ အခုခေတ်မှာ တည်ရှိခဲ့တာ မဟုတ်ပါဘူး။ဘုရားမပွင့်ခင်(ဂေါတမဘုရား)နဲ့ ဂေါတမဘုရားလက်ထက် ခေတ်ပြိုင်ဝါဒတွေကတည်းက တည်ရှိနေခဲ့တာပါ။ကျွန်တော်တို့ ဗုဒဘာသာမှာ 31ဘုံဆိုတာ ရှိတယ်။အဲဒီ့ထဲမှာ ငရဲဆိုတဲ့ ဘုံပါတယ်။

 

ငရဲ၊တိရစာန်၊ပြိတ္တာ၊အသူရကာယ်ဘုံတွေကို ဘယ်သူတွေ သွားရသလည်းဆိုတော့ အကုသိုလ်လုပ်တဲ့သူတွေ သွားရတယ်။အဲဒီ့ဘုံလေးဘုံကို အပါယ်လေးဘုံလို့ ခေါ်တယ်။ဒီဘုံတွေ ဘယ်မှာရှိတယ်ဆိုတာ သူနဲ့သက်ဆိုင်တဲ့ဖော်ရမ်မှာ အကျယ်ကြည့်ရှု့ပေးပါ။အကို..။မန်ဘာတွေ ဖတ်၇တာ လွယ်ကူအောင်လို့ ညီ သက်ဆိုင်ရာ ဖော်ရမ်မှာ တင်ချင်လို့ပါ။

 

နိဗာန်ဆိုတာနှင့်ပတ်သပြီး နောက်ထပ်သက်သေထူခြင်း

ဒါကတော့ အကို ဘယ်လောက်မယုံလည်းဆိုတာ၊ဘယ်လောက် ကိုယ်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတာနဲ့ သက်ဆိုင်ပါတယ်။အကိုတကယ်မယုံဘူးဆိုတာ သေချာရင် အကို..ဗုဒပြောထားတဲ့ဟောထားတဲ့ အာနာပါနာကို လက်တွေ့ ကျင့်ကြံအားထုတ်ကြည့်ပါ။တချို့တရားစခန်းတွေ ရှိပါတယ်။နိဗာန်၊ငရဲ သွားရောက် မြင်နိုင်အောင် ကျင့်၇တဲ့ တရားစခန်းတွေ၊ များသောအားဖြင့် တစ်လကနေ သုံးလ အထိကြာတယ်လို့ သိရတယ်။ဒါပေမယ့် အကို တရားထိုင်ရင်း၊တရားထိုင်ရင်းနဲ့ မြင်လာမှာပါ။အဲဒါကတော့ အကိုရဲ့ အားထုတ်မှုဇွဲ့လုံလ ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်။

 

လေးစားစွာဖြင့်

 

သေတစ်ပန်သက်တစ်ဆုံး

 

ဗုဒဘာသာကိုသာ ကိုးကွယ်သည့်

 

သီဟပျံချီ

 


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] New doc: (ကို ရဲသူရိန်မင်း ကိုဘော်စတွန် ကြောင် အတွက်)

created the doc: "(ကို ရဲသူရိန်မင်း ကိုဘော်စတွန် ကြောင် အတွက်)"
သီဟ ပျံချီ created the doc: "(ကို ရဲသူရိန်မင်း ကိုဘော်စတွန် ကြောင် အတွက်)"

ကျွန်တော် အကြိုက်ဆုံး စကားတခုရှိတယ်။

ကိုးကွယ်ခြင်းဟာ ကြောက်ရွံ.ခြင်းက စတင်တယ်တဲ့၊

 

(ကို ရဲသူရိန်မင်း ကိုဘော်စတွန် ကြောင် အတွက်)

 

...ကျွန်တော့်ကို ညီတစ်ယောက် မေးထားတာလေးကို ပြန်ပြီး မျှဝေပေးတာပါ..

