ငြင်းပယ်ခြင်းအလှ "ဖက်ဆစ် ဂျာမန် တွေရဲ့ အုပ်စိုးမှုလက်အောက် ရောက် ခဲ့တဲ့ အချိန်ကလောက် ဘယ်တုန်း ကမှ ကျုပ်တို့ လွတ်လပ်မှုမရှိခဲ့ဘူး။ အဲ့ဒီ အချိန်ဟာ လွတ်လပ်မှုကို ကျုပ်တို့ နားအလည်ဆုံး၊ အခံစား ရဆုံး အချိန် ဖြစ်တယ်။ ကျုပ်တို့ဟာ ဂျာမန် တွေရဲ့ လက်အောက်မှာ အခွင့်အရေး အားလုံး ဆုံးရှုံးခဲ့ရတယ်။ စကား ပြောဆို ပိုင်ခွင့် အခွင့် အရေးက စလို့ပေါ့။ ကျုပ်တို့ပါးစပ်တွေပိတ်ထားပြီး ဘာသံမှထွက်မလာ ရအောင် နေ့တိုင်း စော်ကား ခံခဲ့ရတယ်။ လှည့်စားချက် တခုပြီး တခု အောက်မှာ ကျုပ်တို့ အားလုံးဟာ လူရုပ် ပျောက်ခဲ့ ရတယ်။ ဒီလို ဖိနှိပ်မှု တွေကြောင့် ကျုပ်တို့ လွတ်လပ် ခဲ့တာ ဖြစ်တယ်။ ဂျာမန် ဖက်ဆစ် တွေကို သွေးသား ထဲက ရွံရှာမုန်းတီးတဲ့ စိတ်ကြောင့် ကျုပ်တို့ရဲ့ ပြတ်သားတဲ့ အတွေးအခေါ် ခံယူချက် တွေဟာ အောင်မြင် ခဲ့တယ်။ လွတ်မြောက် ခဲ့တယ်။ ကျုပ်တို့ရဲ့ လျှာတွေကို သူတို့က အတင်း အဓ္ဓမ ထိန်းချုပ် ထားခဲ့တဲ့ အတွက် စွမ်းအား ရှိတဲ့ စကားလုံးတွေ ပေါ်ထွက် လာတာ ဖြစ်တယ်။ ဘက်ပေါင်းစုံက ခြိမ်းခြောက် ခံခဲ့ရတဲ့ အတွက်ကြောင့်လည်း ကျုပ်တို့ အားလုံးဟာ ဂျာမန် ဆန်ကျင်ရေး အရေးတော် ပုံကြီးမှာ ခြေစုံပစ် ပါဝင် ခဲ့ကြတာ ဖြစ်တယ်။ ဂျာမန် ဖက်ဆစ် တွေရဲ့ အောက် မှာ လူဟာ သေပြီး ဖြစ်တယ် ဆိုတဲ့ အဖြစ်ကို အချိန်တိုင်း ပြည့်ပြည့်ဝဝ တွေ့ကြုံ နားလည် ခဲ့ကြတယ်။ သေခြင်း တရားနဲ့ အမြဲတမ်း မျက်နှာချင်း ဆိုင်ခဲ့ ရတဲ့ အတွက်ကြောင့် ကျုပ်တို့ရဲ့ ရွေးချယ်မှုတွေဟာ ပြတ်သားပြီး စစ်မှန်တဲ့ ဘဝကို တည်ဆောက် နိုင်ခဲ့ ကြတယ် လို့လည်း ဆိုနိုင်တယ်။ "ကျုပ်တို့ရဲ့ ဘဝဟာ သေတာကမှ ပိုကောင်း သေးတယ်" ဆိုတဲ့ အဖြစ် ကြောင့်လည်း ပိုပြီး စစ်မှန် လာခဲ့တယ်။ ဒီနေရာမှာ ကျွန်တော် ရည်ညွန်း တာဟာ ဂျာမန် ဆန်ကျင်ရေး တိုက်ပွဲမှာ လက်နက် စွဲကိုင်ပြီး ကိုယ်တိုင် ကိုယ်ကျတိုက်ပွဲဝင်ခဲ့ သူတွေကိုသာ မဟုတ်ဘူး၊ ဂျာမန် ဖက်ဆစ် တွေရဲ့ လက်အောက်မှာ လေးနှစ်တာ (၁၉၄၀-၄၄) ကာလ အတွင်း အချိန်တိုင်း ဂျာမန် ဖက်ဆစ် တွေကို (No) လို့ ငြင်းဆို ကြတဲ့ ကျုပ်တို့ ပြင်သစ် လူမျိုး အားလုံးကိုညွှန်းဆိုတာ ဖြစ်တယ်။" (ယန်းပေါဆတ်) |
No comments:
Post a Comment