Monday, 2 January 2012

[စာပေစကားဝိုင်း] ကျောင်းသားလူငယ်ခေါင်းဆောင်...

ကျောင်းသားလူငယ်ခေါင်းဆောင်...
Kowai Lu 3 January 12:33
ကျောင်းသားလူငယ်ခေါင်းဆောင် ကိုမင်းကိုနိင်(၆၅နှစ်)၊အထက်ဗမာပြည်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဗိုလ်မင်းယု(၁၀၄နှစ်)
အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူ နိင်ငံရေးသမားများအား ယနေ့ချိန်အထိပြန်မလွှတ်သေးခြင်းသည် နိင်ငံတော်အကျိုးသည်ပိုးနိင်သူများအား
သက်မက်နှင့်သူခိုး နေရာလွဲမှားစွာ ထားနေခြင်းသာဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုရာတွင်လည်း ယနေ့အချိန်တွင် ပြည်သူ့အသံ လွှတ်တော်အသံဟုဆိုခွင့်ရှိကာလများမပေါ်ပေါက်မှီ...ပြည်သူ့အသံအားပံတင်ထပ် ညံနိင်စေသော လွှတ်တော်များမရှိသေးမှီကာလများ၌ ပြည်သူအသံကိုယ်စားညံစေခဲ့သော ကျွန်တော်တို့လွှတ်တော်များ *အကျဉ်းထောင်အသီးသီးရှိ ပြည်သူ့အရေး သည်ပိုးပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ ယုံကြည်ချက်ကြောင့်အကျဉ်းကျနိင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်ေးဆာင်များ* အား လွတ်လပ်ရေးနေ့အမှီ ပြန်လည်မြင်ရနိင်ဖွယ်မရှိသော *လွှတ်*ငြိမ်းချမ်းသာခွင့်(*လွတ်*ငြိမ်းချမ်းသာခွင့်ဟုခေါ်ဆိုသတ်မှတ်မရနိင်)သာဖြစ်ပေသည်။
နဂုံးချုပ်ရသော်........ငြိမ်းချမ်းစွာပြောင်းလဲနိင်ရေးအတွက် ယုံကြည်ချက်ကြောင့်အကျဉ်းစံ နိင်ငံရေးသမားများ၊တိုင်းရင်းသားခေါင်းဆောင်များ၊ကျောင်းသားခေါင်းဆောင်များနှင့်နိင်ငံရေး
အကျဉ်းသားအားလုံးအား ခောတ်အဆက်ဆက် စစ်အစိုးရမှ နိင်ငံပြောင်းလဲရေး၊ နိင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် လုပ်ဆောင်လိုသူများဟု အမြင်ရှင်းရှင်း သံသယကင်းစွာ သဘောမထားနိင်ခဲ့ပေ။ ပြည်သူကိုရန်သူမှတ်ထင်ကာ အကျဉ်းထောင် အသီးသီးမတရားဖမ်းဆီးထားခဲ့ခြင်းဟူသော..............အမွေဆိုးအား ................
သမ္မတကြီးနှင့်တစ်ကွ အစိုးရသစ်တစ်ရပ်လုံးမှ ပြည်သူ့ကိုမျက်နှာမူသော ငြိမ်းချမ်းစွာပြောင်းလဲနိင်ရေးအတွက် ပြည်သူတစ်ရပ်လုံးကို ယုံကြည်စွာ လွတ်လပ်ရေးနေ့အမှီ လွတ်မြောက်မှုပေးခြင်းဖြင့် ငြိမ်းချမ်းစွာ နိင်ငံတော်နှင့်ပြည်သူ အတူတူဒီမိုကရေစီခရီးလမ်း လျှောက်လှမ်းခွင့်ပေးပါစေကြောင်း..နှစ်သစ်ရဲ့ စာမျက်နှာတစ်ခုကို ဖွင့်လှစ်ရေးသားလိုက်ပါသည်။
လေးစားစွာဖြင့်
ကိုဝေဠု(ကျောင်းသားလူငယ်)


No comments:

Post a Comment