 

ဘာသာရေးဆိုတာ ကြောက်ရွံ့မှုကြောင့် ဖြစ်လာရတာလား။ယုံကြည်မှုသက်သက်လား

ရှင်းမယ်နော်။ ညီပြောတဲ့အမေးကို အကိုလည်း ကြားဖူးပါတယ်။ဖတ်ဖူးပါတယ်။နိုင်ငံခြားက တွေးခေါ်ပညာရှင်တွေကိုယ်တိုင် ဘာသာရေးဟာ ကြောက်ရွံမှု ဖြစ်တယ်။ယုံကြည်မှုသက်သက်ဖြစ်တယ်လို့ ဆိုခဲ့ကြဖူးတယ်။ ဒဲ့ရှင်းကြတာပေါ့ကွာ....။

 

ဘာသာရေးသည် ယဉ်ကျေးမှု၊ကြောက်ရွံမှုတစ်ခုဟု ဆိုသော ပညာရှင်များ

"Religion is the daughter of Hope and Fear, explaining to ignorance the nature of the Unknowable."

—Ambrose Bierce

နောက်တစ်ယောက်ကတော့ ကမ္ဘာကျော်စာရေးဆရာကြီး ဘတ်ထရန်ရပ်ဆဲလ်ရဲ့ အယူအဆပါ။ မူရင်းကို ဖတ်ကြည့်နိုင်ဖို့ တစ်ပါတည်း တင်ပေးလိုက်ရပါတယ်။

 

 

Religion is based, I think primarily and mainly upon fear. It is partly the terror of the unknown and partly, as I have said, the wish to feel that you have a kind of elder brother who will stand by you in all your troubles and disputes. Fear is the basis of the whole thing - fear of the mysterious, fear of defeat, fear of death. Fear is the parent of cruelty, and therefore it is no wonder if cruelty and religion have gone hand in hand. It is because fear is at the basis of those two things. In this world we can now begin a little to understand things, and a little to master them by help of science, which has forced its way step by step against the Christian religion, against the churches, and against the opposition of all the old precepts. Science can help us to get over this craven fear in which mankind has lived for so many generations. Science can teach us, and I think our own hearts can teach, no longer to invent allies in the sky, but rather to look to our own efforts here below to make this world a fit place to live in, instead of the sort of place that the churches in all these centuries have made it.

 

WHAT WE MUST DO

 

We want to stand upon our own feet and look fair and square at the world - its good facts, its bad facts, its beauties, and its ugliness; see the world as it is and be not afraid of it. Conquer the world by intelligence and not merely by being slavishly subdued by the terror that comes from it. The whole conception of God is a conception derived from the ancient Oriental desporisms. It is a conception quite unworthy of free men. When you hear people in church debasing themselves and saying that they are miserable sinners, and all the rest of it, it seems contemptible and not worthy of self-respecting human beings. We ought to stand up and look the world frankly in the face. We ought to make the best we can of the world, and if it is not so good as we wish, after all it will still be better than what these others have made of it in all these ages. A good world needs knowledge, kindliness, and courage; it does not need a regretful hankering after the past or a fettering of the free intelligence by the words uttered long ago by ignorant men. It needs a fearless outlook and a free intelligence. it needs hope from the future, not looking back all the time toward a past that is dead, which we trust will be far surpassed by the future that our intelligence can create.

 

ဘတ်ထရန် ရပ်ဆယ် ရေးထားတာကို အကျဉ်းမျှ ဖော်ပြရရင်

၁။ဘာသာရေးဟာ ကြောက်ရွံမှုအပေါ် အခြေခံပြီး တည်ဆောက်ထားတယ်။

၂။ဘာသာရေးဟာ မသိမမြင်နိုင်တဲ့အရာတွေအပေါ် အကြောက်တရားရှိတာနဲ့မိမိဒုက္ခ၊ပြသနာတွေအတွက်ဖြေရှင်းေ

 

