Sunday, 1 January 2012

[စာပေစကားဝိုင်း] New doc: ၂၀၁၂ - သို့ ...

created the doc: "၂၀၁၂ - သို့ ..."
Harry Lwin created the doc: "၂၀၁၂ - သို့ ..."

၂၀၁၂ - သို့ ...

"ကောင်လေး မိုက်တုန်းပဲလား ..."

ပိတ်ဖြူပတ်ထားတဲ့ကြောင်ကြီးတွေရဲ့အမေး

ခပ်အေးအေး အပြုံးနဲ့ အမေ

အဖြေထဲက အငွေ့တချို့

"ခြင်္သေ့ မို့ပါ..."

အပြုံးတု နွမ်းလျလျနဲ့

အန္ဓစစ်တွေရဲ့ ဇရပ်ပျက်က

ခပ်အက်အက် အသံ ...

"ဟိုနိုင်ငံမှာ လေ ..."

မုဆိုးတွေ တင်မြှောက်တဲ့ အသံ

သူသေငါရှင် ဂန္ထဝင် ဆုတောင်း

"ဘေးရန်အပေါင်း ဖဲကျဉ်စေ

အမဲသားငါး များပါစေ ..."

"ရင်ခုန်သံမတူသူတွေ ဘေးဖယ် ..." တဲ့

သြော် ကလေးရယ် ... ဖြစ်ရလေခြင်း

ခပ်ကျဉ်းကျဉ်း အတ္တဥခွံထဲ

အိပ်မက်လို့ကောင်းရှာဆဲကိုး ...

နက္ခတ်ရီပြာတွေရဲ့အောက်

ကြယ်စင်တွေကောက်ရင်း

လမ်းတဝက်တော့ပျောက်ခဲ့

လမ်းတဝက်တော့ရောက်ရဲ့

ဆက်လျှောက် ဆက်ကောက်

အသက်မပျောက်ခင်အထိ ...

ဘဝဂ်တော့ရောက်ချင်မိသား

အဆုံးလား အစလား

စက်ဝိုင်းများစွာ ခြာခြာလည်ရင်း

နာရီတံတားပေါ်

ငေးမျှော်မောနွမ်း ...

ကျနော် လက်ပမ်းမကျသေးပါဘူး အမေ ...

တွေးဆဲ ငေးဆဲ

ဟိုးဝေးဝေးက ဝဲလွင့်ပျံ

နင့်တင့်တင့် သံစဉ်ချိုး

သြော် ... နှစ်တနှစ် ပျိုးပြန်ပြီလေ ...

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ကြပါစေ ....

ဟယ်ရီ



No comments:

Post a Comment