Wednesday, 4 May 2011

[စာပေစကားဝိုင်း] မိသားစု +++++ မိသားစုဆိုတာ တစ်ယောက်ရှေ့ရောက်ဖို့...

မိသားစု +++++ မိသားစုဆိုတာ  တစ်ယောက်ရှေ့ရောက်ဖို့ တစ်ယောက် နောက်ဆုတ်ရတယ်  သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့ သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်  မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ် သံစုံမြည်တယ်။  မိသားစုဆိုတာ  လူခြောက်ယောက်ရှိ လူခြောက်ယောက်  လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း  ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ် အိမ်ရှိလူအကုန်။  လဲကျသွားတဲ့ ငါ့အဖေနေရာကို ငါ့ညီလေးဝင်ခဲ့တယ်  ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို ငါ့ညီမလေး ၀င်ခဲ့တယ် မိသားစုကို ငါမမြင်ခဲ့ဘူး။  ငါ့အတွေးအခေါ်က  သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု  ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့  လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။  ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး  ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ  ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်  ငါ့မိသားစုမှာ မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း ငါပဲဖြစ်မှာ  ငါ့မိသားစုမှာ ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း ငါပဲဖြစ်မှာ  မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။  စိုင်းဝင်းမြင့် နားနားပြီးပြော ကဗျာစာအုပ်မှ
Ye Thurein Min 04 May 16:38
မိသားစု
+++++
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့ တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့ သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ် သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ် အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို ငါ့ညီမလေး ၀င်ခဲ့တယ်
် မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့် နားနားပြီးပြော ကဗျာစာအုပ်မှ

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] “မည်သည့် ကဗျာဆရာ မဆို ကဗျာစပ်တော့မည်ဆိုလျှင်...

John Yoharmar 04 May 15:43
"မည်သည့် ကဗျာဆရာ မဆို ကဗျာစပ်တော့မည်ဆိုလျှင် အာရုံ၊ ဝေဒနာ၊ စကားလုံး
ဟူသည့် ကဗျာ၏ တြိဂံ သဘောကို ရှောင်လွှဲ၍ မရ။"
(တက္ကသိုလ်ဘုန်းနိုင် ...။ အခန်း(၃၂)။)
(မှတ်ချက်။ ။လီရနာ၊ဂင်္ဂါ၊ဧရာဝတီ သည် စာအုပ်မထုတ်ရသေးပါ။ ၁၉၉၁ ခုနှစ်မှ ၂၀၀၂
ခုနှစ် အထိ (၁၁) နှစ် ကြာအောင် ရေးသားထားသော အခန်းဆက် ဆောင်းပါးရှည် ဖြစ်
ပါသည်။)

(ဤမျှသာ။)

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ကမ္ဘာမြေပေါ် စောက်ထိုးဆွဲခံပြီး ငိုလိုက် ရယ်လိုက်...

