Monday, 1 September 2014

စာပေ စာပေ

Nonlight Thenight
Nonlight Thenight31 August 02:56
စာပေ စာပေ
အမျိုးမျိုးအထွေထွေပါလ
အသုံးကျကျ သီးကုံးခက်ပေ
မြန်မာစာပေ
မြန်မာတွေတက် သင့်သည်ပ
တွေးကာကြံဆ
နက်နဲလှသည့်ဒီစာပေ
စကားဝိုင်ထွေထွေ
စုရုံးကာ ဖလှယ်ရှာဖွေ
ငါတို့ ဘိုးဘွားများရဲ့အမွေ
ဒါ ဒီစကားဝိုင်းလေးပါလေ
သူငယ်ချင်းတို့ရေ

ဆရာမင်းခိုက်စိုးစံ ရေးတဲ့ ဆင်ခြင်ခြင်း ကို...

Zaw Min Tun
Zaw Min Tun31 August 15:34
ဆရာမင်းခိုက်စိုးစံ ရေးတဲ့ ဆင်ခြင်ခြင်း ကို ဆင်ခြင်ခြင်း ( အတွေးအမြင်စာအုပ်မှ လွမ်းလို့ရေးတဲ့စာ မျက်နှာဖုံး ဆောင်းပါး ) အဲဒါလေး ဖတ်ချင်လို့ ဗျ။ ကျေးဇူးပြု၍ ဘယ်မှာ ရှာရမလဲဗျာ။

စာပေချစ်သူများအဖွဲ့

နေ လင်း
နေ လင်3း1 August 16:45
စာပေချစ်သူများအဖွဲ့
ထွက်တာတော့ကြာပြီ ဖတ်လို့ကကောင်းတုန်းပဲ
ရာမ သီတာ ဒဿ လက္ခဏာ
အထူးသဖြင့် ဒဿဂီရိ ရဲ့နေရာက နေ ဝင်ပြီး
ခံစား...

ပေးဆပ်တယ် ဆိုတဲ့ စကားသံကို ကြားနေရတာ ကြာပါပြီ ။...