ပးဖို့၊လုံခြုံမှုပေးဖို့အတွက် ရည်ရွယ်ထားတယ်။

၃။သိပံပညာရပ်တိုးတက်လာတာနဲ့အမျှ မျိုးဆက်အဆက်ဆက်က ကိန်းအောင်းဖွံ့ဖြိုးခဲ့တဲ့ အကြောက်တရားတွေကို သိပံပညာရပ်အကူနဲ့ပယ်ဖျောက်နိုင်လာကြတယ်။

၎။သေဆုံးသွားတဲ့အတိတ်ကိုပြန်မကြည့်ဖို့နဲ့ မိမိအသိညဏ်၊ဗဟုသုတ၊သတ္တိတို့နဲ့ အနာဂတ်ကို ဖန်တီးကြဖို့ လိုအပ်တယ်လို့ ညွှန်ထာတယ်။

၅။ဘာသာရေးကနေ ပေးစွမ်းတဲ့ အကြောက်တရားတွေကို အသိညဏ်နဲ့ ဖယ်ရှားအောင်မြင်ဖို့ တိုက်တွန်းထားတယ်။

 

ဟုတ်ပြီနော်..။ ဒီနှစ်ယောက်ပြောတာကိုပဲ အခြေခံထားပြီး အကိုအချက်(၅)ချက်နဲ့ ရှင်းသွားမယ်...။

 

၁။ဘာကြောင့် ဘာသာရေးဟာ ကြောက်ရွံ့မှုအပေါ် အခြေခံပြီး တည်ဆောက်ထားရတယ်လို့ ပြောရတာလဲ။

ဘတ်ထရန်ရဲ့ စာထဲမှာ သေခြင်းကို ကြောက်ရွံ့တာ၊အံဖွယ်ထူးဘနန်းအရာတွေကို ကြောက်ရွံ့တာ၊ရှုံးနိမ့်ခြင်းကို ကြောက်ရွံ့တဲ့ အကြောင်းတွေ ပြောသွားတယ်။

အကိုတို့ ..ဟိုးရှေးကမ္ဘာဦးလက်ထက်ကစပြီး သွားကြည့်ကြရအောင်။ယဉ်ကျေးမှုတွေ မဖွံ့ဖြိုးတိုးတက်စဉ်အခါတုန်းက လူတွေဟာ မိုးကြိုးပစ်လို့ မိုးကို ကိုးကွယ်ကြတယ်။တောင်တွေ၊သစ်ပင်တွေ၊နဂါးတွေ၊ကျားတွေ၊မိကျောင်းတွေကို ကိုးကွယ်ခဲ့ကြတယ်။တရုတ်ပြည်မှာ ဟိုးအရင်တုန်းက လူသားစားပြီး ပူဇော်တဲ့ဓလေ့လေးတစ်ခုရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနလေ့လာသူတွေ တွေ့ရှိချက်အရ သိရှိလာရတယ်။ကျောက်ခေတ်က စဦးလူတွေရဲ့ ဖြတ်သန်းမှုဟာ အကြောက်တရားတွေနဲ့ချည်း ပြည့်နှက်နေခဲ့ရတယ်။ဒါကြောင့် သူတို့ရဲ့ အားကိုး ကိုးကွယ်ရာတွေဟာ သက်ရှိတင်မက၊သက်မဲ့တွေပါ ပါဝင်လာခဲ့တယ်။လူသားတင်မက တိရစာန်တွေပါ ရှိလာခဲ့တယ်။ဒါဟာ အကိုအမြင်အရပြောရရင်တော့ ဖြစ်သင့်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဖြတ်သန်းမှုတိုင်းမှာ အစခရီးဟာ ကြမ်းတမ်းခက်ထန်စမြဲပဲလေ။လူသားတိုးတက်မှုဖြစ်စဉ်ဟာလည်း ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။

 

အကို..ဘာကို..ဆိုလိုချင်လို့ ဒီစကားတွေ ပလင်ခံနေရသလည်းဆိုတာ သိရအောင် ဆက်ဖတ်ပေးပါ.ညီ။

 