ကမ္ဘာမြေပေါ် စောက်ထိုးဆွဲခံပြီး ငိုလိုက် ရယ်လိုက် ရပ်တည်နေရတဲ့ နေ့စွဲတွေပေါ့ အကို မျက်ဆံအမည်းတွေဆိုပြီး ပနားမားတူးမြောင်းမှာ လုပ်ခ ဈေးအပေါဆုံး ရတာကို ပန်းချီကျော် ဂေါ်ဂင်က ရယ်ခြင်းဖွဲ့သတဲ့ ဟိုတယ် ကယ်လီဖိုးနီးယား* သီချင်းစာသားမှာ တစ်ဖ်နီ* ဆိုတဲ့ ဂျူး'နာမည်လေးပါနေလို့ အဲဒီသီချင်း ဖွင့်ခွင့်မပေးတဲ့ နိုင်ငံတွေဆီ ကျနော်တို့ ဘလော့ဂါတွေ ခရီးထွက်ကြရအောင် အကို မြေကမ္ဘာမှာ ကျိန်စာတွေရှိသလား … အန်ဒါဆန်ရဲ့ ရေသူမကတော့ သောင်ကမ်းစပ်ပေါ် တက်မလာသေးဘူး အကိုရေ ဆူနာမီနဲ့ လေဆင်နှာမောင်းတော့ ရောက်ရောက်လာတယ် … ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား မထားချင်ပဲ ထားရစ်ခဲ့တဲ့ ကျနော်တို့ရဲ့ ရုပ်ခန္ဓာအကြွင်းစုတွေ ၁၃ ယူဇနာမြင့်ပြီး တောင်ဖြစ်ခဲ့မယ် ဆိုရင်လဲ တောင်ပေါ်မှာ ပျော်ရွှင်ပါစေ ကိုကြီးကျောက် …. ။ ။  -စစ်ငြိမ်းဒီရေ  ဟိုတယ် ကယ်လီဖိုးနီးယား *= Hotel California တစ်ဖ်နီ*= tiffany
John Yoharmar 04 May 14:01
ကမ္ဘာမြေပေါ် စောက်ထိုးဆွဲခံပြီး
ငိုလိုက် ရယ်လိုက် ရပ်တည်နေရတဲ့
နေ့စွဲတွေပေါ့ အကို
မျက်ဆံအမည်းတွေဆိုပြီး
ပနားမားတူးမြောင်းမှာ
လုပ်ခ ဈေးအပေါဆုံး ရတာကို
ပန်းချီကျော် ဂေါ်ဂင်က ရယ်ခြင်းဖွဲ့သတဲ့
ဟိုတယ် ကယ်လီဖိုးနီးယား* သီချင်းစာသားမှာ
တစ်ဖ်နီ* ဆိုတဲ့ ဂျူး'နာမည်လေးပါနေလို့
အဲဒီသီချင်း ဖွင့်ခွင့်မပေးတဲ့ နိုင်ငံတွေဆီ
ကျနော်တို့ ဘလော့ဂါတွေ
ခရီးထွက်ကြရအောင် အကို
မြေကမ္ဘာမှာ ကျိန်စာတွေရှိသလား …
အန်ဒါဆန်ရဲ့ ရေသူမကတော့
သောင်ကမ်းစပ်ပေါ် တက်မလာသေးဘူး
အကိုရေ
ဆူနာမီနဲ့ လေဆင်နှာမောင်းတော့
ရောက်ရောက်လာတယ် …
ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား
မထားချင်ပဲ ထားရစ်ခဲ့တဲ့
ကျနော်တို့ရဲ့ ရုပ်ခန္ဓာအကြွင်းစုတွေ
၁၃ ယူဇနာမြင့်ပြီး
တောင်ဖြစ်ခဲ့မယ် ဆိုရင်လဲ
တောင်ပေါ်မှာ ပျော်ရွှင်ပါစေ
ကိုကြီးကျောက် …. ။ ။

-စစ်ငြိမ်းဒီရေ

ဟိုတယ် ကယ်လီဖိုးနီးယား *= Hotel California
တစ်ဖ်နီ*= tiffany

View Post on Facebook · Edit email settings · Reply to this email to add a comment.

Tuesday, 3 May 2011

[စာပေစကားဝိုင်း] New doc: ပျူနှင့်ပက်သက်သမျှ(ကိုဂျွန်နှင့်သူငယ်ချင်းများသို့)

created the doc: "ပျူနှင့်ပက်သက်သမျှ(ကိုဂျွန်နှင့်သူငယ်ချင်းများသို့)"
Htet Aung created the doc: "ပျူနှင့်ပက်သက်သမျှ(ကိုဂျွန်နှင့်သူငယ်ချင်းများသို့)"

ပျူ

ပျူလူမျိုးများသည် တိဘက်မြန်မာအနွယ်ဝင်များ ထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည် ဟုမှန်းဆရပါသည်။ဧရာဝတီမြစ်ရိုးအနောက်ဖက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ ၊ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစုအစောပိုင်လောက်တွင် နန်ကျောက်တို့၏ရန်စစ်ကို ခံရကာအင်အားနည်းသွားရပြီး ဗမာအပါအ၀င် ကျန်ကရင်၊မွန် အစရှိသည့်လူမျိုးအုပ်စုကြီးများအတွင်းရောနှောပျောက်ကွယ်သွားရသည်။ပျူဘာသာဖြင့်နောက်ဆုံးတွေ့ရသည်ကျောက်စာမှာ ရာဇကုမာရ် ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။

 