ကြယ် ရိုင်း
ကြယ် ရိုင်3း1 August 21:08
ပေးဆပ်တယ် ဆိုတဲ့ စကားသံကို ကြားနေရတာ ကြာပါပြီ ။ ပြောချင်တာလည်းကြာပါပြီ ။ ကျနော်တော့သိပ်ခံတွင်းမတွေ့လှဘူး ။ ငါပေးဆပ်လိုက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ငါပြန်လည် ရယူသင့်တယ်ဆိုတဲ့အယူအဆလည်းပါလာနိုင်တယ်လို့ ထင်ပါတယ် ။ အနုပညာရှင်တွေကလည်းပြောသံကြားဘူးတယ် ။ နိုင်ငံရေးအ၀န်းအ၀ိုင်းကလူတွေလည်းပြောသံကြားဘူးတယ် ။ တကယ်တော့ကျနော့်အယူအဆကတော့ သူတို့ရဲ့ ရွေးချယ်မှုသာဖြစ်တယ် ။ ထောင်ထဲမှာနှစ်ရှည်လများသွားနေတာ ပေးဆပ်တာမဟုတ်လားလို့ပြောလာနိုင်စရာရှိပါတယ် ။ ဟုတ်ပါတယ် ဒါလည်းသူ့ယုံကြည်မှုအတွက် သူရွေးချယ်မှုဘဲလို့ကျနော်ထင်ပါတယ် ။ နိုင်ငံရေးလုပ်ရင်ထောင်ကျမယ် သို့သော်လုပ်သင့်လို့လုပ်ပါတယ် ။ စကားမစပ် ကျနော် ငယ်ငယ်တုန်းက ကျောင်းမှာ ( အာဇာနည်နေ့ထင်ပါတယ် ) ဟောပြောပွဲလုပ်တော့ လွတ်လပ်ရေးတိုက်ပွဲမှာပါလာတဲ့လူကြီးတွေက စင်ပေါ်ကနေဟောကြ ပြောကြပါတယ် ။ သူတို့ဘာတွေ ဟောပြောနေတာကို မမှတ်မိသော်လည်း ခုချိန်ထိမှတ်မိနေတာက သူတို့ကို ကျနော်ဘယ်လိုစိတ်မျိုးနဲ့ ငေးကြည့်နေမိတယ်ဆိုတာပါဘဲ ။ တကယ့်ကို ကျနော်အထင်ကြီးလေးစားစိတ်တွေနဲ့ငေးကြည့်နေရင်း အဲဒီလွတ်လပ်ရေးတိုက်ပွဲမှာ ငါမပါလိုက်ရတာနာတယ်ဆိုတဲ့အတွေးမျိုး တွေးမိနေတာကို ခုထိ မှတ်မိနေတုန်းပါဘဲ ။ ဆိုတော့ ခုရောက်နေတဲ့ ၂၀၁၄ ကနေ နှစ် ၅၀ သို့မဟုတ် ၁၀၀ လောက်ရှေ့ မှာရောက်သွားတယ်ဆိုတဲ့အတွေးနဲ့ စဉ်းစားကြည့်ရင် ခုကြုံတွေ့နေရတာက တကယ့်ကို great chance လို့ကျနော်ထင်မြင်ယူဆမိပါတယ် ။ တကယ်လိုအပ်နေတဲ့အချိန်မှာ တိုင်းပြည်အတွက် ငါတို့လုပ်ပေးခွင့်ရတယ်ဆိုတဲ့ အတွေးနဲ့ ငါပေးဆပ်လိုက်တယ်ဆိုတဲ့အတွေးက တကယ်တော့မတူဘူးလို့ထင်ပါတယ် ။ တကယ်လိုနေတဲ့နေရာမှာ ပေးလိုက်ရတာဘယ်လောက်တန်ဘိုးရှိမလဲနော် ။ ငါပေးဆပ်လိုက်၇တယ်ဆို ငါ ပါနေတယ် ။ ငါလုပ်ပေးခွင့်ရလိုက်တယ်ဆိုတာက တကယ်တော့ ငါ အပါနည်းတယ်ပေါ့ ။ အတိတ် ကိုလေ့လာကြည့်ရင် ကျနော်တို့ တိုင်းပြည်မှာ ပစ္စုပန်နဲ့ အနာဂါတ်မှာ ငါ တွေ လျော့ပေါ့သွားရင်ကောင်းမယ်ထင်တယ်လို့ တွေးမိတာလေးပါ ။

[စာပေစကားဝိုင်း] နိုင်ငံရေးလုပ်တယ်ဆိုတာ...

ကြယ် ရိုင်း
ကြယ် ရိုင်3း1 August 21:21
နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာလို့ပြောနေကြတယ် ။ ကောင်းတာပေါ့ … အဲဒီပြောနေတဲ့သူတွေကို ပြန်မေးချင်တယ် ။ ခင်ဗျားတို့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ဆက်ဆံရေးအခြေအနေပေါ့ ။ ဆိုလိုချင်တာက မိတ်ဆွေတွေကိုလည်းရန်သူဖြစ်မသွားအောင်လုပ်ဘို့လိုပါတယ် ။ အခက်အခဲတွေတုန်းက အတူတူ ဖြတ်သန်းခဲ့ကြတယ် ။ အခုလိုအချိန်မှာကိုယ့်ဘေးနားမှာတကယ့်စိတ်ချရတဲ့ မှတ်ကျောက်တင်ခံထားရတဲ့ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေရှိနေသလား ။ အခြေအနေကပြောရတာမဟုတ်ဘူးနော် ။ သေချာတာကတော့ မိတ်ဆွေတွေကို ရန်သူမဖြစ်အောင်လုပ်ဘို့လိုပါလိမ့်မယ်

Wut, you have 4 new notifications and 4 group updates

  A lot has happened on Facebook since you last logged in. Here are some notifications you've missed from your friends.       Wut Yahmon             4 group updates           4 new notifications    
   
   











[စာပေစကားဝိုင်း] ဖတ်ပြန်သော်ကား ဖတ်ဖန်များက

Maung Chitcoung
Maung Chitcoung1 September 18:13
ဖတ်ပြန်သော်ကား ဖတ်ဖန်များက
သားမယားပင် သိမြင်ကင်းကွာ
မလိမ္မာလည်း စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း ။
(ရှင်မဟာရဋ္ဌသာရ)