အမှောင်ကိုကြောက်တဲ့ ကျောက်ခေတ်က လူတွေမှ အကြောက်တရားရှိတာ မဟုတ်ပါဘူး။အိုင်တီခေတ်က လူတွေလည်း အကြောက် တရားရှိပါတယ်။အကြောက်တရားဟာ လူသားတစ်ယောက်မွေးဖွားလာတာနဲ့ အတူပေါင်းဖက်ပြီး ကြီးပြင်းလာရတာ ဖြစ်ပါတယ်။အသိညဏ်ဖွံ့ဖြိုးတိုးတက်ခြင်း၊မတိုးတက်ခြင်းနဲ့ အကြောက်တရားဟာ ဆက်စပ်နေပေမယ့် အသိညဏ်ရှိတိုင်း အကြောက်တရားကင်းတာတော့ မဟုတ်ပါဘူး။

 

သေခြင်းကို ကြောက်ရွံ့ခြင်း၊ရှုံးနိမ့်မှုကို ကြောက်ရွံ့ခြင်း၊မမြင်ရတဲ့အရာတွေအပေါ် ကြောက်ရွံ့ခြင်းစတဲ့ ကြောက်ရွံ့ခြင်းတွေအပေါ် ဘာသာရေးဟာ အခြေခံတည်ဆောက်ထားတယ်ဆိုတဲ့စကား မှန်ကန်ခဲ့မယ်ဆိုရင် ဘာသာမဲ့တစ်ယောက်အနေနဲ့ အကြောက်တရားဆိုတာ မရှိတော့ဘူးဆိုတဲ့သဘောပေါ့။

ဘာသာမဲ့တစ်ယောက်အနေနဲ့ မီးလောင်နေတဲ့အိမ်ထဲကိုဝင်ဖို့ အကြောက်တရားဆိုတာ မရှိတော့ဘူး။AIDS ရောဂါဖြစ်ရင်သေမယ်ဆိုတာသိလည်း ကြောက်စရာ မလိုတော့ဘူးပေါ့။ဘာသာရေးဟာ အကြောက်တရားကို Foundation ချထားတာမို့ ဘာသာမရှိတော့ရင် အကြောက်တရားဆိုတာ မရှိတော့ဘူးပေါ့။ ဒီစကားဟာ မှန်ကန်တယ်လို့ ယူဆရင် ဘတ်ထရန်ရပ်စဲကို သေရွာကနေခေါ်ပြီး ဘာသာမဲ့လုပ်ခိုင်းမယ်။ပြီးရင်

 

၁။ပင်လယ်ထဲကို ပစ်ချပြီး ငါးစာကျွေးကြည့်မယ်။

၂။မီးလောင်နေတဲ့အိမ်ထဲမှာ ပိတ်ထားမယ်။

၃။ကြက်ငှက်တုပ်ကွေးလို ရက်ပိုင်းအတွင်းသေစေနိုင်တဲ့ရောဂါပိုးရှိတဲ့ရပ်ကွက်ထဲ နေခိုင်းမယ်။

 

အဲဒီလို အကိုလုပ်ခိုင်းမယ်ဆိုရင် ဘတ်ထရန် ရပ်ဆဲလ်က အကို့ကို ထထိုးမှာ ကျိန်းသေပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ သူဒုက္ခရောက်မယ်ဆိုတာ၊နာကျင်မယ်ဆိုတာ ကျိန်းသေပေါက်သိရှိနေလို့ပါ။

 