ရှေးဟောင်း ပျူမြို့တော်

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ၀ိုင်းထားသည်။ စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊ အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ ပြည်ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည်မြို့ဟောင်း၏ ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများနေရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿနိုး သင်္ချိုင်းကျန်ရှိသေးသည်။

 

ပျူခေတ်

ပျူခေတ်သည် ပုဂံခေတ်မတိုင်မီ အချိန်တွင် ပေါ်ပေါက်ခဲ့ပေသည်။ ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များနှင့် တရုတ်ခေတ်ပြိုင် အထောက်အထားများအရ ပျူလူမျိုးများသည် ခရစ်မပေါ်မီ အနှစ်နှစ်ရာခန့်က မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပျူဒေသ (၃၂)ဒေသရှိပြီး ခရစ်တစ်ရာစုမှ ကိုးရာစုအထိ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ပျူမြို့ပြနိုင်ငံများအနက် ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းတို့သည် ထင်ရှားသည်။ ခရစ်နှစ် ၈၃၂တွင် နန်ကျောက်များ ပျူမြို့တော်ကို တိုက်ခိုက်လုယူ ဖျက်စီးလိုက်သောအခါ ပျူလူမျိုးများ ပျောက်ကွယ်လုနီးပါး ပျက်စီးခဲ့သည်။ ပျူလက်ကျန်အချို့သည် ပုဂံဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

 

ရာဇ၀င်

ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားသည် အိန္ဒိယ မြောက်ပိုင်း နယ်စပ် နီပေါ တွင် ဖွားမြင်ခဲ့ သည့် သာကီဝင် မင်းတပါး ဖြစ်သည်၊ မင်းသား ၏ အဘိုးသည် သာကီဝင် လူမျိုးနွယ်စု အတွင်း ခိုက်ရန်ဖြစ်ပွားပြီး မြန်မာနိုင်ငံ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင်လာနေသည်။ ထို မင်းအမည် မှာ အဘိရာဇာဟုခေါ်သည်။ ကြီးမြတ်သောမင်းဟု အဓိပ္ပါယ်ရသည်၊ အဘိရာဇာမင်း ကွယ်လွန်သည့်အခါ သားနှစ်ပါးက နန်းလုကြရာ အကြီးက တောင်ဘက် သို့ ထွက်လာပြီး ရခိုင် ဓည၀တီ သို့ ရောက်သွားသည်။ မင်းသားအငယ် က အထက် အညာ ကို အနိုင်ရလိုက်သည်။ တကောင်း နန်းဆက် မှာ ကံရာဇာငယ် က စ သည့် မင်းဆက် ၃၂ ဆက် မြောက်တွင် နန်ချို ရှမ်းများရောက် ဖျက်ဆီး ၍ ပြည်ပျက်ခဲ့ရသည်။ ပြည်ပျက်စဉ် အစု ၃စု ကွဲကာ တစုသည် ဧရာဝတီမြစ်ရိုး တကောင်း တောင်ဘက် မလယ်အရပ်တွင် အခြေချ နေထိုင်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ဗုဒ္ဓရှင်တော်ဘုရား လက်ထက် က ဟု ဆိုသည်။ အဘိရာဇာ အား ဘိုးဘွားအရာ မှ နှင်ထုတ်သည့် သဘောမျိုး နှင့် သာကီဝင် မင်း တစ်ပါးဖြစ်သည့် ဓဇရာဇာ သည်မလယ် အရပ်သို့ ရောက်လာပြန်ပြီး ငှင်း အရပ်တွင် ခိုကိုးနေသည့် သာကီဝင် မင်းသမီး တဦး နှင့် လက်ထပ်ပြီး ပျူမင်းဆက်ကို တကောင်းတွင် ထပ် ၍ ထူထောင်ကြပြန်သည်။ ၁၇ နှစ် မြောက် မင်းသည် မဟာရာဇာမင်းကြီး ဟု သောဘွဲ့ အမည်ဖြစ်သည်။ မဟာရာဇာမင်းကြီး တွင် နန်းဆက်ခံ မည့် သားတော်မရှိ ၍ ယောက်ဖတော် ခေပဒုတ အား အိမ်ရှေ့ အရာအပ်နှင်းသည် ခေပဒုတ မင်းသားသည် ရန်သူ အား နှိမ်နင်းရန် တပ်ထွက်လာပြီး ရန်သူအား နှိမ်နင်းပြီး နောက် မူလနေထိုင်ရာ နှင့် အလွန်ကွာဝေး သည့် နေရာရောက်နေသောကြောင့် နောင် အခါ သရေခေတ္တရာဖြစ်မည့် နေရာ တွင် ရသေ့ဝတ် လိုက်သည်။

