မေတ္တာဟူသည် စိမ့်စမ်းရေသို့
ကြည်လင်အေးမြ မြရောင်ခန့်သား
မေတ္တာဟူသည် စိမ့်စမ်းရည်သို့
တည်ငြိမ်အေးညံ့ မြရောင်ဖန့်သား
သိမ့်သိမ့်ရစ်ခြုံ ကိုယ်၌လှုံမူ
နံ့ထုံမဉ္ဇူ ပျံ့မွေးကြူလျက်
မတူပြိုင်ကင်း၊ သည်းထိချဉ်းလိမ့်
ညှင်းညှင်းငြိမ့်ငြိမ့် တသိမ့်သိမ့်ရှင်း
ဖိန့်ဖိန့်ပြောင်းမျှ ဖြောက်မရသည်
သာစွမေတ္တာ၊ အရသာ အရသာ။
ဘိုကလေးတင့်အောင်
|
No comments:
Post a Comment