အကိုအနေနဲ့ အကြောက်တရားဟာ ဘာသာရေးအပေါ် အခြေခံပြီး တည်ဆောက်ထားခြင်းမဟုတ်တဲ့အကြောင်းနဲ့ လူတွေရဲ့ အကြောက်တရားဟာ မသိမနားလည်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားခြင်း မဟုတ်ကြောင်း အထက်က အချက်(၃)ချက်နဲ့တင် သက်သေပြနိုင်ပါတယ်။လူတွေဟာ မိမိကိုယ်ကို မိမိဘေးအန္တာရယ်ရှိစေနိုင်တဲ့အရာကို သိသိကြီးနဲ့ ချဉ်းကပ်ဖို့ သတ္တိမရှိကြပါဘူး။သူတို့မှာ အကြောက်တရား ရှိပါတယ်။အဲဒီ့အကြောက်တရားဟာ ဘာသာရေးနဲ့ မသက်ဆိုင်ပါဘူး။မီးကို ပူမှန်းသိလို့ မကိုင်ရဲတဲ့ အသိမျိုးပဲ ဖြစ်ပါတယ်။ဒါကို နည်းနည်းပညာရပ်ဆန်တဲ့စကားနဲ့ပြောရရင် Cause and Effect ရဲ့သဘောတရားကို သိရှိလို့ ဦးနှောက်ကနေ ခွင့်မပြုတဲ့အကြောက်တရားပဲ ဖြစ်ပါတယ်။ဒါကြောင့် အသိညဏ်ဖွံ့ဖြိုးတိုးတက်တိုင်း အကြောက်တရားဟာ လျှော့နည်းပပျောက်သွားရတာ မဟုတ်ပါဘူး။အသိညဏ်အဖွံဖြိုးတိုးတက်ဆုံးလို့ ယူဆဖွယ်ရာရှိတဲ့ အိုင်ကျူအမြင့်ဆုံးလူတွေကို တန်းစီမေးပြီး မင်းတို့ ကြောက်တတ်လား၊မကြောက်တတ်အောင် စမ်းသပ်မယ်ဆို၇င် အဖြေသိလာပါလိမ့်မယ်။ဗဟုသုတပြည့်စုံတိုင်း အကြောက်တရားမရှိဘူးဆိုရင် ဆာဟာရ သဲကန္တရထဲကို ရဟတ်ယာဉ်နဲ့ခေါ်သွားပြီး အလယ်ရောက်မှ ကန်ချပစ်လိုက်မယ်။ဗဟုသုတပြည့်စုံတဲ့သူဆိုတော့ ဘယ်နေရာမှာပဲနေနေ အကြောက်တရားဆိုတာ မရှိနိုင်ပါဘူးလေ..ဟုတ်တယ်ဟုတ်...။

 

အကိုအနေနဲ့ ထပ်ပြီး ပေရှည်ရရင် ဘတ်ထရန် ရပ်စဲပြောတဲ့ Fear ပဲရှိသေးတယ်။ Fear of ဆိုတဲ့ Phobia အပိုင်းကို ဆက်စပ်ပြီး မပြောချင်သေးပါဘူး။Phobia ဆိုတာ ဓာတ်ပုံအရိုက်ခံရမှာ ကြောက်တာ၊အမှောင်ကို ကြောက်တာ၊မိန်းမတွေကို ကြောက်တာ၊လိပ်ပြာကို ကြောက်တာ၊ရေချိုးမှာကို ကြောက်တာစတဲ့ လူတစ်ကိုယ်တစ်မျိုး မတူတဲ့ ကြောက်စိတ်အမျိုးမျိုးလေးတွေ ဖြစ်ပါတယ်။

 

သူက ဘာသာရေးဟာ ကြောက်စိတ်အပေါ် အခြေခံပြီး တည်ဆောက်ထားတယ်ဆိုလို့ ဒီကြောက်စိတ်လေးတွေပါ ဘာသာရေးနဲ့ဆက်စပ်ပတ်သတ်မှုရှိလားဆိုတာ မေးချင်လာလို့ပါ။အဲဒီ့ကြောက်စိတ်လေးတွေဟာ အသိညဏ်ပညာ၊ဗဟုသုတ၊သတ္တိတို့နဲ့ ဆက်စပ်သလားဆိုတာ သိချင်လာလို့ပါ။သူ အသက်ရှင်နေသေးရင် အကို..အဲဒီ့လို မေးလိုက်ချင်ပါတယ်။

 