ရသေ့ကြီး ၏ ယောက်ဖ မင်းကြီး တွင် မျက်မမြင် မင်းသား ညီနောင်နှစ်ပါး ရှိသည် ။ မွေးစ ကပင် ဖျောက် ဖျက် ရန် မင်းကြီး က ခိုင်းသော်လည်း မယ်တော် က တိတ်တဆိတ် မွေးထားခဲ့သည်။ ညီနောင် မင်းသား နှစ်ပါး အ ရွယ်ရောက်လာသည့်အခါ မင်းကြီးကသိပြီး ဖေါင်ပေါ်တင်ကာမြစ်ထဲမျှောလိုက်သည်။ မြစ်တွင် မျှောပါ လာရင်း မျက်စေ့ အလင်းရသည်။ မြစ်အောက်ပိုင်း အကြေအရပ်တွင်ရှိသည့် ဦးကြီးရသေ့ နှင့်တွေ့ ကာ ဦးကြီး ရသေ့ ၏ အစီအမံ အတိုင်း မဟာသမ္ဘ၀မင်းသား နှင့် ပျူမင်းသမီး နန်းခမ်းအား ထိမ်းမြားစေ ပြီး ပျူတို့ အား အုပ်ချုပ် မင်း လုပ်စေသည်။ ထိုသူတို့ မှ ဒွတ္တဘောင်မင်းသားကိုဖွားမြင်သည်။ ဒွတ္တဘောင်မင်းဖြစ်သည့်အခါ အလွန်ကျယ်ဝန်းသည့် သရေခေတ္တရာမြို့ ကြီးအားတည်ဆောက်ပါသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တ ဘောင်းမင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမ ဘုရား ၊ ညီးညီးဘုရား ၊ စီးစီးဘုရား ၊ ဘောဘော ဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။ သို့ သော် မင်းကြီးသည် သာသနာမြေ (ဘုန်းကြီးကျောင်း) မြေ အား သိမ်းယူခဲ့သောအမှု ကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှု နည်းပါးခဲ့သည်။ မင်းကြီးသည် ကိုယ်တော်တိုင် တိုင်းခန်းလှည့်လည်၍ အခွန်ခံထွက်ပြန်ရာ ၊ ပန်ထွာ(တောင်တွင်းကြီး) မင်းသမီး နှင့်တွေ့ ပြီး ပန်ထွာမင်းသမီးအား ယစ်မူးရင်း မဆင်မခြင်သွားလာရာမှ မုန်တိုင်းမိကာ ရေနစ်ပျောက်ဆုံး သွားသည်။ ရာဇ၀င်ကျမ်းတို့တွင် ဒွတ္တဘောင်မင်းကြီး အကြောင်း ရေးသားဖော်ပြကြရာ၌ အရေးပါဆုံးအချက်မှာ ဗုဒ္ဓသာသနာအား စည်ပင်ထွန်းကားရန် ဘုရင်များသည် ထောက်ပံ့ခဲ့သော်လည်း သာသနာအား ထိခိုက်ဖွယ်ရာ တစ်စုံတစ်ခု လုပ်မိသည် နှင့် ဘေးဒဏ်သင့်၍ ပျက်စီးရပုံကို ထင်ရှားစွာ ရေးသား ဖော်ပြကြသည်ကို လေးနက်စွာ သံဝေဂ

ယူသင့်ကြပါသည်။

 

