ခုန်မချနဲ့ ချောက်ကအမြင့်ကြီး
ရုတ်တရက် ဖြတ်ပြေးလာတဲ့ အတွေးကို
မင်းက ဆီးဖမ်းတတ်တုန်းပဲ
လွှဲချလို့ကောင်းတာ ကံတရားဆိုရင်
ငါတို့ လွဲရဦးမှာလား
မြင်အောင်ကြည့် ဟိုးအဝေးကြီးထိ မလိုဘူး
ငိုနေမယ့် မျက်ရည်တွေ ငါ့ကို ခဏပေးထား
မင်းမသိအောင် မီးရှို့ပစ်ချင်လို့
ဒီနေ့ထုတ် သတင်းစာတွေ ဖတ်ကြည့်
အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေတောင်
အားငြှိ နေကြဆဲ
ငါတို့ကြားမှာ ရံဖန်ရံခါ ဖြတ်ဝင်လာတဲ့ လေစိမ်းက
ခပ်ပါးပါးပဲ ရှိပါသေးတယ်
မင်း မမြင်နိုင်သေးတဲ့ အကွေ့တွေထဲ
ငါလည်း ခဏခဏ မှောက်လဲဘူးတာပဲ့ 
ဒီတစ်ခါ တူတူ ဖြတ်ကျော်ရင်တော့
တစ်ယောက်တစ်လှည့်စီ ဆွဲထူကြတာပေါ့
ခုလို မနေပါနဲ့
ကြိုသိခဲ့ရင် ငါလည်း မင်းဘေးရောက်နေမိမှာ......။ ။
စစ်မင်းနေ
|
No comments:
Post a Comment