ဘတ်ထရန်ရပ်စဲလ်ပြောတဲ့ အကြောက်တရားဟာ ဘာသာရေးရဲ့ အခြေခံ

ဆိုတာ တချို့ဘာသာများအတွက် ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ကျောက်ခေတ်က လူတွေကိုးကွယ်ဆည်းကပ်ခဲ့ကြတဲ့ ဘာသာရေးတွေကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် အဲဒီ့ဘာသာရေးအထဲမှာတော့ အကိုတို့ ဗုဒဘာသာရေးဟာ မပါဘူး။ဘတ်ထရန်ပြောသလို ဘာသာရေးဟာ လူတွေရဲ့ ဒုက္ခ၊ပြသနာတွေ ကို ဖြေရှင်းပေးနိုင်တဲ့ဘာသာရေးတွေထဲမှာ အကိုတို့ ဗုဒဘာသာမပါဘူး။ဒီစကားကျတော့ နည်းနည်းရှုပ်တယ်။ဒီလိုရှိတယ်။

အကိုတို့ ဗုဒဘာသာဟာ

၁။ကံကံရဲ့အကျိုးတရားကို ယုံတယ်။အဲဒါဟာ Cause and Effect ဆိုတဲ့သဘောပဲ။ အကြောင်းတရားရှိရင် အကျိုးတရားဆိုတာ ရှိတယ်။

မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်။ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။

မကောင်းတာ လုပ်ပြီး ကောင်းတာ ဖြစ်ချင်လို့ မရဘူး။ကောင်းတာလုပ်ပြီး မကောင်းတာ မဖြစ်သွားဘူး။

၂။ကိုယ်လုပ်မှ ကိုယ်ရတယ်။ကိုယ်မလုပ်ရင် ကိုယ်မရဘူး။အကိုက သိကြားမင်းနဲ့ အမျိုးတော်လည်း သိကြားမင်းက အကို့ကို နိဗန်ရောက်အောင် မပို့ပေးနိုင်ဘူး။အကိုဘာသာ အကိုကြိုးစားအားထုတ်ပြီးမှ သွားလို့ရမယ်။

လောကီကိစ္စတွေဖြစ်တဲ့ လူ့ဘ၀မှာ ချမ်းသာချင်ရင် ချမ်းသာတဲ့အကြောင်းရင်းတွေ အတိုင်းကျင့်ဆိုပြီး ဗုဒ္ဒက ညွှန်ခဲ့တယ်။

ရော ဥုံဖွံ ချမ်းသာစမ်းဆိုပြီး ဗြုန်းစားကြီး မချမ်းသာလာနိုင်ဘူး။

ဒီတော့ ဘတ်ထရန်ပြောတဲ့ လူတွေရဲ့ ဒုက္ခတွေကို ဖယ်ရှားပေးဖို့ အဆင်ပြေဖို့ အဲဒီ့လူကိုယ်တိုင်ကြိုးစားအားထုတ်မှုမပါဘဲ မရနိုင်ဘူး။

၃။လောကုတ္တရာကိစ္စတွေဖြစ်တဲ့ဟာတွေကို တချက်ကြည့်မယ်။မဂ်၊ဖိုလ်ရချင်လား..။အလွယ်ရချင်လို့ ဘာသာရေးကျူရှင်တက်ပါရစေ..လာမလုပ်နဲ့..နိုးပဲ..။ကိုယ်ဟာကို ၀ိပသနာအားထုတ်၊ကျင့်၊ပါရမီဘယ်လောက်ပါတယ်၊မပါတယ်၊ဖြည်

့ဆည်းထားမှု ဘယ်လောက်ရှိတယ်၊မရှိတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ်ရဲ့ အကျိုးရလာဒ်ပေါ်ထွက်မှုဟာ အချိန်အနှေးအမြန်ဖြစ်သွားလိမ့်မယ်။အကိုတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ အနှစ်ကုဋေနဲ့ချီပြီး ပါရမီဖြည့်ခဲ့၇တယ်လို့ ဆိုထားတယ်။တစ်ဘ၀တည်းကျင့်ပြီး ဒီလို ရခဲ့တာ မဟုတ်ဘူး။