ကြေကွဲဖွယ်ရာပျူနိုင်ငံ

ထိုင်းလင်း (ခေါ်) ယိုးဒယားရှမ်း များဝင်ရောက် မလာမှီ ယိုးဒယားနိုင်ငံ တွင် အရှေ့ အာရှ တိုက်တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် မဲနံမြစ်ဝှမ်း တ၀ိုက် တလျောက် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာလူမျိုးများ ၏ ကမ္ဗောဒီးယားနိုင်ငံ ခေါ် ကမ္ဗောဇ နိုင်ငံတော်ကြီး ရှိသကဲ့သို့ ၃-ရာစု မတိုင်မှီကပင် ဗီယက်နန်ဘက်တွင် စမ္ပပြည်များ တည်ရှိခဲ့သည် ကို ရှေးဟောင်းမြို့ ပျက်များ ၊ အဆောက်အဦးများ ၊ ရှေးဟောင်းကျောက်စာများ တူးဖော်တွေ့ ရှိခဲ့သည်။ မွန်ရာဇ၀င်ဟောင်းများ၌ မဲနံမြစ်ဝှမ်းမြောက်ပိုင်း ဒေသအား ယောနကတိုင်း ဟရိပုဉ္စပြည် ၊ တောင်ပိုင်းဒေသအား အယုဇ္ဈယတိုင်း ဒွါရာဝတီပြည်ဟု ဖော်ပြထားသည်။

ထိုအချိန်ကာလတွင် ထိုင်းရှမ်းများသည် တရုတ်ပြည်ယူနန်နယ်တွင် နန်ချိုနိုင်ငံ အားတည်ထောင်၍ တရုတ်ဧကရာဇ်အား လက်ဆောင်ဘဏ္ဍာ ဆက်သရသည့် တရုတ် လက်အောက်ခံ တိုင်းပြည်ဖြစ်သည်။ ပျူလူမျိုးများနှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ်စာပေ ထန်ရာဇ၀င်ဟောင်းများမှ ကောက်နုတ်ဖော်ပြရလျှင် ပျူ လူမျိုးများအား ၄-ရာစုလောက်ကပင် များစွာတိုးတက် ယဉ်ကျေးသည့် လူမျိုးတစ်မျိုး ဖြစ်ပြီး ၈-ရာစုလောက်တွင် ကြီးကျယ် ခန်းနား အံ့သြဖွယ်ရာ မြို့ ကြီး ၅ မြို့  နှင့် ပြည်နယ် ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း ၏ အမည်ကား မဟာရာဇာတည်း။ အမတ်ချုပ် အမည်က မဟာသေနတည်း။ မင်းကြီး မဟာရာဇာ သည် ခရီးတိုသွားသည့် အခါ ရွှေကြိုးခတ် သည့် ထမ်းစင်စီးပြီး ။ ခရီးရှည်သွား လျှင် ဆင် စီး သည်။ မိဖုရားမောင်းမတရာကျော်ရှိသည်၊ မြို့ တော်တံတိုင်းဝန်းကျင်အားစဥ့်အုတ်နှင့်စီထားသည်။

ကျုံး ကမ်းပါး ကို အုတ်စီသည်။ တံတိုင်း အတွင်း ၌ သောင်းပေါင်းများ စွာသော မိသားစု များ နေထိုင်ကြပြီး ဗုဒ္ဓ ဘာသာဘုန်းကြီး ကျောင်း တရာကျော်ရှိသည်။ ကျောင်းပရ၀ုဏ် က အစ အခန်းများပါ ရွှေငွေ မွမ်းမံ၍အနီအ၀ါစသည့်တောက်ပသည့်ဆေးများရေးခြယ်ထားသည်။ ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူ အများ သည် မေတ္တာရှေ့ ထားပြီး သတ္တ၀ါ အများ ကို သတ်ဖြတ်ညှင်းဆဲ ရန် ၀န်လေးသည်။ မာန်မာန နှိမ့်ချ ၍ရည်မွန်သည်ကိုတန်ဘိုးထားသည်။ စကားအပြောအဆိုနည်း၏ဗေဒင်ဆရာပေါသည်။ ဤ မျှကြီးကျယ် ထင်ရှားသည့် ပျူလူမျိုးများ သည် ၉ ရာစု လောက်တွင် နန် ချို ထိုင်းရှမ်းများ ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီးမှု ကို ခံ လိုက်ကြ ရသဖြင့် ပျူ လူ မျိုး များ တည်ထောင်ခဲ့ သည့်မြို့ ပြ ပြည်နယ် များသည် ပျက် စီးသွား ခဲ့ရသည်။ ထို့ အတူ လူမျိုး တမျိုး အဖြစ် ရပ် တည်နိုင်ခြင်း မရှိတော့ ပဲ ကစဥ့် ကလျား ဖြစ်သွားရ တော့ သည်။

 

ပျူပုတီးများတွေ့ရှိ

မင်းဘူးမြို့အလံပါယ်၊ ရေပုတ်၊မန်းကောက်၊ ဇရပ်ကြီး၊ ကျောက်တန်း၊ မယ်ဘေ့ကုန်း၊ ကျေးရွာတွေရဲ့ စိုက်ပျိုးယာမြေတွေမှာ ရွှေ၊ ဖန်၊ကျောက်၊ မြေ၊ ငွေပုတီးစေ့တွေကိုနှစ်စဉ်နှစ်တိုင်း၊ မိုးရွာသွန်းပြီးချိန်မှာ ရှာဖွေတွေ့ရှိရတယ်လို့သိရပါတယ်။ ၂၀၀၀ပြည့်နှစ်က အမျိုးသားပြတိုက်မှာ ကျင်းပခဲ့တဲ့ ပုတီးပြပွဲရဲ့နောက်ပိုင်း ရန်ကုန်မှာရှိတဲ့ပုတီးနဲ့ ရှေးဟောင်းပစ္စည်းဝါသနာရှင်တွေ ကစပြီး မင်းဘူးဒေသထွက်ပုတီးစေ့တွေကိုစုဆောင်းဖို့ မင်းဘူးမြို့ပေါ်က ပန်းတိမ်(ရွှေ)ဆိုင်တချို့နဲ့ ချိတ်ဆက်ဝယ်ယူနေကြတယ်လို့သိရပါတယ်။ ဒေသခံရွာတွေက ပျူပုတီးစေ့ရှာဖွေသူဟာ မိုးရွာပြီးတာနဲ့ တစ်ပြိုင်တည်း ထွန်ယက်ထားတဲ့ယာပြင်တွေမှာ တဖွဲဖွဲရောက်လာကြတယ်။ `ဒီနှစ်တော့ ကျန်းမာရေးမကောင်းလို့ သိပ်အရှာမထွက်နိုင်ဘူး။ ဒါ့ကြောင့် ရွှေတိုရွှေစ၂သောင်းဖိုး ၀န်းကျင် လောက်ပဲရတယ်လို့´ ပုတီးစေ့ရှာဖွေသူဒေါ်အေးသင်က ပြောပါတယ်။ ရွှေတိုရွှေစက နှမ်းစေ့တစ်ခြမ်းခန့်၊ ငရုတ်စေ့ခန့်အရွယ်ကစပြီး မြန်မာနိုင်ငံမှာ ပျူခေတ်ရွှေပုတီးထဲမှာ အကြီးဆုံးဆိုတာတွေကို မင်းဘူးဒေသကပဲ ရှာဖွေရရှိတယ်လို့ ပုတီးသုတေသီတွေက ပြောပါတယ်။တွေ့သမျရွှေအများစုကိုလည်း ပုံမှန်တွေ့နေကျသူတွေပဲ အတွေ့များပါတယ်။