၎။အကိုတို့ ဗုဒဘာသာဟာ လူတွေကို မကြောက်တတ်အောင် နှစ်သိမ့်ပေးတာ၊ကာကွယ်ပေးတာ မဟုတ်ဘူး။

အပြစ်ရှိရင် အပြစ်ဒဏ်ခံစားရမယ်။ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ်။မကောင်းတဲ့သူက မကောင်းတဲ့အကျိုး မခံစားရဘူးလို့ မဟောထားဘူး။

ဘယ်လောက်ပြေးပြေးမလွတ်ဘူး။

အကိုတို့ဗုဒဘာသာဟာ လူတွေကို အကျိုးအကြောင်းတရားရှိရှိနဲ့ ကြောက်သင့်တာကြောက်၊မကြောက်သင့်တာ မကြောက်ဘဲ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှု အနှစ်သာရအပြည့်အ၀ကို ဘယ်လိုလုပ်ဆိုတာ လမ်းပြပေးတာပဲ ဖြစ်တယ်။

 

ဒါကြောင့် ဘတ်ထရန်တို့ ပညာရှင်တွေ ပြောတဲ့ ဘာသာတရားသည် အကြောက်တရားအပေါ် အခြေခံထားတယ်ဆိုတဲ့ အချက်ဟာ

 

၁။ဟုတ်နိုင်ပါသည်။သို့သော် ကမ္ဘာဦးဘာသာရေးများနှင့် အချို့သော ဘာသာရေးများအပေါ် ရည်ညွှန်းခြင်းသာ ဖြစ်ပါလိမ့်မယ်။

အကိုတို့ ဗုဒဘာသာနှင့်တော့ ကောင်းကင်နှင့်မြေကြီးလို့ မဆက်စပ်၊မသက်ဆိုင်ပေ။

 

ရပ်စယ်ပြောသည့်စကားသည်

အကိုတို့ဗုဒဘာသာအပေါ် နက်နက်ရှိုင်းရှိုင်းမလေ့လာဘဲ ဆိုမိသည့် မသိနိုးစကားပြောခြင်းဖြစ်မည်။

ယင်းစကားများသည် အကိုတို့ဗုဒဘာသာနှင့် မသက်ဆိုင်၊အကျုံးမ၀င်၊သက်သေထူ၇န် အပြည့်ရှိသည်။

သိပညာရပ်တိုးတက်မှုသည် အကိုတို့ဗုဒဘာသာ၏ မှန်ကန်ကြောင်းပြယုဂ်ကို သက်သေပြနေသလို ဖြစ်ပေမည်။

 

ဒီလောက်ဆို ညီငယ်သဘောပေါက်လောက်မိပြီထင်ပါရဲ့။

 

ပညာရှင်များ အမှားပါသွားပါက ပြင်ဆင်ထောက်ပြပေးကြပါရန်။

 

လေးစားစွာဖြင့်

 

သီဟပျံချီ

 

သေတစ်ပန် သက်တစ်ဆုံး

 

ဗုဒဘာသာ ကိုးကွယ်သည်


View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] စကားဝိုင်းကြီး လေးလာပီဟေ့.....။ အားလုံးကို...

စကားဝိုင်းကြီး လေးလာပီဟေ့.....။ အားလုံးကို ကော်ဖီတိုက်မယ်....။ ခုမိုးသူ ဘလက်ကော်ဖီတစ်ခွက် မိုးအေးအေးနဲ့ သောက်နေတယ်....။ အားလုံးလဲ မျှတယ်နော်...။ :)
Moe Thu 01 June 16:15
စကားဝိုင်းကြီး လေးလာပီဟေ့.....။ အားလုံးကို ကော်ဖီတိုက်မယ်....။ ခုမိုးသူ ဘလက်ကော်ဖီတစ်ခွက် မိုးအေးအေးနဲ့ သောက်နေတယ်....။ အားလုံးလဲ မျှတယ်နော်...။ :)

View Post on Facebook · Edit email settings · Reply to this email to add a comment.