`ဒီနှစ်ပိုင်းမှာတော့ အရနည်းတယ်။ အလုပ်အားမှပဲရှာဖြစ်တာကြောင့် ပုတီးစေ့ဖိုးသောင်းဂဏန်းလောက်ပဲရပြီးဟိုတုန်းကတော့ နန္ဒီနွားပုံပါတဲ့ ရွှေဆွဲပြား၊ လူရုပ်ပါတဲ့ကျောက်ပြားတွေအထိရခဲ့ဖူးတယ်။ အခုတော့အဲဒါတွေက ပုတီးစေ့စုသူတွေလက်ထဲရောက်ကုန်ပြီ´လို့ ပုတီးရှာဖွေသူ ဒေသခံဦးစံမြင့်က ပြောပါတယ်။ ရွှေတိုရွှေစကို အတုမလုပ်ကြပေမယ့် ပုတီးစေ့တွေကိုတော့ အခုချိန်မှာ စီးပွားရေးသမား တွေက ရောထွေးရောင်းချမှုတွေရှိတာကြောင့် သေချာခွဲခြားဝယ်ရတယ်လို့ ဒေသခံဝယ်ရောင်းသမားတစ်ဦးကပြောပြပါတယ်။ တချို့ ကျောက်ပုတီးအတုတွေကို လွှသွေးတဲ့တံစဉ်းနဲ့ တိုက်ကြည့်လိုက်ရင် အရောင်ပျက်တာတွေ ကျောက်သားပဲ့တာတွေ ဖြစ်တယ်လို့ပုတီးစေ့ဝယ်သူတစ်ယောက်ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။ ၁၉၉၀၀န်းကျင်က (၇)ကျပ် ခွဲသားလောက်ရှိတဲ့ ရွှေလက်ကြပ်တစ်ခုကို နှမ်းစိုက်ထားတဲ့ ယာခင်းထဲကရဖူးတယ်။ ငါးကျပ်သားရှိတဲ့ဓာတ်ခဲလေးနဲ့ ချိန်ကြည့်တာကွက်တိပဲလို့ မယ်ဘေ့ကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ရေပုတ်ကျေးရွာ၊ ကျောက်တန်းကျေးရွာတွေကပဲ ပဉ္စရူပ နယားရုပ်ခေါ်တဲ့ရွှေ မကန်း(မကာရ)လက်ကြပ်၂ ခုကို ၁၉၈၈ မတိုင်ခင်ကရခဲ့ဖူးကြောင်း ဒေသခံတွေကပြောပြပါတယ်။ ကျောက်ပုတီးစေ့အရွယ်စုံ၊ အရောင်စုံတွေကို လက်ရာနဲ့ ရှားပါးပုံပုတီးစေ့တွေပေါ် မူတည်ပြီး အနိမ့်ဆုံးထောင်ဂဏန်းကနေ ရှစ်သိန်း၊ ဆယ်သိန်းတန်ဖိုးဈေးကွက်ရှိတယ်လို့သိရပါသည်။

 

ရှေးဟောင်း ပျူမြို့တော်

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံ မကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊ အရှေ့အနောက် နှစ်မိုင်ခန့် ကျယ်ဝန်းသည်။ ပြည်ပေါက်ခေါင်းသွား ကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည် မြို့ဟောင်း၏ ဗဟိုနေရာ အရှေ့မြောက်ဘက် ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများ နေရာအနှံ့ တွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုး အပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုး သင်္ချိုင်းကျန်ရှိသေးသည်။

 

ကျမ်းကိုး

  1.  တင်နိုင်တိုး၏ မြန်မာရာဇ၀င်၏ သမိုင်းကြောင်း၊ ၂၀၀၁-ခုနှစ်
  2.  ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ (သမိုင်း စာအုပ် စာမျက်နှာ ၁၈၁ မှ ၁၈၈ ထိ ကောက်နုတ်ဖေါ်ပြသည်။)
  3.  (မသက်ဇင်)
  • မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )၏ ထန်တရုတ်မှတ်တမ်းဟောင်းများ
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  • အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
  • မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

View Post on Facebook · Edit email settings · Reply to this email to add a comment.

Monday, 2 May 2011

[စာပေစကားဝိုင်း] စာပေဝေဖန်ရေး ဆိုတာစာပေရဲ့ ပေတံပါ။ သူ့မှာ...

စာပေဝေဖန်ရေး ဆိုတာစာပေရဲ့ ပေတံပါ။ သူ့မှာ measurement တွေရှိတယ်. limitation  တွေရှိတယ်။ ကမ္ဘာ စာပေဝေဖန်ရေးသမားတွေက သူတိုကို သူတို့ ပြည့်စုံအောင် လေ့လာထားရတယ်။ ဆိုလိုတာက.. ရေးသားနည်းကစ.. ခံစားမှု.. ဖြန်ကျက်တွေးခေါ်မှု..နောက်ဆုံး စာလုံးရွေးချယ်မှု အထိ ပြည်.စုံအောင် စည်းပူးထားကြတယ်။ပြီးမှ အဲဒိ measurement တွေပေါ် တင်ကြတယ်။ ကောင်းလား.မကောင်းလား. မကောင်းရင် ဘယ်လောက်အထိမကောင်းလည်း.limitation ထုတ်ပေးတတ်တယ်။ စာပေဝေဖန်ရေးသမားတွေက အရမ်းကောင်းတယ်လို. ပြောခံရတဲ့ စာအုပ်တွေရှိခဲ့ဘူးတယ်။ထူးဆန်းတာက.. မြန်မာ့ စာပေဝေဖန်ရေးမှာ လူတိုင်းတက်ဝေဖန်ကြတယ်။ ကုန်ကုန် ပြောရ၇င်.. ဘာမှ မသိတဲ့ လူတွေတောင် ဝေဖန်ကြတယ်။ အဲဒီ စာအုပ်က ဘာမှ မကောင်းဘူးဆိုတာကနေ ..အဲဒီ စာရေးဆရာအဆုံး... ဝေဖန်ကြတယ်။ ပြီးတော့ ဝေဖန်တယ် ဆိုတာကို.. မကောင်းဘူးပြောရမယ်ပဲထင်နေကြတယ်။ ကဲ မခက်ဘူးလား။။။။ ကိုယ့်ကိုကို..ပြည့်စုံအောင် တည်ဆောက်နိုင်ကြပါစေ....
John Yoharmar 02 May 10:38
စာပေဝေဖန်ရေး ဆိုတာစာပေရဲ့ ပေတံပါ။ သူ့မှာ measurement တွေရှိတယ်. limitation တွေရှိတယ်။ ကမ္ဘာ စာပေဝေဖန်ရေးသမားတွေက သူတိုကို သူတို့ ပြည့်စုံအောင် လေ့လာထားရတယ်။ ဆိုလိုတာက.. ရေးသားနည်းကစ.. ခံစားမှု.. ဖြန်ကျက်တွေးခေါ်မှု..နောက်ဆုံး စာလုံးရွေးချယ်မှု အထိ ပြည်.စုံအောင် စည်းပူးထားကြတယ်။ပြီးမှ အဲဒိ measurement တွေပေါ် တင်ကြတယ်။ ကောင်းလား.မကောင်းလား. မကောင်းရင် ဘယ်လောက်အထိမကောင်းလည်း.limitation ထုတ်ပေးတတ်တယ်။ စာပေဝေဖန်ရေးသမားတွေက အရမ်းကောင်းတယ်လို. ပြောခံရတဲ့ စာအုပ်တွေရှိခဲ့ဘူးတယ်။ထူးဆန်းတာက.. မြန်မာ့ စာပေဝေဖန်ရေးမှာ လူတိုင်းတက်ဝေဖန်ကြတယ်။ ကုန်ကုန် ပြောရ၇င်.. ဘာမှ မသိတဲ့ လူတွေတောင် ဝေဖန်ကြတယ်။ အဲဒီ စာအုပ်က ဘာမှ မကောင်းဘူးဆိုတာကနေ ..အဲဒီ စာရေးဆရာအဆုံး... ဝေဖန်ကြတယ်။ ပြီးတော့ ဝေဖန်တယ် ဆိုတာကို.. မကောင်းဘူးပြောရမယ်ပဲထင်နေကြတယ်။ ကဲ မခက်ဘူးလား။။။။ ကိုယ့်ကိုကို..ပြည့်စုံအောင် တည်ဆောက်နိုင်ကြပါစေ....

View Post on Facebook · Edit email settings · Reply to this email to add a comment.

Sunday, 1 May 2011

[စာပေစကားဝိုင်း] ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ...

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ စုဆောင်းနေပါတယ်။တစုတစည်းတည်း ဘယ်မှာရနိုင်ပါသလဲ။ရနိုင်ရင် လိုချင်ပါတယ်။
Kaung Myat Wai Yan 01 May 13:21
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ စုဆောင်းနေပါတယ်။တစုတစည်းတည်း ဘယ်မှာရနိုင်ပါသလဲ။ရနိုင်ရင် လိုချင်ပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

[စာပေစကားဝိုင်း] ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ...

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ စုဆောင်းနေပါတယ်။တစုတစည်းတည်း ဘယ်မှာရနိုင်ပါသလဲ။ရနိုင်ရင် လိုချင်ပါတယ်။
Kaung Myat Wai Yan 01 May 13:20
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ စုဆောင်းနေပါတယ်။တစုတစည်းတည်း ဘယ်မှာရနိုင်ပါသလဲ။ရနိုင်ရင် လိုချင်ပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.